ရေအောက်၌ ပုန်းလျိုးရွေ့လျားနေစဉ် ရေပေါ်ထိုးတက်၍ အုပ်စုဖွဲ့ ပျံသန်းနိုင်သည့် ဒရုန်းများကို တရုတ်တို့ ပိုင်ဆိုင်ထား
7573
Htay Oung (NP News) - ဇန်နဝါရီ ၃၁
ရေအောက်မှနေပြီး မောင်းသူမဲ့ယာဉ်များ လွှတ်တင်ရေးအတွက် အမေရိကန်စစ်ဘက်က အစီအစဉ်သစ်များ လုပ်ဆောင်လျှက်ရှိကြောင်း သတင်းများ ထွက်နေချိန် တရုတ်တို့က အဲ့ဒီထက် ပိုမိုကောင်းမွန်အောင် လုပ်နေ ပြီးသားကြီးလို့ သိပ္ပံပညာရှင်များ ပြောကြားကြောင်း “ဆောက်သ်ချိုင်းနားမောနင်းပို့စ်” က ဇန်နဝါရီလ ၂၃ ရက်မှာ ရေးပါတယ်။
အမေရိကန်စစ်တပ်ဟာ တရုတ်ကမ်းရိုးတန်းအနီး ရေငုပ်သင်္ဘောတစ်စီးကနေပြီး ဒရုန်းများကို ပစ်လွှတ်ရန် ဗျူဟာမြောက် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ ရေအောက်မှ ပစ်လွှတ်လိုက်တဲ့ အဲ့ဒီ ဒရုန်းတွေဟာ ရေပေါ်ဝေဟင်မှာ အုပ်စုဖွဲ့ပျံသန်းမှာဖြစ်ပြီး ထိုင်ဝမ်ကို ကမ်းတက်တိုက်ခိုက်ဖွယ်ရှိတဲ့ တရုတ် စစ်သင်္ဘောအုပ်စုကို ထိုးနှက်မယ့် အစီအစဉ်ဖြစ်ပါတယ်၊ ဒီလိုနည်းနဲ့ တိုက်ခိုက်ရေးဇုန်နဲ့ အလွန်နီးကပ်တဲ့ ဧရိယာမှာ အမေရိကန်စစ်သင်္ဘောများ မလိုအပ်ပဲ စုရုံးနေရမှုကို လျော့ချနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အများမသိသေးတဲ့ လှည့်ကွက်တစ်ခုရှိနေပါတယ်၊ အမေရိကန်စီစဉ်နေတဲ့ အဲ့ဒီအကြံအစည်ကို တရုတ်တို့က လက်တွေ့အဖြစ် ပြောင်းလဲထားပြီးဖြစ်ကြောင်း၊ စမ်းသပ်ပျံသန်းမှုများမှာ အဲဒီဒရုန်းတွေဟာ ပင်တာဂွန်က သူတို့လုပ်မယ်လို့ စိတ်ကူးထုတ်ထားသည်ထက် အတော်လေး ပိုမိုပြီးမြောက်စွမ်းဆောင်နိုင် ကြောင်း တွေ့ရှိရတယ်လို့ လေ့လာသူများက ပြောပါတယ်။
ယခုသတင်းကို ထောက်ခံနေသယောင်ရှိတာက နိုင်ငံ့တောင်ပိုင်း “ဘိုဟိုး ပင်လယ်ပြင်” မှာ ဒရုန်းအပိုင်းအစ များကို တွေ့ရှိရ ကြောင်း ဖိလစ်ပိုင်တပ်မတော် (FFP) (23 January 2025) က ရေးသားခြင်းဖြစ်ပါတယ်။ မင်ဒါ နာအိုနဲ့ နီဂရော့စ်ကျွန်းများအကြား ဖိလစ်ပိုင်ကျွန်းများက ဝိုင်းပတ်ထားတဲ့ ရေပြင်ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းကို