၂၁ အခင်းအကျင်းတွင် တောခိုသွားသည့် လူငယ်အများစု၏ (၇၅)ရာခိုင်နှုန်းသည် အမေရိကန်စင်တာနှင့် British Council တို့၌ နိုင်ငံရေးဆိုင်ရာ သင်တန်းတက်ရောက်ခဲ့ဖူးသူများဖြစ်နေ

 1545

(NP News)-ဖေဖော်ဝါရီ ၂
တောခိုသွားသည့် လူငယ်အများစု၏ (၇၅)ရာခိုင်နှုန်းသည် အမေရိကန်စင်တာနှင့် British Council တို့၌ နိုင်ငံရေးဆိုင်ရာ သင်တန်းတက် ရောက်ခဲ့ဖူးသူများဖြစ်နေကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းဦးက ပြောသည်။

ဦးသိန်းထွန်းဦးက ယနေ့(ဖေဖော်ဝါရီလ ၂ရက်)နံနက်ပိုင်းက ကျောက်တံတားမြို့နယ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးစီးကျင်းပသော နိုင်ငံတော်အကျပ်အတည်းနှင့် အစိုးရ၊ နိုင်ငံသားနှင့် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီအချိန်မှာ ဒီမိုကရေစီနဲ့ပတ်သက်လို့ပြောနေကြတော့ (၈၈)ထက်တော့ပိုပြီးတော့ အတွေ့အကြုံရင့်ကျက်လာပြီလား။ လုပ်နိုင်ကြ ပြီလားလို့ ကျွန်တော်ထင်ပေမယ့် ပိုဆိုးသွားပါတယ်။ ပိုဆိုးတဲ့အပြင်ကို ဘယ်လိုခေါ်မလဲဆိုတော့ half pageဖြစ်သွားတာပေါ့။ အထူးသဖြင့် အမေရိကန်စင်တာတို့ British Council တို့မှာ နိုင်ငံရေးဆိုင်ရာ သင်တန်းတွေပေးတယ်။ ပေးတဲ့အချိန်မှာ ကျွန်တော်တို့က လစ်ဘရယ် အတွက်ကောင်းတဲ့အထောက်အပံ့တော့မဖြစ်ဘူး။ နောက်ဆုံးအားနာပါးနာနဲ့ လစ်ဘရယ်ကြောင်ပြီးတော့ နောက်ဆုံးတောခိုသွားတဲ့ လူငယ်အများစုရဲ့ (၇၅)ရာခိုင်နှုန်း အဲဒီလောက်က အဲဒီသင်တန်းတွေက ထွက်တဲ့လူငယ်တွေဖြစ်နေတယ်ဆိုတာကို စိတ်မကောင်းစွာနဲ့သွားတွေ့ရပါ တယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

အဆိုပါလူငယ်များသည့် လစ်ဘရယ်ဝါဒကို သဘောကျနှစ်ခြိုက်ကြသော်လည်း ပုဂ္ဂိုလ်ရေးနှင့် စိတ်ခံစားချက်ကို ဦးစားပေးကြသည့်အတွက် လက်ရှိအခြေအနေများဖြစ်ပေါ်လာခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က ပြောလို့ရတာပေါ့။ နိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံသားအခွင့်အရေးရှိတယ် ။ ဒါပေမယ့် Right Time မှာ ချိတ်ဆက် ထားတာ (၂)ခုရှိပါတယ်။ နိုင်ငံသားတွေရဲ့ Right ကိုလိုချင်ရင် နိုင်ငံသား Duty ပြည့်ဝဖို့လိုအပ်ပါတယ်။ Human Right လိုချင်ရင် Human ရဲ့ Duty ပြည့်ဝဖို့လို အပ်ပါတယ်။ အဲဒီလိုပဲ အစိုးရသည်လည်း သူ့ရဲ့ Authority Right လိုချင်ရင် သူ့ရဲ့ Authority Duty ပြည့်ဝဖို့ လိုအပ်ပါတယ်။ ဒီဟာသည် ကျွန်တော်တို့မေ့လို့မရတဲ့ကိစ္စတွေပါ”ဟု ၎င်းကဆက်ပြောသည်။

ထို့ကြောင့် လက်ရှိနိုင်ငံရေးအခြေအနေကို ပြေလည်အောင်လုပ်ဆောင်ရန်အတွက် အမှန်တကယ်တတ်ကျွမ်းသည့် နိုင်ငံရေးသမား ကောင်းများ များစွာလိုအပ်ကြောင်းလည်း ဦးသိန်းထွန်းဦးက ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။

Zawgyi Version:
၂၁ အခင္းအက်င္းတြင္ ေတာခိုသြားသည့္ လူငယ္အမ်ားစု၏ (၇၅)ရာခိုင္ႏႈန္းသည္ အေမရိကန္စင္တာႏွင့္ British Council တို႔၌ ႏိုင္ငံေရးဆိုင္ရာ သင္တန္းတက္ေရာက္ခဲ့ဖူးသူမ်ားျဖစ္ေန
(NP News)-ေဖေဖာ္ဝါရီ ၂

