အီရန်နိုင်ငံက မြေအောက်မှာ တည်ဆောက်ထားတဲ့ စစ်အခြေစိုက်စခန်းတစ်ခု ထုတ်ဖော်ပြသ

 84

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂

အီရန်နိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ မြေအောက်မှာ တည်ဆောက်ထားတဲ့ စစ်အခြေစိုက်စခန်းတစ်ခုကို ထုတ်ဖော် ပြသလိုက်တယ်လို့ သိရပါတယ်။ အီရန်နိုင်ငံရဲ့မြေအောက်ဥမင်လိုဏ်ခေါင်း စစ်အခြေစိုက်စခန်းဟာ နိုင်ငံ တောင်ပိုင်းမှာရှိနိုင်ပြီး ကုန်ကားများ၊ ဒုံးကျည်အစင်းရေ ဒါဇင်နဲ့ချီပြီး ရှိနေကြောင်း အီရန်စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။
နှစ်မိနစ်ကြာထုတ်ပြန်ခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာ အီရန်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟူစိန် ဆာလာမီ နဲ့ ရေတပ် အကြီးအကဲတန်ဆရီတို့ဟာ မြေအောက်ဥမင်လိုဏ်ခေါင်းကွန်ရက်ကို စစ်ဆေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ အီရန်ရေတပ်အကြီးအကဲက အီရန်နိုင်ငံထုတ် ခရုဇ်ဒုံးကျည်အစင်းရေ ၃၈၀၊ ဖြန့်ကြတ်ချထားကြောင်း ပြောပါ တယ်။
အဲဒီဒုံးကျည်တွေဟာ ငါးမိနစ်အတွင်း ဖြန့်ကြတ်ချထားက ပစ်ခတ်နိုင်စွမ်းရှိပြီး ၁၀၀၀ ကီလိုမီတာအတွင်း ရောက်ရှိ နိုင်ကြောင်း သိရပါတယ်။ အီရန်နိုင်ငံဟာ ဇန်နဝါရီ လအလယ်ပိုင်းကလည်း ပါရှန်ပင်လယ်ကွေ့ ကမ်းရိုးတန်း တစ်လျှောက်မှာ မြေအောက်ဒုံးကျည်အခြေစိုက်စခန်းတစ်ခုကို ထုတ်ပြခဲ့ဖူးတယ်လို့ သိရပါတယ်။ အီရန်ဟာ ဇန်နဝါရီ ၁ဝ ရက်ကလည်း မြေအောက်မှာတည်ဆောက်ထားတဲ့ ဒုံးကျည်အခြေစိုက်စခန်းကို ထုတ်ဖော်ပြခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြခဲ့တဲ့ မြေအောက်ဒုံးကျည်အခြေစိုက်စခန်းဟာ တစ်လကျော်အတွင်း သုံးခုမြောက် ထုတ်ပြခဲ့တာဖြစ်ပါတယ်။
အီရန်နိုင်ငံရဲ့ဒုံးကျည်အစီအစဉ်ဟာ ခြိမ်းခြောက်မှုတွေကို တားဆီးဖို့ အဓိကအရေးပါတဲ့အစိတ်အပိုင်းမှာ ပါဝင်နေ တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံမှာ ဒုံးကျည်အစီအစဉ် မရှိဘူးဆိုရင် အီရန်နိုင်ငံနဲ့ဘယ်သူမှ ဆွေးနွေးမှာမဟုတ်ဘူးလို့ ၎င်းက ဆိုပါတယ်။ အီရန်နိုင်ငံဟာ လက်ရှိအချိန်မှာ အစ္စရေးနိုင်ငံနဲ့တင်းမာမှုတွေရှိနေပြီး ပြီးခဲ့တဲ့နှစ်အတွင်း အပြန်အလှန်တိုက်ခိုက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ကာ အီရန်က ဒုံးကျည်အစင်းရေ ရာချီနဲ့ ပစ်ခတ်ခဲ့ဖူးပါတယ်။

Zawgyi Version:
အီရန္ႏိုင္ငံက ေျမေအာက္မွာ တည္ေဆာက္ထားတဲ့ စစ္အေျခစိုက္စခန္းတစ္ခု ထုတ္ေဖာ္ျပသ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂

အီရန္ႏိုင္ငံဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာပဲ ေျမေအာက္မွာ တည္ေဆာက္ထားတဲ့ စစ္အေျခစိုက္စခန္းတစ္ခုကို ထုတ္ေဖာ္ ျပသလိုက္တယ္လို႔ သိရပါတယ္။ အီရန္ႏိုင္ငံရဲ႕ေျမေအာက္ဥမင္လိုဏ္ေခါင္း စစ္အေျခစိုက္စခန္းဟာ ႏိုင္ငံ ေတာင္ပိုင္းမွာရွိႏိုင္ၿပီး ကုန္ကားမ်ား၊ ဒုံးက်ည္အစင္းေရ ဒါဇင္နဲ႔ခ်ီၿပီး ရွိေနေၾကာင္း အီရန္စစ္တပ္က သတင္းထုတ္ျပန္ထားပါတယ္။
ႏွစ္မိနစ္ၾကာထုတ္ျပန္ခဲ့တဲ့ ႐ုပ္သံဖိုင္ထဲမွာ အီရန္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ဟူစိန္ ဆာလာမီ နဲ႔ ေရတပ္ အႀကီးအကဲတန္ဆရီတို႔ဟာ ေျမေအာက္ဥမင္လိုဏ္ေခါင္းကြန္ရက္ကို စစ္ေဆးခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ အီရန္ေရတပ္အႀကီးအကဲက အီရန္ႏိုင္ငံထုတ္ ခ႐ုဇ္ဒုံးက်ည္အစင္းေရ ၃၈၀၊ ျဖန႔္ၾကတ္ခ်ထားေၾကာင္း ေျပာပါ တယ္။
အဲဒီဒုံးက်ည္ေတြဟာ ငါးမိနစ္အတြင္း ျဖန႔္ၾကတ္ခ်ထားက ပစ္ခတ္ႏိုင္စြမ္းရွိၿပီး ၁၀၀၀ ကီလိုမီတာအတြင္း ေရာက္ရွိ ႏိုင္ေၾကာင္း သိရပါတယ္။ အီရန္ႏိုင္ငံဟာ ဇန္နဝါရီ လအလယ္ပိုင္းကလည္း ပါရွန္ပင္လယ္ေကြ႕ ကမ္း႐ိုးတန္း တစ္ေလွ်ာက္မွာ ေျမေအာက္ဒုံးက်ည္အေျခစိုက္စခန္းတစ္ခုကို ထုတ္ျပခဲ့ဖူးတယ္လို႔ သိရပါတယ္။ အီရန္ဟာ ဇန္နဝါရီ ၁ဝ ရက္ကလည္း ေျမေအာက္မွာတည္ေဆာက္ထားတဲ့ ဒုံးက်ည္အေျခစိုက္စခန္းကို ထုတ္ေဖာ္ျပခဲ့ရာ ေဖေဖာ္ဝါရီ ၁ ရက္က ထုတ္ျပခဲ့တဲ့ ေျမေအာက္ဒုံးက်ည္အေျခစိုက္စခန္းဟာ တစ္လေက်ာ္အတြင္း သုံးခုေျမာက္ ထုတ္ျပခဲ့တာျဖစ္ပါတယ္။
အီရန္ႏိုင္ငံရဲ႕ဒုံးက်ည္အစီအစဥ္ဟာ ၿခိမ္းေျခာက္မႈေတြကို တားဆီးဖို႔ အဓိကအေရးပါတဲ့အစိတ္အပိုင္းမွာ ပါဝင္ေန တယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက ဆိုပါတယ္။ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက အီရန္ႏိုင္ငံမွာ ဒုံးက်ည္အစီအစဥ္ မရွိဘူးဆိုရင္ အီရန္ႏိုင္ငံနဲ႔ဘယ္သူမွ ေဆြးေႏြးမွာမဟုတ္ဘူးလို႔ ၎က ဆိုပါတယ္။ အီရန္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ အစၥေရးႏိုင္ငံနဲ႔တင္းမာမႈေတြရွိေနၿပီး ၿပီးခဲ့တဲ့ႏွစ္အတြင္း အျပန္အလွန္တိုက္ခိုက္မႈ ၂ ႀကိမ္ျဖစ္ပြားခဲ့ကာ အီရန္က ဒုံးက်ည္အစင္းေရ ရာခ်ီနဲ႔ ပစ္ခတ္ခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.