ရှေးဟောင်းဝတ္ထုပစ္စည်း လာရောက်အပ်နှံသူများကို (၁၄)နှစ်အတွင်း ဆုကြေးငွေ သိန်း (၅၀ဝဝ)ကျော်အထိ ပေးအပ်ချီးမြှင့်ခဲ့
201
စော (NP News) - ဇန်နဝါရီ ၂၂
(၁၄)နှစ်တာကာလအတွင်း ရှေးဟောင်းဝတ္ထုပစ္စည်း လာရောက်အပ်နှံသူများကို ဆုကြေးငွေ သိန်းပေါင်း (၅၀ဝဝ) ကျော်အထိ နိုင်ငံတော်မှပေးအပ်ချီးမြှင့်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများကို အဓွန့်ရှည်တည်တံ့စေရန်၊ ပျက်စီးယိုယွင်း ပျောက်ဆုံးခြင်းများမှ ကာကွယ်နိုင်ရန်၊ အများပြည်သူများ ရှေးဟောင်းဝတ္ထုပစ္စည်းများ၏ တန်ဖိုး မြင့်မားမှုကို နားလည်၍ တာဝန်သိစိတ်ဖြင့်ကာကွယ်ထိန်းသိမ်းနိုင်စေရန်အတွက် (၂၀၁၅)ခုနှစ်တွင် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး (၂၀၁၆)ခုနှစ်တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရှေးဟောင်းဝတ္ထုပစ္စည်းများကို တွေ့ရှိ၍ သတင်းပို့အကြောင်းကြားခဲ့သူကို နိုင်ငံတော်မှ ပြန်လည်ဂုဏ်ပြုသည့်အနေဖြင့် တွေ့ရှိသည့် ဝတ္ထုပစ္စည်း၏ ကာလပေါက်ဈေးအပြင် ခေတ်ကာလကြေး၊ ခေတ်လက်ရာကြေးများကိုပါ ထပ်ဆောင်း ချီးမြှင့်သည့်အတွက် မူလတန်ဖိုးထက်သုံးဆမျှသော ဆုကြေးငွေများကို ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများကို တာဝန်သိစိတ်ဖြင့် လာရောက်အပ်နှံသူကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်လျက်ရှိရာ (၂၀၁၀-၂၀၁၁) ဘဏ္ဍာရေးနှစ်မှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာ ရေးနှစ်အထိ ရွှေ(၃၁၄၄) ခု၊ ငွေ (၈၃၃) ခု၊ ကြေး (၇၅၃) ခု၊ အခြား (၂၇၈၀၈)ခု စုစုပေါင်း (၃၂၅၃၈) ခုအတွက် ဆုကြေးငွေကို (၅၆၈၄၃၀ဝ၈၅)ကျပ် (ငါးထောင့် ခြောက်ရာ ရှစ်ဆယ့်လေးသိန်း သုံးသောင်းရှစ်ဆယ့်ငါးကျပ်တိတိ)အထိ နိုင်ငံတော်မှပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရှေးဟောင်းဝတ္ထုပစ္စည်းများနှင့် သက်ဆိုင်သည့် စီမံခန့်ခွဲဆောင်ရွက်နေမှုကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်မသိရှိကြ သည့်အချက်ကို အခွင့်ကောင်းယူ၍ ရှေးဟောင်း ပစ္စည်းများကို တရားမဝင်ဝယ်ယူစု ဆောင်းလျက်ရှိကြ သည်ကိုလည်း တွေ့ရှိရကြောင်းသိရသည်။မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာတွင် ကျေးရွာလမ်းအဆင့် မြှင့်တင် ခြင်း လုပ်ငန်းဆောင်ရွက်သော လုပ်သားများက လုပ်ငန်းဆောင်ရွက်ရာမှ မတော်တဆတွေ့ရှိရသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမပြုဘဲ မူလလက်ရာပျက်စီးစေရန်အရည်ကျို၍ ထုခွဲရောင်းချခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများကို ၎င်းပစ္စည်း၏ ခေတ်ကာလအပေါ်မူတည်၍ ဆုကြေးအမြင့်ဆုံး (၁၀ဝ) ရာခိုင်နှုန်းအထိ ချီးမြှင့်လျက်ရှိသကဲ့သို့ လက်ရာပြောင်မြောက်ကောင်းမွန်လျှင် လက်ရာကြေး အမြင့်ဆုံး(၁၀ဝ) ရာခိုင်နှုန်းအထိ ထပ်မံချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါအပ်နှံသည့် ရွှေ၊ ငွေပစ္စည်းများကို လာရောက်အပ်နှံသည့်အချိန်ကာလတွင်ရှိသည့် ပေါက်ဈေးနှုန်းအတိုင်း ဆုကြေးတွက်ချက်ခြင်းဖြစ်ရာ ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံသူသည် နေ့စဉ် ပေါက် ဈေးကာလတန်ဖိုးနှင့် ထပ်ဆောင်းတန်ဖိုးအပါအဝင် အများဆုံးသုံးဆ အထိ ချီးမြှင့်ငွေရရှိမည်ဖြစ်ပြီး လာရောက်အပ်နှံသည့်နေ့မှစတင်၍ ရက်သတ္တနှစ်ပတ်မှ အများဆုံးလေးပတ်အတွင်း ဆုကြေးငွေချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို အကြောင်းတစ်စုံတစ်ရာကြောင့် မတော်တဆတွေ့ရှိ ခဲ့ပါက သတင်းပို့အကြောင်းကြား၍ နိုင်ငံတော်သို့ အပ်နှံခြင်းသည် အကျိုးကျေးဇူးများစွာရရှိစေနိုင် မည်ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေ ကို မသိနားမလည်၍ဖြစ်စေ၊ သိရှိနားလည်၍ဖြစ်စေ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ပြည်ပသို့ သယ်ယူခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကို တူးဖော်ရှာဖွေခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် တွေ့ရှိသည့် ရှေး ဟောင်းဝတ္ထုပစ္စည်းများကို အပ်နှံခြင်းမပြုဘဲ အရည်ကျိုးခြင်း၊ ထုနှက်ပုံဖျက်ခြင်းစသည့် မူလပုံစံပျက် ယွင်းစေခြင်းများပြုလုပ်ပါက ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ (၁၆)၊ ပုဒ်မ (၁၇)၊ ပုဒ်မ (၁၈)အရ ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခံရမည်ဖြစ်ပြီး ပစ္စည်းများကိုပါ နိုင်ငံတော်က သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။
ရှေးယခင်ဘိုးဘွားဘီဘင်များလက်ထက်က ပြုလုပ်သုံးစွဲခဲ့ကြသည့် ဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်းပြသနိုင်သည့် အသုံးပြုမှု၊ အနုလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်း ဆိုင်ရာတန်ဖိုးရှိမှုများရှိပြီး နှစ်ပေါင်း (၁၀ဝ) နှင့် အထက် သက်တမ်းရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းဟု သတ်မှတ်ကြောင်း သိရသည်။
zawgyi version
