ဂျပန်နိုင်ငံမှာ ကားလမ်းပေါ်က မီတာ ၄၀ အနက်ရှိတဲ့ တွင်းနက်ကြီးထဲကျသွားတဲ့ လူတစ်ဦး၊ အခုထိအပေါ်မတက်နိုင်သေး
530
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၃
ဂျပန်နိုင်ငံမှာ ကားလမ်းပေါ်ရုတ်တရက်ဖြစ်ပေါ်လာတဲ့ မီတာ ၄၀ အနက်ရှိ တွင်းနက်ကြီးထဲ ပြုတ်ကျသွား တဲ့ လူတစ်ဦးဟာ ၄ ရက်ကြာပြီ ဖြစ်ပေမယ့် အခုထိ အပေါ်ပြန်မတက်နိုင်သေးဘူးလို့ သိရပါတယ်။
ကယ်ဆယ်ရေး သမားတွေဟာ ဖေဖော်ဝါရီ ၁ ရက်မှာ ကုန်းစောင်းတစ်ခု တည်ဆောက်ပြီး ကယ်ဆယ်ဖို့ ထပ်မံကြိုးစားခဲ့ပါတယ်။ အဖြစ်အပျက်ဟာ တိုကျိုမြို့အပြင်ဘက်ရှိ ယာရှိုးမြို့မှာ ဇန်နဝါရီ ၂၈ ရက်က ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ အတွင်းအနက်ဟာ အိုလံပစ် ရေကူးကန်တစ်ခုစာ အရှည်ရှိပြီး တွင်းဝလည်း ပိုကျယ်လာတာ ကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရုန်းကန်နေရပါတယ်။ လက်ရှိ ကုန်းစောင်းတစ်ခု ဖန်တီးနေပြီး အမြန်ဆုံးကယ်ဆယ်သွားမယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
တွင်းထဲပြုတ်ကျသွားသူဟာ အသက် ၇၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အဲဒီတွင်းပေါက်ဟာလည်း ပထမ အချင်း ၅ မီတာဝန်းကျင်သာ ရှိရာကနေ ပိုမိုကြီးထွားလာတဲ့ တွင်းပေါက်ဖြစ်နေတာကြောင့် ကယ်ဆယ်ရေးသမားတွေနဲ့ စက်ယန္တရားကြီးတွေ တွင်းစပ်နားကိုအရောက်သွားဖို့ ခက်ခဲနေပါတယ်။ တွင်းပေါက်ဟာ ရေမြောင်းပေါက်တွေ ကြောင့်ဖြစ်လာတယ်လို့ ယူဆရပြီး အဲဒီဧရိယာမှာ နေထိုင်တဲ့ နေထိုင်သူ ၁.၂ သန်းကိုလည်း လုပ်ငန်းလည်ပတ်မှုကို အဟန့်အတားမဖြစ်စေဖို့၊ အညစ်အကြေးများ ယိုစိမ့်ခြင်းမှ ကာကွယ်ဖို့၊ ရေချိုးခန်းသုံးခြင်း၊ အ၀တ်လျှော်ခြင်းများ လျှော့ချဖို့ ကယ်ဆယ်ရေးသမားတွေက တောင်းဆိုထားပါတယ်။
Zawgyi Version:
ဂ်ပန္ႏိုင္ငံမွာ ကားလမ္းေပၚက မီတာ ၄၀ အနက္ရွိတဲ့ တြင္းနက္ႀကီးထဲက်သြားတဲ့ လူတစ္ဦး၊ အခုထိ အေပၚမတက္ ႏိုင္ေသး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၃
ဂ်ပန္ႏိုင္ငံမွာ ကားလမ္းေပၚ႐ုတ္တရက္ျဖစ္ေပၚလာတဲ့ မီတာ ၄၀ အနက္ရွိ တြင္းနက္ႀကီးထဲ ျပဳတ္က်သြား တဲ့ လူတစ္ဦးဟာ ၄ ရက္ၾကာၿပီ ျဖစ္ေပမယ့္ အခုထိ အေပၚျပန္မတက္ႏိုင္ေသးဘူးလို႔ သိရပါတယ္။
ကယ္ဆယ္ေရး သမားေတြဟာ ေဖေဖာ္ဝါရီ ၁ ရက္မွာ ကုန္းေစာင္းတစ္ခု တည္ေဆာက္ၿပီး ကယ္ဆယ္ဖို႔ ထပ္မံႀကိဳးစားခဲ့ပါတယ္။ အျဖစ္အပ်က္ဟာ တိုက်ိဳၿမိဳ႕အျပင္ဘက္ရွိ ယာရႈိးၿမိဳ႕မွာ ဇန္နဝါရီ ၂၈ ရက္က ျဖစ္ပြားခဲ့ တာျဖစ္ပါတယ္။ အတြင္းအနက္ဟာ အိုလံပစ္ ေရကူးကန္တစ္ခုစာ အရွည္ရွိၿပီး တြင္းဝလည္း ပိုက်ယ္လာတာ ေၾကာင့္ ကယ္ဆယ္ေရးသမားေတြဟာ ကယ္ဆယ္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔ ႐ုန္းကန္ေနရပါတယ္။ လက္ရွိ ကုန္းေစာင္းတစ္ခု ဖန္တီးေနၿပီး အျမန္ဆုံးကယ္ဆယ္သြားမယ္လို႔ ကယ္ဆယ္ေရးဝန္ထမ္းတစ္ဦးက ေျပာပါတယ္။
တြင္းထဲျပဳတ္က်သြားသူဟာ အသက္ ၇၄ ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး အဲဒီတြင္းေပါက္ဟာလည္း ပထမ အခ်င္း ၅ မီတာဝန္းက်င္သာ ရွိရာကေန ပိုမိုႀကီးထြားလာတဲ့ တြင္းေပါက္ျဖစ္ေနတာေၾကာင့္ ကယ္ဆယ္ေရးသမားေတြနဲ႔ စက္ယႏၲရားႀကီးေတြ တြင္းစပ္နားကိုအေရာက္သြားဖို႔ ခက္ခဲေနပါတယ္။ တြင္းေပါက္ဟာ ေရေျမာင္းေပါက္ေတြ ေၾကာင့္ျဖစ္လာတယ္လို႔ ယူဆရၿပီး အဲဒီဧရိယာမွာ ေနထိုင္တဲ့ ေနထိုင္သူ ၁.၂ သန္းကိုလည္း လုပ္ငန္းလည္ပတ္မႈကို အဟန႔္အတားမျဖစ္ေစဖို႔၊ အညစ္အေၾကးမ်ား ယိုစိမ့္ျခင္းမွ ကာကြယ္ဖို႔၊ ေရခ်ိဳးခန္းသုံးျခင္း၊ အ၀တ္ေလွ်ာ္ျခင္းမ်ား ေလွ်ာ့ခ်ဖို႔ ကယ္ဆယ္ေရးသမားေတြက ေတာင္းဆိုထားပါတယ္။