တပ်မတော်ပြန်ထိန်းချုပ်နိုင်ခဲ့တဲ့ လွိုင်ကော်ရဲ့ (၅)လတာ ပြန်လည်ထူထောင်ရေးခရီး ဘယ်အဆင့်ရောက်ပြီလဲ
344
သန့်ဇင် (NP News) - ဇန်နဝါရီ ၂၂
KNDF နှင့် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့နှင့်တစ်ဝိုက်တွင် တိုက်ပွဲများဖော်ဆောင်ခဲ့သည့်အ တွက် ငြိမ်းချမ်းစွာနေလာခဲ့သော မြို့ခံများစွာသည်လည်း ဘေးလွတ်ရာဒေသများသို့ နေရပ်စွန့်ခွာခဲ့ကြရကာ နေ့ချင်း ညချင်း စစ်ဘေးရှောင်ဒုက္ခသည်ဘဝသို့ သက်ဆင်းခဲ့ကြရသည်။ တိုက်ပွဲကြောင့် အစိုးရရုံးဌာနအချို့အပါအဝင် လွိုင်ကော်မြို့၏ (၇၀) ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးသွားခဲ့ရကာ စစ်ဘေးသင့်မြို့တစ်မြို့ အဖြစ်သို့ ခဏချင်းပြောင်းလဲသွားခဲ့သည်။ သို့သော် အခက်အခဲများစွာကိုကျော်ဖြတ်ကာ လက်ရှိတွင် လွိုင်ကော်မြို့က တပ်မတော်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်မှာ (၅)လကျော် ကြာမြင့်လာပြီဖြစ်သည်။ စစ်ကြောင့်ထိခိုက်ခဲ့ရသည်များကိုလည်း နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်။ အဆိုပါအခြေနေများနှင့်ပတ်သက်၍ လွိုင်ကော်မြို့၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို လွိုင်ကော်မြို့ခံတစ်ဦးထံ NP News မှ မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး- လွိုင်ကော်မြို့ကို တပ်မတော်က ပြန်လည် ထိန်းချုပ်ပြီးနောက်ပိုင်းမှာ ဘယ်လိုအခြေအနေရှိပါ သလဲခင်ဗျ။
ဖြေ- ပြန်လည်ထူထောင်ရေးဆိုပြီးတော့ လုပ်နေတာပေါ့နော်။ ပြည်သူတော်တော်များများကလည်း အပြင်မှာနေနေကြတာတစ်နှစ်လောက်ရှိပြီလေ။ တော်တော်များများကလည်း ဖြစ်ချင်မှဖြစ်ရောဆိုပြီး ပြန်ဝင်လာကြပါပြီ။ ဥပမာ- ဒေါတမနဲ့ ကြည်သာယာ ဘက်တွေက တိုက်ပွဲလည်းမဖြစ်ဘူး။ ဘာမှလည်း မဖြစ်ဘူး။ မပျက်စီးဘူးပေါ့လေ။ အဲဒီရပ်ကွက်က လူတွေကို အားကျတာလည်း ပါတာပေါ့နော်။ အဲဒီ ရပ်ကွက်ကကျတော့ ဗမာတို့ ဂေါ်ရခါးတို့ နေကြတာ များတယ်။ အဲဒီရပ်ကွက်တွေက မပျက်စီး ဘူး။ ပျက် စီးတာက သူတို့ကယန်းလူမျိုးအများဆုံးရှိတဲ့ ရပ်ကွက်တွေချည်းပဲ။ အခုတော့ ကျွန်တော်မြင် တာတော့ ပြည်သူတွေက တလိမ့်လိမ့်နဲ့တော့ ပြန်ဝင် လာကြပြီ။ တကယ်လို့သာ ဒီကာလမှာ တိုက်ပွဲတွေဆက်မဖြစ်ဘူးဆိုရင်တော့ လွိုင်ကော်က ပြန်စည်ကား လာမှာပါ။ အစိုးရအနေနဲ့လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာ အဓိကပြဿနာက ဘာတွေ့နေရလဲဆိုရင် ကန်ထရိုက်တွေမရှိဘူး။ ရှိတဲ့ကန်ထရိုက် (၃)(၄)(၅)ခုကလုပ်နေကြတယ်။ အဲဒီတော့ ဘယ်လို့ပြောရမလဲဆိုတော့။ အခြေအနေ ပြန်လည်တည်ငြိမ်မှ ပြည်သူတွေအများကြီးပြန်ဝင်မှာ။ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေပြန်ဝင်မှပဲ အဆင်ပြေမှာပေါ့ဗျာ။
မေး-မြို့ခံတွေပြန်လည်ဝင်ရောက်မှုအနေနဲ့က ဘယ် လောက်အတိုင်းအတာထိရှိနေပြီလဲ။
ဖြေ- တောင်ဘက်ခြမ်းရပ်ကွက်တွေတော့ ပြန် ဝင်နေကြပြီ။ တချို့နေရာတွေလည်း ပြန်ဖွင့်ပေးပြီ ပေါ့နော်။ အဲဒီဘက်တွေမှာလည်း လူတွေတော်တော် များများက ပြန်ဝင်နေကြပြီ။ တောက်ဘက်ခြမ်း တောင်ဈေးပတ်ဝန်းကျင်က ကြည်သာယာတို့၊ နမ့် ဘော်ဝမ်တို့၊ ဒေါတမတို့ရပ်ကွက်တွေကဆိုရင် စည် ကားနေတာပဲ။ ဈေးတွေလည်း ပြန်ပြီးတော်တော်ကို စည်ကားနေပါပြီ။ အစိုးရဝန်ထမ်းတွေလည်းတော် တော်များများ ပြန်ရောက်နေပါပြီ။ ဝန်ထမ်းတွေက တော့ (၇၀) ရာခိုင်နှုန်း(၈၀) ရာခိုင်နှုန်းလောက်ပြန်ဝင်နေပါပြီ။
မေး- လွိုင်ကော်ကို တပ်မတော်ပြန်လည်ထိန်းချုပ်ပြီးနောက်မှာ လျှပ်စစ်မီးအခြေအနေနဲ့ ဆက်သွယ်ရေး လိုင်းတွေရဲ့ အခြေအနေလေးလည်း ပြောပြပေးပါဦး။
