အရင်တစ်ခါနေလာခဲ့သည့်ဘဝကို ပြန်လိုချင်မိသည်

 176

ဇင်မိုး (NP News) - ဖေဖော်ဝါရီ ၁

မီးလာပြီ။ မဇင်အတွက်တော့ အခုရက်ပိုင်း မီးလာတိုင်းမပျော်နိုင်တော့တာ ကြာပြီဖြစ်သည်။ ချက်ရ ပြုတ်ရမည့် ထမင်းဟင်းတွေ၊ လျှော်ရဖွပ်ရမည့် လင်ယောကျာ်းနှင့် သမီးဖြစ်သူအပါအဝင် သုံးယောက်စာ အဝတ်အစားတွေ၊ ရေတင်ရမည့်အလုပ်တွေ၊ မီးပူတိုက်ရမယ့်အဝတ်တွေ၊ အလုပ်တွေ အလုပ်တွေ။ တွေးရင်းနှင့် ဆန်ကို အရင်ဆေးသည်။ ဆန်ဆေးပြီး ပေါင်းအိုးမီးပလပ်ထိုးပြီးသည်နှင့် ရေမော်တာ မိန်း တင်လိုက်သည်။ ကြိုတင်လှီးချွတ်ထားသည့် ဟင်း ချက်စရာများနှင့် ဒယ်နီကို ဆီသတ်နေစဉ်မှာပင် (၁၅)မိနစ်ခန့်သာလာသေးသောမီးက ပြန်ပျက်သွား ပြန်သည်။ ပြောသံကြားသည်ကတော့ မီးလာချိန် အိမ်တွေကဝိုင်းဆွဲလို့ လျှပ်စစ်ရုံးက ဘရေကာ ကျသည်ဟု ပြောသည်။ ချက်ချင်းပင် သတိရလိုက်သည်။ ယောကျာ်းလုပ်သူကပ်ပေးထားသော နံရံရှိ မီးလာမီး ပျက်ဇယားကိုပြေးကြည့်မိသည်။ ဒီညက မီးပျက်ရက် ဟုဖတ်ရသည်။ အားသွင်းမီးလုံးလေးတွေကို အား သွင်းရန်ပြင်ထားလိုက်သည်။
မီးသာ ပြန်မလာလျှင်တော့ တင်ထားသည့်ထမင်း အိုးက ဟိုတစ်နေ့ကလိုပစ်ရဦးမည်။ လက်ရှိဆန်ဈေး နှင့်ဆိုသည့်အတွေးက အလုပ်လုပ်နေရင်းရင်မောရ သည်။ ဟော မီးပြန်လာပြီ။ ဟင်းချက်မည့်ကိုဆက်လုပ် ရင်း ရသည့်မီးလာချိန်လေးကို လေးနာရီ အပြည့်လာ ပါစေဟု တစ်ယောက်တည်း ကြိတ်ဆုတောင်းနေမိ သည်။ ရသည့်အချိန်လေးအတွင်း အလုပ်ပြီးဖို့ အဝတ်လျှော်စက်ကို ရေဖြည့်ရသည်။ ယောကျာ်း အဝတ်အစားသတ်သတ် တစ်ခေါက်လျှော်ပြီးမှ သူနှင့်သမီး၏အဝတ်အစားများကို နောက်တစ်ကြိမ် ထပ်လျှော်ရသည်။ အခုမှသတိရသည်။ ဖုန်းနဲ့ ပါဝါ ဘန့်ကို အားသွင်းရအုံးမည်။ သတိရတုန်း အိမ်ရှေ့ ခန်းသွားပြီး အားသွင်းစရာရှိတာကို အားသွင်းထား လိုက်သည်။
အရင်အချိန်တွေကဆို အခုလို နေ့လယ်တစ်နာ ရီဆိုတာ မဇင်အတွက်က အိမ်အလုပ်တွေအကုန်ပြီး လို့ စာဖတ်ချင်ဖတ် မဖတ်ချင်လျှင် ယူကျုက ကိုယ် ဝါသနာပါသည့် စက်ချုပ်နည်းများကိုထိုင်ကြည့်၊ မကြည့်ချင်လျှင် တစ်ရေးတစ်မောအိပ်ပြီးမှ ညနေ စောင်းမှ လှန်းထားသောအဝတ်များကို ရုပ်၊ ခေါက်ထား။ ညဘက် မိသားစုထမင်းဝိုင်းပြီးမှ မီးပူတိုက်။သာသာယာယာကို ဖြစ်ခဲ့သည်။ မ‌ဝေးခဲ့သေးသည့် အတိတ်ကို ပြန်လွမ်းမိသေးသည်။
