တစ်ရက်အတွင်း အမေရိကန်ဒေါ်လာ(၁၀ဝ)ဘီလျံကျော် ဆုံးရှုံးခဲ့ရသည့် ကမ္ဘာ့အချမ်းသာဆုံး လူ(၅၀ဝ)

 161

Pika (NP News) - ဖေဖော်ဝါရီ ၃

တရုတ်နိုင်ငံ၏ AI အက်ပ် DeepSeek ပေါ်ပေါက်လာမှုနှင့်ဆက်စပ်နေသည့် နည်းပညာဦး ဆောင်ရောင်းချမှုတစ်ခု ကြောင့် ကမ္ဘာ့အချမ်းသာဆုံး လူ(၅၀ဝ)သည် ဇန်နဝါရီလ(၂၇)ရက်တွင် ကြွယ်ဝချမ်းသာမှု စုစုပေါင်း အမေရိကန် ဒေါ်လာ(၁၀၈) ဘီလျံဆုံးရှုံးခဲ့ကြောင်း Bloomberg သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် ထွက်ရှိခဲ့သော DeepSeek အက်ပ်၏ AI assistant သည် ရက်အနည်းငယ်အတွင်း လူကြိုက်များခဲ့ပြီး Apple App Store တွင် လူကြိုက်အများဆုံး ပရိုဂရမ်တစ်ခုအဖြစ် အမေရိကန်အခြေစိုက် OpenAI ၏ ChatGPT အပ်ပ်ကို ကျော်လွန်သွားခဲ့ကြောင်း သိရ သည်။
ကမ္ဘာ့ဈေးကွက်ကို ကြီးစိုးနေသည့် အမေရိကန်ကုမ္ပဏီအများစု၏ အလားတူ ထုတ်ကုန်များ၏ ကုန်ကျစရိတ် တစ်စိတ်တစ်ပိုင်းအတွက် ၎င်း၏ နောက်ဆုံးပေါ် AI မော်ဒယ်ကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီက အခိုင် အမာပြောဆိုထားသည်။ DeepSeek အက်ပ်၏ လူကြိုက်များမှုသည် စတော့ များမှတစ်ဆင့် ပြင်းထန်သော သက်ရောက်မှုများကို ပေါ်ပေါက်လာစေခဲ့ကြောင်းလည်း သိရသည်။
NASDAQ Composite စတော့ရှယ်ယာဈေးကွက် အညွှန်းကိန်းသည် (၃ ဒသမ ၁) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး S&P 500 စတော့ရှယ်ယာဈေးကွက် အညွှန်းကိန်းသည် (၁ ဒသမ ၅) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။ Nvidia ကော်ပိုရေးရှင်းသည် (၁၇)ရာခိုင်နှုန်း (သို့မဟုတ်) အမေရိကန်ဒေါ်လာ(၆၀ဝ)ဘီလျံခန့် ဆုံးရှုံးခဲ့ရပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံးကုမ္ပဏီဆိုသည့်ခေါင်းစဉ်ကို Apple ကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ရပြီး Nvidia ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ Jensen Huang ၏ ကြွယ်ဝချမ်းသာမှုသည် အမေရိကန်ဒေါ်လာ(၂၀)ဘီလျံခန့် ကျဆင်းသွားခဲ့ကြောင်း Bloomberg Billionaires Index ၏ ဖော်ပြချက်အရ သိရသည်။ Oracle ကော်ပိုရေးရှင်း၏ စတော့ ရှယ်ယာများ သည် (၁၄) ရာခိုင်နှုန်းဝန်းကျင်ကျဆင်းသွားခဲ့ပြီး တည်ထောင်သူ Larry Ellison သည် အမေရိကန်ဒေါ်လာ (၂၂ ဒသမ ၆) ဘီလျံ (သို့မဟုတ်) ၎င်း၏ ချမ်းသာကြွယ်ဝမှု(၁၂)ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
