အမေရိကန်စစ်ရဟတ်ယာဉ်တစ်စီးနဲ့ ဂျက်လေယာဉ်တစ်စီးတို့ လေထဲမှာ တိုက်မိမှုဖြစ်ပွား
816
Pika (NP News) - ဇန်နဝါရီ ၃ဝ
ဇန်နဝါရီလ(၂၉)ရက်က အမေရိကန်လေကြောင်းလိုင်းရဲ့ ကုမ္ပဏီခွဲတစ်ခုကလည်ပတ်တဲ့ ဒေသဆိုင်ရာဂျက်လေယာဉ်တစ်စင်းဟာ Ronald Reagan Washington National Airport (DCA) အနီးမှာ အမေရိကန်စစ်တပ်ရဟတ်ယာဉ်တစ်စင်း နဲ့ လေထဲမှာတိုက်မိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် လေကြောင်းပျံသန်းမှုတွေအားလုံးကို ရပ်ဆိုင်းလိုက်ရပြီး ကြီးမားတဲ့အရေးပေါ်တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်လေကြောင်းလိုင်း Flight 5342 အဖြစ် လည်ပတ်နေတဲ့ PSA လေကြောင်းလိုင်း Bombardier CRJ700ဂျက်လေယာဉ်ဟာ Reagan National လေဆိပ်ရဲ့ ပြေးလမ်း(၃၃)ကိုချဉ်းကပ်လာစဉ် Sikorsky H-60ရဟတ်ယာဉ်တစ်စင်းနဲ့ ည(၉)နာရီအချိန်မှာ တိုက်မိခဲ့တာဖြစ်တယ်လို့ ဖက်ဒရယ်လေကြောင်းလိုင်းအုပ်ချုပ်ရေးအဖွဲ့(FAA)က အတည်ပြုပြောကြားခဲ့ပါတယ်။အဲ့ဒီဂျက်လေယာဉ်ဟာ ကန်းဆက်ပြည်နယ် ဝီချီတာမြို့ကနေ ထွက်ခွါလာတာဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီတိုက်မိမှုကိာ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်က”ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ လေဆိပ်တစ်ခုမှာ စစ်တပ်ရဟတ်ယာဉ်တစ်စင်းက ဒေသဆိုင်ရာဂျက်လေယာဉ်တစ်စင်းနဲ့တိုက်မိခဲ့ပုံပေါ်ပါတယ်။”လို့ပြောကြားခဲ့ပါတယ်။လက်ရှိအချိန်အထိတော့ ဂျက်လေယာဉ်နဲ့ ရဟတ်ယာဉ်တို့ပေါ်မှာ လိုက်ပါလာတဲ့ လူအရေအတွက်နဲ့ အသအပျောက်အရေအတွက်တွေကို တိတိကျကျမသိရသေးဘူးလို့လည်း သိရပါတယ်။ Bombardier CRJ700ဂျက်လေယာဉ်ဟာ ပုံမှန်အားဖြင့် ခရီးသည်(၆၆)ဦးမှ(၇၈)ဦးအပြင် လေယာဉ်မှူး(၂)ဦးနဲ့လေယာဉ်အမှုထမ်း(၂)ဦးတို့လိုက်ပါနိုင်တယ်လို့ သိရပါတယ်။ Sikorsky H-60 ရဟတ်ယာဉ်ဟာ ယေဘုယျအားဖြင့် လေယာဉ်မှူးနဲ့အမှုထမ်းအကြီးအကဲတွေအပါအဝင် အမှုထမ်း(၃)ဦးကနေ(၄)ဦးအထိ တင်ဆောင်နိုင်ပြီး ဖွဲစည်းပုံပေါ်မူတည်ပြီး နောက်ထပ်ဝန်ထမ်း(၁၁)ဦးအထိ တင်ဆောင်နိုင်တယ်လို့လည်းသိရပါတယ်။
Zawgyi Version:
အေမရိကန္စစ္ရဟတ္ယာဥ္တစ္စီးနဲ႔ ဂ်က္ေလယာဥ္တစ္စီးတို႔ ေလထဲမွာ တိုက္မိမႈျဖစ္ပြား
