အမေရိကန်ရွေးကောက်ပွဲမှာ ငွေကြေးကူညီထောက်ပံ့ပေးမှု အများဆုံးသူများစာရင်းမှာ အီလွန်မတ် ဦးဆောင်

257

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂
ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်ဟာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ငွေကြေးထည့်ဝင် လှူဒါန်းမှု အများဆုံးပြုလုပ်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။ အီလွန်မတ်ဟာ ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရအောင် အဓိက ပံပိုးကူညီခဲ့သူဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၈၈ သန်း ကူညီထောက်ပံ့ပေးခဲ့ ကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် သမ္မတအဖြစ်တာဝန်ယူချိန်မှာ အမေရိကန်နိုင်ငံအတွင်း မလိုအပ်တဲ့စည်းကမ်းတွေ၊ သုံးစွဲငွေတွေကို စိစစ်သုံးသပ်မယ့် Department of Government Efficiency ဌာန အကြီးအကဲအဖြစ် အီလွန်မတ်ကို ခန့်အပ်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အဲဒီဌာနကို သမ္မတအဖြစ်တာဝန်ယူပြီးနောက် ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။ အီလွန်မတ်ဟာ ဒေါ်နယ်ထရမ့်အနိုင်ရအောင် လူအား၊ ငွေအား ကူညီခဲ့သလို စည်းရုံးလှုံဆော်မှုများ လုပ်ဆောင်ခဲ့ရာ လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် အချို့က အီလွန်မတ်ကို အာဏာရှင်လို့ သတ်မှတ်ပြောဆိုခဲ့သလို ရွေးချယ်မခံရတဲ့ ပူးတွဲသမ္မတအဖြစ် ဝေဖန်ကြပါတယ်။ အီလွန်မတ်ဟာ ဒေါ်နယ်ထရမ့်အပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံရေးသမားတစ်ဦးအဖြစ် ဝေဖန်ခံနေရသူလည်းဖြစ်ပါတယ်။
အီလွန်မတ်ဟာ ဒေါ်နယ်ထရမ့်ရဲ့မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေမှာ ကူညီထောက်ပံ့ငွေတွေကို ကိုယ်တိုင်ထည့်ဝင် ရုံသာမက ၎င်းရဲ့မိတ်ဆွေဖြစ်တဲ့ Tesla ဘုတ်အဖွဲ့ဝင် အန်တိုနီယို ဂါစီယာ၊ Palantir ကုမ္ပဏီကို ပူးတွဲ တည်ထောင်သူ ဂျိုလွန်ဒါလီ၊ Sequoia Capital လုပ်ငန်းရှင် ရှန်မက်ဂွိုင်းယားတို့လည်း ရွေးကောက် ပွဲရန်ပုံငွေများ ထည့်ဝင်ဖို့ စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၅ ရက်မှာ ကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရပြီးနောက် အီလွန်မတ်ရဲ့ပိုင်ဆိုင်ထားတဲ့ရှယ်ယာတွေလည်း တန်ဖိုးတက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံကျော်အထိ ကြွယ်ဝချမ်းသာလာခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရပြီးနောက် အီလွန်မတ်ပိုင်ဆိုင်တဲ့ Tesla လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီရဲ့ရှယ်ယာတွေဟာ ၇ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version:
အေမရိကန္ေ႐ြးေကာက္ပြဲမွာ ေငြေၾကးကူညီေထာက္ပံ့ေပးမႈ အမ်ားဆုံးသူမ်ားစာရင္းမွာ အီလြန္မတ္ ဦးေဆာင္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂
ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္ဟာ ၂၀၂၄ ခုႏွစ္ အေမရိကန္ေ႐ြးေကာက္ပြဲမွာ ေငြေၾကးထည့္ဝင္ လႉဒါန္းမႈ အမ်ားဆုံးျပဳလုပ္ခဲ့သူျဖစ္ေၾကာင္း သိရပါတယ္။ အီလြန္မတ္ဟာ ၿပီးခဲ့တဲ့ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္ အႏိုင္ရေအာင္ အဓိက ပံပိုးကူညီခဲ့သူျဖစ္ၿပီး အေမရိကန္ေဒၚလာ ၂၈၈ သန္း ကူညီေထာက္ပံ့ေပးခဲ့ ေၾကာင္း သိရပါတယ္။
ေဒၚနယ္ထရမ့္ဟာ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရၿပီးေနာက္ သမၼတအျဖစ္တာဝန္ယူခ်ိန္မွာ အေမရိကန္ႏိုင္ငံအတြင္း မလိုအပ္တဲ့စည္းကမ္းေတြ၊ သုံးစြဲေငြေတြကို စိစစ္သုံးသပ္မယ့္ Department of Government Efficiency ဌာန အႀကီးအကဲအျဖစ္ အီလြန္မတ္ကို ခန႔္အပ္ခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ အဲဒီဌာနကို သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ဖြဲ႕စည္းေပးခဲ့တာျဖစ္ပါတယ္။ အီလြန္မတ္ဟာ ေဒၚနယ္ထရမ့္အႏိုင္ရေအာင္ လူအား၊ ေငြအား ကူညီခဲ့သလို စည္း႐ုံးလႈံေဆာ္မႈမ်ား လုပ္ေဆာင္ခဲ့ရာ လူစိတ္ဝင္စားမႈျမင့္တက္ခဲ့ပါတယ္။ ဒါေပမယ့္ အခ်ိဳ႕က အီလြန္မတ္ကို အာဏာရွင္လို႔ သတ္မွတ္ေျပာဆိုခဲ့သလို ေ႐ြးခ်ယ္မခံရတဲ့ ပူးတြဲသမၼတအျဖစ္ ေဝဖန္ၾကပါတယ္။ အီလြန္မတ္ဟာ ေဒၚနယ္ထရမ့္အေပၚ ၾသဇာလႊမ္းမိုးမႈရွိတဲ့ ႏိုင္ငံေရးသမားတစ္ဦးအျဖစ္ ေဝဖန္ခံေနရသူလည္းျဖစ္ပါတယ္။
အီလြန္မတ္ဟာ ေဒၚနယ္ထရမ့္ရဲ႕မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းေတြမွာ ကူညီေထာက္ပံ့ေငြေတြကို ကိုယ္တိုင္ထည့္ဝင္ ႐ုံသာမက ၎ရဲ႕မိတ္ေဆြျဖစ္တဲ့ Tesla ဘုတ္အဖြဲ႕ဝင္ အန္တိုနီယို ဂါစီယာ၊ Palantir ကုမၸဏီကို ပူးတြဲ တည္ေထာင္သူ ဂ်ိဳလြန္ဒါလီ၊ Sequoia Capital လုပ္ငန္းရွင္ ရွန္မက္ဂြိဳင္းယားတို႔လည္း ေ႐ြးေကာက္ ပြဲရန္ပုံေငြမ်ား ထည့္ဝင္ဖို႔ စည္း႐ုံးခဲ့တယ္လို႔ သိရပါတယ္။ ႏိုဝင္ဘာ ၅ ရက္မွာ က်င္းပတဲ့ အေမရိကန္ေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္ အႏိုင္ရၿပီးေနာက္ အီလြန္မတ္ရဲ႕ပိုင္ဆိုင္ထားတဲ့ရွယ္ယာေတြလည္း တန္ဖိုးတက္လာခဲ့ၿပီး အေမရိကန္ေဒၚလာ ၂၀၀ ဘီလ်ံေက်ာ္အထိ ႂကြယ္ဝခ်မ္းသာလာခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္ အႏိုင္ရၿပီးေနာက္ အီလြန္မတ္ပိုင္ဆိုင္တဲ့ Tesla လွ်ပ္စစ္ကားထုတ္လုပ္ေရး ကုမၸဏီရဲ႕ရွယ္ယာေတြဟာ ၇ဝ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။