ဆက်သွယ်နေတဲ့ အဲ့ဒီရေပြင်မှာ တရုတ်ရေငုပ်သင်္ဘော များ စိမ့်ဝင်ကျူးကျော်နေခြင်း ရှိ-မရှိ စုံစမ်းစစ်ဆေးနေတယ်လို့ ဇန်နဝါရီ ၂-ရက်မှာ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။ ကမ္ဘာ့စီးပွားရေးသုံး ဒရုန်းလောကမှာ တရုတ်ဟာ ပြိုင်ဘက်ကင်း ဦးဆောင်နေကြောင်း ငြင်းစရာ မရှိပါဘူး။ “နော့သ်ဝက်စတင်း ပိုလီတက္ကနစ် တက္ကသိုလ်” (NWPU) နဲ့ “ချိုင်းနား အေရိုဒိုင်းနမစ် သုတေသနနဲ့ ဖွံ့ဖြိုး ရေး စင်တာ” (CARDC) တို့မှ သုတေသီတွေဟာ ရေပြင်အောက် ရေငုပ်သင်္ဘောဖြင့် လွှတ်တင်နိုင်တဲ့ ကမ္ဘာ့ ပထမ ဆုံး ဒရုန်းကို တီထွင်ခဲ့ပြီးဖြစ်ပါတယ်။ ပင်လယ်နဲ့ ကောင်းကင်ကြီးအကြား အကြိမ်ကြိမ် ပျံတက်ငုပ်လျှိုးနိုင်ပြီး နောက်ဆုံး သူ့ကို ပစ်လွှတ်လိုက်တဲ့ ရေငုပ်သင်္ဘောရှိရာကို သူ့ဖာသာရှာဖွေပြီး ရေအောက်သို့ ပြန်ငုပ်သွားနိုင်ပါ တယ်။ တမူထူးခြားစွာ ခေါက်သိမ်းနိုင်တဲ့ တောင်ပံဒီဇိုင်းများပါ ဒရုန်းဟာ ခရီးစဉ်တစ်ခုတည်းမှာပဲ ရေအောက် နဲ့လေထု မတူညီတဲ့ ဝန်းကျင်နှစ်မျိုးမှာ အကြိမ်ပေါင်းများစွာ ရွေလျားလုပ်ဆောင်နိုင်ပါတယ်။ ပင်လယ်ရေထု ကို အကာအကွယ်ယူ ပုန်းအောင်းနေရာမှ ရေပြင်အထက် ဝေဟင်မှာလည်း ပျံသန်းလှုပ်ရှားနိုင်ကြောင်း တရုတ် ပညာရှင်များက လူသိရှင်ကြား ပြောဆိုထားပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်က တရုတ် ဒဏ္ဍာ ရီလာ ရေအောက်နဲ့ ဝေဟင် နှစ်မျိုးစလုံးမှာ ကျင်လည်ကျက်စားတဲ့ ငှက်ကို အစွဲပြုပြီး အဲဒီဒရုန်းကို “ဖေးယီ” လို့ အမည်ပေးပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက်မှာ မောင်းသူမဲ့ ထိရောက်စွာ ငုပ်လျိုး သွားလာနိုင်တဲ့ အပြင် ဝေဟင်လေထုအတွင်းသို့လည်း ထိုးတက်ပြီး လျင်မြန်စွာ ပျံဝဲသွားလာပါတယ်။ ရေကြောင်း ထောက် လှမ်းမှု၊ ကင်းထောက်စောင့်ကြည့်ခြင်း၊ နှောက်ယှက်ခြင်းနဲ့ တိုက်ခိုက်ခြင်းစတဲ့ စစ်ရေးနယ်ပယ်တွေမှာ ကောင်းမွန်စွာ အသုံးချနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။