ယခုတော့ မီးမလာချိန်တွင်လည်း မီးမလိုသည့် အိမ်မှုကိစ္စများကို တရစပ်လုပ်နေရသကဲ့သို့ အပြင် ထွက်ဝယ်ခြမ်းရတာတွေကိုလည်း နာရီကြည့်ပြီး လုပ် နေရသည်။ ပုံမှန်ဈေးသွားလျှင် လမ်းလျှောက်သွား သော်လည်း မီလာချိန်လွတ်သွားမည်စိုး၍ ပိုက်ဆံ အပိုကုန်ခံပြီး ဆိုက်တွဲငှားသွားရသည်။ အချိန်ကို သိချင်လွန်း၍ အပျိုဘဝက နာရီကိုတောင် အခုပြန် ထုတ်ပတ်ထားရသည်။ ဖုန်းမှာ အချိန်ကြည့်လို့ရသော် လည်း ယခုလိုကာလကြီးတွင် ဖုန်းကို လက်ကကိုင် မသွားရဲ။
ဟော ပြောရင်းနှင့် ရေပြည့်သံကြားပြီ၊ ရေမော် တာခလုတ်ကိုပိတ်ရင်း နံရံတွင်ချိတ်ထားသည့် မီတာ စာရွက်ကို ယူကြည့်မိသည်။ ယခင်လတွေကလည်း လေးသောင်းရှစ်ထောင်ကျော် မီးမမှန်သည့် ယခုလ အတွက်ကလည်း လေးသောင်းရှစ်ထောင်ကျော်။ မဇင်မတွေးတတ်တော့ပေ။ ယောကျာ်းလုပ်သူပြန်လာ မှမေးကြည့်ရဦးမည်။ သူကတော့ ဂျာနယ် သတင်းစာတွေ အမြဲဖတ်နေသူဖြစ်တော့ ရှင်းပြနိုင်လောက်မည်။
ဪသာ် မီးပူတွေတိုက်ရဦးမှာပါလား။ ထမင်းတွေ ဟင်းတွေကျက်ပြီမို့ အရည်ဟင်းလေးတစ်ခွက် ထပ် ချက်လိုက်သည်။ ရေနွေးမဆူခင် မီးပူတိုက်ရန်ပြင် ထားလိုက်သည်။ ချဉ်ပေါင်ဟင်းချိုလေးတစ်ခွက် ချက်ပြီးနောက်မှာ တော့ ချက်ရေးပြုတ်ရေးကိစ္စပြီးပြီ ဖြစ်သည်။
ထမင်းဟင်းကျက်သော်လည်း မဇင် မစားနိုင်သေး။ ဗိုက်ကဆာနေပြီဖြစ်သော်လည်း မီးပူတိုက်စရာ များကကျန် နေသေးသည်။ မီးလာတုန်း မီးဖြင့်လုပ်ရ သည်များကို ပြီးအောင်လုပ်မှရမည်။ မပြီးလျှင် နောက်နေ့ အလုပ်များ ပုံသွားမည်။ မီးက အစိုးရသည်မဟုတ်။ မနေ့ကလည်း လာချိန်ကိုမလာဘဲ ပျက်ခါနီးမှ နာရီဝက်လောက် ခဏလာ သွားသည်။ ဒီနေ့လည်း အချိန်မပြည့်ခင်ပျက်သွားနိုင်တာမို့ မီးလာချိန်လေးအ တွင်း လုပ်စရာရှိသည်ကို လုပ်ပြီး ရန်လိုသည်။
မီးမှန်မှန်မလာနိုင်ရခြင်းအကြောင်းကို မီးပူတိုက် နေရင်းစဉ်းစားမိသည်။ သတင်းများတွင်တော့ တွေ့ လိုက်သည်။ လျှပ်စစ်ထုတ်သည့်စက်ရုံများ ပျက်စီး သည်ဟုပြောသည်။ ပျက်တော့ကော ပြင်၍မရတော့ ဘူးလား၊ မပြင်တတ်ကြတာလား၊ မပြင်နိုင်ကြတာ လား မပြောတတ်။
ဘာပဲပြောပြော မီးတော့ ပုံမှန်လာစေချင်သည်။ ဦးစိုင်းထီးဆိုင်ကြီးဆိုခဲ့သလို မင်းနဲ့မဟုတ်ဘဲ မီးနဲ့ အရင်လိုဘဝမျိုး ရောက်ချင်သည်။ မီးနဲ့အရင်တစ်ခါ နေလာခဲ့တဲ့ဘဝကို ပြန်နေချင်သေးတယ်ဆိုပြီး စိတ် ပြေလက်ပျောက် ခပ်တိုးတိုးညည်းချင်မိသေးသည်။
