ဒိုင်နိုဆောဝတ်စုံဝတ်ထားသူ (၅၀ဝ)ခန့်ဖြင့် ဂင်းနစ်စံချိန်ချိုးဖျက်တဲ့ အမေရိကန်က ပြတိုက်
302
Pika (NP News) - ဇန်နဝါရီ ၂၄
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ပြတိုက်တစ်ခုသည် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ရန်အတွက် ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ထားသော လူပေါင်း (၄၆၈) ဦး ကို စုစည်းခဲ့ကြောင်းသိရသည်။ Cox Science Center and Aquarium ပြတိုက်သည် West Palm Beach မြို့၏ Screen on the Green တွင် ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ထားသည့်လူများ အများဆုံးစုဆောင်းမှု ဂင်းနစ်စံချိန်ကို ရယူနိုင်ရန်အတွက် West Palm Beach မြို့တွင် လူများကို စုစည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသည်မှာ လော့စ်အိန်ဂျလိစ်မြို့တွင်ကျင်းပခဲ့သော ပွဲတော်တစ်ခုဖြစ်ကြောင်းသိရသည်။ ယင်းပွဲတော် သည် (၂၀၁၉)ခုနှစ်တွင် လော့စ်အိန်ဂျလိစ်မြို့တွင် ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ထားသော လူပေါင်း(၂၅၂)ဦးကို စုဆောင်းခဲ့ပြီးနောက် ဒိုင်နိုဆောဝတ်စုံ ဝတ် ဆင်ထားသည့်လူများ အများဆုံးစုဆောင်းမှု ဂင်းနစ်စံချိန် ကို ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဖလော်ရီဒါပြည်နယ်ရှိ ပြတိုက်တစ်ခုက ဒိုင်နို ဆောဝတ်စုံဝန်ဆင်ထားသော လူပေါင်း (၄၆၈)ဦးကို စုဆောင်းခဲ့ပြီးနောက် လော့စ်အိန်ဂျလိစ်မြို့က တင်ထားသော ဂင်းနစ်စံချိန်ကို ချိုးဖျက်သွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဂင်းနစ်စံချိန်အတွက် ကြိုးပမ်းမှုကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဒိုင်နိုဆော ဝတ်စုံဝတ်ဆင်ထားသည့်လူများ အများဆုံးစုဆောင်းမှု ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ကြောင်း အတည်ပြုပေး ခဲ့ခြင်းဖြစ်သည်။ Cox Science Center and Aquarium ပြတိုက်က “ကျွန်တော်တို့လုပ်နိုင်ခဲ့ပါပြီ။ ဒီဂင်းနစ်စံချိန်ကိုရရှိဖို့အတွက် ပါဝင်ကူညီပေးခဲ့တဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ပါဝင်ကူညီ သူတွေမရှိဘဲ ဒီဂင်းနစ်စံချိန်ကို ကျွန်တော်တို့ ချိုးဖျက်နိုင်ခဲ့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့အတူ သမိုင်းသစ်တစ်ခုကို ဖန်တီးဖို့အတွက် လာရောက်ခဲ့တဲ့လူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်” ဟုရေးသားဖော်ပြခဲ့သည်။
zawgyi version
ဒိုင္ႏိုေဆာဝတ္စုံဝတ္ထားသူ (၅၀ဝ)ခန႔္ျဖင့္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္တဲ့ အေမရိကန္က ျပတိုက္
Pika (NP News) - ဇန္နဝါရီ ၂၄
အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ရွိ ျပတိုက္တစ္ခုသည္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ရန္အတြက္ ဒိုင္ႏိုေဆာဝတ္စုံဝတ္ဆင္ထားေသာ လူေပါင္း (၄၆၈) ဦး ကို စုစည္းခဲ့ေၾကာင္းသိရသည္။ Cox Science Center and Aquarium ျပတိုက္သည္ West Palm Beach ၿမိဳ႕၏ Screen on the Green တြင္ ဒိုင္ႏိုေဆာဝတ္စုံဝတ္ဆင္ထားသည့္လူမ်ား အမ်ားဆုံးစုေဆာင္းမႈ ဂင္းနစ္စံခ်ိန္ကို ရယူႏိုင္ရန္အတြက္ West Palm Beach ၿမိဳ႕တြင္ လူမ်ားကို စုစည္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အဆိုပါဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသည္မွာ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕တြင္က်င္းပခဲ့ေသာ ပြဲေတာ္တစ္ခုျဖစ္ေၾကာင္းသိရသည္။ ယင္းပြဲေတာ္ သည္ (၂၀၁၉)ခုႏွစ္တြင္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕တြင္ ဒိုင္ႏိုေဆာဝတ္စုံဝတ္ဆင္ထားေသာ လူေပါင္း(၂၅၂)ဦးကို စုေဆာင္းခဲ့ၿပီးေနာက္ ဒိုင္ႏိုေဆာဝတ္စုံ ဝတ္ ဆင္ထားသည့္လူမ်ား အမ်ားဆုံးစုေဆာင္းမႈ ဂင္းနစ္စံခ်ိန္ ကို ရယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ဖေလာ္ရီဒါျပည္နယ္ရွိ ျပတိုက္တစ္ခုက ဒိုင္ႏို ေဆာဝတ္စုံဝန္ဆင္ထားေသာ လူေပါင္း (၄၆၈)ဦးကို စုေဆာင္းခဲ့ၿပီးေနာက္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕က တင္ထားေသာ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္သြားခဲ့ျခင္း ျဖစ္သည္။
အဆိုပါဂင္းနစ္စံခ်ိန္အတြက္ ႀကိဳးပမ္းမႈကို ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕မွတာဝန္ရွိသူတစ္ဦးက လာေရာက္ၾကည့္ရႈစစ္ေဆးခဲ့ၿပီးေနာက္ ဒိုင္ႏိုေဆာ ဝတ္စုံဝတ္ဆင္ထားသည့္လူမ်ား အမ်ားဆုံးစုေဆာင္းမႈ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ေၾကာင္း အတည္ျပဳေပး ခဲ့ျခင္းျဖစ္သည္။ Cox Science Center and Aquarium ျပတိုက္က “ကြၽန္ေတာ္တို႔လုပ္ႏိုင္ခဲ့ပါၿပီ။ ဒီဂင္းနစ္စံခ်ိန္ကိုရရွိဖို႔အတြက္ ပါဝင္ကူညီေပးခဲ့တဲ့ လူေတြအားလုံးကို ေက်းဇူးတင္ပါတယ္။ ပါဝင္ကူညီ သူေတြမရွိဘဲ ဒီဂင္းနစ္စံခ်ိန္ကို ကြၽန္ေတာ္တို႔ ခ်ိဳးဖ်က္ႏိုင္ခဲ့မွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔နဲ႔အတူ သမိုင္းသစ္တစ္ခုကို ဖန္တီးဖို႔အတြက္ လာေရာက္ခဲ့တဲ့လူေတြအားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္” ဟုေရးသားေဖာ္ျပခဲ့သည္။