ရာဂီမုန်တိုင်းကြောင့်ဖြစ်ပွားခဲ့သည့် သဘာဝဘေးအတွင်း သေဆုံးခဲ့သူ (၄၄၀)ကျော်အတွက် ငွေကျပ် သန်း(၄၀၀)ကျော် ထောက်ပံ့ပေးခဲ့ဟုဆို
146
ယွန်း (NP News) - ဖေဖော်ဝါရီ ၁
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားခဲ့သည့်သဘာဝဘေးအတွင်း သေဆုံးခဲ့သူ(၄၄၀)ကျော်အတွက် ငွေကျပ်သန်း (၄၀၀)ကျော် ထောက်ပံ့ပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အသိပေးပြောကြားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ(၃၁)ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမတွင်ပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွား သည့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး (၈)ခုရှိ မြို့နယ်(၁၀၆)ခုတွင် ရေကြီးရေလျှံမှု များဖြစ်ပွားခဲ့သည်။
အဆိုပါသဘာဝဘေးအတွင်း သေဆုံးခဲ့ရသူဦးရေ (၄၄၀) ကျော်အတွက် ငွေကျပ် (၄၄၇ ဒသမ ၁) သန်း ထောက်ပံ့ ပေးခဲ့ပြီး လူနေအိမ်ပျက်စီးမှုများအတွက် ငွေကျပ် (၂၁ ဒသမ ၂) ဘီလျံကျော်ကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အခြားထောက်ပံ့ခြင်းများအဖြစ် ငွေကျပ်(၃၈ ဒသမ ၉) ဘီလျံကျော်ကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့သည့်အပြင် လက်ရှိတွင် တိုက်ပွဲရှောင်ပြည်သူများ အင်အားစာရင်းကိုလည်း ပြုစုလျက်ရှိပြီး ထောက်ပံ့ပေးနိုင်ရေး စီစဥ်နေ ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင်သောင်းကျန်းမှုဖြစ်ပွားခြင်း ကြောင့် ပြည်သူများ၏ ဆုံးရှုံးမှုများသည်လည်း သဘာဝဘေးအန္တရာယ်သတ်မှတ်ချက်ထဲတွင် အကျုံးဝင်ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောထားသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် တိုက်ပွဲရှောင်ပြည်သူများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version:
ရာဂီမုန္တိုင္းေၾကာင့္ျဖစ္ပြားခဲ့သည့္ သဘာဝေဘးအတြင္း ေသဆုံးခဲ့သူ (၄၄၀)ေက်ာ္အတြက္ ေငြက်ပ္ သန္း(၄၀၀)ေက်ာ္ ေထာက္ပံ့ေပးခဲ့ဟုဆို
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁
ရာဂီမုန္တိုင္းႏွင့္ဆက္စပ္ျဖစ္ပြားခဲ့သည့္သဘာဝေဘးအတြင္း ေသဆုံးခဲ့သူ(၄၄၀)ေက်ာ္အတြက္ ေငြက်ပ္သန္း (၄၀၀)ေက်ာ္ ေထာက္ပံ့ေပးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က အသိေပးေျပာၾကားသည္။
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဇန္နဝါရီ(၃၁)ရက္တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး အစည္း အေဝးခန္းမတြင္ျပဳလုပ္ခဲ့သည့္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္၊ စက္တင္ဘာလအတြင္းျဖစ္ေပၚခဲ့သည့္ ရာဂီမုန္တိုင္းႏွင့္ ဆက္စပ္ျဖစ္ပြား သည့္ မိုးသည္းထန္စြာ႐ြာသြန္းခဲ့မႈေၾကာင့္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး (၈)ခုရွိ ၿမိဳ႕နယ္(၁၀၆)ခုတြင္ ေရႀကီးေရလွ်ံမႈ မ်ားျဖစ္ပြားခဲ့သည္။
အဆိုပါသဘာဝေဘးအတြင္း ေသဆုံးခဲ့ရသူဦးေရ (၄၄၀) ေက်ာ္အတြက္ ေငြက်ပ္ (၄၄၇ ဒသမ ၁) သန္း ေထာက္ပံ့ ေပးခဲ့ၿပီး လူေနအိမ္ပ်က္စီးမႈမ်ားအတြက္ ေငြက်ပ္ (၂၁ ဒသမ ၂) ဘီလ်ံေက်ာ္ကိုလည္း ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အျခားေထာက္ပံ့ျခင္းမ်ားအျဖစ္ ေငြက်ပ္(၃၈ ဒသမ ၉) ဘီလ်ံေက်ာ္ကိုလည္း ေထာက္ပံ့ေပးႏိုင္ခဲ့သည့္အျပင္ လက္ရွိတြင္ တိုက္ပြဲေရွာင္ျပည္သူမ်ား အင္အားစာရင္းကိုလည္း ျပဳစုလ်က္ရွိၿပီး ေထာက္ပံ့ေပးႏိုင္ေရး စီစဥ္ေန ေၾကာင္း နစကဥကၠ႒က ေျပာသည္။
သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒအရ အၾကမ္းဖက္မႈ၊ လက္နက္ကိုင္ေသာင္းက်န္းမႈျဖစ္ပြားျခင္း ေၾကာင့္ ျပည္သူမ်ား၏ ဆုံးရႈံးမႈမ်ားသည္လည္း သဘာဝေဘးအႏၲရာယ္သတ္မွတ္ခ်က္ထဲတြင္ အက်ဳံးဝင္ေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာထားသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ တိုက္ပြဲေရွာင္ျပည္သူမ်ားကို ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။