တရုတ် DeepSeek ၏ သတင်းနှင့်အချက်အလက်ရှာဖွေပေးနိုင်စွမ်းမှာ ၁၇ ရာခိုင်နှုန်းသာ တိကျမှန်ကန်ဟု ဆို
81
Htay Oung (NP News) - ဖေဖော်ဝါရီ ၂
ဇီကျန်းပြည်နယ် ဟန်ကျိူးမြို့အခြေစိုက် DeepSeek ဉာဏ်ရည်တု နည်းပညာကုမ္ပဏီဟာ တရုတ်နိုင်ငံသို့ တင်ပို့ ရန် တားမြစ်ထားတဲ့ အမေရိကန်အဆင့်မြင့် မက္ကရိုချစ်ပ်ပြားများကို အသုံးပြုနေခြင်း ရှိ-မရှိ ဝါရှင်တန် ကူးသန်း ရောင်းဝယ်ရေးဌာနက စုံစမ်းစစ်ဆေးနေကြောင်း အဆိုပါကိစ္စနဲ့နီးစပ်တဲ့သတင်းရင်းမြစ်များက အတည်ပြုတယ်လို့ ရိုက်တာသတင်းအေဂျင်စီ ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က ရေးသားပါတယ်။
မကြာသေးမီက ဉာဏ်ရည်တုနည်းပညာသုံး အခမဲ့ အကူအညီပေးရေး DeepSeek ဟာ ရက်ပိုင်းအတွင်း “အက်ပဲလ်” ရဲ့ App Store မှာ ဒေါင်းလုဒ် ဆွဲယူခံရမှု အများဆုံး အက်ပ်ပလီကေးရှင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ တမဟုတ်ချင်း လျင်မြန်စွာ အောင်မြင်မှုဟာ AI နည်းပညာမှာ ပေကျင်းက ဝါရှင်တန်ကို ကျော်တက်တော့ မယောင် စိုးရိမ်မှုကို ဖြစ်စေပြီး အမေရိကန် နည်းပညာစတော့ရှယ်ယာများ ဒေါ်လာ ၁ ထရီလီယံဖိုး ကျဆင်းသွားခဲ့ရပါတယ်။
ကွန်ပျူတာ ပရိုဂရမ်စနစ်တစ်ခုကို အသုံးပြုပြီး လူသားတွေနဲ့ စာသား ဒါမှမဟုတ် အသံနဲ့ အပြန်အလှန် ဆက် သွယ်ခြင်းကို ChatBot “ချတ်ဘော့” လို့ခေါ်ပါတယ်။ မေးခွန်းများကိုဖြေဆိုခြင်း အချက်အလက်ရှာဖွေပေးတဲ့ ချတ်ဘော့စနစ်တွေကို အနောက်နိုင်ငံ AI ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီကြီးတွေမှာလဲ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ဉာဏ်ရည်တုနည်းပညာကို စတင်မိတ်ဆက်ပေးလှိုက်တဲ့ DeepSeek ရဲ့ ချတ်ဘော့ဟာ သတင်းနဲ့အချက်အလက်များ ရှာဖွေပေးနိုင်စွမ်းမှာ တိကျမှန်ကန်မှု ၁၇ ရာခိုင်နှုန်းသာရှိကြောင်း၊ OpenAI ရဲ့ ChatGPT နဲ့ ဂူးဂဲလ်ရဲ့ Gemini အပါအဝင် အနောက်နိုင်ငံ ပြိုင်ဘက်ကုမ္ပဏီချတ်ဘော့များနဲ့ ယှဉ်ကြည့်ရင် အဆင့် ၁၁ ဆင့်အနက် အဆင့် ၁၀ မှာသာ ရှိကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ “နယူးစ်ဂတ်” က ပြောပါ တယ်။
