ရေအောက်တွင် အကြာဆုံးလမ်းလျှောက်ပြပြီး ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့တဲ့ စတြေးလျအမျိုးသမီး

 174

Pika (NP News) - ဇန်နဝါရီ ၂၂

ဩစတြေးလျ အလွတ်တန်းရေငုပ်သမားတစ်ဦး(အသက်ရှူပစ္စည်းကိရိယာများမပါဘဲ ရေငုပ်ပြသူ)သည် ရေကန်၏အောက်ခြေတွင် အကွာအဝေး (၃၇၀)ပေ(၂)လက်မကို လမ်းလျှောက်ပြခဲ့ပြီးနောက် အသက်တစ်ချက်ပဲရှူကာ ရေအောက်တွင်အကြာဆုံး လမ်းလျှောက်ပြခြင်း(အမျိုးသမီး)စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

အလွတ်တန်းရေငုပ်သူအဖြစ် (၁၀)နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့သော အသက်(၃၅)နှစ်အရွယ် အမ်ဘာဘာ့ခ်ဆိုသည့် အမျိုးသမီးသည် ၎င်း၏ကိုယ်ပိုင်စံချိန် (၃၃၄)ပေ(၇)လက်မကို ချိုးဖျက်ရန်အတွက် ရေကူးကန်အတွင်း လေ့ကျင့်မှုများကို သီတင်းပတ်များစွာကြာအောင် လုပ်ဆောင်ခဲ့ကြောင်းလည်းသိရသည်။ အမ်ဘာဘာ့ခ်က "ကျွန်မရဲ့ ကိုယ်ပိုင်အောင်မြင်မှုအတွက် ဒီလိုမျိုးစံချိန်ချိုးဖျက်မှုတွေကို လုပ်ဆောင်ချင်ခဲ့တာပါ။ ဂင်းနစ်စံချိန်မှတ်တမ်း ကိုင်ဆောင်ထားသူဖြစ်ဖို့က ကျွန်မရဲ့အိပ်မက်ပါ။ ပြီးတော့ Australian Marine Conservation Society အတွက် ပိုက်ဆံရှာဖို့လည်း စိတ်ကူးထားပါတယ်" ဟုပြောဆိုခဲ့သည်။

အမ်ဘာဘာ့ခ်၏ ရေအောက်လမ်းလျှောက်ခြင်းနည်းပညာသည် ၎င်း၏ခန္ဓာကိုယ်ကို ရှေ့သို့တည့်တည့်ကိုင်းထားပြီး (၉၀)ဒီဂရီထောင့်ချိုးပုံစံဖြင့် လမ်းလျှောက်ခြင်းမျိုးဖြစ်သည်။ ထို့ပြင် အမ်ဘာဘာ့ခ်သည် ဩစတြေးလျအလွတ်တန်းရေငုပ်ခြင်းစံချိန်(၁၇)ခုကို ကိုင်ဆောင်ထားသူဖြစ်ကြောင်းလည်းသိရသည်။ အမ်ဘာဘာ့ခ် က" ဒီလိုမျိုး ရေအောက်အကြာဆုံး လမ်းလျှောက်ပြမှု (အမျိုးသမီး)စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ နောက်ထပ် ဂင်းနစ်စံချိန်တွေတင်နိုင်ဖို့အတွက် ကြိုးပမ်းသွားဖို့လည်း ဆုံးဖြတ်ထားပါတယ်"ဟု ပြောသည်။

zawgyi version
ေရေအာက္တြင္ အၾကာဆုံးလမ္းေလွ်ာက္ျပၿပီး ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့တဲ့ စေၾတးလ်အမ်ိဳးသမီး
Pika (NP News) - ဇန္နဝါရီ ၂၂

ဩစေၾတးလ် အလြတ္တန္းေရငုပ္သမားတစ္ဦး(အသက္ရႉပစၥည္းကိရိယာမ်ားမပါဘဲ ေရငုပ္ျပသူ)သည္ ေရကန္၏ေအာက္ေျခတြင္ အကြာအေဝး (၃၇၀)ေပ(၂)လက္မကို လမ္းေလွ်ာက္ျပခဲ့ၿပီးေနာက္ အသက္တစ္ခ်က္ပဲရႉကာ ေရေအာက္တြင္အၾကာဆုံး လမ္းေလွ်ာက္ျပျခင္း(အမ်ိဳးသမီး)စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

အလြတ္တန္းေရငုပ္သူအျဖစ္ (၁၀)ႏွစ္ေက်ာ္ၾကာ လုပ္ေဆာင္ခဲ့ေသာ အသက္(၃၅)ႏွစ္အ႐ြယ္ အမ္ဘာဘာ့ခ္ဆိုသည့္ အမ်ိဳးသမီးသည္ ၎၏ကိုယ္ပိုင္စံခ်ိန္ (၃၃၄)ေပ(၇)လက္မကို ခ်ိဳးဖ်က္ရန္အတြက္ ေရကူးကန္အတြင္း ေလ့က်င့္မႈမ်ားကို သီတင္းပတ္မ်ားစြာၾကာေအာင္ လုပ္ေဆာင္ခဲ့ေၾကာင္းလည္းသိရသည္။ အမ္ဘာဘာ့ခ္က "ကြၽန္မရဲ႕ ကိုယ္ပိုင္ေအာင္ျမင္မႈအတြက္ ဒီလိုမ်ိဳးစံခ်ိန္ခ်ိဳးဖ်က္မႈေတြကို လုပ္ေဆာင္ခ်င္ခဲ့တာပါ။ ဂင္းနစ္စံခ်ိန္မွတ္တမ္း ကိုင္ေဆာင္ထားသူျဖစ္ဖို႔က ကြၽန္မရဲ႕အိပ္မက္ပါ။ ၿပီးေတာ့ Australian Marine Conservation Society အတြက္ ပိုက္ဆံရွာဖို႔လည္း စိတ္ကူးထားပါတယ္" ဟုေျပာဆိုခဲ့သည္။

အမ္ဘာဘာ့ခ္၏ ေရေအာက္လမ္းေလွ်ာက္ျခင္းနည္းပညာသည္ ၎၏ခႏၶာကိုယ္ကို ေရွ႕သို႔တည့္တည့္ကိုင္းထားၿပီး (၉၀)ဒီဂရီေထာင့္ခ်ိဳးပုံစံျဖင့္ လမ္းေလွ်ာက္ျခင္းမ်ိဳးျဖစ္သည္။ ထို႔ျပင္ အမ္ဘာဘာ့ခ္သည္ ဩစေၾတးလ်အလြတ္တန္းေရငုပ္ျခင္းစံခ်ိန္(၁၇)ခုကို ကိုင္ေဆာင္ထားသူျဖစ္ေၾကာင္းလည္းသိရသည္။ အမ္ဘာဘာ့ခ္ က" ဒီလိုမ်ိဳး ေရေအာက္အၾကာဆုံး လမ္းေလွ်ာက္ျပမႈ (အမ်ိဳးသမီး)စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အတြက္ ဝမ္းသာပါတယ္။ ေနာက္ထပ္ ဂင္းနစ္စံခ်ိန္ေတြတင္ႏိုင္ဖို႔အတြက္ ႀကိဳးပမ္းသြားဖို႔လည္း ဆုံးျဖတ္ထားပါတယ္"ဟု ေျပာသည္။

Related news

© 2021. All rights reserved.