Pika (NP News) - ဇန္နဝါရီ ၃ဝ
ဇန္နဝါရီလ(၂၉)ရက္က အေမရိကန္ေလေၾကာင္းလိုင္းရဲ႕ ကုမၸဏီခြဲတစ္ခုကလည္ပတ္တဲ့ ေဒသဆိုင္ရာဂ်က္ေလယာဥ္တစ္စင္းဟာ Ronald Reagan Washington National Airport (DCA) အနီးမွာ အေမရိကန္စစ္တပ္ရဟတ္ယာဥ္တစ္စင္း နဲ႔ ေလထဲမွာတိုက္မိခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္ေၾကာင့္ ေလေၾကာင္းပ်ံသန္းမႈေတြအားလုံးကို ရပ္ဆိုင္းလိုက္ရၿပီး ႀကီးမားတဲ့အေရးေပၚတုံ႔ျပန္မႈေတြကိုျဖစ္ေပၚေစခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္ေလေၾကာင္းလိုင္း Flight 5342 အျဖစ္ လည္ပတ္ေနတဲ့ PSA ေလေၾကာင္းလိုင္း Bombardier CRJ700ဂ်က္ေလယာဥ္ဟာ Reagan National ေလဆိပ္ရဲ႕ ေျပးလမ္း(၃၃)ကိုခ်ဥ္းကပ္လာစဥ္ Sikorsky H-60ရဟတ္ယာဥ္တစ္စင္းနဲ႔ ည(၉)နာရီအခ်ိန္မွာ တိုက္မိခဲ့တာျဖစ္တယ္လို႔ ဖက္ဒရယ္ေလေၾကာင္းလိုင္းအုပ္ခ်ဳပ္ေရးအဖြဲ႕(FAA)က အတည္ျပဳေျပာၾကားခဲ့ပါတယ္။အဲ့ဒီဂ်က္ေလယာဥ္ဟာ ကန္းဆက္ျပည္နယ္ ဝီခ်ီတာၿမိဳ႕ကေန ထြက္ခြါလာတာျဖစ္တယ္လို႔လည္းသိရပါတယ္။အဲ့ဒီတိုက္မိမႈကိာ အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးက အတည္ျပဳခဲ့ၿပီး အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး တုံ႔ျပန္ေျပာဆိုမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ေဒၚနယ္ထရမ့္က”ဝါရွင္တန္ဒီစီၿမိဳ႕မွာရွိတဲ့ ေလဆိပ္တစ္ခုမွာ စစ္တပ္ရဟတ္ယာဥ္တစ္စင္းက ေဒသဆိုင္ရာဂ်က္ေလယာဥ္တစ္စင္းနဲ႔တိုက္မိခဲ့ပုံေပၚပါတယ္။”လို႔ေျပာၾကားခဲ့ပါတယ္။လက္ရွိအခ်ိန္အထိေတာ့ ဂ်က္ေလယာဥ္နဲ႔ ရဟတ္ယာဥ္တို႔ေပၚမွာ လိုက္ပါလာတဲ့ လူအေရအတြက္နဲ႔ အသအေပ်ာက္အေရအတြက္ေတြကို တိတိက်က်မသိရေသးဘူးလို႔လည္း သိရပါတယ္။ Bombardier CRJ700ဂ်က္ေလယာဥ္ဟာ ပုံမွန္အားျဖင့္ ခရီးသည္(၆၆)ဦးမွ(၇၈)ဦးအျပင္ ေလယာဥ္မႉး(၂)ဦးနဲ႔ေလယာဥ္အမႈထမ္း(၂)ဦးတို႔လိုက္ပါႏိုင္တယ္လို႔ သိရပါတယ္။ Sikorsky H-60 ရဟတ္ယာဥ္ဟာ ေယဘုယ်အားျဖင့္ ေလယာဥ္မႉးနဲ႔အမႈထမ္းအႀကီးအကဲေတြအပါအဝင္ အမႈထမ္း(၃)ဦးကေန(၄)ဦးအထိ တင္ေဆာင္ႏိုင္ၿပီး ဖြဲစည္းပုံေပၚမူတည္ၿပီး ေနာက္ထပ္ဝန္ထမ္း(၁၁)ဦးအထိ တင္ေဆာင္ႏိုင္တယ္လို႔လည္းသိရပါတယ္။