ဘုရားကြီး-ပဲခူးကားလမ်းဘေးရပ်ထားသည့်တွဲကားပေါ်တွင် ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ
186
သန့်ဇင် (NP News) - ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီး-ပဲခူးကားလမ်းဘေးရပ်ထားသည့်တွဲကားပေါ်တွင် ယာဉ်မောင်းအမျိုးသား တစ်ဦး သေဆုံးနေသည်ကိုတွေ့ရကြောင်း စေတနာရှင်နာရေးကူညီမှုအသင်းထံမှ သိရသည်။
အဆိုပါ အမျိုးသား၏ရုပ်အလောင်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ မယင်း ကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာ၊ ဘုရားကြီး-ပဲခူး ကားလမ်းဘေးရှိ တွဲကားပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရဲတွေ စစ်ဆေးချက်အရ နှာခေါင်းမှာဦသွေးတွေထွက်ပြီးဆုံးနေတာ။ မနက်ခင်းထမင်းစားပြီးကားပေါ်တက်နားတာတဲ့။ ကားစက်နှိုးပြီးတော့ ကျန်းမာရေးအခြေအနေကောင်းလို့ ဝင်လဲရင်းနဲ့ အသက်ထွက်သွားတဲ့သဘောပါ။ ကျန်းမာရေး ကြောင့် ဆုံးသွားတာပါ” ဟု စေတနာရှင်နာရေးကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
သေဆုံးသူမှာ အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏ (၂၂)ဘီးယာဉ်တွဲကားပေါ်တွင် သေဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို စေတနာရှင်နာရေးကူညီမှုအသင်းက ပဲခူးမြို့နယ်ပြည်သူ့ ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Zawgyi Version:
ဘုရားႀကီး-ပဲခူးကားလမ္းေဘးရပ္ထားသည့္တြဲကားေပၚတြင္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦး ေသဆုံးေနသည္ကို ေတြ႕ရွိ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၃၀
ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕နယ္၊ ဘုရားႀကီး-ပဲခူးကားလမ္းေဘးရပ္ထားသည့္တြဲကားေပၚတြင္ ယာဥ္ေမာင္းအမ်ိဳးသား တစ္ဦး ေသဆုံးေနသည္ကိုေတြ႕ရေၾကာင္း ေစတနာရွင္နာေရးကူညီမႈအသင္းထံမွ သိရသည္။
အဆိုပါ အမ်ိဳးသား၏႐ုပ္အေလာင္းကို ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၈ ရက္၊ နံနက္ပိုင္းက ပဲခူးၿမိဳ႕နယ္၊ ဘုရားႀကီးၿမိဳ႕၊ မယင္း ေက်း႐ြာအုပ္စု၊ ေလးအိမ္စုေက်း႐ြာ၊ ဘုရားႀကီး-ပဲခူး ကားလမ္းေဘးရွိ တြဲကားေပၚတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ရဲေတြ စစ္ေဆးခ်က္အရ ႏွာေခါင္းမွာဦေသြးေတြထြက္ၿပီးဆုံးေနတာ။ မနက္ခင္းထမင္းစားၿပီးကားေပၚတက္နားတာတဲ့။ ကားစက္ႏႈိးၿပီးေတာ့ က်န္းမာေရးအေျခအေနေကာင္းလို႔ ဝင္လဲရင္းနဲ႔ အသက္ထြက္သြားတဲ့သေဘာပါ။ က်န္းမာေရး ေၾကာင့္ ဆုံးသြားတာပါ” ဟု ေစတနာရွင္နာေရးကူညီမႈအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ေသဆုံးသူမွာ အသက္(၄၄)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ၎၏ (၂၂)ဘီးယာဥ္တြဲကားေပၚတြင္ ေသဆုံးေနခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ေစတနာရွင္နာေရးကူညီမႈအသင္းက ပဲခူးၿမိဳ႕နယ္ျပည္သူ႔ ေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။