ေရွးေဟာင္းဝတၳဳပစၥည္း လာေရာက္အပ္ႏွံသူမ်ားကို (၁၄)ႏွစ္အတြင္း ဆုေၾကးေငြ သိန္း (၅၀ဝဝ)ေက်ာ္အထိ ေပးအပ္ခ်ီးျမႇင့္ခဲ့
ေစာ (NP News) - ဇန္နဝါရီ ၂၂
(၁၄)ႏွစ္တာကာလအတြင္း ေရွးေဟာင္းဝတၳဳပစၥည္း လာေရာက္အပ္ႏွံသူမ်ားကို ဆုေၾကးေငြ သိန္းေပါင္း (၅၀ဝဝ) ေက်ာ္အထိ ႏိုင္ငံေတာ္မွေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံရွိ ေရွးေဟာင္းဝတၳဳပစၥည္းမ်ားကို အဓြန႔္ရွည္တည္တံ့ေစရန္၊ ပ်က္စီးယိုယြင္း ေပ်ာက္ဆုံးျခင္းမ်ားမွ ကာကြယ္ႏိုင္ရန္၊ အမ်ားျပည္သူမ်ား ေရွးေဟာင္းဝတၳဳပစၥည္းမ်ား၏ တန္ဖိုး ျမင့္မားမႈကို နားလည္၍ တာဝန္သိစိတ္ျဖင့္ကာကြယ္ထိန္းသိမ္းႏိုင္ေစရန္အတြက္ (၂၀၁၅)ခုႏွစ္တြင္ ေရွးေဟာင္းဝတၳဳပစၥည္းမ်ား ကာကြယ္ထိန္းသိမ္ေရးဥပေဒကို ျပ႒ာန္းခဲ့ၿပီး (၂၀၁၆)ခုႏွစ္တြင္ နည္းဥပေဒကို ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။ အဆိုပါ ေရွးေဟာင္းဝတၳဳပစၥည္းမ်ားကို ေတြ႕ရွိ၍ သတင္းပို႔အေၾကာင္းၾကားခဲ့သူကို ႏိုင္ငံေတာ္မွ ျပန္လည္ဂုဏ္ျပဳသည့္အေနျဖင့္ ေတြ႕ရွိသည့္ ဝတၳဳပစၥည္း၏ ကာလေပါက္ေဈးအျပင္ ေခတ္ကာလေၾကး၊ ေခတ္လက္ရာေၾကးမ်ားကိုပါ ထပ္ေဆာင္း ခ်ီးျမႇင့္သည့္အတြက္ မူလတန္ဖိုးထက္သုံးဆမွ်ေသာ ဆုေၾကးေငြမ်ားကို ရရွိမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ေရွးေဟာင္းဝတၳဳပစၥည္းမ်ားကို တာဝန္သိစိတ္ျဖင့္ လာေရာက္အပ္ႏွံသူကို သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက ဆုေၾကးေငြႏွင့္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခ်ီးျမႇင့္လ်က္ရွိရာ (၂၀၁၀-၂၀၁၁) ဘ႑ာေရးႏွစ္မွ (၂၀၂၃-၂၀၂၄) ဘ႑ာ ေရးႏွစ္အထိ ေ႐ႊ(၃၁၄၄) ခု၊ ေငြ (၈၃၃) ခု၊ ေၾကး (၇၅၃) ခု၊ အျခား (၂၇၈၀၈)ခု စုစုေပါင္း (၃၂၅၃၈) ခုအတြက္ ဆုေၾကးေငြကို (၅၆၈၄၃၀ဝ၈၅)က်ပ္ (ငါးေထာင့္ ေျခာက္ရာ ရွစ္ဆယ့္ေလးသိန္း သုံးေသာင္းရွစ္ဆယ့္ငါးက်ပ္တိတိ)အထိ ႏိုင္ငံေတာ္မွေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ေရွးေဟာင္းဝတၳဳပစၥည္းမ်ားႏွင့္ သက္ဆိုင္သည့္ စီမံခန႔္ခြဲေဆာင္႐ြက္ေနမႈကို အမ်ားျပည္သူမ်ား က်ယ္က်ယ္ျပန႔္ျပန႔္မသိရွိၾက သည့္အခ်က္ကို အခြင့္ေကာင္းယူ၍ ေရွးေဟာင္း ပစၥည္းမ်ားကို တရားမဝင္ဝယ္ယူစု ေဆာင္းလ်က္ရွိၾက သည္ကိုလည္း ေတြ႕ရွိရေၾကာင္းသိရသည္။မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးၿမိဳ႕နယ္၊ ျမင္းကပါေက်း႐ြာတြင္ ေက်း႐ြာလမ္းအဆင့္ ျမႇင့္တင္ ျခင္း လုပ္ငန္းေဆာင္႐ြက္ေသာ လုပ္သားမ်ားက လုပ္ငန္းေဆာင္႐ြက္ရာမွ မေတာ္တဆေတြ႕ရွိရသည့္ ေရွးေဟာင္းေ႐ႊထည္ပစၥည္းမ်ားကို