မန္တလေးမြို့တွင် ဆောက်လက်စအဆောက်ဦး (၄)လွှာမှ ပန်းရံအလုပ်သမားအမျိုးသား(၁)ဦး ပြုတ်ကျ၍ ပွဲချင်းပြီး သေဆုံး

 260

ချယ်ရီ (NP News) - ဇန်နဝါရီ ၂၃

မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်တွင် ဆောက်လက်စအဆောက်ဦး (၄)လွှာမှ ပန်းရံအလုပ်သမားအမျိုးသား (၁)ဦး ပြုတ်ကျ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သုခဗလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၂၂ ရက်)၊ ညပိုင်း(၇)နာရီ (၁၅) မိနစ်အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ 76x77 လမ်း၊ 33x34 ကြားရှိ အကွက်မှတ် (၆၃၄)ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူ(၄)လွှာကနေ ပြုတ်ကျတာပဲ တွေ့လိုက်တယ်လို့ ပြောတယ်။ ကျွန်တော်တို့က နောက်ကျတယ်လေ။ သူတို့ရဲ့ စစ်ဆေးချက်လုပ်ပြီးတာနဲ့ ကျွန်တော်တို့က ဆေးရုံကြီးကို ပို့ပေးရတာ။ ဘာကြောင့် ဘယ်လိုဖြစ်တာလဲဆိုတာ တော့ မသိရသေးဘူးဗျ။ သူ(အဆောက်အဦး)က (၆)ထပ်ရှိတယ်။ သူက (၄)ထပ်မြောက်ကနေ ပြုတ်ကျသွားတာ။ သူက ပန်းရံသမားလေ။ ညအိပ်ပြီးတော့ အလုပ်လုပ်ကြတာ။ အဆောက်အဦးက လူနေတဲ့ အဆောက်အဦးပါ။ ကန်ထရိုက်ပေးထားတာပေါ့။ သူနေတဲ့အထပ်မှာတော့ ပန်းရံအဖွဲ့တွေ ရှိတယ်လေ” ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါသေဆုံးသူအမျိုးသားမှာ အသက်(၂၆)နှစ်အရွယ်ရှိပြီး ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း၌ နေထိုင်ကာ မန္တလေးမြို့တွင် ပန်းရံလာရောက်လုပ်ကိုင်နေကြောင်း သိရသည်။
“သူနားကနေ သွေးထွက်လာတာ။ အဲဒါပဲ ရှိတယ်။ တခြားဒဏ်ရာဒဏ်ချက်တော့ မရှိဘူး။ နားအုံထိသွားပုံ ရတယ်။ သူက ပလက်လှန်ပြီးတော့ အခုဟာက ကျွန်တော်တို့ရောက်တော့ ကျတဲ့နေရာကနေကို အဲဒီအနားကပတ်ဝန်းကျင် က ရွေ့ထားလိုက်တာဗျ။ သူ့ရဲ့မိသားစုတွေကို ပန်းရံအချင်းချင်း လှမ်းပြီးတော့ အကြောင်းကြားတယ်လို့ ပြော တယ်။ ပြီးရင် သူ့မှာ အိမ်ထောင်ရှိတယ်လို့ ပြောတယ်။ သူတို့နေတာက တခြားနယ်ဘက်က ဖြစ်နေတာ။ မြစ်သား ဘက်က ” ဟု ၎င်းက ဆိုသည်။
ထို့နောက် သေဆုံးသူရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးရှိ၊ ရင်ခွဲရုံသို့ သုခဗလလှုမူကူညီရေးအသင်းက ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
မႏၲေလးၿမိဳ႕တြင္ ေဆာက္လက္စအေဆာက္ဦး (၄)လႊာမွ ပန္းရံအလုပ္သမားအမ်ိဳးသား(၁)ဦး ျပဳတ္က်၍ ပြဲခ်င္းၿပီး ေသဆုံး
ခ်ယ္ရီ(NP News)-ဇန္နဝါရီ ၂၃

