တရုတ်နိုင်ငံထုတ် AI နည်းပညာသုံး DeepSeek အက်ပလီကေးရှင်းကို တားဆီးပိတ်ပင်ရန် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို
62
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁
အမေရိကန်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးသည် တရုတ်နိုင်ငံမှတီထွင်ထုတ်လုပ်ထားသော AI နည်းပညာသုံး DeepSeek အက်ပလီကေးရှင်းကို ပိတ်ပင်ကန့်သတ်ခြင်းများလုပ်ဆောင်ရန် အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်ကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။
DeepSeek အက်ပလီကေးရှင်းသည် တရုတ်နိုင်ငံ Hangzhou, အခြေစိုက်ပြီး High-Flyer ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေကာ ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သော အက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ အမေရိကန်အောက်လွှတ်တော် ၏ တရုတ်နိုင်ငံဆိုင်ရာ ကော်မတီတာဝန်ရှိသူများဖြစ်သော ကရဂစ်နာမိုသီ နှင့် မိုလီနာတို့က တရုတ်နိုင်ငံထုတ် DeepSeek အက်ပလီကေးရှင်းကို အမေရိကန်နိုင်ငံသို့ တင်သွင်းနေခြင်းများကို ကန့်သတ်ရန် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန နှင့် သမ္မတဒေါ်နယ်ထရမ့်ကို တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက "အဲဒီအက်ပလီကေးရှင်းနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ တောင်းဆို ပါတယ်။ နိုင်ငံလုံခြုံရေး အကျိုးစီးပွားနဲ့ဆက်နွယ်ပြီး အန္တရာယ်ဖြစ်လာနိုင်မယ့်အလားလာတွေကို ထည့်သွင်း စဉ်းစားရမယ်" ဟု ပြောသည်။
DeepSeek အက်ပလီကေးရှင်းသည် သိလိုသောအရာရာတိုင်းကို မေးမြန်းချိန်တွင် ပြန်လည်ဖြေကြားနိုင်စွမ်း ရှိသော အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံထုတ် OpenAI's ChatGPT mobile app နှင့် အပြိုင် ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။ အမေရိကန်စစ်ဌာနချုပ်ဖြစ်သော ပင်တဂွန်ကလည်း တရုတ်နိုင်ငံထုတ် DeepSeek ကို တားဆီးပိတ်ပင်ရန်စီစဉ်နေပြီး ပင်တဂွန်စစ်ဌာနချုပ်ဝန်ထမ်းများသည် အဆိုပါအက်ပလီကေးရှင်း ကိုအသုံးပြုချိန်တွင် တရုတ်ဆာဗာများနှင့်ဆက်သွယ်ရမည်ဖြစ်သည့်အတွက် ကန့်သတ်နိုင်ရန် ကြိုးပမ်းလာခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံထုတ် DeepSeek အက်လီကေးရှင်းကို Nvidia, ကုမ္ပဏီမှ အမေရိကန်နိုင်ငံသို့တင်သွင်းရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်အစိုးရက တရုတ်သည် ပြင်းထန်သော ဆိုက်ဘာတိုက်ခိုက်မှု များကို လုပ်ဆောင်ရန် (သို့မဟုတ်) ဇီဝလက်နက် ထုတ်လုပ်ရန် AI ကို အသုံးချနိုင်မည်ကိုစိုးရိမ်ပြီး သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကတရုတ်၏ AI ချပ်စ်များနှင့် ၎င်းတို့ကို အသုံးပြုနိုင်သည့် ကိရိယာများကို နှိမ်နင်းရန် ရည်ရွယ်သည့် အစီအမံများကို ဦးဆောင်ရန် လှုံ့ဆော်ခဲ့ဖူးကြောင်းသိရသည်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ကန့်သတ်ပိတ်ပင်ရန်အတွက် စဉ်းစားရန်တောင်းဆိုခဲ့သော်လည်း
DeepSeek နှင့် အမေရိကန်အစိုးရက တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။ အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်တုန်းကလည်းတရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီက ပိုင်ဆိုင်သော Tiktok လူမူကွန်ရက်ကို အမေရိကန်နိုင်ငံ၏လုံခြုံရေးအတွက် စိုးရိမ်သည်ဟုဆိုကာ အမေရိကန်နိုင်ငံအတွင်း အသုံးပြုခွင့် တားမြစ်ပိတ်ပင်ခြင်း (သို့မဟုတ်) အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကို ပြန်လည်ရောင်းချခြင်း စသော အမိန့်များ ချမှတ်ခဲ့ဖူးကြောင်း သိရသည်။