မီးပုံမှန်မလာခြင်းကြောင့် အိမ်ရှင်မတို့၏ အပူ၊ နိစ္စဒူဝ လုပ်ငန်းစဉ်ကိုက ရုပ်ချည်းပြောင်းသွားတာဆိုတော့ မဇင်တို့လိုအိမ်ရှင်မတွေအတွက်က ကလင်ဒါမှားကုန် သည့်အဖြစ်ကို ရောက်ကုန်သည့်အတွက် ဖြစ်သည်။
နေ့ညတွေလည်း မှားကုန်သည်။ အိပ်ရမည့်အချိန်လည်း မီးလာတာစောင့်ပြီး ရေမောင်းရသည်။ အဝတ်လျှော် ရသည်။ ဟင်းနွေးရသည်။ ထမင်းအိုး တည်ရသည်။ မီးလာရမည့်အချိန်မှာ မီးမလာလို့လည်း သောကပွေရသေးသည်။ တစ်ရက်တည်းမဟုတ်၊ နေ့စဉ်ရက်ဆက်ဆိုတော့ အိပ်ရေးမဝသဖြင့် ကျန်းမာရေး ကဖောက်ချင်လာသည်။ လွန်ခဲ့သည့် နှစ်ရက်လောက် ကပင် ရိပ်တိပ်ရိပ်တိပ်မူးနေသဖြင့် လမ်းထိပ်ကဆေး ခန်းတွင် အကြောဆေးသွားသွင်း လိုက်ရ သေးသည်။ အပိုငွေ တစ်သောင်းကျော်ထွက်သွားသည်။
မီးမလာ၍ကြုံရသည့်ဒုက္ခများထဲ နှမြောမိဆုံး အရာကတော့ ရေခဲသေတ္တာထဲကအသားငါးတွေကို အကြိမ်ကြိမ်လွှတ်ပစ်ခဲ့ရသည့်အဖြစ်များပင်ဖြစ်သည်။ အကျက်မညီသည့်ထမင်းများကိုလည်း နှမြောပြီး ခဏခဏမျို ချခဲ့ရသည်။ ခေတ်ကျပ်ကြီးထဲ ချွေတာသုံးနေရချိန်မှာမှ မီးသွေးဝယ်ရသလို အပိုကုန် ကျမှုတွေက အမည်များ လွန်းလှသည်။ သရေစာဆို သည်ကိုပင် ဘာမှန်းမသိတော့ပေ။
ယခင်ကဆိုလျှင် သန့်ရှင်းတောက်ပြောင်နေခဲ့ သည့်မီးဖိုခန်းက မီးသွေးမီးဖိုကျေးဇူးကြောင့် ညစ်နွမ်း နေလေသည်။ ဂက်စ်မီးဖိုနှင့်ကလည်း ဂက်စ်တစ်ဘူး နှစ်ထောင်ခန့်ဖြစ်နေပြီဖြစ်၍ တစ်ခါတစ်ရံ အရေးကြီး မှသာသုံးဖြစ်သည်။ မီးလာသည်ထိုင်စောင့်ရင်း ကိုယ့် ကိုယ်ကိုယ် မလုံမလဲတွေးမိသေးသည်။ သမ္မတကြီး ဦးသိန်းစိန် လက်ထက် မီးတွေပိုမိုရရှိဖို့အတွက် ရေအားလျှပ်စစ်စီမံကိန်းတွေ၊ ကျောက်မီးသွေးသုံးဓာတ် အားပေးစက်ရုံတွေ လုပ်မည်ဟုဆိုတုန်းက ဆန္ဒပြပွဲ တွေလုပ်ခဲ့စဉ် ဘာမသိညာမသိ မဇင်တို့သူငယ်ချင်းတွေ လိုက်ပါဆန္ဒပြဖူးခဲ့သည်။ ယခုတော့ ကိုယ့်ထိုက် နဲ့ကိုယ့်ကံပဲ။ ဘယ်သူမပြု မိမိအမှုလို့သာ ကြိတ်ဖြေရ မည်ထင်သည်။
ထိုအချိန်ကသာ အေးအေးလူလူ နေခဲ့ကြလျှင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ယခုအချိန်ဆို ရန်ကုန်တွင် နေ့ညမရွေး လျှပ်စစ်မီးရ နေလောက်ပြီဖြစ်သည်။ ယခုတော့ အမှောင်ထဲနေရ သည့်ဒုက္ခကို ကြိတ်မှိတ်ခံစားရုံမှတစ်ပါး မည်သို့မျှမ တတ်နိုင်တော့ သည်အခြေအနေကိုရောက်ရတော့ သည်။
