DeepSeek-V3 AI ကို ကျော်လွန်နိုင်မယ့် AI မော်ဒယ်သစ်ကို Alibaba က ထုတ်
142
ရောင်နီ (NP News) - ဇန်နဝါရီ ၃ဝ
တရုတ်နည်းပညာကုမ္ပဏီ Alibaba ဟာ Qwen 2.5 ဉာဏ်ရည်တု မော်ဒယ်လ်ဗားရှင်းအသစ်ကို ဇန်နဝါရီ ၂၉ ရက် မှာ အများပြည်သူရှေ့ထုတ်ပြခဲ့ပြီး အခုလက်ရှိရေပန်းစားနေတဲ့ DeepSeek-V3 AI ထက် သာလွန်တယ်လို့ ဆိုထား ပါတယ်။
Qwen 2.5-Max AI ဟာ တရုတ်နှစ်သစ်ကူးပွဲတော် ပထမနေ့၊ တရုတ်လူမျိုး အများစုအလုပ်ပိတ်ချိန်၊ တရုတ် AI စတင် DeepSeek စတင်မိတ်ဆက်တဲ့ သီတင်းပတ်သုံးပတ်အတွင်းမှာ ပေါ်ထွက်လာတာဖြစ်ပြီး ဒါဟာ တရုတ်ရဲ့ ပြည်တွင်း AI ပြိုင်ဆိုင်မှုလည်းဖြစ်လာပါတယ်။ Qwen 2.5-Max ဟာ GPT-4o၊ DeepSeek-V3 နဲ့ Llama-3.1-405B နီးပါး စွမ်းဆောင်နိုင်တယ်" လို့ OpenAI နဲ့ Meta ကို ရည်ညွှန်းပြီး Alibaba ရဲ့ cloud unit က ၄င်းရဲ့တရားဝင် WeChat အကောင့်မှာ ကြေညာခဲ့ပါတယ်။
ဇန်နဝါရီ ၁၀ ရက်က ထွက်ရှိတဲ့ DeepSeek ရဲ့ AI assistant ၊ဇန်နဝါရီ ၂၀ ရက်က ထွက်ရှိတဲ့ DeepSeek-V3 မော်ဒယ်ဟာ တရုတ် Start Up တည်ထောင်သူတွေ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတယ်လို့ ယူဆပြီး နည်းပညာ ရှယ်ယာ တွေ ကျဆင်းနေချိန်၊ အသုံးပြုမှုကုန်ကျစရိတ်တွေအတွက် ရင်းနှီးမြုပ်နှံသူတွေ အမေရိကန် AI ကုမ္ပဏီတွေကို မျက်စိကျနေချိန်မှာ ရင်းနှီးမြုပ်နှံမှုအတွက် ပြန်မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဒါပေမယ့် DeepSeek ရဲ့ အောင်မြင်မှုဟာ ပြည်တွင်းပြိုင်ဘက်တွေကြား ယှဉ်ပြိုင်မှုကို အရှိန်မြင့်စေတယ်လို့ သိရပါတယ်။
Zawgyi Version:
DeepSeek-V3 AI ကို ေက်ာ္လြန္ႏိုင္မယ့္ AI ေမာ္ဒယ္သစ္ကို Alibaba က ထုတ္
ေရာင္နီ (NP News) - ဇန္နဝါရီ ၃ဝ
တ႐ုတ္နည္းပညာကုမၸဏီ Alibaba ဟာ Qwen 2.5 ဉာဏ္ရည္တု ေမာ္ဒယ္လ္ဗားရွင္းအသစ္ကို ဇန္နဝါရီ ၂၉ ရက္ မွာ အမ်ားျပည္သူေရွ႕ထုတ္ျပခဲ့ၿပီး အခုလက္ရွိေရပန္းစားေနတဲ့ DeepSeek-V3 AI ထက္ သာလြန္တယ္လို႔ ဆိုထား ပါတယ္။
Qwen 2.5-Max AI ဟာ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ ပထမေန႔၊ တ႐ုတ္လူမ်ိဳး အမ်ားစုအလုပ္ပိတ္ခ်ိန္၊ တ႐ုတ္ AI စတင္ DeepSeek စတင္မိတ္ဆက္တဲ့ သီတင္းပတ္သုံးပတ္အတြင္းမွာ ေပၚထြက္လာတာျဖစ္ၿပီး ဒါဟာ တ႐ုတ္ရဲ႕ ျပည္တြင္း AI ၿပိဳင္ဆိုင္မႈလည္းျဖစ္လာပါတယ္။ Qwen 2.5-Max ဟာ GPT-4o၊ DeepSeek-V3 နဲ႔ Llama-3.1-405B နီးပါး စြမ္းေဆာင္ႏိုင္တယ္" လို႔ OpenAI နဲ႔ Meta ကို ရည္ၫႊန္းၿပီး Alibaba ရဲ႕ cloud unit က ၄င္းရဲ႕တရားဝင္ WeChat အေကာင့္မွာ ေၾကညာခဲ့ပါတယ္။
ဇန္နဝါရီ ၁၀ ရက္က ထြက္ရွိတဲ့ DeepSeek ရဲ႕ AI assistant ၊ဇန္နဝါရီ ၂၀ ရက္က ထြက္ရွိတဲ့ DeepSeek-V3 ေမာ္ဒယ္ဟာ တ႐ုတ္ Start Up တည္ေထာင္သူေတြ ဖြံ႕ၿဖိဳးတိုးတက္မႈနည္းပါးတယ္လို႔ ယူဆၿပီး နည္းပညာ ရွယ္ယာ ေတြ က်ဆင္းေနခ်ိန္၊ အသုံးျပဳမႈကုန္က်စရိတ္ေတြအတြက္ ရင္းႏွီးျမဳပ္ႏွံသူေတြ အေမရိကန္ AI ကုမၸဏီေတြကို မ်က္စိက်ေနခ်ိန္မွာ ရင္းႏွီးျမဳပ္ႏွံမႈအတြက္ ျပန္ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။ ဒါေပမယ့္ DeepSeek ရဲ႕ ေအာင္ျမင္မႈဟာ ျပည္တြင္းၿပိဳင္ဘက္ေတြၾကား ယွဥ္ၿပိဳင္မႈကို အရွိန္ျမင့္ေစတယ္လို႔ သိရပါတယ္။