Dell ကုမ္ပဏီတည်ထောင်သူ မီချယ်ဒဲလ်သည် ၎င်း၏ချမ်းသာကြွယ်ဝမှုမှ အမေရိကန်ဒေါ်လာ(၁၃) ဘီလျံ ခန့်ကို ဆုံးရှုံးခဲ့ရပြီး Binance ကုမ္ပဏီပူးတွဲ တည်ထောင်သူ Changpeng Zhao သည် အမေရိကန်ဒေါ်လာ(၁၂ ဒသမ ၁) ဘီလျံ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ သို့သော်လည်း နည်းပညာနယ်ပယ်ရှိ အချို့သောနာမည်ကြီးများ သည် အဆိုပါသက်ရောက်မှုများမှ လွတ်ကင်းခဲ့ကြောင်းလည်း သိရသည်။
ဇန်နဝါရီလ(၂၇)ရက် ကုန်သွယ်မှု ပြီးဆုံးချိန်တွင် ဖေ့စ်ဘွတ်တည်ထောင်သူ ဇူကာဘတ်၏ အသားတင် ပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ (၄ ဒသမ ၃) ဘီလျံမြင့်တက်လာခဲ့ပြီး Amazon တည်ထောင် သူဂျက်ဘီဇော့၏ ကြွယ်ဝချမ်းသာမှုသည် အမေရိကန်ဒေါ်လာသန်း(၆၀ဝ)ဝန်းကျင် မြင့်တက်သွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
တစ္ရက္အတြင္း အေမရိကန္ေဒၚလာ(၁၀ဝ)ဘီလ်ံေက်ာ္ ဆုံးရႈံးခဲ့ရသည့္ ကမာၻ႔အခ်မ္းသာဆုံးလူ(၅၀ဝ)
Pika (NP News) - ေဖေဖာ္ဝါရီ ၃

တ႐ုတ္ႏိုင္ငံ၏ AI အက္ပ္ DeepSeek ေပၚေပါက္လာမႈႏွင့္ဆက္စပ္ေနသည့္ နည္းပညာဦး ေဆာင္ေရာင္းခ်မႈတစ္ခု ေၾကာင့္ ကမာၻ႔အခ်မ္းသာဆုံး လူ(၅၀ဝ)သည္ ဇန္နဝါရီလ(၂၇)ရက္တြင္ ႂကြယ္ဝခ်မ္းသာမႈ စုစုေပါင္း အေမရိကန္ ေဒၚလာ(၁၀၈) ဘီလ်ံဆုံးရႈံးခဲ့ေၾကာင္း Bloomberg သတင္းဌာနက ေရးသားေဖာ္ျပခဲ့သည္။
ၿပီးခဲ့သည့္သီတင္းပတ္တြင္ ထြက္ရွိခဲ့ေသာ DeepSeek အက္ပ္၏ AI assistant သည္ ရက္အနည္းငယ္အတြင္း လူႀကိဳက္မ်ားခဲ့ၿပီး Apple App Store တြင္ လူႀကိဳက္အမ်ားဆုံး ပ႐ိုဂရမ္တစ္ခုအျဖစ္ အေမရိကန္အေျခစိုက္ OpenAI ၏ ChatGPT အပ္ပ္ကို ေက်ာ္လြန္သြားခဲ့ေၾကာင္း သိရ သည္။
