ထိုင်ဝမ်က Deepseek အက်ပလီကေးရှင်းကို အစိုးရဌာနတွေမှာ အသုံးပြုခွင့် တားမြစ်ဖွယ်ရှိနေ
104
Pika (NP News) - ဖေဖော်ဝါရီ ၂
တရုတ်နိုင်ငံထုတ် Deepseek နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေချိန်မှာပဲ ထိုင်ဝမ်အစိုးရက
ထိုင်ဝမ်ဝန်ကြီးဌာနတွေမှာ အဲဒီဥာဏ်ရည်တု နည်းပညာသုံး အက်ပလီကေးရှင်းကို အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ထိုင်ဝမ်ဟာ လုံခြုံရေးစိုးရိမ်တဲ့အတွက် အဲဒီ အက်ပလီကေးရှင်းကိုဝန်ကြီးဌာနတွေမှာ အသုံးပြုဖို့ ပိတ်ပင်တာမျိုးဖြစ်ပါတယ်။ တရုတ်နိုင်ငံထုတ် Deepseek ကို အီတလီနိုင်ငံက အသုံးပြုခွင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပိတ်ပင်လိုက်သလို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။
တရုတ် နဲ့ ထိုင်ဝမ်တို့ဟာ ပိုင်နယ်နယ်မြေ အငြင်းပွားနေပြီး တရုတ်က ထိုင်ဂမ်ကို ၄င်းတို့ပိုင်နက် လို့ပြောဆိုထားပြီး ထိုင်ဝမ်က တရုတ်လက်အောက်က ခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ကြိုးပမ်းနေပါတယ်။
ထိုင်ဝမ် ဒီဂျစ်တယ်ဝန်ကြီးဌာနက ထိုင်ဝမ် သတင်းအချက်အလက်လုံခြုံရေးကိုကာကွယ်ဖို့ Deepseek ကို အစိုးရဌာနတွေမှာ အသုံးပြုခွင့်ပေးမှာ မဟုတ်ကြောင်း ဆိုပါတယ်။ လက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့ AI နည်းပညာသုံး Deepseek နဲ့ပတ်သက်ပြီး ပြင်သစ် အိုင်ယာလန် တောင်ကိုရီးယား အစိုးရတို့ကလည်း မေးခွန်းထုတ်မှု မြင့်တက်နေပါတယ်။
အဆိုပါအက်ပလီကေးရှင်းကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်လက်လုံခြုံမှုပိုင်းကို စိုးရိမ်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။ App store များမှာ တရုတ်နိုင်ငံထုတ် Deepseek ကို download ဆွဲမှုဟာ အမေရိကန်နိုင်ငံထုတ် Chatgpt ထက်ပိုမိုများပြားခဲ့သလို ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်တွေကြားမှာလည်း တရုတ်ထုတ် Deepseek ကို စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။
Zawgyi Version:
ထိုင္ဝမ္က Deepseek အက္ပလီေကးရွင္းကို အစိုးရဌာနေတြမွာ အသုံးျပဳခြင့္ တားျမစ္ဖြယ္ရွိေန
Pika (NP News) - ေဖေဖာ္ဝါရီ ၂
တ႐ုတ္ႏိုင္ငံထုတ္ Deepseek နဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြရွိေနခ်ိန္မွာပဲ ထိုင္ဝမ္အစိုးရက
ထိုင္ဝမ္ဝန္ႀကီးဌာနေတြမွာ အဲဒီဥာဏ္ရည္တု နည္းပညာသုံး အက္ပလီေကးရွင္းကို အသုံးျပဳခြင့္ေပးမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။
ထိုင္ဝမ္ဟာ လုံၿခဳံေရးစိုးရိမ္တဲ့အတြက္ အဲဒီ အက္ပလီေကးရွင္းကိုဝန္ႀကီးဌာနေတြမွာ အသုံးျပဳဖို႔ ပိတ္ပင္တာမ်ိဳးျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံထုတ္ Deepseek ကို အီတလီႏိုင္ငံက အသုံးျပဳခြင့္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ပိတ္ပင္လိုက္သလို အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း ျပန္လည္သုံးသပ္ဖို႔ ေတာင္းဆိုထားပါတယ္။
တ႐ုတ္ နဲ႔ ထိုင္ဝမ္တို႔ဟာ ပိုင္နယ္နယ္ေျမ အျငင္းပြားေနၿပီး တ႐ုတ္က ထိုင္ဂမ္ကို ၄င္းတို႔ပိုင္နက္ လို႔ေျပာဆိုထားၿပီး ထိုင္ဝမ္က တ႐ုတ္လက္ေအာက္က ခြဲထြက္ၿပီး ကိုယ္ပိုင္လြတ္လပ္ေရးရယူဖို႔ႀကိဳးပမ္းေနပါတယ္။
ထိုင္ဝမ္ ဒီဂ်စ္တယ္ဝန္ႀကီးဌာနက ထိုင္ဝမ္ သတင္းအခ်က္အလက္လုံၿခဳံေရးကိုကာကြယ္ဖို႔ Deepseek ကို အစိုးရဌာနေတြမွာ အသုံးျပဳခြင့္ေပးမွာ မဟုတ္ေၾကာင္း ဆိုပါတယ္။ လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံရဲ႕ AI နည္းပညာသုံး Deepseek နဲ႔ပတ္သက္ၿပီး ျပင္သစ္ အိုင္ယာလန္ ေတာင္ကိုရီးယား အစိုးရတို႔ကလည္း ေမးခြန္းထုတ္မႈ ျမင့္တက္ေနပါတယ္။
အဆိုပါအက္ပလီေကးရွင္းေၾကာင့္ ပုဂၢိဳလ္ေရးဆိုင္ရာသတင္းအခ်က္လက္လုံၿခဳံမႈပိုင္းကို စိုးရိမ္မႈျမင့္တက္ေနတယ္လို႔ သိရပါတယ္။ App store မ်ားမွာ တ႐ုတ္ႏိုင္ငံထုတ္ Deepseek ကို download ဆြဲမႈဟာ အေမရိကန္ႏိုင္ငံထုတ္ Chatgpt ထက္ပိုမိုမ်ားျပားခဲ့သလို ကမာၻ႔ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းရွင္ေတြၾကားမွာလည္း တ႐ုတ္ထုတ္ Deepseek ကို စိတ္ဝင္စားမႈျမင့္တက္ေနပါတယ္။