ဖြေ- လျှပ်စစ်မီးအခြေအနေကတော့ မြို့ထဲက ထရမ်စဖော်မာတွေ ဖြုတ်ခိုးခံရတယ်။ မီးကြိုးတွေ ဖြုတ်ခိုးခံရတဲ့အတွက်ကြောင့် လူနေထိုင်မယ့်ရပ် ကွက်တွေကိုတော့ ပြန်ပြန်ပြင်နေရတာတွေရှိတယ်။ အဲဒါကတော့ တိုင်းပြည်အတွက်လည်းမကောင်းဘူးပေါ့နော်။ ကျွန်တော်တို့သိသလောက်ဆိုရင် ကြေး နန်းကြိုးတွေခွာရောင်းကြတာ။ ဘယ်ကောင်တွေ လဲတော့ မသိဘူးပေါ့။ ဒါပေမဲ့ တစ်မြို့လုံးက အိမ် တွေထဲမှာဆိုရင် မီးကြိုးတွေမရှိတော့ဘူး။ မီးမလောင် ဘဲနဲ့ စုတ်ပြတ်သတ်ပြီးကျန်ခဲ့တဲ့အိမ်တွေဆိုရင် မီး ကြိုးတွေ ဖြုတ်ခိုးခံထားရတာ။ အိမ်တွေထဲက နံရံက ကြိုးတွေပါဖြုတ်ခိုးတာဆိုတော့ အိမ်ပြင်ကကြိုးတွေ တော့ ပြောမနေနဲ့။ ပြောရရင်တော့ ဗရမ်းဗတာနိုင်တဲ့ ကောင်တွေက ကြိုးတွေကို ဖြုတ်ခိုးပြီးတော့ မီတာ ဘောက်တွေကို ဖျက်ဆီးခဲ့တာ။ အဲဒီလိုမျိုးတွေဆို တော့ ရပ်ကွက်အလိုက် ပြန်နေမယ်ဆိုရင်တော့ မီး ကြိုးတွေ ပြန်လုပ်ရတာလည်းတော်တော်ခက်ခဲတယ်။ နောက်တစ်ခု ဆက်သွယ်ရေးလိုင်းတွေကတော့ တော်တော်များများပြန်လုပ်နေကြပါပြီ။ တော်တော် လည်းကောင်းနေပါပြီ။ ဖုန်းတွေကအစ အင်တာနက် တွေကအစ ကောင်းနေပြီပေါ့။ အရင်တုန်းကလိုတော့ ရာနှုန်းပြည့်ကောင်းနေတာတော့ မဟုတ်သေးဘူးပေါ့။ ဆက်သွယ်ရေးအော်ပရေတာအားလုံးက (၃၀)ရာခိုင် နှုန်း (၄၀)ရာခိုင်နှုန်းလောက်တော့ လုပ်နိုင်သေးတယ်။ သူတို့ရဲ့အရင် တာဝါတိုင်တွေဆိုရင် ဖျက်ဆီးခံခဲ့ရ တာလေ။ အဲဒါတွေကိုလည်း ပြန်လုပ်ထားကြရတာ ပေါ့။ ဒါပေမဲ့ ဆက်သွယ်လို့ အင်တာနက်သုံးလို့တော့ အဆင်ပြေပါတယ်။ တောင်ကြီးထက်တော့ လိုင်းကောင်းပါသေးတယ်။
မေး- တပ်မတော်ကထိန်းချုပ်ထားတဲ့ လွိုင် ကော်မြို့ရဲ့ အုပ်ချုပ်ရေးအခြေအနေက ဘယ်လိုရှိပါ သလဲ။
ဖြေ- အုပ်ချုပ်ရေးကတော့ ကောင်းပါတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း တော်တဲ့အထဲမှာပါ တဲ့အခါကျတော့ တော်တော်အဆင်ပြေပါတယ်။ ဒါပေမဲ့ သူတစ်ယောက်တည်းတော်လို့တော့မရဘူး ပေါ့။ အောက်ခြေက အုပ်ချုပ်ရေးယန္တရား အကောင်အ ထည်ဖော်တဲ့ အဓိကက ရပ်ကျေးတွေ။ ရဲတွေနဲ့ ဒီ ကာလမှာဆိုရင် တပ်မတော်သားတွေက ဟန်ချက်ညီ ညီလုပ်ကိုင်သွားဖို့တော့ လိုတာပေါ့။ မဟုတ်ရင်တော့ မလွယ်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ပြန် လည်ထူထောင်ရေးနဲ့ တိုက်ပွဲကာလမှ ရုန်းထရတာ ဖြစ်တဲ့အတွက် ပုံမှန်ထက်တော့ ပိုပင်ပန်းတာပေါ့။ အဲဒီတော့ တကယ်အလုပ်လုပ်မယ့်လူတွေ လိုတယ်။
မေး-မြို့ခံတွေအများအပြားပြန်လည်ဝင်ရောက် နေ ထိုင်နေပြီဖြစ်တဲ့ အချိန်ဆိုတော့ မြို့ခံ တွေကိုမြင်တွေ ရတဲ့ သူတို့အခြေအနေလေးလည်း ပြောပြပေးပါဦး။
ဖြေ- ကောင်းပါတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေနဲ့နေလို့ရတဲ့ အိမ်တွေမှာလည်း စစ်ရှောင်တွေ စုပြီးနေနေကြတယ်။ လူမှုရေးအရဆိုရင်လည်း ပြဿနာတွေမရှိဘူး။ ကယားပြည်နယ်နေ့ဆိုရင် တော်တော်များများစည်ကားနေပြီ။ အသင်းအဖွဲ့တွေတော်တော်များများလည်း ပါဝင်လာကြတာတွေ့ရတယ်။
မေး- လက်ရှိမှာ လွိုင်ကော်မြို့ရဲ့စီးပွားရေး အခြေအနေက ဘယ်လိုလည်ပတ်နေကြပါသလဲ။ ပြည်သူတွေပြန်ရောက်နေပြီး စီးပွားရေးတွေလည်း ပြန် လုပ်နေကြပြီဆိုတော့ စီးပွားရေးပြန်လည် ပုံပေါ်လာတဲ့အခြေအနေတွေ့ရလား။
ဖြေ- ပုံပေါ်လာပါတယ်။ အဓိကကတော့ တည်ဆောက်ရေးလုပ်ငန်းတွေ ကောင်းတာပေါ့ဗျာ။ ကျန် တဲ့မြို့တွေနဲ့စာရင် တည်ဆောက်ရေးလုပ်ငန်းတွေ အများကြီးလုပ်ရမယ်။ တစ်ချို့အိမ်တွေဆိုရင် ပြန် လာရင် အိမ်မီးလောင်သွားရင်ကိစ္စမရှိပေမယ့် အိမ်အသစ်ပြန်ဆောက်နိုင်ဖို့တော့ ပြဿနာဖြစ်တယ်။ တော်တော်များများအိမ်တိုင်းအိမ်တိုင်းကတော့ ခေါင်မိုးနဲ့ မျက်နှာကြက်ကတော့ ပြင်ရမှာပဲ။ အဲဒါကအဓိက ပြီးရင် နံရံပေါက်ဘာညာကတော့ တဖြည်းဖြည်းခြင်း ပြင်ယူရမှာပေါ့နော်။ အစိုးရဌာနဆိုင်ရာ အဆောက် အအုံတွေဆိုရင် တော်တော်ပျက် စီးသွားတာရှိတယ်။ အဲဒါတွေ ပြန်ပြင်ဆင်ရမယ့်လုပ်ငန်းတွေရှိတယ်။ ဈေးကြီးဆို ပျက်စီးသွားတာ အသစ်ပြန်ဆောက်ရမယ်။ နောက်ပြီးတော့ ခရိုင်ရဲရုံးတို့။ စည်ပင်ရုံးကြီးတို့ အဲဒါ တွေကတော့ ကျွန်တော်သိတာဆိုရင် အကုန်ပုံကျကုန် တာပေါ့နော်။ အဲဒါတွေ ပြန်ဆောက်ရမှာတွေရှိတယ်။ တခြားစီးပွားရေးတွေအနေနဲ့ကတော့ ကောင်းပါ တယ်။ အဓိက ပြောင်းကတော့ ထွက်တာပေါ့နော်။ တိုက်ပွဲသာဖြစ်နေတာ ထွက်နေတဲ့ပြောင်းတွေက လည်းမနည်းဘူး။ ဒီမော့ဆိုဘက်ကလည်း ပြောင်း တွေကို လွိုင်ကော်ကနေပဲပြန်ထုတ်ရောင်းပေါ့နော်။ သူ့ရဲ့စိုက်ပျိုးရေးကတော့ရှိနေမှာပဲ။ ဒါပေမဲ့ မိုးဗြဲ ဆည်ဘေးဝဲယာက စပါးခင်းတွေကတော့ ထိခိုက်တာ ရှိတယ်။ အဲဒီဘက်တွေက တိုက်ပွဲတွေလည်းဖြစ် နေတာဆိုတော့လေ။ မွေးမြူရေးလုပ်ငန်းတွေလည်းထိခိုက်သွားတာပေါ့။ ဘာလို့ဆိုရင် ရေလည်းထပ် ကြီးသွားတာကြောင့်ပါ။ ရေကြီးတုန်းကဆိုရင် ငါးကန် တွေပျက်စီးဆုံးရှုံးသွားတယ်။ နောက်တစ်ခုက လွိုင် ကော်က အရင်ကတော့ မယ့်စဲ့က ထိုင်းကုန်စည်တွေ ကုန်သွယ်မှုတွေရှိခဲ့တယ်လေ။ အခုကတော့ အဲဒီ လမ်းတွေက ပိတ်သွားတဲ့အခါမှာ အဓိကကုန်သွယ်နေ တာတော့ ဆီဆိုင်မြို့နဲ့ပဲရှိတော့တာပေါ့။
မေး- လွိုင်ကော်မြို့ရဲ့ ကုန်ဈေးနှုန်းတွေကကော ဘယ်လိုအခြေအနေရှိပါသလဲ။
ဖြေ- တောင်ကြီးထက်တော့ အများကြီးသာပါ တယ်။ ဝန်ကြီးရုံးရဲ့ကြပ်မတ်နိုင်မှုနဲ့ စည်ပင်တွေရဲ့ လုပ်နိုင်မှုကြောင့် အသားငါးဈေးကတော့ မဆိုးပါဘူး။ မျှပါတယ်။ ပတ်ဝန်းကျင်မှာလည်း အင်း၊ အိုင်၊ ချောင်း၊ ကန်တွေရှိနေတော့ အသားငါးကတော့ အဆင်ပြေတယ်။ အသီးအရွက်တွေလည်း စိုက် တာတွေရှိတော့ အဆင်ပြေကြတယ်။ အဓိကကတော့ ပြည်မကမှာတဲ့ကုန်စည်တွေလောက်ပဲ သယ်ယူပို့ ဆောင်ခနဲ့ နည်းနည်းလေး ဈေးကွာတာလောက်ပဲ ရှိပါတယ်။ ကျန်တဲ့စားသောက်ကုန်စည်တွေ သားငါးဈေးတွေကတော့ အများကြီးအဆင်ပြေပါ တယ်။
မေး- နောက်တစ်ခုကတော့ ပညာရေးအခြေ အ နေပေါ့နော်။ လွိုင်ကော်မြို့က ပြည်ထူထောင်နေဆဲ ကာလဖြစ်တော့ အခြေခံပညာကျောင်းတွေနဲ့ တက္က သိုလ်တွေ တခြားကျောင်းတွေက ဘယ်လိုမျိုး လည် ပတ်နေကြလဲခင်ဗျ။
ဖြေ- လွိုင်ကော်မြို့ပေါ်က လူနေရပ်ကွက်က ကျောင်းတွေကတော့ ကျောင်းတွေအကုန်ပြန်ဖွင့် တယ်။ တချို့နေရာတွေမှာလည်း ပြန်ဖွင့်တဲ့ ကျောင်း တွေ တော်တော်များတွေ့ရပါတယ်။ ပညာရေးကော လိပ်တို့ ကွန်ပျူတာတက္ကသိုလ်တို့ GTC တို့လည်း အကုန်ပြန်ဖွင့်နေပါပြီ။ နောက်ပြီးတော့ သူနာပြုတက္က သိုလ်လည်းပြန်ဖွင့်နေပါပြီ။ အဲဒါတွေက မြို့ရဲ့အရှေ့ ဘက်ခြမ်းမှာရှိတာကိုး။ တိုက်ပွဲဖြစ်လို့ ပျက်စီးသွား တာက မြို့ရဲ့မြောက်ဘက်ခြမ်းက ပျက်စီးသွားတာ။ အဲဒီဘက်ကဟာတွေကတော့ ကြာနေမှာပေါ့နော်။ မြို့ရဲ့အရှေ့ဘက်မှာရှိတဲ့ ကျောင်းတွေ၊ တက္က သိုလ်တွေကတော့ GTC နဲ့ ကွန်ပျူတာဆိုရင် ပေါင်းဖွင့်လိုက်တာပေါ့။ အခုလည်း ကျောင်းသားတွေလည်း ရောက်နေပါပြီ။ မြို့ထဲမှာဆိုရင်လည်း အခြေခံပညာ အထက်တန်းကျောင်းတွေ အကုန်ပြန်ဖွင့်ပါတယ်။ ဝင်လို့ရတဲ့ရပ်ကွက်တွေမှန်သမျှ၊ ပြည်သူတွေပြန်ဝင် နိုင်တဲ့ကျောင်းတွေမှန်သမျှ၊ အလယ်တန်းကျောင်း တွေ၊ မူလတန်းကျောင်းတွေ၊ အကုန်ပြန်ဖွင့်နေပါပြီ။
မေး- လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုမှာ လွိုင်ကော်တက္ကသိုလ်တစ်ဖက်က လုံးလုံးပျက်စီးသွား ခဲ့ရတာလို့ပြောလို့ရတယ်။ အဲဒီပျက်စီးသွားတဲ့ နေ အိမ်အဆောက်အအုံတွေကိုကော ပြန်လည်ထူထောင် ရေးလုပ်ဖို့အတွက် အချိန်ဘယ်လောက်ထိယူပြီး ပြင်ဆင်ရဦးမယ်လို့ မြင်မိသလဲခင်ဗျ။
ဖြေ- အဲဒီဘက်ခြမ်းကတော့ အခုချိန်ထိကို ပေးလည်းမဝင်ဘူး။ နောက်တစ်ခေါက် ဝင်လာနိုင်ရင် လည်း အဲဒီဘက်ခြမ်းကပဲ ဝင်လာဖို့ များတယ်။ အဲဒီ ရပ်ကွက်တွေကတော့ ပြည်သူလည်း ပြန်မဝင်မိသ လို ပြည်သူလည်း ပြန်ပေးမနေဘူး။ လွိုင်ကော် တက္ကသိုလ်အနေအထားကလည်း ကျွန်တော်သိသလောက်ကတော့ တက္ကသိုလ်က ဆရာ၊ ဆရာမတွေကအစ တခြားတက္ကသိုလ်ကျောင်းတွေကို ပြောင်းပေးလိုက်ပြီ။ ဖွဲ့စည်းပုံမရှိတော့ဘူးလို့တောင် သိရတယ်။ အဲဒီအခါ ကျတော့ ကြာဦးမှာ တကယ်ဆို လုံးလုံးပြန်တည်ငြိမ်မှပဲ လွိုင်ကော်တက္ကသိုလ်ဘက်က ပြန်ပြီးတော့ ဝင်လို့ ရမှာပဲ။ အဲဒီအချိန်တောင်မှ အဆောက်အအုံတွေ ပြင်တာဘာညာနဲ့ ဆရာ၊ ဆရာမတွေ ပြန်ထည့်ဖို့ဆို တာက တည်ငြိမ်ပြီးမှဆိုရင် (၄)(၅)(၆)လလောက် ကြာဦးမှာပါ။ အခမ်းအနားတစ်ခုမှာလည်း ဝန်ကြီးချုပ် က မြို့(၇၀) ရာခိုင် နှုန်းလောက် ပျက်စီးသွားတယ်လို့ ပြောတယ်။