သက္ဆိုင္ရာဌာနတာဝန္ရွိသူမ်ားထံ သတင္းေပးပို႔အပ္ႏွံျခင္းမျပဳဘဲ မူလလက္ရာပ်က္စီးေစရန္အရည္က်ိဳ၍ ထုခြဲေရာင္းခ်ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေရွးေဟာင္းဝတၳဳပစၥည္းမ်ားကို ၎ပစၥည္း၏ ေခတ္ကာလအေပၚမူတည္၍ ဆုေၾကးအျမင့္ဆုံး (၁၀ဝ) ရာခိုင္ႏႈန္းအထိ ခ်ီးျမႇင့္လ်က္ရွိသကဲ့သို႔ လက္ရာေျပာင္ေျမာက္ေကာင္းမြန္လွ်င္ လက္ရာေၾကး အျမင့္ဆုံး(၁၀ဝ) ရာခိုင္ႏႈန္းအထိ ထပ္မံခ်ီးျမႇင့္ေပးလ်က္ရွိေၾကာင္း သိရသည္။ အဆိုပါအပ္ႏွံသည့္ ေ႐ႊ၊ ေငြပစၥည္းမ်ားကို လာေရာက္အပ္ႏွံသည့္အခ်ိန္ကာလတြင္ရွိသည့္ ေပါက္ေဈးႏႈန္းအတိုင္း ဆုေၾကးတြက္ခ်က္ျခင္းျဖစ္ရာ ေရွးေဟာင္းဝတၳဳပစၥည္းအပ္ႏွံသူသည္ ေန႔စဥ္ ေပါက္ ေဈးကာလတန္ဖိုးႏွင့္ ထပ္ေဆာင္းတန္ဖိုးအပါအဝင္ အမ်ားဆုံးသုံးဆ အထိ ခ်ီးျမႇင့္ေငြရရွိမည္ျဖစ္ၿပီး လာေရာက္အပ္ႏွံသည့္ေန႔မွစတင္၍ ရက္သတၱႏွစ္ပတ္မွ အမ်ားဆုံးေလးပတ္အတြင္း ဆုေၾကးေငြခ်ီးျမႇင့္ေပးလ်က္ရွိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ေရွးေဟာင္းဝတၳဳပစၥည္းမ်ားကို အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ မေတာ္တဆေတြ႕ရွိ ခဲ့ပါက သတင္းပို႔အေၾကာင္းၾကား၍ ႏိုင္ငံေတာ္သို႔ အပ္ႏွံျခင္းသည္ အက်ိဳးေက်းဇူးမ်ားစြာရရွိေစႏိုင္ မည္ျဖစ္ေၾကာင္း သိရသည္။
ေရွးေဟာင္းဝတၳဳပစၥည္းမ်ားဆိုင္ရာ ဥပေဒ ကို မသိနားမလည္၍ျဖစ္ေစ၊ သိရွိနားလည္၍ျဖစ္ေစ ေရွးေဟာင္းဝတၳဳပစၥည္းမ်ားကို ခြင့္ျပဳခ်က္မရွိဘဲ ျပည္ပသို႔ သယ္ယူျခင္း၊ ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္း၊ ေရွးေဟာင္းဝတၳဳပစၥည္းမ်ားကို တူးေဖာ္ရွာေဖြျခင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေတြ႕ရွိသည့္ ေရွး ေဟာင္းဝတၳဳပစၥည္းမ်ားကို အပ္ႏွံျခင္းမျပဳဘဲ အရည္က်ိဳးျခင္း၊ ထုႏွက္ပုံဖ်က္ျခင္းစသည့္ မူလပုံစံပ်က္ ယြင္းေစျခင္းမ်ားျပဳလုပ္ပါက ေရွးေဟာင္းဝတၳဳပစၥည္းမ်ား ကာကြယ္ထိန္းသိမ္းေရး ဥပေဒပုဒ္မ (၁၆)၊ ပုဒ္မ (၁၇)၊ ပုဒ္မ (၁၈)အရ ေထာင္ဒဏ္ႏွင့္ ေငြဒဏ္မ်ား ခ်မွတ္ခံရမည္ျဖစ္ၿပီး ပစၥည္းမ်ားကိုပါ ႏိုင္ငံေတာ္က သိမ္းဆည္းမည္ျဖစ္ေၾကာင္း သိရသည္။
ေရွးယခင္ဘိုးဘြားဘီဘင္မ်ားလက္ထက္က ျပဳလုပ္သုံးစြဲခဲ့ၾကသည့္ ဝတၳဳပစၥည္းမ်ားသည္ သမိုင္းေခတ္ကာလတစ္ခုကို ေဖာ္ၫႊန္းျပသႏိုင္သည့္ အသုံးျပဳမႈ၊ အႏုလက္ရာေျမာက္မႈ၊ ရွားပါးမႈ၊ သမိုင္း ဆိုင္ရာတန္ဖိုးရွိမႈမ်ားရွိၿပီး ႏွစ္ေပါင္း (၁၀ဝ) ႏွင့္ အထက္ သက္တမ္းရွိပါက ေရွးေဟာင္းဝတၳဳပစၥည္းဟု သတ္မွတ္ေၾကာင္း သိရသည္။