ပို့ကုန်၊ သွင်းကုန်ပစ္စည်းများကို အခွန်ကောက်ခံရာတွင် ဗဟိုဘဏ်ငွေလဲလှယ်နှုန်းဖြင့် ပြန်လည်‌ကောက်ခံနေ

 574

ယွန်း (NP News)- ဇန်နဝါရီ ၂၇

ပို့ကုန်၊ သွင်းကုန်ပစ္စည်းများကို အခွန်ကောက်ခံရာတွင် ဗဟိုဘဏ်ငွေလဲလှယ်နှုန်းဖြင့် ပြန်လည်ကောက်ခံနေ ကြောင်း အကောက်ခွန်ဦးစီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ဇန်နဝါရီ(၂၅)ရက်တွင် အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

အကောက်ခွန်ဦးစီးဌာနအနေဖြင့် တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဥ်ထုတ်ပြန်နေသည့် ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) ကို အခြေခံသည့် အပတ်စဥ်နိုင်ငံခြားငွေ လဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် ကောက်ခံလျက်ရှိရာ ပြီးခဲ့သည့် ဇန်နဝါရီ(၁)ရက်မှစ၍ ဈေးကွက် ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ် နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် ပြောင်းလဲ၍ အခွန်စည်းကြပ်ကောက်ခံခဲ့ခြင်းဖြစ်သည်။

ထိုသို့ကောက်ခံလျက်ရှိရာ ဇန်နဝါရီ(၂၅)ရက်မှစ၍ တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဥ်ထုတ်ပြန်လျက်ရှိသော ရည်ညွှန်းငွေလဲလှယ်နှုန်း(Reference Rate) ကို အခြေခံသည့် အပတ်စဥ်နိုင်ငံခြားငွေလဲလှယ်နှုန်း(Weekly Exchange Rate)ဖြင့် ပြန်လည်အခွန်ကောက်ခံခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနက ဆိုထားသည်။
လက်ရှိတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် အခွန်ကောက်ခံရာတွင် အသုံးပြုမည့်ငွေလဲလှယ်နှုန်းကို အကောက်ခွန်ဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်လျက်ရှိရာ ဇန်နဝါရီလ (၂၅)ရက်မှ ဖေဖော်ဝါရီလ (၁)ရက်အထိ ရည်ညွှန်းငွေလဲနှုန်းများမှာ အမေရိကန်တစ်ဒေါ်လာလျှင် (၂၁၀၀)ကျပ်၊ တရုတ်တစ်ယွမ်လျှင် (၂၈၆ ဒသမ ၄၂၄) ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် (၆၀ ဒသမ ၅၄၄) ကျပ် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ဖော်ပြထားသည်။

Zawgyi Version;
ပို႔ကုန္၊ သြင္းကုန္ပစၥည္းမ်ားကို အခြန္ေကာက္ခံရာတြင္ ဗဟိုဘဏ္ေငြလဲလွယ္ႏႈန္းျဖင့္ ျပန္လည္‌ေကာက္ခံေန
ယြန္း (NP News)- ဇန္နဝါရီ ၂၇

ပို႔ကုန္၊ သြင္းကုန္ပစၥည္းမ်ားကို အခြန္ေကာက္ခံရာတြင္ ဗဟိုဘဏ္ေငြလဲလွယ္ႏႈန္းျဖင့္ ျပန္လည္ေကာက္ခံေန ေၾကာင္း အေကာက္ခြန္ဦးစီးဌာနက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အသိေပးထုတ္ျပန္ထားသည္။
စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ အေကာက္ခြန္ဦးစီးဌာနမွ ဇန္နဝါရီ(၂၅)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပး ထုတ္ျပန္ထားျခင္းျဖစ္သည္။

အေကာက္ခြန္ဦးစီးဌာနအေနျဖင့္ တင္သြင္း၊ တင္ပို႔သည့္ ကုန္ပစၥည္းမ်ားအေပၚ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ေန႔စဥ္ထုတ္ျပန္ေနသည့္ ရည္ၫႊန္းေငြလဲလွယ္ႏႈန္း (Reference Rate) ကို အေျခခံသည့္ အပတ္စဥ္ႏိုင္ငံျခားေငြ လဲလွယ္ႏႈန္း (Weekly Exchange Rate) ျဖင့္ ေကာက္ခံလ်က္ရွိရာ ၿပီးခဲ့သည့္ ဇန္နဝါရီ(၁)ရက္မွစ၍ ေဈးကြက္ ေငြလဲလွယ္ႏႈန္း (Market Trading Rate) ကို အေျခခံသည့္ အပတ္စဥ္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း (Weekly Exchange Rate) ျဖင့္ ေျပာင္းလဲ၍ အခြန္စည္းၾကပ္ေကာက္ခံခဲ့ျခင္းျဖစ္သည္။

ထိုသို႔ေကာက္ခံလ်က္ရွိရာ ဇန္နဝါရီ(၂၅)ရက္မွစ၍ တင္သြင္း၊ တင္ပို႔သည့္ ကုန္ပစၥည္းမ်ားအေပၚ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ ေန႔စဥ္ထုတ္ျပန္လ်က္ရွိေသာ ရည္ၫႊန္းေငြလဲလွယ္ႏႈန္း(Reference Rate) ကို အေျခခံသည့္ အပတ္စဥ္ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း(Weekly Exchange Rate)ျဖင့္ ျပန္လည္အခြန္ေကာက္ခံခဲ့ေၾကာင္း အေကာက္ခြန္ဦးစီးဌာနက ဆိုထားသည္။
လက္ရွိတြင္ ပို႔ကုန္သြင္းကုန္လုပ္ငန္းမ်ားအတြက္ အခြန္ေကာက္ခံရာတြင္ အသုံးျပဳမည့္ေငြလဲလွယ္ႏႈန္းကို အေကာက္ခြန္ဦးစီးဌာနမွ အပတ္စဥ္ထုတ္ျပန္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ ထုတ္ျပန္လ်က္ရွိရာ ဇန္နဝါရီလ (၂၅)ရက္မွ ေဖေဖာ္ဝါရီလ (၁)ရက္အထိ ရည္ၫႊန္းေငြလဲႏႈန္းမ်ားမွာ အေမရိကန္တစ္ေဒၚလာလွ်င္ (၂၁၀၀)က်ပ္၊ တ႐ုတ္တစ္ယြမ္လွ်င္ (၂၈၆ ဒသမ ၄၂၄) က်ပ္၊ ထိုင္းဘတ္ တစ္ဘတ္လွ်င္ (၆၀ ဒသမ ၅၄၄) က်ပ္ ျဖစ္ေၾကာင္း အေကာက္ခြန္ဦးစီးဌာနက ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.