မေး- လွိုင်ကော်မြိုက စစ်ဘေးအပြင် ရေဘေးကြောင့်ပါ ပျက်စီးဆုံးရှုံးမှုတွေ ထပ်များခဲ့သေးတယ်။ ဒါနဲ့ပတ်သက်ပြီး ပြန်လည်ထူထောင်ရေးမှာ ဒီထက် အရှိန်ပြင်းပြင်းသွားဖို့အတွက် ဘာတွေလိုအပ်နေလဲ ဆို တာလေးလည်း သုံးသပ်ပေးပါဦး။
ဖြေ- ဒါကတော့ အစိုးရက ကောင်းကောင်းနဲ့ လုပ်နိုင်မှလည်းရမယ်။ အစိုးရဆိုတာကလည်း အထက်အလယ်အောက် ကောင်းကောင်းမွန်မွန် လုပ်နိုင်ဖို့လည်းလိုတယ်။ နောက်တစ်ခုက ဘတ်ဂျက်ပေါ့။ အဲဒီမှာ ရှားတောတို့ မယ်စဲ့တို့က သုံးစရာဘက်ဂျက်မှ မရှိတော့တာ။ အဲဒီကငွေကလည်း လွိုင်ကော်မှာပဲ ပြည်သူကို တကယ်ထိရောက်မယ့်အသုံးစရိတ်တွေ ဖြစ်ဖို့လိုတယ်။ ပိုက်ဆံတွေပိုနေတာပဲကွ ဆိုပြီးတော့ ကတ္တရာလမ်းသစ်ကြီးပေါ်မှာ နိုင်လွန်ကြီးထပ်ခင်း တယ်ဆိုတာက လိုမှမလိုတာဗျာ။ အဲဒါတွေက လိုတဲ့ အချိန်ကျမှ ပြန်သုံးနိုင်ရမယ်။ အဲဒါတွေကို လွိုင်ကော် ပြန်လည်ထူထောင်ရေးစပြီဆိုတာနဲ့ အထူးထောက်ပံ့ မှုတွေ ဒါတွေကိုပေးရမယ်။ လွိုင်ကော်တစ်မြို့လုံး ပြန်လည်ထူထောင်ဖို့က တော်တော်ခက်ခဲမယ်။ ဒီ ဒေသမှာရှိတဲ့ ပြည်သူတွေကလည်း အကုန်ပြန်လာပြီး ပူးပေါင်းဆောက်ရွက်ဖို့လိုတယ်။ အဲဒီပြဿနာက လည်း မငြိမ်းချမ်းဘဲ၊ ဒီလက်နက်ကိုင်ပဋိပက္ခ မပြီးဘဲ နဲ့တော့ ဘယ်တော့မှမရဘူး။ အဲဒီအတွက်ကြောင့် လည်း ညှိနှိုင်းမှပဲရမှာ။ ညှိနှိုင်းပြီးမှ ငြိမ်းငြိမ်းချမ်း ချမ်းနဲ့ဘယ်လိုထူထောင်ကြမှာလဲ အဲဒီလိုလုပ်မှ ရ တော့မှာ။ ဒီအတိုင်းဆိုရင်တော့ မလွယ်ဘူး။ တချို့လုပ်ငန်းရှင်သူဌေးတွေဆိုရင် ဟိုတယ်ဖြိုခတောင် ထပ်ကုန်ဦးမှာ။ တကယ်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ လွိုင်ကော်ရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကြီးတစ်ခုလုံးက ပြိုကျသွားမှာ။
မေး- နောက်ဆုံးတစ်ခုအနေနဲ့က ပြီးခဲ့တဲ့ကာလ မှာကြားခဲ့တဲ့ သတင်းတွေအရ လွိုင်ကော်ကို တစ်ကျော့ ပြန်တိုက်ပွဲပြန်လည်ဖော်ဆောင်မယ်ဆိုပြီး သတင်း တွေထွက်ပေါ်နေတာတွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေသခံတစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိပါသလဲ။
ဖြေ- လွိုင်ကော်ကတော့ တစ်ကျော့ပြန်တိုက် ပွဲကပြန်ဖြစ်လာနိုင်တယ်လို့မြင်တယ်။ အဲဒါမှလည်း စကားဝိုင်းထိုင်တဲ့အခါ သူတို့မှာ လက်ဆုပ်လက်ကိုင် ပြနိုင်တာရှိမှာလေ။ တစ်ဖက်ကကြည့်ရင်လည်း လွိုင်ကော်ဆိုတာက ရခိုင်တို့ ရှမ်းမြောက်တို့နဲ့မတူတဲ့ အခြေအနေရှိတာက လွိုင်ကော် ကယားခွင်ကြီးတစ်ခု လုံးက နေပြည်တော်ရဲ့အရှေ့မျက်နှာမှာရှိပြီးတော့ နေပြည်တော်ကို ခဏအတွင်း ခြိမ်းခြောက်နိုင်တဲ့ ဧရိယာကြီးဖြစ်တဲ့အတွက် တခြားဒေသတွေကို တုံ့ပြန်တာနဲ့တော့တူမှာမဟုတ်ဘူး။ ရှိနေတဲ့ အင်အား တွေကိုတောင်မှ ဆွဲထုတ်မှာမဟုတ်ဘူး။ အင်အားက ထပ်ဖြည့်မှာပဲရှိတယ်။ ပြီးရင်ကျွန်တော်တို့မြင်သ လောက်ကလည်း ဒီရှမ်းမြောက်တို့ ရခိုင်တို့ကို ဖြေ ရှင်းပုံနဲ့ ကယားကိုဖြေရှင်းပုံနဲ့က မတူဘူး။ အဲဒီတော့ ကျွန်တော့်အမြင်ဆိုရင် ကျသွားဖို့ဆိုတာလည်း မဖြစ် နိုင်တော့သလို အပြတ်နိုင်ဖို့ဆိုတာလည်း မဖြစ်နိုင် ပါဘူး။ ဒီအတိုင်းပဲသွားမှာပဲ။ စစ်ပွဲကတော့ လုပ်ဦး မှာပဲ။ လွိုင်ကော်မှာ ကျွန်တော်သိသလောက်ဆိုရင် စီးပွားရေးရော လူမှုရေးရော အကုန်စုတ်ပြတ် သတ်သွားတာ။ တချို့သူဌေးတွေဆိုရင် မြို့ထဲဝင် လာတာတောင် တော်တော်ကိုမှုန်ကုတ်နေတာ။ တ ချို့ဟိုတယ်ပိုင်ရှင်တွေဆိုရင် ဟိုတယ်မီးလောင်သွား တာဆိုတော့ ဖြိုခတောင်တော်တော်ထပ်ကုန်ဦးမှာ။ အဲဒီလိုမျိုးတွေဖြစ်သွားတဲ့အခါကျတော့ စစ်ရဲ့အနိဋ္ဌာရုံကြီးက တော်တော်ကိုဆိုးပါတယ်။ အဲဒါကြောင့် လွိုင် ကော်ကလူတွေက တော်တော်ကို အသည်းနာသွားကြပြီ။ စစ်ကြောင့် ဆုံးရှုံးမှုက တော်တော်များသွားတယ်။