သတင်းမီဒီယာတို့ရဲ့ ယုံကြည်စိတ်ချရမှုကို သုံးသပ်အကဲဖြတ်လျှက်ရှိတဲ့ အမေရိကန်အခြေစိုက် နယူးစ်ဂတ်ရဲ့ ဗုဒ္ဓဟူးနေ့ အစီရင်ခံစာအရ သတင်းဆိုင်ရာမေးခွန်းများကို ဖြေကြားရာမှာ DeepSeek ရဲ့ ချက်ဘော့ဟာ သတ် မှတ်ထားတဲ့ ကြိမ်ရေ ၃၀ ရာခိုင်နှုန်းမှာ မှားယွင်းတဲ့ အချက်အလက်များကို ထပ်ကာထက်ကာ ဖော်ပြခဲ့ပြီး ၅၃ ရာခိုင်နှုန်းမှာ တော့ မရေရာ (သို့မဟုတ်) အသုံးမဝင်တဲ့ အဖြေများကို ထုတ်ပေးခဲ့ကြောင်း၊ ဒါ့ကြောင့် ကြိမ်ရေ စုစုပေါင်းရဲ့ ၈၃ ရာခိုင်နှုန်းမှာ အောင်မြင်ခြင်း မရှိကြောင်း သိရှိရပါတယ်။ ဆိုလိုတာ DeepSeek ကို မေးခွန်းပေါင်း အခု ၁၀၀ မေးမြန်းရာမှာ ၁၇ ခုသာ တိကျ မှန်ကန်စွာ ဖြေဆိုနိုင်ပြီး ၈၃% မှာ ကျေနပ်ဖွယ်ရာမရှိ / မှားယွင်းနေ တယ်လို့ အဓိပ္ပါယ်ရပါတယ်။
DeepSeek ဟာ အနောက်နိုင်ငံပြိုင်ဘက်များရဲ့ ပျမ်းမျှ ကျရှုံးမှုနှုန်း ၆၂ ရာခိုင်နှုန်းထက် ပိုမို ဆိုးရွားနေပါတယ်။ ဒါပေမယ့် မက္ကရိုဆော့ဖ် ကျောထောက်နောက်ခံပြု OpenAI ထက် ကုန်ကျစရိတ် နည်းနည်းပဲများတယ်လို့ ဆိုခြင်း ကြောင့် တရုတ်တို့ရဲ့ AI နည်းပညာနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာကောင်းပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို တရုတ်ကုမ္ပဏီက လောလောဆယ် တုံ့ပြန်ခြင်းမရှိပါဘူး။
နယူးစ်ဂတ်ဟာ DeepSeek ကို အနောက်တိုင်း ဉာဏ်ရည်တု မော်ဒယ်များအတွက် အသုံးပြုခဲ့တဲ့ မေးခွန်း ၃၀၀ ဖြင့် စမ်းသပ်ခဲ့ရာမှာ လောလောဆယ် အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ တစ်လွဲအဖြေအခြေခံ မေးခွန်း ၃၀ လည်း ပါဝင်ပါတယ်။
အီတလီနိုင်ငံ ဒေတာအချက်အလက် ကာကွယ်ရေးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ “ဂရန်တီ” ကတော့ အသုံးပြု သူများရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်များနဲ ပတ်သက်ပြီး စိုးရိမ်မှုများအပေါ် တရုတ်ကုမ္ပဏီက သင့် လျော်စွာ ဖြေကြားနိုင်ခြင်း မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ DeepSeek ဉာဏ်ရည်တုရဲ့ ချက်ဘော့ကို ချက်ချင်း အာဏာတည်စေတဲ့ အမိန့်နဲ့ တားမြစ်လိုက်ပါတယ်။ ဒေသဆိုင်ရာ Store မှ ဖယ်ရှားခဲ့ပြီး ဗားရှင်းကိုလည်း ပိတ်ဆို့လိုက်ပါတယ်။ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ အက်ပ်လီကေးရှင်းက အသုံးပြုသူရဲ့ပုဂ္ဂိုလ်ရေးဒေတာ များကို ဘယ်လို ကောက်ယူ-စုဆောင်း-သိမ်းဆည်း-အသုံးပြုတယ်ဆိုတဲ့အပေါ် အဓိကထားကြောင်း၊ အထူးသဖြင့် အသုံးပြုသူရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တရုတ်နိုင်ငံမှာ သိမ်းဆည်းထားခြင်း ရှိ-မရှိကို အလေးထားခဲ့တယ်လို့ ဆိုပါတယ်။
DeepSeek ကတော့ အီတလီနိုင်ငံရဲ့ ဥပဒေတွေဟာ သူတို့အတွက် မသက်ဆိုင်ဘူးလို့ စောဒကတက်ခဲ့ပေမယ့် ဒေတာလုံခြုံရေးနဲ့ ပွင့်လင်းမြင်သာမှုအရ ပတ်သက်တယ်လို့ အီတလီအာဏာပိုင်အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ အိုင်ယာလန်နဲ့ ပြင်သစ်တို့လို အခြားဥရောပနိုင်ငံတွေကလည်း DeepSeek ရဲ့ ဒေတာဆိုင်ရာလုပ်ဆောင်ချက်ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။
(၂၀၂၅-ခုနှစ် ကမ္ဘာလူဦးရေ ၈ ဘီလီယံမှာ ၄.၉၇ ဘီလီယံဟာ Google နဲ့ မကင်းဟု သိရပါတယ်။ တစ်လလျှင် လူပေါင်း ၁၅၄ ဘီလီယံဟာ Google ကို ဝင်ရောက်ကြည့်ရှု့နေကြပါတယ်။ ဒီအတွက် သင့်အကြောင်းကို သင် ကိုယ်တိုင်ထက် Google က ပိုသိနေတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အနောက်အုပ်စုအနေနဲ့ တစ်ကမ္ဘာလုံးရဲ့ အချက်အလက်တွေကို ဆယ်စုနှစ်ပေါင်းများစွာ ရယူနေကြပေမယ့် ဘိန်းစားချင်း တစ်လုံးပို မရှူကြပဲ မှိန်းတုတ် ပေါင်းစားနေခဲ့ကြပါတယ်။ တရုတ်က DeepSeek ကို ပွဲထုတ်ယုံှရှိသေး ၃ ရက်လောက်နဲ့ မိုး မီးလောင်နေကြပါ တယ်။
ကျွန်တော်သတင်းဘာသာပြန်ခြင်းနဲ့ စာရေးသားဖို့ အချက်အလက်ရှာဖွေခြင်းမှာ OpenAI ရဲ့ ChatGPT ကို အသုံးပြုနေခဲ့တာ တစ်နှစ်ကျော်ခန့်ရှိခဲ့ပါပြီ၊ ရက်ပိုင်းမျှသာ သုံးရသေးပေမယ့် DeepSeek က ChatGPT ထက် ပိုမြန် ပိုဆီလျော် ပိုပြည့်စုံတယ်လို့ ခံစားရပါတယ်။ ။သတင်းဘာသာပြန်သူ))
