လာမယ့်သီတင်းပတ်မှာ အိမ်ဖြူတော်ကို ဂျပန်ဝန်ကြီးချုပ် လာရောက်လည်ပတ်လိမ့်မယ်လို့ အမေရိကန်သမ္မတပြော
123
Pika (NP News) - ဖေဖော်ဝါရီ ၂
ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှီဘာဟာ လာမယ့်သီတင်းပတ်မှာ အိမ်ဖြူတော်ကို လာရောက်လည်ပတ်လိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့် က “ကျွန်တော်နဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ရှီဂဲရုအီရှီဘာက လာပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်ကလည်း အဲဒါကို မျှော်လင့်နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အဲဒီတွေ့ဆုံမှုဟာ ဖေဖော်ဝါရီလ(၇)ရက်မှာ ကျင်းပနိုင်ခြေရှိတယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ရှီဂဲရုအီရှီဘာတို့ဟာ နှစ်နိုင်ငံကြား စီးပွားရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့အတွက် ဆွေးနွေးကြလိမ့်မယ်လို့လည်း Asahi သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဂျပန်ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူခဲ့တဲ့ ရှီဂဲရုအီရှီဘာဟာ ဒေါ်နယ်ထရမ့်ရဲ့ဒုတိယမြောက် သမ္မတသက်တမ်း အတွင်း ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ စိတ်အားထက်သန်နေတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ရှီဂဲရုအီရှီဘာဟာ အမေရိကန်နိုင်ငံမှာ ဂျပန်ကုမ္ပဏီတွေရဲ့အလုပ်အကိုင်တွေ ဖန်တီးပေးပုံနဲ့ ဂျပန်ရဲ့ ကာကွယ်ရေး အသုံးစရိတ်တိုးမြင့်လာပုံတွေကို မီးမောင်းထိုးပြဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ သိသာထင်ရှားတဲ့ ကာကွယ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်ခဲ့ပြီး (၂၀၂၂)ခုနှစ်မှာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ဒေါ်နယ်ထရမ့်ရဲ့ ပထမဆုံးသမ္မတသက်တမ်း အတွင်း ခိုင်မာတဲ့ဆက်ဆံရေးတွေကို ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
Zawgyi Version:
လာမယ့္သီတင္းပတ္မွာ အိမ္ျဖဴေတာ္ကို ဂ်ပန္ဝန္ႀကီးခ်ဳပ္ လာေရာက္လည္ပတ္လိမ့္မယ္လို႔ အေမရိကန္သမၼတေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂
ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွီဂဲ႐ုအီရွီဘာဟာ လာမယ့္သီတင္းပတ္မွာ အိမ္ျဖဴေတာ္ကို လာေရာက္လည္ပတ္လိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ က “ကြၽန္ေတာ္နဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ ရွီဂဲ႐ုအီရွီဘာက လာပါလိမ့္မယ္။ ၿပီးေတာ့ ကြၽန္ေတာ္ကလည္း အဲဒါကို ေမွ်ာ္လင့္ေနပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီေတြ႕ဆုံမႈဟာ ေဖေဖာ္ဝါရီလ(၇)ရက္မွာ က်င္းပႏိုင္ေျခရွိတယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္နဲ႔ ရွီဂဲ႐ုအီရွီဘာတို႔ဟာ ႏွစ္ႏိုင္ငံၾကား စီးပြားေရးနဲ႔ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈ အားေကာင္းလာေစဖို႔အတြက္ ေဆြးေႏြးၾကလိမ့္မယ္လို႔လည္း Asahi သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလမွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္အျဖစ္ စတင္တာဝန္ယူခဲ့တဲ့ ရွီဂဲ႐ုအီရွီဘာဟာ ေဒၚနယ္ထရမ့္ရဲ႕ဒုတိယေျမာက္ သမၼတသက္တမ္း အတြင္း ပုဂၢိဳလ္ေရးဆိုင္ရာဆက္ဆံေရးတစ္ခု တည္ေဆာက္ဖို႔ စိတ္အားထက္သန္ေနတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ရွီဂဲ႐ုအီရွီဘာဟာ အေမရိကန္ႏိုင္ငံမွာ ဂ်ပန္ကုမၸဏီေတြရဲ႕အလုပ္အကိုင္ေတြ ဖန္တီးေပးပုံနဲ႔ ဂ်ပန္ရဲ႕ ကာကြယ္ေရး အသုံးစရိတ္တိုးျမင့္လာပုံေတြကို မီးေမာင္းထိုးျပဖို႔ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။ သိသာထင္ရွားတဲ့ ကာကြယ္ေရးဆိုင္ရာျပဳျပင္ေျပာင္းလဲမႈေတြကို စတင္လုပ္ေဆာင္ခဲ့ၿပီး (၂၀၂၂)ခုႏွစ္မွာ လုပ္ႀကံ သတ္ျဖတ္ခံခဲ့ရတဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘးဟာ ေဒၚနယ္ထရမ့္ရဲ႕ ပထမဆုံးသမၼတသက္တမ္း အတြင္း ခိုင္မာတဲ့ဆက္ဆံေရးေတြကို ရရွိခဲ့တယ္လို႔လည္း သိရပါတယ္။