zawgyi version
တပ္မေတာ္ျပန္ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ လြိဳင္ေကာ္ရဲ႕ (၅)လတာ ျပန္လည္ထူေထာင္ေရးခရီး ဘယ္အဆင့္ေရာက္ၿပီလဲ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၂
KNDF ႏွင့္ PDF လက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ားက ကယားျပည္နယ္၏ၿမိဳ႕ေတာ္ လြိဳင္ေကာ္ၿမိဳ႕ႏွင့္တစ္ဝိုက္တြင္ တိုက္ပြဲမ်ားေဖာ္ေဆာင္ခဲ့သည့္အ တြက္ ၿငိမ္းခ်မ္းစြာေနလာခဲ့ေသာ ၿမိဳ႕ခံမ်ားစြာသည္လည္း ေဘးလြတ္ရာေဒသမ်ားသို႔ ေနရပ္စြန႔္ခြာခဲ့ၾကရကာ ေန႔ခ်င္း ညခ်င္း စစ္ေဘးေရွာင္ဒုကၡသည္ဘဝသို႔ သက္ဆင္းခဲ့ၾကရသည္။ တိုက္ပြဲေၾကာင့္ အစိုးရ႐ုံးဌာနအခ်ိဳ႕အပါအဝင္ လြိဳင္ေကာ္ၿမိဳ႕၏ (၇၀) ရာခိုင္ႏႈန္းခန႔္ ထိခိုက္ပ်က္စီးသြားခဲ့ရကာ စစ္ေဘးသင့္ၿမိဳ႕တစ္ၿမိဳ႕ အျဖစ္သို႔ ခဏခ်င္းေျပာင္းလဲသြားခဲ့သည္။ သို႔ေသာ္ အခက္အခဲမ်ားစြာကိုေက်ာ္ျဖတ္ကာ လက္ရွိတြင္ လြိဳင္ေကာ္ၿမိဳ႕က တပ္မေတာ္ကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည္မွာ (၅)လေက်ာ္ ၾကာျမင့္လာၿပီျဖစ္သည္။ စစ္ေၾကာင့္ထိခိုက္ခဲ့ရသည္မ်ားကိုလည္း ႏိုင္ငံေတာ္အစိုးရႏွင့္ ျပည္နယ္အစိုးရက ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးေနသည္။ အဆိုပါအေျခေနမ်ားႏွင့္ပတ္သက္၍ လြိဳင္ေကာ္ၿမိဳ႕၏ ျဖစ္ေပၚတိုးတက္မႈအေျခအေနမ်ားကို လြိဳင္ေကာ္ၿမိဳ႕ခံတစ္ဦးထံ NP News မွ ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး- လြိဳင္ေကာ္ၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ ထိန္းခ်ဳပ္ၿပီးေနာက္ပိုင္းမွာ ဘယ္လိုအေျခအေနရွိပါ သလဲခင္ဗ်။
ေျဖ- ျပန္လည္ထူေထာင္ေရးဆိုၿပီးေတာ့ လုပ္ေနတာေပါ့ေနာ္။ ျပည္သူေတာ္ေတာ္မ်ားမ်ားကလည္း အျပင္မွာေနေနၾကတာတစ္ႏွစ္ေလာက္ရွိၿပီေလ။ ေတာ္ေတာ္မ်ားမ်ားကလည္း ျဖစ္ခ်င္မွျဖစ္ေရာဆိုၿပီး ျပန္ဝင္လာၾကပါၿပီ။ ဥပမာ- ေဒါတမနဲ႔ ၾကည္သာယာ ဘက္ေတြက တိုက္ပြဲလည္းမျဖစ္ဘူး။ ဘာမွလည္း မျဖစ္ဘူး။ မပ်က္စီးဘူးေပါ့ေလ။ အဲဒီရပ္ကြက္က လူေတြကို အားက်တာလည္း ပါတာေပါ့ေနာ္။ အဲဒီ ရပ္ကြက္ကက်ေတာ့ ဗမာတို႔ ေဂၚရခါးတို႔ ေနၾကတာ မ်ားတယ္။ အဲဒီရပ္ကြက္ေတြက မပ်က္စီး ဘူး။ ပ်က္ စီးတာက သူတို႔ကယန္းလူမ်ိဳးအမ်ားဆုံးရွိတဲ့ ရပ္ကြက္ေတြခ်ည္းပဲ။ အခုေတာ့ ကြၽန္ေတာ္ျမင္ တာေတာ့ ျပည္သူေတြက တလိမ့္လိမ့္နဲ႔ေတာ့ ျပန္ဝင္ လာၾကၿပီ။ တကယ္လို႔သာ ဒီကာလမွာ တိုက္ပြဲေတြဆက္မျဖစ္ဘူးဆိုရင္ေတာ့ လြိဳင္ေကာ္က ျပန္စည္ကား လာမွာပါ။ အစိုးရအေနနဲ႔လည္း ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြလုပ္တဲ့အခါမွာ အဓိကျပႆနာက ဘာေတြ႕ေနရလဲဆိုရင္ ကန္ထ႐ိုက္ေတြမရွိဘူး။ ရွိတဲ့ကန္ထ႐ိုက္ (၃)(၄)(၅)ခုကလုပ္ေနၾကတယ္။ အဲဒီေတာ့ ဘယ္လို႔ေျပာရမလဲဆိုေတာ့။ အေျခအေန ျပန္လည္တည္ၿငိမ္မွ ျပည္သူေတြအမ်ားႀကီးျပန္ဝင္မွာ။ လုပ္ငန္းရွင္ေတြနဲ႔ ကုမၸဏီေတြျပန္ဝင္မွပဲ အဆင္ေျပမွာေပါ့ဗ်ာ။
ေမး-ၿမိဳ႕ခံေတြျပန္လည္ဝင္ေရာက္မႈအေနနဲ႔က ဘယ္ ေလာက္အတိုင္းအတာထိရွိေနၿပီလဲ။
ေျဖ- ေတာင္ဘက္ျခမ္းရပ္ကြက္ေတြေတာ့ ျပန္ ဝင္ေနၾကၿပီ။ တခ်ိဳ႕ေနရာေတြလည္း ျပန္ဖြင့္ေပးၿပီ ေပါ့ေနာ္။ အဲဒီဘက္ေတြမွာလည္း လူေတြေတာ္ေတာ္ မ်ားမ်ားက ျပန္ဝင္ေနၾကၿပီ။ ေတာက္ဘက္ျခမ္း ေတာင္ေဈးပတ္ဝန္းက်င္က ၾကည္သာယာတို႔၊ နမ့္ ေဘာ္ဝမ္တို႔၊ ေဒါတမတို႔ရပ္ကြက္ေတြကဆိုရင္ စည္ ကားေနတာပဲ။ ေဈးေတြလည္း ျပန္ၿပီးေတာ္ေတာ္ကို စည္ကားေနပါၿပီ။ အစိုးရဝန္ထမ္းေတြလည္းေတာ္ ေတာ္မ်ားမ်ား ျပန္ေရာက္ေနပါၿပီ။ ဝန္ထမ္းေတြက ေတာ့ (၇၀) ရာခိုင္ႏႈန္း(၈၀) ရာခိုင္ႏႈန္းေလာက္ျပန္ဝင္ေနပါၿပီ။
ေမး- လြိဳင္ေကာ္ကို တပ္မေတာ္ျပန္လည္ထိန္းခ်ဳပ္ၿပီးေနာက္မွာ လွ်ပ္စစ္မီးအေျခအေနနဲ႔ ဆက္သြယ္ေရး လိုင္းေတြရဲ႕ အေျခအေနေလးလည္း ေျပာျပေပးပါဦး။