မႏၲေလးၿမိဳ႕ ၊ ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ ေဆာက္လက္စအေဆာက္ဦး (၄)လႊာမွ ပန္းရံအလုပ္သမားအမ်ိဳးသား (၁)ဦး ျပဳတ္က်၍ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သုခဗလ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔ (ဇန္နဝါရီလ ၂၂ ရက္)၊ ညပိုင္း(၇)နာရီ (၁၅) မိနစ္အခ်ိန္ခန႔္က ခ်မ္းေအးသာစံၿမိဳ႕နယ္၊ 76x77 လမ္း၊ 33x34 ၾကားရွိ အကြက္မွတ္ (၆၃၄)ရပ္ကြက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူ(၄)လႊာကေန ျပဳတ္က်တာပဲ ေတြ႕လိုက္တယ္လို႔ ေျပာတယ္။ ကြၽန္ေတာ္တို႔က ေနာက္က်တယ္ေလ။ သူတို႔ရဲ႕ စစ္ေဆးခ်က္လုပ္ၿပီးတာနဲ႔ ကြၽန္ေတာ္တို႔က ေဆး႐ုံႀကီးကို ပို႔ေပးရတာ။ ဘာေၾကာင့္ ဘယ္လိုျဖစ္တာလဲဆိုတာ ေတာ့ မသိရေသးဘူးဗ်။ သူ(အေဆာက္အဦး)က (၆)ထပ္ရွိတယ္။ သူက (၄)ထပ္ေျမာက္ကေန ျပဳတ္က်သြားတာ။ သူက ပန္းရံသမားေလ။ ညအိပ္ၿပီးေတာ့ အလုပ္လုပ္ၾကတာ။ အေဆာက္အဦးက လူေနတဲ့ အေဆာက္အဦးပါ။ ကန္ထ႐ိုက္ေပးထားတာေပါ့။ သူေနတဲ့အထပ္မွာေတာ့ ပန္းရံအဖြဲ႕ေတြ ရွိတယ္ေလ” ဟု အထက္ပါ တာဝန္ရွိသူက ရွင္းျပသည္။
အဆိုပါေသဆုံးသူအမ်ိဳးသားမွာ အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီး ေက်ာက္ဆည္ခ႐ိုင္၊ ျမစ္သားၿမိဳ႕နယ္အတြင္း၌ ေနထိုင္ကာ မႏၲေလးၿမိဳ႕တြင္ ပန္းရံလာေရာက္လုပ္ကိုင္ေနေၾကာင္း သိရသည္။
“သူနားကေန ေသြးထြက္လာတာ။ အဲဒါပဲ ရွိတယ္။ တျခားဒဏ္ရာဒဏ္ခ်က္ေတာ့ မရွိဘူး။ နားအုံထိသြားပုံ ရတယ္။ သူက ပလက္လွန္ၿပီးေတာ့ အခုဟာက ကြၽန္ေတာ္တို႔ေရာက္ေတာ့ က်တဲ့ေနရာကေနကို အဲဒီအနားကပတ္ဝန္းက်င္ က ေ႐ြ႕ထားလိုက္တာဗ်။ သူ႔ရဲ႕မိသားစုေတြကို ပန္းရံအခ်င္းခ်င္း လွမ္းၿပီးေတာ့ အေၾကာင္းၾကားတယ္လို႔ ေျပာ တယ္။ ၿပီးရင္ သူ႔မွာ အိမ္ေထာင္ရွိတယ္လို႔ ေျပာတယ္။ သူတို႔ေနတာက တျခားနယ္ဘက္က ျဖစ္ေနတာ။ ျမစ္သား ဘက္က ” ဟု ၎က ဆိုသည္။
ထို႔ေနာက္ ေသဆုံးသူ႐ုပ္အေလာင္းကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးရွိ၊ ရင္ခြဲ႐ုံသို႔ သုခဗလလႈမူကူညီေရးအသင္းက ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.