ယခုအချိန်တွင်တော့ ညအစောပိုင်းပင် အပြင် ထွက်ရန်ကိုပင် ဝန်လေးနေမိသည်။ မီးမလာသည့်အ တွက် လမ်းမီးတွေကမှောင်သည်။ လုသည့်ဝှက်သည့် သတင်းတွေက မကြာခဏကြားနေရသည်။ လွန်ခဲ့ သည့်တစ်ပတ် လောက်ကပင် မဇင်တို့နားက အငှား ကားဆရာတစ်ဦး လည်ပင်းကိုဓားဖြင့်အလှီးခံရ၍ သေဆုံးခဲ့ရသည်။ ညအချိန် ခပ်စောစောဖြစ်သော်လည်း မီးမှောင်နေ၍ တရားခံမည်သူမှန်းမသိလိုက်ဟု အခင်းဖြစ်သည့်နေရာမှာ ရှိနေသူများက ဆိုသည်။ ညဉ့်နက်ပိုင်းတွေဆိုလည်း မီးမှောင်သဖြင့် သူခိုးပူ သည်။ တိုက်ခန်းရှေ့ရေမြောင်းအဖုံးကိုပင် ခိုးယူ သည်အထိ အမှောင်အားကိုး၍ အတင့်ရဲလာကြသည်။ ရပ်ကွက်ထဲရှိလူတွေက တစ်ခါတစ်ရံဝိုင်းဖမ်း၍ ရဲ လက်အပ်လိုက်သော်လည်း မကြာခင်ရပ်ကွက်ထဲတွင် ပြန်တွေ့ရပြန်သည်။ ညဆိုရင်လည်း နံနက် သုံးနာရီခန့်ဆို သူခိုးများ အုပ်စုလိုက် သွားလာနေသည်ကို မီးလာလျှင် ရေမောင်းရန်စောင့်နေရင်း တိုက်ခန်းဝရန် တာမှ အတိုင်းသားမြင်နေရသည်။
ယခုလည်း ည (၇) နာရီမထိုးမီ သမီးကို ကားမှတ်တိုင်တွင် သွားစောင့်ရဦးမည်။ သမီးမိန်းကလေးမို့ ဂရုစိုက်ရသည့်အပြင် လတ်တလော လမ်းမီးများမလာ၍ မှတ်တိုင်မှအိမ်အထိအပြန်ခရီးကို စိတ်မချရသဖြင့် နေ့စဉ်သွား ကြိုရခြင်းဖြစ်သည်။ သမီးပြန်လာတော့ လည်း မီးနှင့်ပတ်သက်သည့်သတင်းတစ်ခု ကြားပြန် သည်။ ကောင်းသတင်း တော့မဟုတ်၊ မီးတွေပျက် တာကြောင့် လိုင်းကားတွေ ဂက်စ်တန်းစီနေကြသဖြင့် အောက်ဆိုက်ကား စီးပြန်လာရ သည်ဟုပြောသည်။
ဖြစ်ကံကြုံသေးသည်။ အိမ်ဦးနတ်ကြီးက ည (၉) နာရီလောက်ပြန်လာတော့ ထမင်းခူးခပ်ကျွေးပြီး မဇင်က ဘေးမှာထိုင်ကြည့်နေစဉ် ဆရာသမားက “အရည်ဟင်းတွေကအေးနေတာပဲ ထမင်းကလည်း မပူဘူး”ဆိုပြီး ခပ်ထွေ ထွေနဲ့မေးလာသည်။ ဘာမှမဖြေဘဲ မဇင် ဒီအတိုင်းသာနေလိုက်တော့သည်။ ကလေးအတွေးဟု ထင်ချင် ထင်ကြလိမ့်မည်။ မဇင်တို့ကလေး ဘဝကလိုပင် မီးလာလျှင် ဟေး....ဟု ပျော်ပျော်ရွှင်ရွှင် အော်ဟစ်ခဲ့ရသောဘဝမျိုးကို မြန်မြန်ပြန်ရောက်စေချင်တော့သည်။ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုပါလျှင် မီးလာ၍ပျော်ရသူသာ ပြန်ဖြစ်ချင်ပါသည် ဟုသာ အရင်တစ်ခါနေလာခဲ့သည့်ဘဝကို မဇင် ဆုတောင်း မိမည်ဖြစ်တော့သည်။

Zawgyi Version:
အရင္တစ္ခါေနလာခဲ့သည့္ဘဝကို ျပန္လိုခ်င္မိသည္
ဇင္မိုး (NP News) - ေဖေဖာ္ဝါရီ ၁

မီးလာၿပီ။ မဇင္အတြက္ေတာ့ အခုရက္ပိုင္း မီးလာတိုင္းမေပ်ာ္ႏိုင္ေတာ့တာ ၾကာၿပီျဖစ္သည္။ ခ်က္ရ ျပဳတ္ရမည့္ ထမင္းဟင္းေတြ၊ ေလွ်ာ္ရဖြပ္ရမည့္ လင္ေယာက်ာ္းႏွင့္ သမီးျဖစ္သူအပါအဝင္ သုံးေယာက္စာ အဝတ္အစားေတြ၊ ေရတင္ရမည့္အလုပ္ေတြ၊ မီးပူတိုက္ရမယ့္အဝတ္ေတြ၊ အလုပ္ေတြ အလုပ္ေတြ။ ေတြးရင္းႏွင့္ ဆန္ကို အရင္ေဆးသည္။ ဆန္ေဆးၿပီး ေပါင္းအိုးမီးပလပ္ထိုးၿပီးသည္ႏွင့္ ေရေမာ္တာ မိန္း တင္လိုက္သည္။ ႀကိဳတင္လွီးခြၽတ္ထားသည့္ ဟင္း ခ်က္စရာမ်ားႏွင့္ ဒယ္နီကို ဆီသတ္ေနစဥ္မွာပင္ (၁၅)မိနစ္ခန႔္သာလာေသးေသာမီးက ျပန္ပ်က္သြား ျပန္သည္။ ေျပာသံၾကားသည္ကေတာ့ မီးလာခ်ိန္ အိမ္ေတြကဝိုင္းဆြဲလို႔ လွ်ပ္စစ္႐ုံးက ဘေရကာ က်သည္ဟု ေျပာသည္။ ခ်က္ခ်င္းပင္ သတိရလိုက္သည္။ ေယာက်ာ္းလုပ္သူကပ္ေပးထားေသာ နံရံရွိ မီးလာမီး ပ်က္ဇယားကိုေျပးၾကည့္မိသည္။ ဒီညက မီးပ်က္ရက္ ဟုဖတ္ရသည္။ အားသြင္းမီးလုံးေလးေတြကို အား သြင္းရန္ျပင္ထားလိုက္သည္။
မီးသာ ျပန္မလာလွ်င္ေတာ့ တင္ထားသည့္ထမင္း အိုးက ဟိုတစ္ေန႔ကလိုပစ္ရဦးမည္။ လက္ရွိဆန္ေဈး ႏွင့္ဆိုသည့္အေတြးက အလုပ္လုပ္ေနရင္းရင္ေမာရ သည္။ ေဟာ မီးျပန္လာၿပီ။ ဟင္းခ်က္မည့္ကိုဆက္လုပ္ ရင္း ရသည့္မီးလာခ်ိန္ေလးကို ေလးနာရီ အျပည့္လာ ပါေစဟု တစ္ေယာက္တည္း ႀကိတ္ဆုေတာင္းေနမိ သည္။ ရသည့္အခ်ိန္ေလးအတြင္း အလုပ္ၿပီးဖို႔ အဝတ္ေလွ်ာ္စက္ကို ေရျဖည့္ရသည္။ ေယာက်ာ္း အဝတ္အစားသတ္သတ္ တစ္ေခါက္ေလွ်ာ္ၿပီးမွ သူႏွင့္သမီး၏အဝတ္အစားမ်ားကို ေနာက္တစ္ႀကိမ္ ထပ္ေလွ်ာ္ရသည္။ အခုမွသတိရသည္။ ဖုန္းနဲ႔ ပါဝါ ဘန႔္ကို အားသြင္းရအုံးမည္။ သတိရတုန္း အိမ္ေရွ႕ ခန္းသြားၿပီး အားသြင္းစရာရွိတာကို အားသြင္းထား လိုက္သည္။
အရင္အခ်ိန္ေတြကဆို အခုလို ေန႔လယ္တစ္နာ ရီဆိုတာ မဇင္အတြက္က အိမ္အလုပ္ေတြအကုန္ၿပီး လို႔ စာဖတ္ခ်င္ဖတ္ မဖတ္ခ်င္လွ်င္ ယူက်ဳက ကိုယ္ ဝါသနာပါသည့္ စက္ခ်ဳပ္နည္းမ်ားကိုထိုင္ၾကည့္၊ မၾကည့္ခ်င္လွ်င္ တစ္ေရးတစ္ေမာအိပ္ၿပီးမွ ညေန ေစာင္းမွ လွန္းထားေသာအဝတ္မ်ားကို ႐ုပ္၊ ေခါက္ထား။ ညဘက္ မိသားစုထမင္းဝိုင္းၿပီးမွ မီးပူတိုက္။သာသာယာယာကို ျဖစ္ခဲ့သည္။ မ‌ေဝးခဲ့ေသးသည့္ အတိတ္ကို ျပန္လြမ္းမိေသးသည္။