ေျဖ- လွ်ပ္စစ္မီးအေျခအေနကေတာ့ ၿမိဳ႕ထဲက ထရမ္စေဖာ္မာေတြ ျဖဳတ္ခိုးခံရတယ္။ မီးႀကိဳးေတြ ျဖဳတ္ခိုးခံရတဲ့အတြက္ေၾကာင့္ လူေနထိုင္မယ့္ရပ္ ကြက္ေတြကိုေတာ့ ျပန္ျပန္ျပင္ေနရတာေတြရွိတယ္။ အဲဒါကေတာ့ တိုင္းျပည္အတြက္လည္းမေကာင္းဘူးေပါ့ေနာ္။ ကြၽန္ေတာ္တို႔သိသေလာက္ဆိုရင္ ေၾကး နန္းႀကိဳးေတြခြာေရာင္းၾကတာ။ ဘယ္ေကာင္ေတြ လဲေတာ့ မသိဘူးေပါ့။ ဒါေပမဲ့ တစ္ၿမိဳ႕လုံးက အိမ္ ေတြထဲမွာဆိုရင္ မီးႀကိဳးေတြမရွိေတာ့ဘူး။ မီးမေလာင္ ဘဲနဲ႔ စုတ္ျပတ္သတ္ၿပီးက်န္ခဲ့တဲ့အိမ္ေတြဆိုရင္ မီး ႀကိဳးေတြ ျဖဳတ္ခိုးခံထားရတာ။ အိမ္ေတြထဲက နံရံက ႀကိဳးေတြပါျဖဳတ္ခိုးတာဆိုေတာ့ အိမ္ျပင္ကႀကိဳးေတြ ေတာ့ ေျပာမေနနဲ႔။ ေျပာရရင္ေတာ့ ဗရမ္းဗတာႏိုင္တဲ့ ေကာင္ေတြက ႀကိဳးေတြကို ျဖဳတ္ခိုးၿပီးေတာ့ မီတာ ေဘာက္ေတြကို ဖ်က္ဆီးခဲ့တာ။ အဲဒီလိုမ်ိဳးေတြဆို ေတာ့ ရပ္ကြက္အလိုက္ ျပန္ေနမယ္ဆိုရင္ေတာ့ မီး ႀကိဳးေတြ ျပန္လုပ္ရတာလည္းေတာ္ေတာ္ခက္ခဲတယ္။ ေနာက္တစ္ခု ဆက္သြယ္ေရးလိုင္းေတြကေတာ့ ေတာ္ေတာ္မ်ားမ်ားျပန္လုပ္ေနၾကပါၿပီ။ ေတာ္ေတာ္ လည္းေကာင္းေနပါၿပီ။ ဖုန္းေတြကအစ အင္တာနက္ ေတြကအစ ေကာင္းေနၿပီေပါ့။ အရင္တုန္းကလိုေတာ့ ရာႏႈန္းျပည့္ေကာင္းေနတာေတာ့ မဟုတ္ေသးဘူးေပါ့။ ဆက္သြယ္ေရးေအာ္ပေရတာအားလုံးက (၃၀)ရာခိုင္ ႏႈန္း (၄၀)ရာခိုင္ႏႈန္းေလာက္ေတာ့ လုပ္ႏိုင္ေသးတယ္။ သူတို႔ရဲ႕အရင္ တာဝါတိုင္ေတြဆိုရင္ ဖ်က္ဆီးခံခဲ့ရ တာေလ။ အဲဒါေတြကိုလည္း ျပန္လုပ္ထားၾကရတာ ေပါ့။ ဒါေပမဲ့ ဆက္သြယ္လို႔ အင္တာနက္သုံးလို႔ေတာ့ အဆင္ေျပပါတယ္။ ေတာင္ႀကီးထက္ေတာ့ လိုင္းေကာင္းပါေသးတယ္။
ေမး- တပ္မေတာ္ကထိန္းခ်ဳပ္ထားတဲ့ လြိဳင္ ေကာ္ၿမိဳ႕ရဲ႕ အုပ္ခ်ဳပ္ေရးအေျခအေနက ဘယ္လိုရွိပါ သလဲ။
ေျဖ- အုပ္ခ်ဳပ္ေရးကေတာ့ ေကာင္းပါတယ္။ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ကလည္း ေတာ္တဲ့အထဲမွာပါ တဲ့အခါက်ေတာ့ ေတာ္ေတာ္အဆင္ေျပပါတယ္။ ဒါေပမဲ့ သူတစ္ေယာက္တည္းေတာ္လို႔ေတာ့မရဘူး ေပါ့။ ေအာက္ေျခက အုပ္ခ်ဳပ္ေရးယႏၲရား အေကာင္အ ထည္ေဖာ္တဲ့ အဓိကက ရပ္ေက်းေတြ။ ရဲေတြနဲ႔ ဒီ ကာလမွာဆိုရင္ တပ္မေတာ္သားေတြက ဟန္ခ်က္ညီ ညီလုပ္ကိုင္သြားဖို႔ေတာ့ လိုတာေပါ့။ မဟုတ္ရင္ေတာ့ မလြယ္ဘူးေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ျပန္ လည္ထူေထာင္ေရးနဲ႔ တိုက္ပြဲကာလမွ ႐ုန္းထရတာ ျဖစ္တဲ့အတြက္ ပုံမွန္ထက္ေတာ့ ပိုပင္ပန္းတာေပါ့။ အဲဒီေတာ့ တကယ္အလုပ္လုပ္မယ့္လူေတြ လိုတယ္။
ေမး-ၿမိဳ႕ခံေတြအမ်ားအျပားျပန္လည္ဝင္ေရာက္ ေန ထိုင္ေနၿပီျဖစ္တဲ့ အခ်ိန္ဆိုေတာ့ ၿမိဳ႕ခံ ေတြကိုျမင္ေတြ ရတဲ့ သူတို႔အေျခအေနေလးလည္း ေျပာျပေပးပါဦး။
ေျဖ- ေကာင္းပါတယ္။ ဘုန္းႀကီးေက်ာင္းေတြ ဘာေတြနဲ႔ေနလို႔ရတဲ့ အိမ္ေတြမွာလည္း စစ္ေရွာင္ေတြ စုၿပီးေနေနၾကတယ္။ လူမႈေရးအရဆိုရင္လည္း ျပႆနာေတြမရွိဘူး။ ကယားျပည္နယ္ေန႔ဆိုရင္ ေတာ္ေတာ္မ်ားမ်ားစည္ကားေနၿပီ။ အသင္းအဖြဲ႕ေတြေတာ္ေတာ္မ်ားမ်ားလည္း ပါဝင္လာၾကတာေတြ႕ရတယ္။
ေမး- လက္ရွိမွာ လြိဳင္ေကာ္ၿမိဳ႕ရဲ႕စီးပြားေရး အေျခအေနက ဘယ္လိုလည္ပတ္ေနၾကပါသလဲ။ ျပည္သူေတြျပန္ေရာက္ေနၿပီး စီးပြားေရးေတြလည္း ျပန္ လုပ္ေနၾကၿပီဆိုေတာ့ စီးပြားေရးျပန္လည္ ပုံေပၚလာတဲ့အေျခအေနေတြ႕ရလား။
ေျဖ- ပုံေပၚလာပါတယ္။ အဓိကကေတာ့ တည္ေဆာက္ေရးလုပ္ငန္းေတြ ေကာင္းတာေပါ့ဗ်ာ။ က်န္ တဲ့ၿမိဳ႕ေတြနဲ႔စာရင္ တည္ေဆာက္ေရးလုပ္ငန္းေတြ အမ်ားႀကီးလုပ္ရမယ္။ တစ္ခ်ိဳ႕အိမ္ေတြဆိုရင္ ျပန္ လာရင္ အိမ္မီးေလာင္သြားရင္ကိစၥမရွိေပမယ့္ အိမ္အသစ္ျပန္ေဆာက္ႏိုင္ဖို႔ေတာ့ ျပႆနာျဖစ္တယ္။ ေတာ္ေတာ္မ်ားမ်ားအိမ္တိုင္းအိမ္တိုင္းကေတာ့ ေခါင္မိုးနဲ႔ မ်က္ႏွာၾကက္ကေတာ့ ျပင္ရမွာပဲ။ အဲဒါကအဓိက ၿပီးရင္ နံရံေပါက္ဘာညာကေတာ့ တျဖည္းျဖည္းျခင္း ျပင္ယူရမွာေပါ့ေနာ္။ အစိုးရဌာနဆိုင္ရာ အေဆာက္ အအုံေတြဆိုရင္ ေတာ္ေတာ္ပ်က္ စီးသြားတာရွိတယ္။ အဲဒါေတြ ျပန္ျပင္ဆင္ရမယ့္လုပ္ငန္းေတြရွိတယ္။ ေဈးႀကီးဆို ပ်က္စီးသြားတာ အသစ္ျပန္ေဆာက္ရမယ္။ ေနာက္ၿပီးေတာ့ ခ႐ိုင္ရဲ႐ုံးတို႔။ စည္ပင္႐ုံးႀကီးတို႔ အဲဒါ ေတြကေတာ့ ကြၽန္ေတာ္သိတာဆိုရင္ အကုန္ပုံက်ကုန္ တာေပါ့ေနာ္။ အဲဒါေတြ ျပန္ေဆာက္ရမွာေတြရွိတယ္။ တျခားစီးပြားေရးေတြအေနနဲ႔ကေတာ့ ေကာင္းပါ တယ္။ အဓိက ေျပာင္းကေတာ့ ထြက္တာေပါ့ေနာ္။ တိုက္ပြဲသာျဖစ္ေနတာ ထြက္ေနတဲ့ေျပာင္းေတြက လည္းမနည္းဘူး။ ဒီေမာ့ဆိုဘက္ကလည္း ေျပာင္း ေတြကို လြိဳင္ေကာ္ကေနပဲျပန္ထုတ္ေရာင္းေပါ့ေနာ္။ သူ႔ရဲ႕စိုက္ပ်ိဳးေရးကေတာ့ရွိေနမွာပဲ။ ဒါေပမဲ့ မိုးၿဗဲ ဆည္ေဘးဝဲယာက စပါးခင္းေတြကေတာ့ ထိခိုက္တာ ရွိတယ္။ အဲဒီဘက္ေတြက တိုက္ပြဲေတြလည္းျဖစ္ ေနတာဆိုေတာ့ေလ။ ေမြးျမဴေရးလုပ္ငန္းေတြလည္းထိခိုက္သြားတာေပါ့။ ဘာလို႔ဆိုရင္ ေရလည္းထပ္ ႀကီးသြားတာေၾကာင့္ပါ။ ေရႀကီးတုန္းကဆိုရင္ ငါးကန္ ေတြပ်က္စီးဆုံးရႈံးသြားတယ္။ ေနာက္တစ္ခုက လြိဳင္ ေကာ္က အရင္ကေတာ့ မယ့္စဲ့က ထိုင္းကုန္စည္ေတြ ကုန္သြယ္မႈေတြရွိခဲ့တယ္ေလ။ အခုကေတာ့ အဲဒီ လမ္းေတြက ပိတ္သြားတဲ့အခါမွာ အဓိကကုန္သြယ္ေန တာေတာ့ ဆီဆိုင္ၿမိဳ႕နဲ႔ပဲရွိေတာ့တာေပါ့။
ေမး- လြိဳင္ေကာ္ၿမိဳ႕ရဲ႕ ကုန္ေဈးႏႈန္းေတြကေကာ ဘယ္လိုအေျခအေနရွိပါသလဲ။
ေျဖ- ေတာင္ႀကီးထက္ေတာ့ အမ်ားႀကီးသာပါ တယ္။ ဝန္ႀကီး႐ုံးရဲ႕ၾကပ္မတ္ႏိုင္မႈနဲ႔ စည္ပင္ေတြရဲ႕ လုပ္ႏိုင္မႈေၾကာင့္ အသားငါးေဈးကေတာ့ မဆိုးပါဘူး။ မွ်ပါတယ္။ ပတ္ဝန္းက်င္မွာလည္း အင္း၊ အိုင္၊ ေခ်ာင္း၊ ကန္ေတြရွိေနေတာ့ အသားငါးကေတာ့ အဆင္ေျပတယ္။ အသီးအ႐ြက္ေတြလည္း စိုက္ တာေတြရွိေတာ့ အဆင္ေျပၾကတယ္။ အဓိကကေတာ့ ျပည္မကမွာတဲ့ကုန္စည္ေတြေလာက္ပဲ သယ္ယူပို႔ ေဆာင္ခနဲ႔ နည္းနည္းေလး ေဈးကြာတာေလာက္ပဲ ရွိပါတယ္။ က်န္တဲ့စားေသာက္ကုန္စည္ေတြ သားငါးေဈးေတြကေတာ့ အမ်ားႀကီးအဆင္ေျပပါ တယ္။
ေမး- ေနာက္တစ္ခုကေတာ့ ပညာေရးအေျခ အ ေနေပါ့ေနာ္။ လြိဳင္ေကာ္ၿမိဳ႕က ျပည္ထူေထာင္ေနဆဲ ကာလျဖစ္ေတာ့ အေျခခံပညာေက်ာင္းေတြနဲ႔ တကၠ သိုလ္ေတြ တျခားေက်ာင္းေတြက ဘယ္လိုမ်ိဳး လည္ ပတ္ေနၾကလဲခင္ဗ်။
ေျဖ- လြိဳင္ေကာ္ၿမိဳ႕ေပၚက လူေနရပ္ကြက္က ေက်ာင္းေတြကေတာ့ ေက်ာင္းေတြအကုန္ျပန္ဖြင့္ တယ္။ တခ်ိဳ႕ေနရာေတြမွာလည္း ျပန္ဖြင့္တဲ့ ေက်ာင္း ေတြ ေတာ္ေတာ္မ်ားေတြ႕ရပါတယ္။ ပညာေရးေကာ လိပ္တို႔ ကြန္ပ်ဴတာတကၠသိုလ္တို႔ GTC တို႔လည္း အကုန္ျပန္ဖြင့္ေနပါၿပီ။ ေနာက္ၿပီးေတာ့ သူနာျပဳတကၠ သိုလ္လည္းျပန္ဖြင့္ေနပါၿပီ။ အဲဒါေတြက ၿမိဳ႕ရဲ႕အေရွ႕ ဘက္ျခမ္းမွာရွိတာကိုး။ တိုက္ပြဲျဖစ္လို႔ ပ်က္စီးသြား တာက ၿမိဳ႕ရဲ႕ေျမာက္ဘက္ျခမ္းက ပ်က္စီးသြားတာ။ အဲဒီဘက္ကဟာေတြကေတာ့ ၾကာေနမွာေပါ့ေနာ္။ ၿမိဳ႕ရဲ႕အေရွ႕ဘက္မွာရွိတဲ့ ေက်ာင္းေတြ၊ တကၠ သိုလ္ေတြကေတာ့ GTC နဲ႔ ကြန္ပ်ဴတာဆိုရင္ ေပါင္းဖြင့္လိုက္တာေပါ့။ အခုလည္း ေက်ာင္းသားေတြလည္း ေရာက္ေနပါၿပီ။ ၿမိဳ႕ထဲမွာဆိုရင္လည္း အေျခခံပညာ အထက္တန္းေက်ာင္းေတြ အကုန္ျပန္ဖြင့္ပါတယ္။ ဝင္လို႔ရတဲ့ရပ္ကြက္ေတြမွန္သမွ်၊ ျပည္သူေတြျပန္ဝင္ ႏိုင္တဲ့ေက်ာင္းေတြမွန္သမွ်၊ အလယ္တန္းေက်ာင္း ေတြ၊ မူလတန္းေက်ာင္းေတြ၊ အကုန္ျပန္ဖြင့္ေနပါၿပီ။
ေမး- လက္နက္ကိုင္အဖြဲ႕ေတြရဲ႕တိုက္ခိုက္မႈမွာ လြိဳင္ေကာ္တကၠသိုလ္တစ္ဖက္က လုံးလုံးပ်က္စီးသြား ခဲ့ရတာလို႔ေျပာလို႔ရတယ္။ အဲဒီပ်က္စီးသြားတဲ့ ေန အိမ္အေဆာက္အအုံေတြကိုေကာ ျပန္လည္ထူေထာင္ ေရးလုပ္ဖို႔အတြက္ အခ်ိန္ဘယ္ေလာက္ထိယူၿပီး ျပင္ဆင္ရဦးမယ္လို႔ ျမင္မိသလဲခင္ဗ်။
ေျဖ- အဲဒီဘက္ျခမ္းကေတာ့ အခုခ်ိန္ထိကို ေပးလည္းမဝင္ဘူး။ ေနာက္တစ္ေခါက္ ဝင္လာႏိုင္ရင္ လည္း အဲဒီဘက္ျခမ္းကပဲ ဝင္လာဖို႔ မ်ားတယ္။ အဲဒီ ရပ္ကြက္ေတြကေတာ့ ျပည္သူလည္း ျပန္မဝင္မိသ လို ျပည္သူလည္း ျပန္ေပးမေနဘူး။ လြိဳင္ေကာ္ တကၠသိုလ္အေနအထားကလည္း ကြၽန္ေတာ္သိသေလာက္ကေတာ့ တကၠသိုလ္က ဆရာ၊ ဆရာမေတြကအစ တျခားတကၠသိုလ္ေက်ာင္းေတြကို ေျပာင္းေပးလိုက္ၿပီ။ ဖြဲ႕စည္းပုံမရွိေတာ့ဘူးလို႔ေတာင္ သိရတယ္။ အဲဒီအခါ က်ေတာ့ ၾကာဦးမွာ တကယ္ဆို လုံးလုံးျပန္တည္ၿငိမ္မွပဲ လြိဳင္ေကာ္တကၠသိုလ္ဘက္က ျပန္ၿပီးေတာ့ ဝင္လို႔ ရမွာပဲ။ အဲဒီအခ်ိန္ေတာင္မွ အေဆာက္အအုံေတြ ျပင္တာဘာညာနဲ႔ ဆရာ၊ ဆရာမေတြ ျပန္ထည့္ဖို႔ဆို တာက တည္ၿငိမ္ၿပီးမွဆိုရင္ (၄)(၅)(၆)လေလာက္ ၾကာဦးမွာပါ။ အခမ္းအနားတစ္ခုမွာလည္း ဝန္ႀကီးခ်ဳပ္ က ၿမိဳ႕(၇၀) ရာခိုင္ ႏႈန္းေလာက္ ပ်က္စီးသြားတယ္လို႔ ေျပာတယ္။
