ကိုရမ်ကျမ်းကော်ပီများကို မီးရှို့ပြခဲ့ခြင်းကြောင့် လူသိများသည့် အီရတ်အမျိုးသား ဆွီဒင်နိုင်ငံတွင် သေနတ်ဖြင့် ပစ်သတ်ခံရ

 117

Pika (NP News) - ဖေဖော်ဝါရီ ၁

ဆွီဒင်နိုင်ငံတွင် ကိုရမ်ကျမ်းကော်ပီများကို လူသိရှင်ကြားမီးရှို့ခြင်းကြောင့် လူသိများသော အီရတ်ဒုက္ခသည်တစ်ဦး ဖြစ်သည့် Salwan Momikaသည် Sodertalje မြို့ရှိ ၎င်း၏တိုက်ခန်းတွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ဒေသတွင်းမီဒီယာများက ‌ရေးသားဖော်ပြခဲ့သည်။
Salwan Momika သည် မုန်းတီးမှုစကားပြောဆိုမှုစွဲချက်များဖြင့် တရားရုံးသို့မလာရောက်မီ တစ်ရက်အလို ဇန်နဝါရီလ(၂၉)ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။ (၂၀၁၈)ခုနှစ်တွင် ဆွီဒင်နိုင်ငံကို လာရောက်ခဲ့သော Salwan Momika သည် ကိုရမ်ကျမ်းမီးရှို့ဆန္ဒပြမှုများကို လုပ်ဆောင်ခဲ့ပြီးနောက် အချိန်(၅)နှစ်အကြာတွင် နိုင်ငံတကာ၏အာရုံစိုက်မှုများကို ရရှိခဲ့ပြီး မွတ်စလင်အများစုနေထိုင်သော နိုင်ငံအချို့တွင် ဆန္ဒပြပွဲများကို ပေါ်ပေါက်လာစေခဲ့ကြောင်းသိရသည်။ထို့ပြင် Salwan Momika ၏ လုပ်ရပ်များ သည် အီရတ်၊ တူရကီ နှင့် ပါကစ္စတန်နိုင်ငံတို့ အပါအဝင် အခြားနိုင်ငံများနှင့် ဆွီဒင်နိုင်ငံတို့ကြား သံတမန်ရေးရာ တင်းမာမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်းလည်းသိရသည်။
အီရတ်အစိုးရသည် Salwan Momika ကို လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ပြီး ဆွီဒင်အာဏာပိုင်များသည် ၎င်းကို နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်များအား (၂၀၂၃)ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သော်လည်း လက်ရှိအချိန် အထိ အပြီးသတ်နိုင်ခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။ အသက်(၃၈)နှစ်အရွယ် Salwan Momika သည် Tiktok ဆိုရှယ်မီဒီယာပလက်‌ဖောင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုများလုပ်ဆောင်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး လူ(၅)ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဆွီဒင်ရဲတပ်ဖွဲ့က အတည်ပြုခဲ့သော်လည်း နောက်ထပ်အသေးစိတ်အချက်အလက် များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ပစ်ခတ်မှုသည် နိုင်ငံရေး (သို့မဟုတ်) ဘာသာရေးအရ လှုံ့ဆော်ခြင်းမျိုး ဟုတ်/မဟုတ် ဆုံးဖြတ်ရန်အတွက် စုံစမ်းစစ်ဆေးရေးမှူးများက ဆက်လက်လုပ်ဆောင်နေကြောင်း ဆွီဒင်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Zawgyi Version:
ကိုရမ္က်မ္းေကာ္ပီမ်ားကို မီးရႈိ႕ျပခဲ့ျခင္းေၾကာင့္ လူသိမ်ားသည့္ အီရတ္အမ်ိဳးသား ဆြီဒင္ႏိုင္ငံတြင္ ေသနတ္ျဖင့္ ပစ္သတ္ခံရ
Pika (NP News) - ေဖေဖာ္ဝါရီ ၁