ေတာခိုသြားသည့္ လူငယ္အမ်ားစု၏ (၇၅)ရာခိုင္ႏႈန္းသည္ အေမရိကန္စင္တာႏွင့္ British Council တို႔၌ ႏိုင္ငံေရးဆိုင္ရာ သင္တန္းတက္ ေရာက္ခဲ့ဖူးသူမ်ားျဖစ္ေနေၾကာင္း ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာဦးသိန္းထြန္းဦးက ေျပာသည္။

ဦးသိန္းထြန္းဦးက ယေန႔(ေဖေဖာ္ဝါရီလ ၂ရက္)နံနက္ပိုင္းက ေက်ာက္တံတားၿမိဳ႕နယ္တြင္ ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ ဦးစီးက်င္းပေသာ ႏိုင္ငံေတာ္အက်ပ္အတည္းႏွင့္ အစိုးရ၊ ႏိုင္ငံသားႏွင့္ ႏိုင္ငံေရးပါတီမ်ား၏ အခန္းက႑ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ဒီအခ်ိန္မွာ ဒီမိုကေရစီနဲ႔ပတ္သက္လို႔ေျပာေနၾကေတာ့ (၈၈)ထက္ေတာ့ပိုၿပီးေတာ့ အေတြ႕အႀကဳံရင့္က်က္လာၿပီလား။ လုပ္ႏိုင္ၾက ၿပီလားလို႔ ကြၽန္ေတာ္ထင္ေပမယ့္ ပိုဆိုးသြားပါတယ္။ ပိုဆိုးတဲ့အျပင္ကို ဘယ္လိုေခၚမလဲဆိုေတာ့ half pageျဖစ္သြားတာေပါ့။ အထူးသျဖင့္ အေမရိကန္စင္တာတို႔ British Council တို႔မွာ ႏိုင္ငံေရးဆိုင္ရာ သင္တန္းေတြေပးတယ္။ ေပးတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က လစ္ဘရယ္ အတြက္ေကာင္းတဲ့အေထာက္အပံ့ေတာ့မျဖစ္ဘူး။ ေနာက္ဆုံးအားနာပါးနာနဲ႔ လစ္ဘရယ္ေၾကာင္ၿပီးေတာ့ ေနာက္ဆုံးေတာခိုသြားတဲ့ လူငယ္အမ်ားစုရဲ႕ (၇၅)ရာခိုင္ႏႈန္း အဲဒီေလာက္က အဲဒီသင္တန္းေတြက ထြက္တဲ့လူငယ္ေတြျဖစ္ေနတယ္ဆိုတာကို စိတ္မေကာင္းစြာနဲ႔သြားေတြ႕ရပါ တယ္”ဟု ဦးသိန္းထြန္းဦးက ေျပာသည္။

အဆိုပါလူငယ္မ်ားသည့္ လစ္ဘရယ္ဝါဒကို သေဘာက်ႏွစ္ၿခိဳက္ၾကေသာ္လည္း ပုဂၢိဳလ္ေရးႏွင့္ စိတ္ခံစားခ်က္ကို ဦးစားေပးၾကသည့္အတြက္ လက္ရွိအေျခအေနမ်ားျဖစ္ေပၚလာခဲ့ေၾကာင္းလည္း ၎ကဆိုသည္။

“ကြၽန္ေတာ္တို႔က ေျပာလို႔ရတာေပါ့။ ႏိုင္ငံသားျဖစ္တဲ့အတြက္ ႏိုင္ငံသားအခြင့္အေရးရွိတယ္ ။ ဒါေပမယ့္ Right Time မွာ ခ်ိတ္ဆက္ ထားတာ (၂)ခုရွိပါတယ္။ ႏိုင္ငံသားေတြရဲ႕ Right ကိုလိုခ်င္ရင္ ႏိုင္ငံသား Duty ျပည့္ဝဖို႔လိုအပ္ပါတယ္။ Human Right လိုခ်င္ရင္ Human ရဲ႕ Duty ျပည့္ဝဖို႔လို အပ္ပါတယ္။ အဲဒီလိုပဲ အစိုးရသည္လည္း သူ႔ရဲ႕ Authority Right လိုခ်င္ရင္ သူ႔ရဲ႕ Authority Duty ျပည့္ဝဖို႔ လိုအပ္ပါတယ္။ ဒီဟာသည္ ကြၽန္ေတာ္တို႔ေမ့လို႔မရတဲ့ကိစၥေတြပါ”ဟု ၎ကဆက္ေျပာသည္။

ထို႔ေၾကာင့္ လက္ရွိႏိုင္ငံေရးအေျခအေနကို ေျပလည္ေအာင္လုပ္ေဆာင္ရန္အတြက္ အမွန္တကယ္တတ္ကြၽမ္းသည့္ ႏိုင္ငံေရးသမား ေကာင္းမ်ား မ်ားစြာလိုအပ္ေၾကာင္းလည္း ဦးသိန္းထြန္းဦးက ေဆြးေႏြးပြဲတြင္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.