အမေရိကန်နိုင်ငံတွင် ခရီးသည်တင်လေယာဉ် နှင့် စစ်ဘက်သုံးရဟတ်ယာဉ်တိုက်မိမှုကြောင့် လိုက်ပါသွားသူအားလုံး သေဆုံးဖွယ်ရှိနေ

 133

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃၁

အမေရိကန်နိုင်ငံတွင် ဇန်နဝါရီ ၃ဝ ရက်က ခရီးသည်တင်လေယာဉ်တစ်စီး နှင့် စစ်ဘက်သုံးရဟတ်ယာဉ်တစ်စီးတို့ လေထဲတွင်တိုက်မိခဲ့ရာ ပျက်ကျခဲ့ပြီး လူအားလုံးသေဆုံးဖွယ်ရှိနေကြောင်း သိရသည်။ အမေရိကန်လေကြောင်းလိုင်း၏ ကုမ္ပဏီခွဲတစ်ခုက လည်ပတ်နေသောဒေသဆိုင်ရာခရီးသည်တင်လေယာဉ်တစ်စင်းသည် Ronald Reagan Washington National Airport (DCA) အနီးတွင် အမေရိကန်စစ်တပ်ရဟတ်ယာဉ်တစ်စင်းနှင့် လေထဲတွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။
အမေရိကန်လေကြောင်းလိုင်း Flight 5342 အဖြစ် လည်ပတ်နေသော PSA လေကြောင်းလိုင်း Bombardier CRJ700 အမျိုးအစား ခရီးသည်တင်လေယာဉ်သည် Reagan National လေဆိပ်၏ ပြေးလမ်း(၃၃)ကို ချဉ်းကပ်လာချိန်အတွင်း Sikorsky H-60 ရဟတ်ယာဉ်တစ်စင်းနှင့် ည(၉)နာရီအချိန်တွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဖက်ဒရယ်လေကြောင်းလိုင်း အုပ်ချုပ်ရေးအဖွဲ့(FAA) က အတည်ပြုထားသည်။
ခရီးသည်တင်လေယာဉ်တင်လေယာဉ်ပေါ်တွင် ခရီးသည် ၆၄ ဦးနှင့် စစ်ဘက်သုံးရဟတ်ယာဉ်တွင် သုံးဦး လိုက်ပါသွားခဲ့ ပြီး စုစုပေါင်း ၆၇ ဦးစလုံး အသက်ရှင်ဖို့ အလားလာနည်းနေကြောင်း သိရသည်။ အမေရိကန်မီးသတ်ဌာနမှ အကြီးအကဲ တစ်ဦးဖြစ်တဲ့ ဂျွန်ဒွန်နယ်လီက "ကျွန်တော်အမြင်တော့ အသက်ရှင်ကျန်ရစ်မယ့်သူရှိမယ် မထင်ဘူး။ လက်ရှိ အချိန်အထိတော့ ခရီးသည်တင်လေယာဉ်ပေါ်မှာလိုက်ပါလာသူတွေထဲက ၂၇ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိ ထားသလို စစ်ဘက်သုံးရဟတ်ယာဉ်ပေါ်လိုက်လာသူ သုံးဦးအနက် တစ်ဦးရဲ့ရုပ်အလောင်းကို ပြန်တွေ့ထားတယ်" ဟု ပြောသည်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ရဟတ်ယာဉ်နှင့်ခရီးသည်တင်လေယာဉ်တို့ တိုက်မိမှုကြောင့် ပျောက်ဆုံးနေသူများ ရုပ်အလောင်းကိုရှာဖွေနေသော်လည်း အသက်ရှင်ကျန်ရစ်သူများကို တွေ့မြင်ရခြင်းမျိုးမရှိသေးကြောင်း ပြောသည်။ အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်ကတော့ စစ်ဘက်သုံးရဟတ်ယာဉ်နှင့်ခရီးသည်တင် လေယာဉ်တိုက်မိမှုနှင့် ပတ်သက်ပြီး လေကြောင်း အချက်ပြတာဝါကို ဝေဖန်ပြစ်တင်ထားပြီး အချက်ပြတာဝါက စစ်ဘက်သုံးရဟတ်ယာဉ်ကို အချက်ပြရန်ပျက်ကွက်ခဲ့ကြောင်း ပြောသည်။
အဆိုပါခရီးသည်တင်လေယာဉ်နှင့် စစ်ဘက်သုံးရဟတ်ယာဉ်တိုက်မိမှုသည် အမေရိကန်နိုင်ငံတွင် ၂၀၀၁ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်းလေကြောင်း ဆိုင်ရာအက်ဆီဒန့်ကြောင့် ထိခိုက်ပျက်စီးမှုများအတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင်ပြီးခဲ့သော ၂၀၀၁ ခုနှစ် နိုဝင်ဘာလတုန်းက လေယာဉ်ပျက်ကျခဲ့ရာ ခရီးသည် ၂၆ဝ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version:
အေမရိကန္ႏိုင္ငံတြင္ ခရီးသည္တင္ေလယာဥ္ ႏွင့္ စစ္ဘက္သုံးရဟတ္ယာဥ္တိုက္မိမႈေၾကာင့္ လိုက္ပါသြားသူအားလုံး ေသဆုံးဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃၁

အေမရိကန္ႏိုင္ငံတြင္ ဇန္နဝါရီ ၃ဝ ရက္က ခရီးသည္တင္ေလယာဥ္တစ္စီး ႏွင့္ စစ္ဘက္သုံးရဟတ္ယာဥ္တစ္စီးတို႔ ေလထဲတြင္တိုက္မိခဲ့ရာ ပ်က္က်ခဲ့ၿပီး လူအားလုံးေသဆုံးဖြယ္ရွိေနေၾကာင္း သိရသည္။ အေမရိကန္ေလေၾကာင္းလိုင္း၏ ကုမၸဏီခြဲတစ္ခုက လည္ပတ္ေနေသာေဒသဆိုင္ရာခရီးသည္တင္ေလယာဥ္တစ္စင္းသည္ Ronald Reagan Washington National Airport (DCA) အနီးတြင္ အေမရိကန္စစ္တပ္ရဟတ္ယာဥ္တစ္စင္းႏွင့္ ေလထဲတြင္ တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္အာဏာပိုင္မ်ားက သတင္းထုတ္ျပန္ထားသည္။
အေမရိကန္ေလေၾကာင္းလိုင္း Flight 5342 အျဖစ္ လည္ပတ္ေနေသာ PSA ေလေၾကာင္းလိုင္း Bombardier CRJ700 အမ်ိဳးအစား ခရီးသည္တင္ေလယာဥ္သည္ Reagan National ေလဆိပ္၏ ေျပးလမ္း(၃၃)ကို ခ်ဥ္းကပ္လာခ်ိန္အတြင္း Sikorsky H-60 ရဟတ္ယာဥ္တစ္စင္းႏွင့္ ည(၉)နာရီအခ်ိန္တြင္ တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း ဖက္ဒရယ္ေလေၾကာင္းလိုင္း အုပ္ခ်ဳပ္ေရးအဖြဲ႕(FAA) က အတည္ျပဳထားသည္။
ခရီးသည္တင္ေလယာဥ္တင္ေလယာဥ္ေပၚတြင္ ခရီးသည္ ၆၄ ဦးႏွင့္ စစ္ဘက္သုံးရဟတ္ယာဥ္တြင္ သုံးဦး လိုက္ပါသြားခဲ့ ၿပီး စုစုေပါင္း ၆၇ ဦးစလုံး အသက္ရွင္ဖို႔ အလားလာနည္းေနေၾကာင္း သိရသည္။ အေမရိကန္မီးသတ္ဌာနမွ အႀကီးအကဲ တစ္ဦးျဖစ္တဲ့ ဂြၽန္ဒြန္နယ္လီက "ကြၽန္ေတာ္အျမင္ေတာ့ အသက္ရွင္က်န္ရစ္မယ့္သူရွိမယ္ မထင္ဘူး။ လက္ရွိ အခ်ိန္အထိေတာ့ ခရီးသည္တင္ေလယာဥ္ေပၚမွာလိုက္ပါလာသူေတြထဲက ၂၇ ဦးရဲ႕ ႐ုပ္အေလာင္းကို ျပန္လည္ေတြ႕ရွိ ထားသလို စစ္ဘက္သုံးရဟတ္ယာဥ္ေပၚလိုက္လာသူ သုံးဦးအနက္ တစ္ဦးရဲ႕႐ုပ္အေလာင္းကို ျပန္ေတြ႕ထားတယ္" ဟု ေျပာသည္။
ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မ်ားသည္ ရဟတ္ယာဥ္ႏွင့္ခရီးသည္တင္ေလယာဥ္တို႔ တိုက္မိမႈေၾကာင့္ ေပ်ာက္ဆုံးေနသူမ်ား ႐ုပ္အေလာင္းကိုရွာေဖြေနေသာ္လည္း အသက္ရွင္က်န္ရစ္သူမ်ားကို ေတြ႕ျမင္ရျခင္းမ်ိဳးမရွိေသးေၾကာင္း ေျပာသည္။ အေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္ကေတာ့ စစ္ဘက္သုံးရဟတ္ယာဥ္ႏွင့္ခရီးသည္တင္ ေလယာဥ္တိုက္မိမႈႏွင့္ ပတ္သက္ၿပီး ေလေၾကာင္း အခ်က္ျပတာဝါကို ေဝဖန္ျပစ္တင္ထားၿပီး အခ်က္ျပတာဝါက စစ္ဘက္သုံးရဟတ္ယာဥ္ကို အခ်က္ျပရန္ပ်က္ကြက္ခဲ့ေၾကာင္း ေျပာသည္။
အဆိုပါခရီးသည္တင္ေလယာဥ္ႏွင့္ စစ္ဘက္သုံးရဟတ္ယာဥ္တိုက္မိမႈသည္ အေမရိကန္ႏိုင္ငံတြင္ ၂၀၀၁ ခုႏွစ္ ႏိုဝင္ဘာလ ေနာက္ပိုင္းေလေၾကာင္း ဆိုင္ရာအက္ဆီဒန႔္ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားအတြင္း အဆိုး႐ြားဆုံးျဖစ္ခဲ့ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕တြင္ၿပီးခဲ့ေသာ ၂၀၀၁ ခုႏွစ္ ႏိုဝင္ဘာလတုန္းက ေလယာဥ္ပ်က္က်ခဲ့ရာ ခရီးသည္ ၂၆ဝ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.