ဆြီဒင္ႏိုင္ငံတြင္ ကိုရမ္က်မ္းေကာ္ပီမ်ားကို လူသိရွင္ၾကားမီးရႈိ႕ျခင္းေၾကာင့္ လူသိမ်ားေသာ အီရတ္ဒုကၡသည္တစ္ဦး ျဖစ္သည့္ Salwan Momikaသည္ Sodertalje ၿမိဳ႕ရွိ ၎၏တိုက္ခန္းတြင္ ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ‌ေရးသားေဖာ္ျပခဲ့သည္။
Salwan Momika သည္ မုန္းတီးမႈစကားေျပာဆိုမႈစြဲခ်က္မ်ားျဖင့္ တရား႐ုံးသို႔မလာေရာက္မီ တစ္ရက္အလို ဇန္နဝါရီလ(၂၉)ရက္တြင္ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ (၂၀၁၈)ခုႏွစ္တြင္ ဆြီဒင္ႏိုင္ငံကို လာေရာက္ခဲ့ေသာ Salwan Momika သည္ ကိုရမ္က်မ္းမီးရႈိ႕ဆႏၵျပမႈမ်ားကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ အခ်ိန္(၅)ႏွစ္အၾကာတြင္ ႏိုင္ငံတကာ၏အာ႐ုံစိုက္မႈမ်ားကို ရရွိခဲ့ၿပီး မြတ္စလင္အမ်ားစုေနထိုင္ေသာ ႏိုင္ငံအခ်ိဳ႕တြင္ ဆႏၵျပပြဲမ်ားကို ေပၚေပါက္လာေစခဲ့ေၾကာင္းသိရသည္။ထို႔ျပင္ Salwan Momika ၏ လုပ္ရပ္မ်ား သည္ အီရတ္၊ တူရကီ ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔ အပါအဝင္ အျခားႏိုင္ငံမ်ားႏွင့္ ဆြီဒင္ႏိုင္ငံတို႔ၾကား သံတမန္ေရးရာ တင္းမာမႈမ်ားကို ျဖစ္ေပၚေစခဲ့ေၾကာင္းလည္းသိရသည္။
အီရတ္အစိုးရသည္ Salwan Momika ကို လႊဲေျပာင္းေပးရန္ ေတာင္းဆိုခဲ့ၿပီး ဆြီဒင္အာဏာပိုင္မ်ားသည္ ၎ကို ေနရပ္ျပန္လည္ပို႔ေဆာင္ေရးလုပ္ငန္းစဥ္မ်ားအား (၂၀၂၃)ခုႏွစ္တြင္ စတင္လုပ္ေဆာင္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္ အထိ အၿပီးသတ္ႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္းလည္း သိရသည္။ အသက္(၃၈)ႏွစ္အ႐ြယ္ Salwan Momika သည္ Tiktok ဆိုရွယ္မီဒီယာပလက္‌ေဖာင္းတြင္ တိုက္႐ိုက္ထုတ္လႊင့္မႈမ်ားလုပ္ေဆာင္ေနစဥ္ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရ ျခင္းျဖစ္ေၾကာင္း သတင္းမီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။ အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး လူ(၅)ဦးကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း ဆြီဒင္ရဲတပ္ဖြဲ႕က အတည္ျပဳခဲ့ေသာ္လည္း ေနာက္ထပ္အေသးစိတ္အခ်က္အလက္ မ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ပစ္ခတ္မႈသည္ ႏိုင္ငံေရး (သို႔မဟုတ္) ဘာသာေရးအရ လႈံ႕ေဆာ္ျခင္းမ်ိဳး ဟုတ္/မဟုတ္ ဆုံးျဖတ္ရန္အတြက္ စုံစမ္းစစ္ေဆးေရးမႉးမ်ားက ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ဆြီဒင္အစိုးရ တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.