ယခုေတာ့ မီးမလာခ်ိန္တြင္လည္း မီးမလိုသည့္ အိမ္မႈကိစၥမ်ားကို တရစပ္လုပ္ေနရသကဲ့သို႔ အျပင္ ထြက္ဝယ္ျခမ္းရတာေတြကိုလည္း နာရီၾကည့္ၿပီး လုပ္ ေနရသည္။ ပုံမွန္ေဈးသြားလွ်င္ လမ္းေလွ်ာက္သြား ေသာ္လည္း မီလာခ်ိန္လြတ္သြားမည္စိုး၍ ပိုက္ဆံ အပိုကုန္ခံၿပီး ဆိုက္တြဲငွားသြားရသည္။ အခ်ိန္ကို သိခ်င္လြန္း၍ အပ်ိဳဘဝက နာရီကိုေတာင္ အခုျပန္ ထုတ္ပတ္ထားရသည္။ ဖုန္းမွာ အခ်ိန္ၾကည့္လို႔ရေသာ္ လည္း ယခုလိုကာလႀကီးတြင္ ဖုန္းကို လက္ကကိုင္ မသြားရဲ။
ေဟာ ေျပာရင္းႏွင့္ ေရျပည့္သံၾကားၿပီ၊ ေရေမာ္ တာခလုတ္ကိုပိတ္ရင္း နံရံတြင္ခ်ိတ္ထားသည့္ မီတာ စာ႐ြက္ကို ယူၾကည့္မိသည္။ ယခင္လေတြကလည္း ေလးေသာင္းရွစ္ေထာင္ေက်ာ္ မီးမမွန္သည့္ ယခုလ အတြက္ကလည္း ေလးေသာင္းရွစ္ေထာင္ေက်ာ္။ မဇင္မေတြးတတ္ေတာ့ေပ။ ေယာက်ာ္းလုပ္သူျပန္လာ မွေမးၾကည့္ရဦးမည္။ သူကေတာ့ ဂ်ာနယ္ သတင္းစာေတြ အၿမဲဖတ္ေနသူျဖစ္ေတာ့ ရွင္းျပႏိုင္ေလာက္မည္။
ဪသာ္ မီးပူေတြတိုက္ရဦးမွာပါလား။ ထမင္းေတြ ဟင္းေတြက်က္ၿပီမို႔ အရည္ဟင္းေလးတစ္ခြက္ ထပ္ ခ်က္လိုက္သည္။ ေရေႏြးမဆူခင္ မီးပူတိုက္ရန္ျပင္ ထားလိုက္သည္။ ခ်ဥ္ေပါင္ဟင္းခ်ိဳေလးတစ္ခြက္ ခ်က္ၿပီးေနာက္မွာ ေတာ့ ခ်က္ေရးျပဳတ္ေရးကိစၥၿပီးၿပီ ျဖစ္သည္။
ထမင္းဟင္းက်က္ေသာ္လည္း မဇင္ မစားႏိုင္ေသး။ ဗိုက္ကဆာေနၿပီျဖစ္ေသာ္လည္း မီးပူတိုက္စရာ မ်ားကက်န္ ေနေသးသည္။ မီးလာတုန္း မီးျဖင့္လုပ္ရ သည္မ်ားကို ၿပီးေအာင္လုပ္မွရမည္။ မၿပီးလွ်င္ ေနာက္ေန႔ အလုပ္မ်ား ပုံသြားမည္။ မီးက အစိုးရသည္မဟုတ္။ မေန႔ကလည္း လာခ်ိန္ကိုမလာဘဲ ပ်က္ခါနီးမွ နာရီဝက္ေလာက္ ခဏလာ သြားသည္။ ဒီေန႔လည္း အခ်ိန္မျပည့္ခင္ပ်က္သြားႏိုင္တာမို႔ မီးလာခ်ိန္ေလးအ တြင္း လုပ္စရာရွိသည္ကို လုပ္ၿပီး ရန္လိုသည္။
မီးမွန္မွန္မလာႏိုင္ရျခင္းအေၾကာင္းကို မီးပူတိုက္ ေနရင္းစဥ္းစားမိသည္။ သတင္းမ်ားတြင္ေတာ့ ေတြ႕ လိုက္သည္။ လွ်ပ္စစ္ထုတ္သည့္စက္႐ုံမ်ား ပ်က္စီး သည္ဟုေျပာသည္။ ပ်က္ေတာ့ေကာ ျပင္၍မရေတာ့ ဘူးလား၊ မျပင္တတ္ၾကတာလား၊ မျပင္ႏိုင္ၾကတာ လား မေျပာတတ္။
ဘာပဲေျပာေျပာ မီးေတာ့ ပုံမွန္လာေစခ်င္သည္။ ဦးစိုင္းထီးဆိုင္ႀကီးဆိုခဲ့သလို မင္းနဲ႔မဟုတ္ဘဲ မီးနဲ႔ အရင္လိုဘဝမ်ိဳး ေရာက္ခ်င္သည္။ မီးနဲ႔အရင္တစ္ခါ ေနလာခဲ့တဲ့ဘဝကို ျပန္ေနခ်င္ေသးတယ္ဆိုၿပီး စိတ္ ေျပလက္ေပ်ာက္ ခပ္တိုးတိုးညည္းခ်င္မိေသးသည္။