Zawgyi Version:
တ႐ုတ္ႏိုင္ငံထုတ္ AI နည္းပညာသုံး DeepSeek အက္ပလီေကးရွင္းကို တားဆီးပိတ္ပင္ရန္ အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေတာင္းဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁
အေမရိကန္လႊတ္ေတာ္ ကိုယ္စားလွယ္ႏွစ္ဦးသည္ တ႐ုတ္ႏိုင္ငံမွတီထြင္ထုတ္လုပ္ထားေသာ AI နည္းပညာသုံး DeepSeek အက္ပလီေကးရွင္းကို ပိတ္ပင္ကန႔္သတ္ျခင္းမ်ားလုပ္ေဆာင္ရန္ အေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္ကို တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း သိရသည္။
DeepSeek အက္ပလီေကးရွင္းသည္ တ႐ုတ္ႏိုင္ငံ Hangzhou, အေျခစိုက္ၿပီး High-Flyer ကူညီေထာက္ပံ့မႈျဖင့္ ရပ္တည္ေနကာ ၂၀၂၃ ခုႏွစ္တြင္ စတင္ခဲ့ေသာ အက္ပလီေကးရွင္းတစ္ခုျဖစ္သည္။ အေမရိကန္ေအာက္လႊတ္ေတာ္ ၏ တ႐ုတ္ႏိုင္ငံဆိုင္ရာ ေကာ္မတီတာဝန္ရွိသူမ်ားျဖစ္ေသာ ကရဂစ္နာမိုသီ ႏွင့္ မိုလီနာတို႔က တ႐ုတ္ႏိုင္ငံထုတ္ DeepSeek အက္ပလီေကးရွင္းကို အေမရိကန္ႏိုင္ငံသို႔ တင္သြင္းေနျခင္းမ်ားကို ကန႔္သတ္ရန္ အေမရိကန္ႏိုင္ငံျခား ေရးဝန္ႀကီးဌာန ႏွင့္ သမၼတေဒၚနယ္ထရမ့္ကို တိုက္တြန္းေတာင္းဆိုခဲ့ျခင္းျဖစ္သည္။
အဆိုပါလႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦးက "အဲဒီအက္ပလီေကးရွင္းနဲ႔ပတ္သက္ၿပီး ျပန္လည္သုံးသပ္ဖို႔ ေတာင္းဆို ပါတယ္။ ႏိုင္ငံလုံၿခဳံေရး အက်ိဳးစီးပြားနဲ႔ဆက္ႏြယ္ၿပီး အႏၲရာယ္ျဖစ္လာႏိုင္မယ့္အလားလာေတြကို ထည့္သြင္း စဥ္းစားရမယ္" ဟု ေျပာသည္။
DeepSeek အက္ပလီေကးရွင္းသည္ သိလိုေသာအရာရာတိုင္းကို ေမးျမန္းခ်ိန္တြင္ ျပန္လည္ေျဖၾကားႏိုင္စြမ္း ရွိေသာ အက္ပလီေကးရွင္းတစ္ခုျဖစ္ၿပီး အေမရိကန္ႏိုင္ငံထုတ္ OpenAI's ChatGPT mobile app ႏွင့္ အၿပိဳင္ ျဖစ္လာဖြယ္ရွိေနေၾကာင္း သိရသည္။ အေမရိကန္စစ္ဌာနခ်ဳပ္ျဖစ္ေသာ ပင္တဂြန္ကလည္း တ႐ုတ္ႏိုင္ငံထုတ္ DeepSeek ကို တားဆီးပိတ္ပင္ရန္စီစဥ္ေနၿပီး ပင္တဂြန္စစ္ဌာနခ်ဳပ္ဝန္ထမ္းမ်ားသည္ အဆိုပါအက္ပလီေကးရွင္း ကိုအသုံးျပဳခ်ိန္တြင္ တ႐ုတ္ဆာဗာမ်ားႏွင့္ဆက္သြယ္ရမည္ျဖစ္သည့္အတြက္ ကန႔္သတ္ႏိုင္ရန္ ႀကိဳးပမ္းလာျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ တ႐ုတ္ႏိုင္ငံထုတ္ DeepSeek အက္လီေကးရွင္းကို Nvidia, ကုမၸဏီမွ အေမရိကန္ႏိုင္ငံသို႔တင္သြင္းရန္ ႀကိဳးပမ္းလာျခင္းျဖစ္ေၾကာင္း သိရသည္။ အေမရိကန္အစိုးရက တ႐ုတ္သည္ ျပင္းထန္ေသာ ဆိုက္ဘာတိုက္ခိုက္မႈ မ်ားကို လုပ္ေဆာင္ရန္ (သို႔မဟုတ္) ဇီဝလက္နက္ ထုတ္လုပ္ရန္ AI ကို အသုံးခ်ႏိုင္မည္ကိုစိုးရိမ္ၿပီး သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ကတ႐ုတ္၏ AI ခ်ပ္စ္မ်ားႏွင့္ ၎တို႔ကို အသုံးျပဳႏိုင္သည့္ ကိရိယာမ်ားကို ႏွိမ္နင္းရန္ ရည္႐ြယ္သည့္ အစီအမံမ်ားကို ဦးေဆာင္ရန္ လႈံ႕ေဆာ္ခဲ့ဖူးေၾကာင္းသိရသည္။ အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦးက ကန႔္သတ္ပိတ္ပင္ရန္အတြက္ စဥ္းစားရန္ေတာင္းဆိုခဲ့ေသာ္လည္း
DeepSeek ႏွင့္ အေမရိကန္အစိုးရက တစ္စုံတရာမွတ္ခ်က္ျပဳေျပာဆိုျခင္းမရွိေသးေၾကာင္း သိရသည္။ အေမရိကန္ သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္လက္ထက္တုန္းကလည္းတ႐ုတ္ႏိုင္ငံအေျခစိုက္ကုမၸဏီက ပိုင္ဆိုင္ေသာ Tiktok လူမူကြန္ရက္ကို အေမရိကန္ႏိုင္ငံ၏လုံၿခဳံေရးအတြက္ စိုးရိမ္သည္ဟုဆိုကာ အေမရိကန္ႏိုင္ငံအတြင္း အသုံးျပဳခြင့္ တားျမစ္ပိတ္ပင္ျခင္း (သို႔မဟုတ္) အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ကို ျပန္လည္ေရာင္းခ်ျခင္း စေသာ အမိန႔္မ်ား ခ်မွတ္ခဲ့ဖူးေၾကာင္း သိရသည္။