လွိုင်ကော်တက္ကသိုလ်အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာန(၃)ခုကို နစကအတွင်းရေးမှူး တိုက်တွန်း

 559

သန့်ဇင်(NP News) - ဇန်နဝါရီ ၂၂

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာန(၃) ခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက တိုက်တွန်းပြောကြားခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးမှုကြောင့် အဆောက်အအုံများ ပျက်စီးခဲ့မှုအခြေအနေနှင့် ပြန်လည်ပြုပြင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့(ဇန်နဝါရီလ ၂၁ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝ န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ကြပြီး ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးတို့က Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝိဇ္ဇာသိပ္ပံဘာသာရပ်များကို သင်ယူဆည်းပူးနိုင်သည့် နေ့သင်တန်းနှင့် အဝေးသင်တက္ကသိုလ်သင်တန်းများတက်ရောက်ရန် အခက်အခဲကြုံတွေ့နေသည့် ကျောင်းသားကျောင်းသူ ထောင်ပေါင်းများစွာအတွက် လွိုင်ကော်တက္ကသိုလ် အမြန်ဆုံးပြန်လည် ပြင်ဆင်ဖွင့်လှစ်နိုင်ရေး နစကအတွင်းရေးမှူးက တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာနက လွိုင်ကော်တက္ကသိုလ် ပျက်စီးမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်ပြုပြင်နိုင်မည့် အခြေအနေနှင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်တင်ပြရန်ဖြစ်ကြောင်း နစကအတွင်းရေးမှူးက ပြောသည်။

ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လွိုင်ကော်တက္ကသိုလ်ကို အထူးကိစ္စတစ်ရပ်အနေဖြင့် ပြန်လည်ပြုပြင်နိုင်ရန် ရန်ပုံငွေထုတ်ယူသုံးစွဲနိုင်မှုအခြေအနေကို ရှင်းလင်းဆွေးနွေးပေးရန်ဖြစ်ကြောင်းပြီး နယ်မြေလုံခြုံရေးနှင့်အုပ်ချုပ်မှု ကိစ္စများကို ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြပြီး ပံ့ပိုးပေးရန် နစကအတွင်းရေးမှူးက ထည့်သွင်းမှာ ကြားခဲ့သည်။

နိုင်ငံတော်၏အနာဂတ်ကို ပညာဖြင့်သာတည်ဆောက်ရမည်ဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များ မွေးထုတ်နိုင်ရန်၊ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ပညာရပ်များကို စဉ်ဆက်မပြတ်ဆည်းပူးလေ့လာနိုင်ရန် လွိုင်ကော်တက္ကသိုလ်ကို မဖြစ်မနေပြန်လည်ပြင်ဆင်ပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်သွားကြရမည်မှာ နိုင်ငံတော်၏တာဝန်ဖြစ်ကြောင်း နစကအတွင်းရေးမှူးက ပြောကြားသည်။ ထို့ကြောင့် နိုင်ငံတော်၏အနာဂတ်တွင် အားထားရမည့် ကျောင်းသားလူငယ်များအတွက် လွိုင်ကော်တက္ကသိုလ် ပြန်လည်ပြုပြင်ပြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရေးကို စိတ်စေတနာအပြည့်နှင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် နစကအတွင်းရေးမှူးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

zawgyi version
လြိဳင္ေကာ္တကၠသိုလ္အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ကယားျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ဝန္ႀကီးဌာန(၃)ခုကို နစကအတြင္းေရးမႉး တိုက္တြန္း

သန႔္ဇင္(NP News) - ဇန္နဝါရီ ၂၂

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ရွိ လြိဳင္ေကာ္တကၠသိုလ္အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ကယားျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ဝန္ႀကီးဌာန(၃) ခုကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြးက တိုက္တြန္းေျပာၾကားခဲ့သည္။

