အိန္ဒိယမှာ ရထားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၁၁)ဦး သေဆုံး
116
Pika (NP News) - ဇန်နဝါရီ ၂၃
အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ်မှာ ဇန်နဝါရီလ(၂၂)ရက်က ရထားတစ်စင်းပေါ်က ဆင်းလာတဲ့ ခရီးသည်တွေကို ကပ်လျက်ရထားလမ်းကိုဖြတ်သွားတဲ့ အခြားရထားတစ်စင်းက ဝင်တိုက်မိခဲ့ပြီး အနည်းဆုံး လူ(၁၁)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရထားလမ်းအရာရှိတွေက “တစ်စုံတစ်ဦးက ရထားရဲ့အချက်ပေးခလုတ်ကို ဆွဲခဲ့ပြီးတဲ့နောက် ခရီးသည်အများ အပြားက ဆင်းသက်လိုက်တဲ့အချိန်မှာ ကပ်လျက်လမ်းကသွားနေတဲ့ရထားက ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ အစောပိုင်းအချက်အလက်တွေအရ အဲဒီဖြစ်ရပ်အတွင်း အနည်းဆုံးလူ(၁၁)ဦး သေဆုံးခဲ့ပြီး အခြား လူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အကြီးတန်းမီးရထားအရာရှိ ပရာဗန်ဂီဒန်က ပြောကြားခဲ့ပါတယ်။
မွမ်ဘိုင်းမြို့နဲ့ ကီလိုမီတာ(၄၀၀)အကွာမှာရှိတဲ့ အခင်းဖြစ်ပွားရာနေရာကို လူနာတင်ယာဉ်တွေ စေလွှတ်ထားတယ်လို့ Maharashtra ပြည်နယ်အကြီးအကဲ ဒီဗန်ဒရာဖက်နဲဗစ် က ပြောကြားခဲ့ပါတယ်။ ၎င်းက “လူနာတင်ယာဉ်တွေနဲ့အတူ အရေးပေါ်ပစ္စည်းကိရိယာတွေကိုလည်း အဆင်သင့်ပြင်ဆင်ထားပြီးပါပြီ” လို့ ပြောခဲ့ပါတယ်။ အိန္ဒိယရထားလမ်းကွန်ရက်ဟာ ကမ္ဘာပေါ်မှာ စတုတ္တမြောက်အကြီးဆုံးရထားလမ်းကွန်ရက်ဖြစ်ပြီး ချိတ်ဆက်မှုတွေကိုမြှင့်တင်ဖို့ ဝန်ကြီးချုပ်မိုဒီရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်ဒေါ်လာ (၃၀) ဘီလျံ အဆင်မြှင့်တင်မှုတွေကို လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။
Zawgyi Version;
အိႏၵိယမွာ ရထားမေတာ္တဆမႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၁၁)ဦး ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂၃
အိႏၵိယႏိုင္ငံ အေနာက္ပိုင္း Maharashtra ျပည္နယ္မွာ ဇန္နဝါရီလ(၂၂)ရက္က ရထားတစ္စင္းေပၚက ဆင္းလာတဲ့ ခရီးသည္ေတြကို ကပ္လ်က္ရထားလမ္းကိုျဖတ္သြားတဲ့ အျခားရထားတစ္စင္းက ဝင္တိုက္မိခဲ့ၿပီး အနည္းဆုံး လူ(၁၁)ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ရထားလမ္းအရာရွိေတြက “တစ္စုံတစ္ဦးက ရထားရဲ႕အခ်က္ေပးခလုတ္ကို ဆြဲခဲ့ၿပီးတဲ့ေနာက္ ခရီးသည္အမ်ား အျပားက ဆင္းသက္လိုက္တဲ့အခ်ိန္မွာ ကပ္လ်က္လမ္းကသြားေနတဲ့ရထားက ဝင္တိုက္မိခဲ့တာျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အေစာပိုင္းအခ်က္အလက္ေတြအရ အဲဒီျဖစ္ရပ္အတြင္း အနည္းဆုံးလူ(၁၁)ဦး ေသဆုံးခဲ့ၿပီး အျခား လူ(၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အႀကီးတန္းမီးရထားအရာရွိ ပရာဗန္ဂီဒန္က ေျပာၾကားခဲ့ပါတယ္။
မြမ္ဘိုင္းၿမိဳ႕နဲ႔ ကီလိုမီတာ(၄၀၀)အကြာမွာရွိတဲ့ အခင္းျဖစ္ပြားရာေနရာကို လူနာတင္ယာဥ္ေတြ ေစလႊတ္ထားတယ္လို႔ Maharashtra ျပည္နယ္အႀကီးအကဲ ဒီဗန္ဒရာဖက္နဲဗစ္ က ေျပာၾကားခဲ့ပါတယ္။ ၎က “လူနာတင္ယာဥ္ေတြနဲ႔အတူ အေရးေပၚပစၥည္းကိရိယာေတြကိုလည္း အဆင္သင့္ျပင္ဆင္ထားၿပီးပါၿပီ” လို႔ ေျပာခဲ့ပါတယ္။ အိႏၵိယရထားလမ္းကြန္ရက္ဟာ ကမာၻေပၚမွာ စတုတၱေျမာက္အႀကီးဆုံးရထားလမ္းကြန္ရက္ျဖစ္ၿပီး ခ်ိတ္ဆက္မႈေတြကိုျမႇင့္တင္ဖို႔ ဝန္ႀကီးခ်ဳပ္မိုဒီရဲ႕ အစီအစဥ္တစ္စိတ္တစ္ပိုင္းအေနနဲ႔ အေမရိကန္ေဒၚလာ (၃၀) ဘီလ်ံ အဆင္ျမႇင့္တင္မႈေတြကို လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။