ရေး-ထားဝယ်လမ်းတွင် ဈေးဝယ်ပြန်လာသော ကားတစ်စီး ပေ(၄၀)အနက်ရှိ ချောက်အတွင်း ထိုးကျတိမ်းမှောက်၍ ကားပေါ်ပါသူ တစ်ဝက်နီးပါး သေဆုံး

 662

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၃

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ်လမ်းတွင် ဈေးဝယ်ပြန်လာသော ကားတစ်စီး ပေ(၄၀)အနက်ရှိချောက်အတွင်း ထိုးကျတိမ်း မှောက်၍ (၅)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဣစ္ဆာသယလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၂၂ ရက်)၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က ရေးမြို့နယ်၊ ရေး-ထားဝယ်လမ်းမကြီး ၁၄ မိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၁၄ မိုင်ဘုန်ကြီးကျောင်းကွေ့အကျော်လေးမှာ မကွေ့ပဲနဲ့ တည့်မောင်းချသွားတာ။ ပြောတာတော့ ယာဉ်မောင်းက မကျွမ်းကျင် ဘူးလို့ ပြောတာပဲ။ ကျသွားတဲ့ချောက်က ပေ(၄၀)၊ (၅၀)လောက်နက်တယ်။ ကားက (၂)ပတ်(၃)ပတ်လောက်လိမ့်သွားတာ” ဟု ဣစ္ဆာသယလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုတွင် ကားပေါ်တွင်လိုက်ပါလာသည့် လူ(၁၁)ဦးအနက် အသက်လက်ပိုင်းအရွယ် အမျိုးသား(၂)ဦးနှင့် အမျိုး သမီး(၃)ဦးတို့မှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၂)ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ကားကမော်ကြီးရွာကကားပါ။ ပေါက်ပင်ကုန်းဘက်သွားရတဲ့ ရွာကဈေးရွာကားပေါ့။ ကားပေါ်မှာက ကလေးတစ်ယောက်ပဲ ပါတယ်။ ဆုံးသွားတဲ့လူတွေထဲမှာက ကောင်မလေးတစ်ယောက်ဆိုရင် ကိုင်ရိုက်လိုက်သလိုပျော်ဖက်သွားတာ။ ကျန်တဲ့ထိခိုက်ဒဏ်ရာရတဲ့(၅)ယောက်ကတော့ ပွန်းပဲ့လောက်ပဲပေါ့” ဟု ၎င်းက ဆက်ပြောသည်။

သေဆုံး ထိခိုက်ဒဏ်ရာရရှိသူမျးအား ဒေသတွင်းလူမှုကူညီရေးအသင်းများပူးပေါင်းကာ ရေးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေရး-ထားဝယ္လမ္းတြင္ ေဈးဝယ္ျပန္လာေသာ ကားတစ္စီး ေပ(၄၀)အနက္ရွိ ေခ်ာက္အတြင္း ထိုးက်တိမ္းေမွာက္၍ ကားေပၚပါသူ တစ္ဝက္နီးပါး ေသဆုံး
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၃

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ေရး-ထားဝယ္လမ္းတြင္ ေဈးဝယ္ျပန္လာေသာ ကားတစ္စီး ေပ(၄၀)အနက္ရွိေခ်ာက္အတြင္း ထိုးက်တိမ္း ေမွာက္၍ (၅)ဦးပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း ဣစာၦသယလူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိမ္းေမွာက္မႈသည္ ယမန္ေန႔(ဇန္နဝါရီလ ၂၂ ရက္)၊ မြန္းလြဲ ၂ နာရီအခ်ိန္ခန႔္က ေရးၿမိဳ႕နယ္၊ ေရး-ထားဝယ္လမ္းမႀကီး ၁၄ မိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“၁၄ မိုင္ဘုန္ႀကီးေက်ာင္းေကြ႕အေက်ာ္ေလးမွာ မေကြ႕ပဲနဲ႔ တည့္ေမာင္းခ်သြားတာ။ ေျပာတာေတာ့ ယာဥ္ေမာင္းက မကြၽမ္းက်င္ ဘူးလို႔ ေျပာတာပဲ။ က်သြားတဲ့ေခ်ာက္က ေပ(၄၀)၊ (၅၀)ေလာက္နက္တယ္။ ကားက (၂)ပတ္(၃)ပတ္ေလာက္လိမ့္သြားတာ” ဟု ဣစာၦသယလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈတြင္ ကားေပၚတြင္လိုက္ပါလာသည့္ လူ(၁၁)ဦးအနက္ အသက္လက္ပိုင္းအ႐ြယ္ အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳး သမီး(၃)ဦးတို႔မွာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး က်န္အမ်ိဳးသား(၃)ဦး ႏွင့္ အမ်ိဳးသမီး(၂)ဦးတို႔တြင္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
“ကားကေမာ္ႀကီး႐ြာကကားပါ။ ေပါက္ပင္ကုန္းဘက္သြားရတဲ့ ႐ြာကေဈး႐ြာကားေပါ့။ ကားေပၚမွာက ကေလးတစ္ေယာက္ပဲ ပါတယ္။ ဆုံးသြားတဲ့လူေတြထဲမွာက ေကာင္မေလးတစ္ေယာက္ဆိုရင္ ကိုင္႐ိုက္လိုက္သလိုေပ်ာ္ဖက္သြားတာ။ က်န္တဲ့ထိခိုက္ဒဏ္ရာရတဲ့(၅)ေယာက္ကေတာ့ ပြန္းပဲ့ေလာက္ပဲေပါ့” ဟု ၎က ဆက္ေျပာသည္။

ေသဆုံး ထိခိုက္ဒဏ္ရာရရွိသူမ်းအား ေဒသတြင္းလူမႈကူညီေရးအသင္းမ်ားပူးေပါင္းကာ ေရးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.