လော့စ်အိန်ဂျလိစ်မြို့ အရှေ့ဘက်ကမီးလောင်ကျွမ်းမှုကို လုံးဝထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ မီးသတ်အရာရှိတွေ ပြော

 204

Pika (NP News) - ဖေဖော်ဝါရီ ၂

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ အရှေ့ဘက်က ဧကပေါင်း(၁၄၀၀၀)ကျော်ကို လောင်ကျွမ်းစေခဲ့တဲ့ Eaton မီးကို (၁၀၀)ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ မီးသတ်အရာရှိတွေက ပြောကြားခဲ့ပါတယ်။ အဲဒီထိန်းချုပ်နိုင် မှုဟာ လော့စ်အိန်ဂျလိစ်မြို့ တစ်ဖက်စီမှာ ကြီးမားတဲ့တောမီးလောင်ကျွမ်းမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ်(၃)ပတ်ကျော်ကြာအတွင်း ထင်ရှားတဲ့မှတ်တိုင်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
လော့စ် အိန်ဂျလိစ်မြို့ အနောက်ဘက်က ဧကပေါင်း(၂၃၄၄၈) ဧကကို လောင်ကျွမ်းစေခဲ့တဲ့ Palisades မီးကိုလည်း လက်ရှိအချိန်မှာ (၁၀၀)ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့လည်း ကယ်လီဖိုးနီးယားသစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာနက ပြောကြားခဲ့ပါတယ်။ ကြီးမားတဲ့မီးလောင်ကျွမ်းမှုကြီးနှစ်ခုနဲ့ သေးငယ်တဲ့ မီးလောင်ကျွမ်းမှု အများအပြားဟာ လော့စ်အိန်ဂျလိစ်မြို့သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကို ဖန်တီးခဲ့ပြီး လူ(၂၈)ဦးသေဆုံးကာ အဆောက်အဦးပေါင်း(၁၆၀၀၀)ကျော် ထိခိုက်/ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
တစ်ချိန်တည်းမှာပဲ လူပေါင်း(၁၈၀၀၀၀)ကျော်ကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းဖို့ အမိန့်ပေးထားတယ်လို့ လည်း လော့စ်အိန်ဂျလိစ်မြို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အဲဒီမီးလောင်ကျွမ်းမှုတွေကြောင့် Private forecaster AccuWeather စီမံကိန်းတွေဟာ ပျက်စီးဆုံးရှုံးမှုနဲ့ စီးပွားရေးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ(၂၅၀)ဘီလျံ ကျော်ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း မှာ ရက်ရှည်မိုးရွာသွန်းခဲ့မှုနဲ့အတူ ရေကြီးမှုတွေနဲ့မြေပြိုမှုတွေကြောင့် အန္တရာယ်တွေ ပိုမိုတိုးမြင့်လာခဲ့တယ်လို့ လည်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ အေရွ႕ဘက္ကမီးေလာင္ကြၽမ္းမႈကို လုံးဝထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ မီးသတ္အရာရွိေတြ ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂

အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ အေရွ႕ဘက္က ဧကေပါင္း(၁၄၀၀၀)ေက်ာ္ကို ေလာင္ကြၽမ္းေစခဲ့တဲ့ Eaton မီးကို (၁၀၀)ရာခိုင္ႏႈန္း ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ မီးသတ္အရာရွိေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီထိန္းခ်ဳပ္ႏိုင္ မႈဟာ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ တစ္ဖက္စီမွာ ႀကီးမားတဲ့ေတာမီးေလာင္ကြၽမ္းမႈႏွစ္ႀကိမ္ျဖစ္ပြားခဲ့ၿပီးေနာက္ သီတင္းပတ္(၃)ပတ္ေက်ာ္ၾကာအတြင္း ထင္ရွားတဲ့မွတ္တိုင္တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
ေလာ့စ္ အိန္ဂ်လိစ္ၿမိဳ႕ အေနာက္ဘက္က ဧကေပါင္း(၂၃၄၄၈) ဧကကို ေလာင္ကြၽမ္းေစခဲ့တဲ့ Palisades မီးကိုလည္း လက္ရွိအခ်ိန္မွာ (၁၀၀)ရာခိုင္ႏႈန္း ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္တယ္လို႔လည္း ကယ္လီဖိုးနီးယားသစ္ေတာနဲ႔ မီးေဘးကာကြယ္ေရးဌာနက ေျပာၾကားခဲ့ပါတယ္။ ႀကီးမားတဲ့မီးေလာင္ကြၽမ္းမႈႀကီးႏွစ္ခုနဲ႔ ေသးငယ္တဲ့ မီးေလာင္ကြၽမ္းမႈ အမ်ားအျပားဟာ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕သမိုင္းမွာ အဆိုး႐ြားဆုံး သဘာဝေဘးအႏၲရာယ္ကို ဖန္တီးခဲ့ၿပီး လူ(၂၈)ဦးေသဆုံးကာ အေဆာက္အဦးေပါင္း(၁၆၀၀၀)ေက်ာ္ ထိခိုက္/ပ်က္စီးခဲ့တယ္လို႔လည္း သိရပါတယ္။
တစ္ခ်ိန္တည္းမွာပဲ လူေပါင္း(၁၈၀၀၀၀)ေက်ာ္ကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းဖို႔ အမိန႔္ေပးထားတယ္လို႔ လည္း ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီမီးေလာင္ကြၽမ္းမႈေတြေၾကာင့္ Private forecaster AccuWeather စီမံကိန္းေတြဟာ ပ်က္စီးဆုံးရႈံးမႈနဲ႔ စီးပြားေရးဆုံးရႈံးမႈ အေမရိကန္ေဒၚလာ(၂၅၀)ဘီလ်ံ ေက်ာ္ရွိခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ကယ္လီဖိုးနီးယားျပည္နယ္ ေတာင္ပိုင္း မွာ ရက္ရွည္မိုး႐ြာသြန္းခဲ့မႈနဲ႔အတူ ေရႀကီးမႈေတြနဲ႔ေျမၿပိဳမႈေတြေၾကာင့္ အႏၲရာယ္ေတြ ပိုမိုတိုးျမင့္လာခဲ့တယ္လို႔ လည္း အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.