မီးပုံမွန္မလာျခင္းေၾကာင့္ အိမ္ရွင္မတို႔၏ အပူ၊ နိစၥဒူဝ လုပ္ငန္းစဥ္ကိုက ႐ုပ္ခ်ည္းေျပာင္းသြားတာဆိုေတာ့ မဇင္တို႔လိုအိမ္ရွင္မေတြအတြက္က ကလင္ဒါမွားကုန္ သည့္အျဖစ္ကို ေရာက္ကုန္သည့္အတြက္ ျဖစ္သည္။
ေန႔ညေတြလည္း မွားကုန္သည္။ အိပ္ရမည့္အခ်ိန္လည္း မီးလာတာေစာင့္ၿပီး ေရေမာင္းရသည္။ အဝတ္ေလွ်ာ္ ရသည္။ ဟင္းေႏြးရသည္။ ထမင္းအိုး တည္ရသည္။ မီးလာရမည့္အခ်ိန္မွာ မီးမလာလို႔လည္း ေသာကေပြရေသးသည္။ တစ္ရက္တည္းမဟုတ္၊ ေန႔စဥ္ရက္ဆက္ဆိုေတာ့ အိပ္ေရးမဝသျဖင့္ က်န္းမာေရး ကေဖာက္ခ်င္လာသည္။ လြန္ခဲ့သည့္ ႏွစ္ရက္ေလာက္ ကပင္ ရိပ္တိပ္ရိပ္တိပ္မူးေနသျဖင့္ လမ္းထိပ္ကေဆး ခန္းတြင္ အေၾကာေဆးသြားသြင္း လိုက္ရ ေသးသည္။ အပိုေငြ တစ္ေသာင္းေက်ာ္ထြက္သြားသည္။
မီးမလာ၍ႀကဳံရသည့္ဒုကၡမ်ားထဲ ႏွေျမာမိဆုံး အရာကေတာ့ ေရခဲေသတၱာထဲကအသားငါးေတြကို အႀကိမ္ႀကိမ္လႊတ္ပစ္ခဲ့ရသည့္အျဖစ္မ်ားပင္ျဖစ္သည္။ အက်က္မညီသည့္ထမင္းမ်ားကိုလည္း ႏွေျမာၿပီး ခဏခဏမ်ိဳ ခ်ခဲ့ရသည္။ ေခတ္က်ပ္ႀကီးထဲ ေခြၽတာသုံးေနရခ်ိန္မွာမွ မီးေသြးဝယ္ရသလို အပိုကုန္ က်မႈေတြက အမည္မ်ား လြန္းလွသည္။ သေရစာဆို သည္ကိုပင္ ဘာမွန္းမသိေတာ့ေပ။
ယခင္ကဆိုလွ်င္ သန႔္ရွင္းေတာက္ေျပာင္ေနခဲ့ သည့္မီးဖိုခန္းက မီးေသြးမီးဖိုေက်းဇူးေၾကာင့္ ညစ္ႏြမ္း ေနေလသည္။ ဂက္စ္မီးဖိုႏွင့္ကလည္း ဂက္စ္တစ္ဘူး ႏွစ္ေထာင္ခန႔္ျဖစ္ေနၿပီျဖစ္၍ တစ္ခါတစ္ရံ အေရးႀကီး မွသာသုံးျဖစ္သည္။ မီးလာသည္ထိုင္ေစာင့္ရင္း ကိုယ့္ ကိုယ္ကိုယ္ မလုံမလဲေတြးမိေသးသည္။ သမၼတႀကီး ဦးသိန္းစိန္ လက္ထက္ မီးေတြပိုမိုရရွိဖို႔အတြက္ ေရအားလွ်ပ္စစ္စီမံကိန္းေတြ၊ ေက်ာက္မီးေသြးသုံးဓာတ္ အားေပးစက္႐ုံေတြ လုပ္မည္ဟုဆိုတုန္းက ဆႏၵျပပြဲ ေတြလုပ္ခဲ့စဥ္ ဘာမသိညာမသိ မဇင္တို႔သူငယ္ခ်င္းေတြ လိုက္ပါဆႏၵျပဖူးခဲ့သည္။ ယခုေတာ့ ကိုယ့္ထိုက္ နဲ႔ကိုယ့္ကံပဲ။ ဘယ္သူမျပဳ မိမိအမႈလို႔သာ ႀကိတ္ေျဖရ မည္ထင္သည္။
ထိုအခ်ိန္ကသာ ေအးေအးလူလူ ေနခဲ့ၾကလွ်င္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ယခုအခ်ိန္ဆို ရန္ကုန္တြင္ ေန႔ညမေ႐ြး လွ်ပ္စစ္မီးရ ေနေလာက္ၿပီျဖစ္သည္။ ယခုေတာ့ အေမွာင္ထဲေနရ သည့္ဒုကၡကို ႀကိတ္မွိတ္ခံစား႐ုံမွတစ္ပါး မည္သို႔မွ်မ တတ္ႏိုင္ေတာ့ သည္အေျခအေနကိုေရာက္ရေတာ့ သည္။