ယခုသတင်းဟာ ဟောင်ကောင်အခြေစိုက် အလီဘာဘာအုပ်စုပိုင် သတင်းစာက ရေးသားခြင်းဖြစ်တဲ့အတွက် ရှီကျင့်ဖျင်ကို ဖားပြီး ရေးတယ်လို့ စွပ်စွဲခွင့် ရှိပါတယ်။ ဒါပေမယ့် စီးပွားရေးမှာ ကမ္ဘာ့နံပါတ်-၁ အမေရိကန်ကို ပုခုံးချင်း ယှဉ်လာတဲ့ တရုတ်ဟာ နည်းပညာပိုင်းမှာ ကျော်တက်စပြုနေပြီဖြစ်ကြောင်း သိသာပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်း တရုတ်ရဲ့ “ီDeepSeek-V3 ” ဗားရင်း ဉာဏ်ရည်တု နည်းပညာ အွန်လိုင်းပလက်ဖောင်း ထွက်ပေါ် လာပါတယ်။ သွက်လက်မြန်ဆန်မှု၊ တိကျခိုင်မာစွာ တုန့်ပြန်နိုင်မှု၊ အခမဲ့ အသုံးပြုနယ်ပယ် ကျယ်ဝန်းမှုတို့မှာ အမေရိကန်အခြေစိုက် AI နည်းပညာကုမ္ပဏီကြီးများထက် အစစ သာလွန်ခြင်းကြောင့် AI မက္ကရိုချစ်များနဲ့ ဂရပ်ဖစ်ကတ် များထုတ်လုပ်ရာ Nvidia ကုမ္မဏီကြီးမှာ တစ်ရက်တည်းနဲ့ ဒေါ်လာ ၆၀၀ ဘီလျံရှုံးပေါ်သွား ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင် (၂၀၂၁-၂၀၂၅-ခုနှစ်) လက်ထက် တရုတ်ပြည်မကြီးကို မိုက္ကရိုချစ်နည်းပညာများ မရောက်ရှိ စေဖို့အတွက် ကမ္ဘာ့ဆီမီးကွန်ဒတ်တာ အများဆုံးထုတ်လုပ်သူ အမေရိကန်၊ နယ်သာလန်၊ ဂျပန်၊ တောင်ကိုရီး ယား၊ ထိုင်ဝမ်တို့ပူးပေါင်းပြီး စစ်ဆင်ရေးတစ်ရပ်သဖွယ် တားဆီးခဲ့ကြဖူးပါတယ်။ အဲ့ဒီလိုအခြေအနေမှာ တရုတ် ရဲ့ ဆက်သွယ်ရေးနဲ့ ဉာဏ်ရည်တုနည်းပညာအခြေခံ ထူးခြားဆန်းသစ်မှုများထွက်ပေါ်လာခြင်းဟာ မယုံကြည် နိုင်သော်လည်း လက်ခံရတော့မယ့် အမှန်တရားတစ်ခု ဖြစ်လာပါတယ်။ အေဒီ ၉-ရာစုနှစ် တရုတ်တို့က ယမ်းမှုန့်ကို စတင်သုံးစွဲခဲ့ပြီး အဲ့ဒီမှတဆင့် အာရှနဲ့ ဥရောပကို ပျံ့နှံ့သွားပါ တယ်။ ဒါပေမယ့် နောက် နှစ် ၄၀၀ ခန့်ကြာတဲ့အခါ အာရှတိုက်သားတို့ဟာ အနောက်တိုင်းသားတို့ရဲ့ အကူအ ညီမပါပဲ အမြောက်လက်နက်ကို တည့်တည့်နဲ့ ထိထိရောက်ရောက် မပစ်တတ်တော့ပါဘူး၊ ယခုတော့ အဲ့ဒီသ မိုင်းဟာ အတိတ်ပုံပြင်အဖြစ် ကျန်ရစ်ခဲ့ပြီလို့ ပြောရပါတော့မယ်။
(South China Morning Post., 23 January 2025,” China’s submarine-launched drones can do more than the US military thinks: study” နှင့် အခြားဆက်စပ်သတင်းများကို ဆီလျော်အောင် ဆက်စပ် ဘာသာပြန်ဆိုသည်။)