#HtayOung #OungMarine
#AI #ဉာဏ်ရည်တုနည်းပညာ #ChatBot #OpenAI #ChatGPT #Gemini #DeepSeek #fyp
Zawgyi Version:
တ႐ုတ္ DeepSeek ၏ သတင္းႏွင့္အခ်က္အလက္ရွာေဖြေပးႏိုင္စြမ္းမွာ ၁၇ ရာခိုင္ႏႈန္းသာ တိက်မွန္ကန္ဟု ဆို
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၂
ဇီက်န္းျပည္နယ္ ဟန္က်ိဴးၿမိဳ႕အေျခစိုက္ DeepSeek ဉာဏ္ရည္တု နည္းပညာကုမၸဏီဟာ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ ရန္ တားျမစ္ထားတဲ့ အေမရိကန္အဆင့္ျမင့္ မကၠ႐ိုခ်စ္ပ္ျပားမ်ားကို အသုံးျပဳေနျခင္း ရွိ-မရွိ ဝါရွင္တန္ ကူးသန္း ေရာင္းဝယ္ေရးဌာနက စုံစမ္းစစ္ေဆးေနေၾကာင္း အဆိုပါကိစၥနဲ႔နီးစပ္တဲ့သတင္းရင္းျမစ္မ်ားက အတည္ျပဳတယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီ ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္က ေရးသားပါတယ္။
မၾကာေသးမီက ဉာဏ္ရည္တုနည္းပညာသုံး အခမဲ့ အကူအညီေပးေရး DeepSeek ဟာ ရက္ပိုင္းအတြင္း “အက္ပဲလ္” ရဲ႕ App Store မွာ ေဒါင္းလုဒ္ ဆြဲယူခံရမႈ အမ်ားဆုံး အက္ပ္ပလီေကးရွင္းတစ္ခုျဖစ္လာခဲ့ပါတယ္။ တမဟုတ္ခ်င္း လ်င္ျမန္စြာ ေအာင္ျမင္မႈဟာ AI နည္းပညာမွာ ေပက်င္းက ဝါရွင္တန္ကို ေက်ာ္တက္ေတာ့ မေယာင္ စိုးရိမ္မႈကို ျဖစ္ေစၿပီး အေမရိကန္ နည္းပညာစေတာ့ရွယ္ယာမ်ား ေဒၚလာ ၁ ထရီလီယံဖိုး က်ဆင္းသြားခဲ့ရပါတယ္။
ကြန္ပ်ဴတာ ပ႐ိုဂရမ္စနစ္တစ္ခုကို အသုံးျပဳၿပီး လူသားေတြနဲ႔ စာသား ဒါမွမဟုတ္ အသံနဲ႔ အျပန္အလွန္ ဆက္ သြယ္ျခင္းကို ChatBot “ခ်တ္ေဘာ့” လို႔ေခၚပါတယ္။ ေမးခြန္းမ်ားကိုေျဖဆိုျခင္း အခ်က္အလက္ရွာေဖြေပးတဲ့ ခ်တ္ေဘာ့စနစ္ေတြကို အေနာက္ႏိုင္ငံ AI ဉာဏ္ရည္တုနည္းပညာ ကုမၸဏီႀကီးေတြမွာလဲ အသုံးျပဳႏိုင္ပါတယ္။ ဒါေပမယ့္ တ႐ုတ္ရဲ႕ဉာဏ္ရည္တုနည္းပညာကို စတင္မိတ္ဆက္ေပးလႈိက္တဲ့ DeepSeek ရဲ႕ ခ်တ္ေဘာ့ဟာ သတင္းနဲ႔အခ်က္အလက္မ်ား ရွာေဖြေပးႏိုင္စြမ္းမွာ တိက်မွန္ကန္မႈ ၁၇ ရာခိုင္ႏႈန္းသာရွိေၾကာင္း၊ OpenAI ရဲ႕ ChatGPT နဲ႔ ဂူးဂဲလ္ရဲ႕ Gemini အပါအဝင္ အေနာက္ႏိုင္ငံ ၿပိဳင္ဘက္ကုမၸဏီခ်တ္ေဘာ့မ်ားနဲ႔ ယွဥ္ၾကည့္ရင္ အဆင့္ ၁၁ ဆင့္အနက္ အဆင့္ ၁၀ မွာသာ ရွိေၾကာင္း စစ္ေဆးေတြ႕ရွိရတယ္လို႔ “နယူးစ္ဂတ္” က ေျပာပါ တယ္။