ယခုအခ်ိန္တြင္ေတာ့ ညအေစာပိုင္းပင္ အျပင္ ထြက္ရန္ကိုပင္ ဝန္ေလးေနမိသည္။ မီးမလာသည့္အ တြက္ လမ္းမီးေတြကေမွာင္သည္။ လုသည့္ဝွက္သည့္ သတင္းေတြက မၾကာခဏၾကားေနရသည္။ လြန္ခဲ့ သည့္တစ္ပတ္ ေလာက္ကပင္ မဇင္တို႔နားက အငွား ကားဆရာတစ္ဦး လည္ပင္းကိုဓားျဖင့္အလွီးခံရ၍ ေသဆုံးခဲ့ရသည္။ ညအခ်ိန္ ခပ္ေစာေစာျဖစ္ေသာ္လည္း မီးေမွာင္ေန၍ တရားခံမည္သူမွန္းမသိလိုက္ဟု အခင္းျဖစ္သည့္ေနရာမွာ ရွိေနသူမ်ားက ဆိုသည္။ ညဥ့္နက္ပိုင္းေတြဆိုလည္း မီးေမွာင္သျဖင့္ သူခိုးပူ သည္။ တိုက္ခန္းေရွ႕ေရေျမာင္းအဖုံးကိုပင္ ခိုးယူ သည္အထိ အေမွာင္အားကိုး၍ အတင့္ရဲလာၾကသည္။ ရပ္ကြက္ထဲရွိလူေတြက တစ္ခါတစ္ရံဝိုင္းဖမ္း၍ ရဲ လက္အပ္လိုက္ေသာ္လည္း မၾကာခင္ရပ္ကြက္ထဲတြင္ ျပန္ေတြ႕ရျပန္သည္။ ညဆိုရင္လည္း နံနက္ သုံးနာရီခန႔္ဆို သူခိုးမ်ား အုပ္စုလိုက္ သြားလာေနသည္ကို မီးလာလွ်င္ ေရေမာင္းရန္ေစာင့္ေနရင္း တိုက္ခန္းဝရန္ တာမွ အတိုင္းသားျမင္ေနရသည္။
ယခုလည္း ည (၇) နာရီမထိုးမီ သမီးကို ကားမွတ္တိုင္တြင္ သြားေစာင့္ရဦးမည္။ သမီးမိန္းကေလးမို႔ ဂ႐ုစိုက္ရသည့္အျပင္ လတ္တေလာ လမ္းမီးမ်ားမလာ၍ မွတ္တိုင္မွအိမ္အထိအျပန္ခရီးကို စိတ္မခ်ရသျဖင့္ ေန႔စဥ္သြား ႀကိဳရျခင္းျဖစ္သည္။ သမီးျပန္လာေတာ့ လည္း မီးႏွင့္ပတ္သက္သည့္သတင္းတစ္ခု ၾကားျပန္ သည္။ ေကာင္းသတင္း ေတာ့မဟုတ္၊ မီးေတြပ်က္ တာေၾကာင့္ လိုင္းကားေတြ ဂက္စ္တန္းစီေနၾကသျဖင့္ ေအာက္ဆိုက္ကား စီးျပန္လာရ သည္ဟုေျပာသည္။
ျဖစ္ကံႀကဳံေသးသည္။ အိမ္ဦးနတ္ႀကီးက ည (၉) နာရီေလာက္ျပန္လာေတာ့ ထမင္းခူးခပ္ေကြၽးၿပီး မဇင္က ေဘးမွာထိုင္ၾကည့္ေနစဥ္ ဆရာသမားက “အရည္ဟင္းေတြကေအးေနတာပဲ ထမင္းကလည္း မပူဘူး”ဆိုၿပီး ခပ္ေထြ ေထြနဲ႔ေမးလာသည္။ ဘာမွမေျဖဘဲ မဇင္ ဒီအတိုင္းသာေနလိုက္ေတာ့သည္။ ကေလးအေတြးဟု ထင္ခ်င္ ထင္ၾကလိမ့္မည္။ မဇင္တို႔ကေလး ဘဝကလိုပင္ မီးလာလွ်င္ ေဟး....ဟု ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေအာ္ဟစ္ခဲ့ရေသာဘဝမ်ိဳးကို ျမန္ျမန္ျပန္ေရာက္ေစခ်င္ေတာ့သည္။ ဆုေတာင္းတိုင္းသာ ျပည့္မည္ဆိုပါလွ်င္ မီးလာ၍ေပ်ာ္ရသူသာ ျပန္ျဖစ္ခ်င္ပါသည္ ဟုသာ အရင္တစ္ခါေနလာခဲ့သည့္ဘဝကို မဇင္ ဆုေတာင္း မိမည္ျဖစ္ေတာ့သည္။

Related news

© 2021. All rights reserved.