ေမး- လြိဳင္ေကာ္ၿမိဳက စစ္ေဘးအျပင္ ေရေဘးေၾကာင့္ပါ ပ်က္စီးဆုံးရႈံးမႈေတြ ထပ္မ်ားခဲ့ေသးတယ္။ ဒါနဲ႔ပတ္သက္ၿပီး ျပန္လည္ထူေထာင္ေရးမွာ ဒီထက္ အရွိန္ျပင္းျပင္းသြားဖို႔အတြက္ ဘာေတြလိုအပ္ေနလဲ ဆို တာေလးလည္း သုံးသပ္ေပးပါဦး။
ေျဖ- ဒါကေတာ့ အစိုးရက ေကာင္းေကာင္းနဲ႔ လုပ္ႏိုင္မွလည္းရမယ္။ အစိုးရဆိုတာကလည္း အထက္အလယ္ေအာက္ ေကာင္းေကာင္းမြန္မြန္ လုပ္ႏိုင္ဖို႔လည္းလိုတယ္။ ေနာက္တစ္ခုက ဘတ္ဂ်က္ေပါ့။ အဲဒီမွာ ရွားေတာတို႔ မယ္စဲ့တို႔က သုံးစရာဘက္ဂ်က္မွ မရွိေတာ့တာ။ အဲဒီကေငြကလည္း လြိဳင္ေကာ္မွာပဲ ျပည္သူကို တကယ္ထိေရာက္မယ့္အသုံးစရိတ္ေတြ ျဖစ္ဖို႔လိုတယ္။ ပိုက္ဆံေတြပိုေနတာပဲကြ ဆိုၿပီးေတာ့ ကတၱရာလမ္းသစ္ႀကီးေပၚမွာ ႏိုင္လြန္ႀကီးထပ္ခင္း တယ္ဆိုတာက လိုမွမလိုတာဗ်ာ။ အဲဒါေတြက လိုတဲ့ အခ်ိန္က်မွ ျပန္သုံးႏိုင္ရမယ္။ အဲဒါေတြကို လြိဳင္ေကာ္ ျပန္လည္ထူေထာင္ေရးစၿပီဆိုတာနဲ႔ အထူးေထာက္ပံ့ မႈေတြ ဒါေတြကိုေပးရမယ္။ လြိဳင္ေကာ္တစ္ၿမိဳ႕လုံး ျပန္လည္ထူေထာင္ဖို႔က ေတာ္ေတာ္ခက္ခဲမယ္။ ဒီ ေဒသမွာရွိတဲ့ ျပည္သူေတြကလည္း အကုန္ျပန္လာၿပီး ပူးေပါင္းေဆာက္႐ြက္ဖို႔လိုတယ္။ အဲဒီျပႆနာက လည္း မၿငိမ္းခ်မ္းဘဲ၊ ဒီလက္နက္ကိုင္ပဋိပကၡ မၿပီးဘဲ နဲ႔ေတာ့ ဘယ္ေတာ့မွမရဘူး။ အဲဒီအတြက္ေၾကာင့္ လည္း ညႇိႏႈိင္းမွပဲရမွာ။ ညႇိႏႈိင္းၿပီးမွ ၿငိမ္းၿငိမ္းခ်မ္း ခ်မ္းနဲ႔ဘယ္လိုထူေထာင္ၾကမွာလဲ အဲဒီလိုလုပ္မွ ရ ေတာ့မွာ။ ဒီအတိုင္းဆိုရင္ေတာ့ မလြယ္ဘူး။ တခ်ိဳ႕လုပ္ငန္းရွင္သူေဌးေတြဆိုရင္ ဟိုတယ္ၿဖိဳခေတာင္ ထပ္ကုန္ဦးမွာ။ တကယ္စီးပြားေရးလုပ္ငန္းျဖစ္တဲ့ လြိဳင္ေကာ္ရဲ႕ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္းႀကီးတစ္ခုလုံးက ၿပိဳက်သြားမွာ။
ေမး- ေနာက္ဆုံးတစ္ခုအေနနဲ႔က ၿပီးခဲ့တဲ့ကာလ မွာၾကားခဲ့တဲ့ သတင္းေတြအရ လြိဳင္ေကာ္ကို တစ္ေက်ာ့ ျပန္တိုက္ပြဲျပန္လည္ေဖာ္ေဆာင္မယ္ဆိုၿပီး သတင္း ေတြထြက္ေပၚေနတာေတြ႕ရတယ္။ ဒါနဲ႔ပတ္သက္ၿပီး ေဒသခံတစ္ေယာက္အေနနဲ႔ ဘယ္လိုျမင္မိပါသလဲ။
ေျဖ- လြိဳင္ေကာ္ကေတာ့ တစ္ေက်ာ့ျပန္တိုက္ ပြဲကျပန္ျဖစ္လာႏိုင္တယ္လို႔ျမင္တယ္။ အဲဒါမွလည္း စကားဝိုင္းထိုင္တဲ့အခါ သူတို႔မွာ လက္ဆုပ္လက္ကိုင္ ျပႏိုင္တာရွိမွာေလ။ တစ္ဖက္ကၾကည့္ရင္လည္း လြိဳင္ေကာ္ဆိုတာက ရခိုင္တို႔ ရွမ္းေျမာက္တို႔နဲ႔မတူတဲ့ အေျခအေနရွိတာက လြိဳင္ေကာ္ ကယားခြင္ႀကီးတစ္ခု လုံးက ေနျပည္ေတာ္ရဲ႕အေရွ႕မ်က္ႏွာမွာရွိၿပီးေတာ့ ေနျပည္ေတာ္ကို ခဏအတြင္း ၿခိမ္းေျခာက္ႏိုင္တဲ့ ဧရိယာႀကီးျဖစ္တဲ့အတြက္ တျခားေဒသေတြကို တုံ႔ျပန္တာနဲ႔ေတာ့တူမွာမဟုတ္ဘူး။ ရွိေနတဲ့ အင္အား ေတြကိုေတာင္မွ ဆြဲထုတ္မွာမဟုတ္ဘူး။ အင္အားက ထပ္ျဖည့္မွာပဲရွိတယ္။ ၿပီးရင္ကြၽန္ေတာ္တို႔ျမင္သ ေလာက္ကလည္း ဒီရွမ္းေျမာက္တို႔ ရခိုင္တို႔ကို ေျဖ ရွင္းပုံနဲ႔ ကယားကိုေျဖရွင္းပုံနဲ႔က မတူဘူး။ အဲဒီေတာ့ ကြၽန္ေတာ့္အျမင္ဆိုရင္ က်သြားဖို႔ဆိုတာလည္း မျဖစ္ ႏိုင္ေတာ့သလို အျပတ္ႏိုင္ဖို႔ဆိုတာလည္း မျဖစ္ႏိုင္ ပါဘူး။ ဒီအတိုင္းပဲသြားမွာပဲ။ စစ္ပြဲကေတာ့ လုပ္ဦး မွာပဲ။ လြိဳင္ေကာ္မွာ ကြၽန္ေတာ္သိသေလာက္ဆိုရင္ စီးပြားေရးေရာ လူမႈေရးေရာ အကုန္စုတ္ျပတ္ သတ္သြားတာ။ တခ်ိဳ႕သူေဌးေတြဆိုရင္ ၿမိဳ႕ထဲဝင္ လာတာေတာင္ ေတာ္ေတာ္ကိုမႈန္ကုတ္ေနတာ။ တ ခ်ိဳ႕ဟိုတယ္ပိုင္ရွင္ေတြဆိုရင္ ဟိုတယ္မီးေလာင္သြား တာဆိုေတာ့ ၿဖိဳခေတာင္ေတာ္ေတာ္ထပ္ကုန္ဦးမွာ။ အဲဒီလိုမ်ိဳးေတြျဖစ္သြားတဲ့အခါက်ေတာ့ စစ္ရဲ႕အနိ႒ာ႐ုံႀကီးက ေတာ္ေတာ္ကိုဆိုးပါတယ္။ အဲဒါေၾကာင့္ လြိဳင္ ေကာ္ကလူေတြက ေတာ္ေတာ္ကို အသည္းနာသြားၾကၿပီ။ စစ္ေၾကာင့္ ဆုံးရႈံးမႈက ေတာ္ေတာ္မ်ားသြားတယ္။