သတင္းမီဒီယာတို႔ရဲ႕ ယုံၾကည္စိတ္ခ်ရမႈကို သုံးသပ္အကဲျဖတ္လွ်က္ရွိတဲ့ အေမရိကန္အေျခစိုက္ နယူးစ္ဂတ္ရဲ႕ ဗုဒၶဟူးေန႔ အစီရင္ခံစာအရ သတင္းဆိုင္ရာေမးခြန္းမ်ားကို ေျဖၾကားရာမွာ DeepSeek ရဲ႕ ခ်က္ေဘာ့ဟာ သတ္ မွတ္ထားတဲ့ ႀကိမ္ေရ ၃၀ ရာခိုင္ႏႈန္းမွာ မွားယြင္းတဲ့ အခ်က္အလက္မ်ားကို ထပ္ကာထက္ကာ ေဖာ္ျပခဲ့ၿပီး ၅၃ ရာခိုင္ႏႈန္းမွာ ေတာ့ မေရရာ (သို႔မဟုတ္) အသုံးမဝင္တဲ့ အေျဖမ်ားကို ထုတ္ေပးခဲ့ေၾကာင္း၊ ဒါ့ေၾကာင့္ ႀကိမ္ေရ စုစုေပါင္းရဲ႕ ၈၃ ရာခိုင္ႏႈန္းမွာ ေအာင္ျမင္ျခင္း မရွိေၾကာင္း သိရွိရပါတယ္။ ဆိုလိုတာ DeepSeek ကို ေမးခြန္းေပါင္း အခု ၁၀၀ ေမးျမန္းရာမွာ ၁၇ ခုသာ တိက် မွန္ကန္စြာ ေျဖဆိုႏိုင္ၿပီး ၈၃% မွာ ေက်နပ္ဖြယ္ရာမရွိ / မွားယြင္းေန တယ္လို႔ အဓိပၸါယ္ရပါတယ္။
DeepSeek ဟာ အေနာက္ႏိုင္ငံၿပိဳင္ဘက္မ်ားရဲ႕ ပ်မ္းမွ် က်ရႈံးမႈႏႈန္း ၆၂ ရာခိုင္ႏႈန္းထက္ ပိုမို ဆိုး႐ြားေနပါတယ္။ ဒါေပမယ့္ မကၠ႐ိုေဆာ့ဖ္ ေက်ာေထာက္ေနာက္ခံျပဳ OpenAI ထက္ ကုန္က်စရိတ္ နည္းနည္းပဲမ်ားတယ္လို႔ ဆိုျခင္း ေၾကာင့္ တ႐ုတ္တို႔ရဲ႕ AI နည္းပညာနဲ႔ ပတ္သက္ၿပီး သံသယျဖစ္စရာေကာင္းပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေမတၱာရပ္ခံခ်က္ကို တ႐ုတ္ကုမၸဏီက ေလာေလာဆယ္ တုံ႔ျပန္ျခင္းမရွိပါဘူး။
နယူးစ္ဂတ္ဟာ DeepSeek ကို အေနာက္တိုင္း ဉာဏ္ရည္တု ေမာ္ဒယ္မ်ားအတြက္ အသုံးျပဳခဲ့တဲ့ ေမးခြန္း ၃၀၀ ျဖင့္ စမ္းသပ္ခဲ့ရာမွာ ေလာေလာဆယ္ အြန္လိုင္းေပၚမွာ လူေျပာမ်ားေနတဲ့ တစ္လြဲအေျဖအေျခခံ ေမးခြန္း ၃၀ လည္း ပါဝင္ပါတယ္။
အီတလီႏိုင္ငံ ေဒတာအခ်က္အလက္ ကာကြယ္ေရးအာဏာပိုင္အဖြဲ႕အစည္းျဖစ္တဲ့ “ဂရန္တီ” ကေတာ့ အသုံးျပဳ သူမ်ားရဲ႕ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ားနဲ ပတ္သက္ၿပီး စိုးရိမ္မႈမ်ားအေပၚ တ႐ုတ္ကုမၸဏီက သင့္ ေလ်ာ္စြာ ေျဖၾကားႏိုင္ျခင္း မရွိဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ DeepSeek ဉာဏ္ရည္တုရဲ႕ ခ်က္ေဘာ့ကို ခ်က္ခ်င္း အာဏာတည္ေစတဲ့ အမိန႔္နဲ႔ တားျမစ္လိုက္ပါတယ္။ ေဒသဆိုင္ရာ Store မွ ဖယ္ရွားခဲ့ၿပီး ဗားရွင္းကိုလည္း ပိတ္ဆို႔လိုက္ပါတယ္။ စုံစမ္းစစ္ေဆးမႈမ်ားအရ အဆိုပါ အက္ပ္လီေကးရွင္းက အသုံးျပဳသူရဲ႕ပုဂၢိဳလ္ေရးေဒတာ မ်ားကို ဘယ္လို ေကာက္ယူ-စုေဆာင္း-သိမ္းဆည္း-အသုံးျပဳတယ္ဆိုတဲ့အေပၚ အဓိကထားေၾကာင္း၊ အထူးသျဖင့္ အသုံးျပဳသူရဲ႕ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ားကို တ႐ုတ္ႏိုင္ငံမွာ သိမ္းဆည္းထားျခင္း ရွိ-မရွိကို အေလးထားခဲ့တယ္လို႔ ဆိုပါတယ္။
DeepSeek ကေတာ့ အီတလီႏိုင္ငံရဲ႕ ဥပေဒေတြဟာ သူတို႔အတြက္ မသက္ဆိုင္ဘူးလို႔ ေစာဒကတက္ခဲ့ေပမယ့္ ေဒတာလုံၿခဳံေရးနဲ႔ ပြင့္လင္းျမင္သာမႈအရ ပတ္သက္တယ္လို႔ အီတလီအာဏာပိုင္အဖြဲ႕က ဆုံးျဖတ္ခဲ့ပါတယ္။ အိုင္ယာလန္နဲ႔ ျပင္သစ္တို႔လို အျခားဥေရာပႏိုင္ငံေတြကလည္း DeepSeek ရဲ႕ ေဒတာဆိုင္ရာလုပ္ေဆာင္ခ်က္ကို ေမးခြန္းထုတ္ခဲ့ၾကပါတယ္။
(၂၀၂၅-ခုႏွစ္ ကမာၻလူဦးေရ ၈ ဘီလီယံမွာ ၄.၉၇ ဘီလီယံဟာ Google နဲ႔ မကင္းဟု သိရပါတယ္။ တစ္လလွ်င္ လူေပါင္း ၁၅၄ ဘီလီယံဟာ Google ကို ဝင္ေရာက္ၾကည့္ရႈ႕ေနၾကပါတယ္။ ဒီအတြက္ သင့္အေၾကာင္းကို သင္ ကိုယ္တိုင္ထက္ Google က ပိုသိေနတယ္လို႔ ဆိုျခင္းျဖစ္ပါတယ္။ အေနာက္အုပ္စုအေနနဲ႔ တစ္ကမာၻလုံးရဲ႕ အခ်က္အလက္ေတြကို ဆယ္စုႏွစ္ေပါင္းမ်ားစြာ ရယူေနၾကေပမယ့္ ဘိန္းစားခ်င္း တစ္လုံးပို မရႉၾကပဲ မွိန္းတုတ္ ေပါင္းစားေနခဲ့ၾကပါတယ္။ တ႐ုတ္က DeepSeek ကို ပြဲထုတ္ယုံွရွိေသး ၃ ရက္ေလာက္နဲ႔ မိုး မီးေလာင္ေနၾကပါ တယ္။
ကြၽန္ေတာ္သတင္းဘာသာျပန္ျခင္းနဲ႔ စာေရးသားဖို႔ အခ်က္အလက္ရွာေဖြျခင္းမွာ OpenAI ရဲ႕ ChatGPT ကို အသုံးျပဳေနခဲ့တာ တစ္ႏွစ္ေက်ာ္ခန႔္ရွိခဲ့ပါၿပီ၊ ရက္ပိုင္းမွ်သာ သုံးရေသးေပမယ့္ DeepSeek က ChatGPT ထက္ ပိုျမန္ ပိုဆီေလ်ာ္ ပိုျပည့္စုံတယ္လို႔ ခံစားရပါတယ္။ ။သတင္းဘာသာျပန္သူ))
#HtayOung #OungMarine
#AI #ဉာဏ္ရည္တုနည္းပညာ #ChatBot #OpenAI #ChatGPT #Gemini #DeepSeek #fyp