ကယားျပည္နယ္ လြိဳင္ေကာ္တကၠသိုလ္အား အၾကမ္းဖက္ေသာင္းက်န္းသူမ်ားဖ်က္ဆီးမႈေၾကာင့္ အေဆာက္အအုံမ်ား ပ်က္စီးခဲ့မႈအေျခအေနႏွင့္ ျပန္လည္ျပဳျပင္ေရးဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝးကို ယမန္ေန႔(ဇန္နဝါရီလ ၂၁ရက္)နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ဒုတိယဝ န္ႀကီးမ်ား၊ ဌာနဆိုင္ရာအႀကီးအကဲမ်ားတက္ေရာက္ၾကၿပီး ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ကယားျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီးတို႔က Video Conferencing ျဖင့္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ဝိဇၨာသိပၸံဘာသာရပ္မ်ားကို သင္ယူဆည္းပူးႏိုင္သည့္ ေန႔သင္တန္းႏွင့္ အေဝးသင္တကၠသိုလ္သင္တန္းမ်ားတက္ေရာက္ရန္ အခက္အခဲႀကဳံေတြ႕ေနသည့္ ေက်ာင္းသားေက်ာင္းသူ ေထာင္ေပါင္းမ်ားစြာအတြက္ လြိဳင္ေကာ္တကၠသိုလ္ အျမန္ဆုံးျပန္လည္ ျပင္ဆင္ဖြင့္လွစ္ႏိုင္ေရး နစကအတြင္းေရးမႉးက တိုက္တြန္းေျပာၾကားခဲ့သည္။

ထို႔ေနာက္ ပညာေရးဝန္ႀကီးဌာနက လြိဳင္ေကာ္တကၠသိုလ္ ပ်က္စီးမႈအေျခအေနကို ရွင္းလင္းတင္ျပၿပီး ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ျပန္လည္ျပဳျပင္ႏိုင္မည့္ အေျခအေနႏွင့္ ခန႔္မွန္းကုန္က်စရိတ္ တြက္ခ်က္တင္ျပရန္ျဖစ္ေၾကာင္း နစကအတြင္းေရးမႉးက ေျပာသည္။

ထို႔ျပင္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက လြိဳင္ေကာ္တကၠသိုလ္ကို အထူးကိစၥတစ္ရပ္အေနျဖင့္ ျပန္လည္ျပဳျပင္ႏိုင္ရန္ ရန္ပုံေငြထုတ္ယူသုံးစြဲႏိုင္မႈအေျခအေနကို ရွင္းလင္းေဆြးေႏြးေပးရန္ျဖစ္ေၾကာင္းၿပီး နယ္ေျမလုံၿခဳံေရးႏွင့္အုပ္ခ်ဳပ္မႈ ကိစၥမ်ားကို ကယားျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္က ရွင္းလင္းတင္ျပၿပီး ပံ့ပိုးေပးရန္ နစကအတြင္းေရးမႉးက ထည့္သြင္းမွာ ၾကားခဲ့သည္။

ႏိုင္ငံေတာ္၏အနာဂတ္ကို ပညာျဖင့္သာတည္ေဆာက္ရမည္ျဖစ္သည့္အတြက္ အသိပညာ၊ အတတ္ပညာျပည့္စုံေသာ ပညာတတ္မ်ား ေမြးထုတ္ႏိုင္ရန္၊ ေက်ာင္းသား ေက်ာင္းသူမ်ား တကၠသိုလ္ပညာရပ္မ်ားကို စဥ္ဆက္မျပတ္ဆည္းပူးေလ့လာႏိုင္ရန္ လြိဳင္ေကာ္တကၠသိုလ္ကို မျဖစ္မေနျပန္လည္ျပင္ဆင္ၿပီး အျမန္ဆုံးျပန္လည္ဖြင့္လွစ္သြားၾကရမည္မွာ ႏိုင္ငံေတာ္၏တာဝန္ျဖစ္ေၾကာင္း နစကအတြင္းေရးမႉးက ေျပာၾကားသည္။ ထို႔ေၾကာင့္ ႏိုင္ငံေတာ္၏အနာဂတ္တြင္ အားထားရမည့္ ေက်ာင္းသားလူငယ္မ်ားအတြက္ လြိဳင္ေကာ္တကၠသိုလ္ ျပန္လည္ျပဳျပင္ၿပီး အျမန္ဆုံးဖြင့္လွစ္ႏိုင္ေရးကို စိတ္ေစတနာအျပည့္ႏွင့္ အားလုံးဝိုင္းဝန္း ပူးေပါင္းေဆာင္႐ြက္ၾကရန္ နစကအတြင္းေရးမႉးက တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.