zawgyi version
ေရေအာက္၌ ပုန္းလ်ိဳးေ႐ြ႕လ်ားေနစဥ္ ေရေပၚထိုးတက္၍ အုပ္စုဖြဲ႕ ပ်ံသန္းႏိုင္သည့္ ဒ႐ုန္းမ်ားကို တ႐ုတ္တို႔ ပိုင္ဆိုင္ထား
Htay Oung (NP News) - ဇန္နဝါရီ ၃၁
ေရေအာက္မွေနၿပီး ေမာင္းသူမဲ့ယာဥ္မ်ား လႊတ္တင္ေရးအတြက္ အေမရိကန္စစ္ဘက္က အစီအစဥ္သစ္မ်ား လုပ္ေဆာင္လွ်က္ရွိေၾကာင္း သတင္းမ်ား ထြက္ေနခ်ိန္ တ႐ုတ္တို႔က အဲ့ဒီထက္ ပိုမိုေကာင္းမြန္ေအာင္ လုပ္ေန ၿပီးသားႀကီးလို႔ သိပၸံပညာရွင္မ်ား ေျပာၾကားေၾကာင္း “ေဆာက္သ္ခ်ိဳင္းနားေမာနင္းပို႔စ္” က ဇန္နဝါရီလ ၂၃ ရက္မွာ ေရးပါတယ္။
အေမရိကန္စစ္တပ္ဟာ တ႐ုတ္ကမ္း႐ိုးတန္းအနီး ေရငုပ္သေဘၤာတစ္စီးကေနၿပီး ဒ႐ုန္းမ်ားကို ပစ္လႊတ္ရန္ ဗ်ဴဟာေျမာက္ စဥ္းစားေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနပါတယ္။ ေရေအာက္မွ ပစ္လႊတ္လိုက္တဲ့ အဲ့ဒီ ဒ႐ုန္းေတြဟာ ေရေပၚေဝဟင္မွာ အုပ္စုဖြဲ႕ပ်ံသန္းမွာျဖစ္ၿပီး ထိုင္ဝမ္ကို ကမ္းတက္တိုက္ခိုက္ဖြယ္ရွိတဲ့ တ႐ုတ္ စစ္သေဘၤာအုပ္စုကို ထိုးႏွက္မယ့္ အစီအစဥ္ျဖစ္ပါတယ္၊ ဒီလိုနည္းနဲ႔ တိုက္ခိုက္ေရးဇုန္နဲ႔ အလြန္နီးကပ္တဲ့ ဧရိယာမွာ အေမရိကန္စစ္သေဘၤာမ်ား မလိုအပ္ပဲ စု႐ုံးေနရမႈကို ေလ်ာ့ခ်ႏိုင္ပါလိမ့္မယ္။ ဒါေပမဲ့ အမ်ားမသိေသးတဲ့ လွည့္ကြက္တစ္ခုရွိေနပါတယ္၊ အေမရိကန္စီစဥ္ေနတဲ့ အဲ့ဒီအႀကံအစည္ကို တ႐ုတ္တို႔က လက္ေတြ႕အျဖစ္ ေျပာင္းလဲထားၿပီးျဖစ္ေၾကာင္း၊ စမ္းသပ္ပ်ံသန္းမႈမ်ားမွာ အဲဒီဒ႐ုန္းေတြဟာ ပင္တာဂြန္က သူတို႔လုပ္မယ္လို႔ စိတ္ကူးထုတ္ထားသည္ထက္ အေတာ္ေလး ပိုမိုၿပီးေျမာက္စြမ္းေဆာင္ႏိုင္ ေၾကာင္း ေတြ႕ရွိရတယ္လို႔ ေလ့လာသူမ်ားက ေျပာပါတယ္။
ယခုသတင္းကို ေထာက္ခံေနသေယာင္ရွိတာက ႏိုင္ငံ့ေတာင္ပိုင္း “ဘိုဟိုး ပင္လယ္ျပင္” မွာ ဒ႐ုန္းအပိုင္းအစ မ်ားကို ေတြ႕ရွိရ ေၾကာင္း ဖိလစ္ပိုင္တပ္မေတာ္ (FFP) (23 January 2025) က ေရးသားျခင္းျဖစ္ပါတယ္။ မင္ဒါ နာအိုနဲ႔ နီဂေရာ့စ္ကြၽန္းမ်ားအၾကား ဖိလစ္ပိုင္ကြၽန္းမ်ားက ဝိုင္းပတ္ထားတဲ့ ေရျပင္ျဖစ္ပါတယ္။ ေတာင္တ႐ုတ္ ပင္လယ္နဲ႔ ပစိဖိတ္သမုဒၵရာ အေနာက္ေျမာက္ပိုင္းကို ဆက္သြယ္ေနတဲ့ အဲ့ဒီေရျပင္မွာ တ႐ုတ္ေရငုပ္သေဘၤာ မ်ား စိမ့္ဝင္က်ဴးေက်ာ္ေနျခင္း ရွိ-မရွိ စုံစမ္းစစ္ေဆးေနတယ္လို႔ ဇန္နဝါရီ ၂-ရက္မွာ ဖိလစ္ပိုင္စစ္တပ္က ေျပာပါတယ္။ ကမာၻ႔စီးပြားေရးသုံး ဒ႐ုန္းေလာကမွာ တ႐ုတ္ဟာ ၿပိဳင္ဘက္ကင္း ဦးေဆာင္ေနေၾကာင္း ျငင္းစရာ မရွိပါဘူး။ “ေနာ့သ္ဝက္စတင္း ပိုလီတကၠနစ္ တကၠသိုလ္” (NWPU) နဲ႔ “ခ်ိဳင္းနား ေအ႐ိုဒိုင္းနမစ္ သုေတသနနဲ႔ ဖြံ႕ၿဖိဳး ေရး စင္တာ” (CARDC) တို႔မွ သုေတသီေတြဟာ ေရျပင္ေအာက္ ေရငုပ္သေဘၤာျဖင့္ လႊတ္တင္ႏိုင္တဲ့ ကမာၻ႔ ပထမ ဆုံး ဒ႐ုန္းကို တီထြင္ခဲ့ၿပီးျဖစ္ပါတယ္။ ပင္လယ္နဲ႔ ေကာင္းကင္ႀကီးအၾကား အႀကိမ္ႀကိမ္ ပ်ံတက္ငုပ္လွ်ိဳးႏိုင္ၿပီး ေနာက္ဆုံး သူ႔ကို ပစ္လႊတ္လိုက္တဲ့ ေရငုပ္သေဘၤာရွိရာကို သူ႔ဖာသာရွာေဖြၿပီး ေရေအာက္သို႔ ျပန္ငုပ္သြားႏိုင္ပါ တယ္။ တမူထူးျခားစြာ ေခါက္သိမ္းႏိုင္တဲ့ ေတာင္ပံဒီဇိုင္းမ်ားပါ ဒ႐ုန္းဟာ ခရီးစဥ္တစ္ခုတည္းမွာပဲ ေရေအာက္ နဲ႔ေလထု မတူညီတဲ့ ဝန္းက်င္ႏွစ္မ်ိဳးမွာ အႀကိမ္ေပါင္းမ်ားစြာ ေ႐ြလ်ားလုပ္ေဆာင္ႏိုင္ပါတယ္။ ပင္လယ္ေရထု ကို အကာအကြယ္ယူ ပုန္းေအာင္းေနရာမွ ေရျပင္အထက္ ေဝဟင္မွာလည္း ပ်ံသန္းလႈပ္ရွားႏိုင္ေၾကာင္း တ႐ုတ္ ပညာရွင္မ်ားက လူသိရွင္ၾကား ေျပာဆိုထားၿပီးျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀၀၀ ေက်ာ္က တ႐ုတ္ ဒ႑ာ ရီလာ ေရေအာက္နဲ႔ ေဝဟင္ ႏွစ္မ်ိဳးစလုံးမွာ က်င္လည္က်က္စားတဲ့ ငွက္ကို အစြဲျပဳၿပီး အဲဒီဒ႐ုန္းကို “ေဖးယီ” လို႔ အမည္ေပးပါတယ္။ ပင္လယ္ေရမ်က္ႏွာျပင္ေအာက္မွာ ေမာင္းသူမဲ့ ထိေရာက္စြာ ငုပ္လ်ိဳး သြားလာႏိုင္တဲ့ အျပင္ ေဝဟင္ေလထုအတြင္းသို႔လည္း ထိုးတက္ၿပီး လ်င္ျမန္စြာ ပ်ံဝဲသြားလာပါတယ္။ ေရေၾကာင္း ေထာက္ လွမ္းမႈ၊ ကင္းေထာက္ေစာင့္ၾကည့္ျခင္း၊ ေႏွာက္ယွက္ျခင္းနဲ႔ တိုက္ခိုက္ျခင္းစတဲ့ စစ္ေရးနယ္ပယ္ေတြမွာ ေကာင္းမြန္စြာ အသုံးခ်ႏိုင္ဖြယ္ရွိေၾကာင္း သိရွိရပါတယ္။