ကမာၻ႔ေဈးကြက္ကို ႀကီးစိုးေနသည့္ အေမရိကန္ကုမၸဏီအမ်ားစု၏ အလားတူ ထုတ္ကုန္မ်ား၏ ကုန္က်စရိတ္ တစ္စိတ္တစ္ပိုင္းအတြက္ ၎၏ ေနာက္ဆုံးေပၚ AI ေမာ္ဒယ္ကို ဖန္တီးခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါကုမၸဏီက အခိုင္ အမာေျပာဆိုထားသည္။ DeepSeek အက္ပ္၏ လူႀကိဳက္မ်ားမႈသည္ စေတာ့ မ်ားမွတစ္ဆင့္ ျပင္းထန္ေသာ သက္ေရာက္မႈမ်ားကို ေပၚေပါက္လာေစခဲ့ေၾကာင္းလည္း သိရသည္။
NASDAQ Composite စေတာ့ရွယ္ယာေဈးကြက္ အၫႊန္းကိန္းသည္ (၃ ဒသမ ၁) ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ၿပီး S&P 500 စေတာ့ရွယ္ယာေဈးကြက္ အၫႊန္းကိန္းသည္ (၁ ဒသမ ၅) ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ေၾကာင္း သိရသည္။ Nvidia ေကာ္ပိုေရးရွင္းသည္ (၁၇)ရာခိုင္ႏႈန္း (သို႔မဟုတ္) အေမရိကန္ေဒၚလာ(၆၀ဝ)ဘီလ်ံခန႔္ ဆုံးရႈံးခဲ့ရၿပီး ကမာၻ႔ တန္ဖိုးအႀကီးဆုံးကုမၸဏီဆိုသည့္ေခါင္းစဥ္ကို Apple ကုမၸဏီသို႔ လႊဲေျပာင္းေပးခဲ့ရၿပီး Nvidia ေကာ္ပိုေရးရွင္း၏ ဥကၠ႒ Jensen Huang ၏ ႂကြယ္ဝခ်မ္းသာမႈသည္ အေမရိကန္ေဒၚလာ(၂၀)ဘီလ်ံခန႔္ က်ဆင္းသြားခဲ့ေၾကာင္း Bloomberg Billionaires Index ၏ ေဖာ္ျပခ်က္အရ သိရသည္။ Oracle ေကာ္ပိုေရးရွင္း၏ စေတာ့ ရွယ္ယာမ်ား သည္ (၁၄) ရာခိုင္ႏႈန္းဝန္းက်င္က်ဆင္းသြားခဲ့ၿပီး တည္ေထာင္သူ Larry Ellison သည္ အေမရိကန္ေဒၚလာ (၂၂ ဒသမ ၆) ဘီလ်ံ (သို႔မဟုတ္) ၎၏ ခ်မ္းသာႂကြယ္ဝမႈ(၁၂)ရာခိုင္ႏႈန္းကို ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။
Dell ကုမၸဏီတည္ေထာင္သူ မီခ်ယ္ဒဲလ္သည္ ၎၏ခ်မ္းသာႂကြယ္ဝမႈမွ အေမရိကန္ေဒၚလာ(၁၃) ဘီလ်ံ ခန႔္ကို ဆုံးရႈံးခဲ့ရၿပီး Binance ကုမၸဏီပူးတြဲ တည္ေထာင္သူ Changpeng Zhao သည္ အေမရိကန္ေဒၚလာ(၁၂ ဒသမ ၁) ဘီလ်ံ ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။ သို႔ေသာ္လည္း နည္းပညာနယ္ပယ္ရွိ အခ်ိဳ႕ေသာနာမည္ႀကီးမ်ား သည္ အဆိုပါသက္ေရာက္မႈမ်ားမွ လြတ္ကင္းခဲ့ေၾကာင္းလည္း သိရသည္။
ဇန္နဝါရီလ(၂၇)ရက္ ကုန္သြယ္မႈ ၿပီးဆုံးခ်ိန္တြင္ ေဖ့စ္ဘြတ္တည္ေထာင္သူ ဇူကာဘတ္၏ အသားတင္ ပိုင္ဆိုင္မႈသည္ အေမရိကန္ေဒၚလာ (၄ ဒသမ ၃) ဘီလ်ံျမင့္တက္လာခဲ့ၿပီး Amazon တည္ေထာင္ သူဂ်က္ဘီေဇာ့၏ ႂကြယ္ဝခ်မ္းသာမႈသည္ အေမရိကန္ေဒၚလာသန္း(၆၀ဝ)ဝန္းက်င္ ျမင့္တက္သြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.