အင်ဒိုနီးရှားအလယ်ပိုင်း ဂျာဗားကျွန်းမှာ မြေပြိုကျမှုကြောင့် လူ ၁၆ ဦး သေဆုံး
104
ရောင်နီ (NP News) - ဇန်နဝါရီ ၂၂
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း၊ ဂျာဗားကျွန်း၊ ပီကယ်လွန်ဂန်မှာ မြေပြိုမှုတစ်ခုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့ (ဇန်နဝါရီ ၂၁ ရက်) မှာ ပြောကြားပါတယ်။
အဆိုပါမြေပြိုမှုဟာ တနင်္လာနေ့ (ဇန်နဝါရီ ၂၀ ရက်) က မိုးသည်းထန်စွာရွာသွန်းမှုရဲ့အကျိုးဆက်ဖြစ်တယ် လို့ အေဂျင်စီပြောရေးဆိုခွင့်ရှိသူ အက်ဒူလ်မူဟာရီက ပြောကြားခဲ့ပါတယ်။ လက်ရှိပျောက်ဆုံးနေသူ ၃ ဦးရှိပြီး အာဏာပိုင်တွေက ရှာဖွေနေတယ်လို့ သိရပါတယ်။ အဆိုပါမြေပြိုမှုအကြောင်း ဖော်ပြထားတဲ့ Kompas ရုပ်သံ ဗွီဒီယိုဖိုင်တစ်ခုမှာ မြေပြိုမှုကြောင့် နေအိမ်များစွာ နွံထဲနစ်မြုပ် ပျက်စီးမှု ရှိနေပြီး ကားတွေဟာလည်း ရွှံ့နွံတွေထဲ နစ်မြုပ်နေတာကို မြင်တွေ့ရပါတယ်။ မြေပြိုမှုကြောင့် လမ်းတွေ ပျက်စီးခဲ့သလို တံတားနှစ်စင်းလည်း ပျက်စီးခဲ့ တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ရာသီဥတုအခြေအနေအရလည်း လာမယ့် ရက်အနည်းငယ်အထိ မိုးဆက်လက် ရွာသွန်းဦးမယ်လို့ သဘာဝဘေးအန္တရာယ်အေဂျင်စီက သတိပေးထားပါတယ်။
Zawgyi Version;
အင္ဒိုနီးရွားအလယ္ပိုင္း ဂ်ာဗားကြၽန္းမွာ ေျမၿပိဳက်မႈေၾကာင့္ လူ ၁၆ ဦး ေသဆုံး
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၂
အင္ဒိုနီးရွားႏိုင္ငံ အလယ္ပိုင္း၊ ဂ်ာဗားကြၽန္း၊ ပီကယ္လြန္ဂန္မွာ ေျမၿပိဳမႈတစ္ခုေၾကာင့္ လူ ၁၆ ဦး ေသဆုံးၿပီး ၁၀ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ႏိုင္ငံ သဘာဝေဘးအႏၲရာယ္ ေလ်ာ့ပါးေရးေအဂ်င္စီမွ တာဝန္ရွိသူတစ္ဦးက အဂၤါေန႔ (ဇန္နဝါရီ ၂၁ ရက္) မွာ ေျပာၾကားပါတယ္။
အဆိုပါေျမၿပိဳမႈဟာ တနလၤာေန႔ (ဇန္နဝါရီ ၂၀ ရက္) က မိုးသည္းထန္စြာ႐ြာသြန္းမႈရဲ႕အက်ိဳးဆက္ျဖစ္တယ္ လို႔ ေအဂ်င္စီေျပာေရးဆိုခြင့္ရွိသူ အက္ဒူလ္မူဟာရီက ေျပာၾကားခဲ့ပါတယ္။ လက္ရွိေပ်ာက္ဆုံးေနသူ ၃ ဦးရွိၿပီး အာဏာပိုင္ေတြက ရွာေဖြေနတယ္လို႔ သိရပါတယ္။ အဆိုပါေျမၿပိဳမႈအေၾကာင္း ေဖာ္ျပထားတဲ့ Kompas ႐ုပ္သံ ဗြီဒီယိုဖိုင္တစ္ခုမွာ ေျမၿပိဳမႈေၾကာင့္ ေနအိမ္မ်ားစြာ ႏြံထဲနစ္ျမဳပ္ ပ်က္စီးမႈ ရွိေနၿပီး ကားေတြဟာလည္း ႐ႊံ႕ႏြံေတြထဲ နစ္ျမဳပ္ေနတာကို ျမင္ေတြ႕ရပါတယ္။ ေျမၿပိဳမႈေၾကာင့္ လမ္းေတြ ပ်က္စီးခဲ့သလို တံတားႏွစ္စင္းလည္း ပ်က္စီးခဲ့ တယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။
ရာသီဥတုအေျခအေနအရလည္း လာမယ့္ ရက္အနည္းငယ္အထိ မိုးဆက္လက္ ႐ြာသြန္းဦးမယ္လို႔ သဘာဝေဘးအႏၲရာယ္ေအဂ်င္စီက သတိေပးထားပါတယ္။