ယခုသတင္းဟာ ေဟာင္ေကာင္အေျခစိုက္ အလီဘာဘာအုပ္စုပိုင္ သတင္းစာက ေရးသားျခင္းျဖစ္တဲ့အတြက္ ရွီက်င့္ဖ်င္ကို ဖားၿပီး ေရးတယ္လို႔ စြပ္စြဲခြင့္ ရွိပါတယ္။ ဒါေပမယ့္ စီးပြားေရးမွာ ကမာၻ႔နံပါတ္-၁ အေမရိကန္ကို ပုခုံးခ်င္း ယွဥ္လာတဲ့ တ႐ုတ္ဟာ နည္းပညာပိုင္းမွာ ေက်ာ္တက္စျပဳေနၿပီျဖစ္ေၾကာင္း သိသာပါတယ္။ လြန္ခဲ့တဲ့ ရက္ပိုင္း တ႐ုတ္ရဲ႕ “ီDeepSeek-V3 ” ဗားရင္း ဉာဏ္ရည္တု နည္းပညာ အြန္လိုင္းပလက္ေဖာင္း ထြက္ေပၚ လာပါတယ္။ သြက္လက္ျမန္ဆန္မႈ၊ တိက်ခိုင္မာစြာ တုန႔္ျပန္ႏိုင္မႈ၊ အခမဲ့ အသုံးျပဳနယ္ပယ္ က်ယ္ဝန္းမႈတို႔မွာ အေမရိကန္အေျခစိုက္ AI နည္းပညာကုမၸဏီႀကီးမ်ားထက္ အစစ သာလြန္ျခင္းေၾကာင့္ AI မကၠ႐ိုခ်စ္မ်ားနဲ႔ ဂရပ္ဖစ္ကတ္ မ်ားထုတ္လုပ္ရာ Nvidia ကုမၼဏီႀကီးမွာ တစ္ရက္တည္းနဲ႔ ေဒၚလာ ၆၀၀ ဘီလ်ံရႈံးေပၚသြား ပါတယ္။
သမၼတ ဂ်ိဳးဘိုင္ဒင္ (၂၀၂၁-၂၀၂၅-ခုႏွစ္) လက္ထက္ တ႐ုတ္ျပည္မႀကီးကို မိုကၠ႐ိုခ်စ္နည္းပညာမ်ား မေရာက္ရွိ ေစဖို႔အတြက္ ကမာၻ႔ဆီမီးကြန္ဒတ္တာ အမ်ားဆုံးထုတ္လုပ္သူ အေမရိကန္၊ နယ္သာလန္၊ ဂ်ပန္၊ ေတာင္ကိုရီး ယား၊ ထိုင္ဝမ္တို႔ပူးေပါင္းၿပီး စစ္ဆင္ေရးတစ္ရပ္သဖြယ္ တားဆီးခဲ့ၾကဖူးပါတယ္။ အဲ့ဒီလိုအေျခအေနမွာ တ႐ုတ္ ရဲ႕ ဆက္သြယ္ေရးနဲ႔ ဉာဏ္ရည္တုနည္းပညာအေျခခံ ထူးျခားဆန္းသစ္မႈမ်ားထြက္ေပၚလာျခင္းဟာ မယုံၾကည္ ႏိုင္ေသာ္လည္း လက္ခံရေတာ့မယ့္ အမွန္တရားတစ္ခု ျဖစ္လာပါတယ္။ ေအဒီ ၉-ရာစုႏွစ္ တ႐ုတ္တို႔က ယမ္းမႈန႔္ကို စတင္သုံးစြဲခဲ့ၿပီး အဲ့ဒီမွတဆင့္ အာရွနဲ႔ ဥေရာပကို ပ်ံ႕ႏွံ႔သြားပါ တယ္။ ဒါေပမယ့္ ေနာက္ ႏွစ္ ၄၀၀ ခန႔္ၾကာတဲ့အခါ အာရွတိုက္သားတို႔ဟာ အေနာက္တိုင္းသားတို႔ရဲ႕ အကူအ ညီမပါပဲ အေျမာက္လက္နက္ကို တည့္တည့္နဲ႔ ထိထိေရာက္ေရာက္ မပစ္တတ္ေတာ့ပါဘူး၊ ယခုေတာ့ အဲ့ဒီသ မိုင္းဟာ အတိတ္ပုံျပင္အျဖစ္ က်န္ရစ္ခဲ့ၿပီလို႔ ေျပာရပါေတာ့မယ္။
(South China Morning Post., 23 January 2025,” China’s submarine-launched drones can do more than the US military thinks: study” ႏွင့္ အျခားဆက္စပ္သတင္းမ်ားကို ဆီေလ်ာ္ေအာင္ ဆက္စပ္ ဘာသာျပန္ဆိုသည္။)