စာသင်ကျောင်းများတွင် ဒရုန်းများထုတ်လုပ်ရာ၌ ကလေးများကို အသုံးပြုရန် ယူကရိန်းကုမ္ပဏီတစ်ခု တိုက်တွန်း

 74

Pika (NP News) - ဖေဖော်ဝါရီ ၃

ယူကရိန်းကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်သူ အလက်ဆေး ပိုလွန်ချက်က ယူကရိန်း၏ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစစ်ဆင်ရေးများကို ရုရှား၏တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် စာသင်ကျောင်းများ အပါအဝင် အရပ်ဘက်ဆိုင်ရာနေရာများတွင် စစ်ဘက်ဆိုင်ရာထုတ်လုပ်မှုများ လုပ်ဆောင်ရန် အကြံပြုခဲ့ကြောင်း သိရသည်။
အလက်ဆေးပိုလွန်ချက်သည် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျောင်းသားများကို ကျောင်း အလုပ်ရုံများတွင် ဒရုန်းများထုတ်လုပ်ပေးရန် အဆိုပြုခဲ့ကြောင်းလည်း သိရသည်။ အလက်ဆေးပိုလွန်ချက်သည် ယူကရိန်းစစ်တပ်အတွက် ရန်ပုံငွေရှာဖွေခြင်းဆိုင်ရာ အကျိုးအမြတ်မယူသော အဖွဲ့ အစည်းဖြစ်သည့် Dignitas Fund နှင့် တွေ့ဆုံမေးမြန်းခန်းအတွင်း ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ရုရှား၏တာဝေးပစ်တိုက်ခိုက်မှုများမှ ဒရုန်းထုတ်လုပ်မှုများကို ကာကွယ်ရန်အတွက် ယူကရိန်းနိုင်ငံ တစ်ဝန်းရှိ ထုတ်လုပ်မှုနေရာများကို ဖြန့်ခွဲထားရန် လိုအပ်ကြောင်း အလက်ဆေးပိုလွန်ချက်က အလေးပေးပြော ကြားခဲ့သည်။ အလက်ဆေးပိုလွန်ချက်က “ထုတ်လုပ်မှုတွေကို နိုင်ငံတစ်ဝန်းမှာ ဖြန့်ခွဲထားကာ မြေအောက်ခန်း တွေမှာ ဝှက်ထားပြီး တိုးချဲ့မှုတွေ လုပ်ဆောင်သင့်ပါတယ်။ ကျောင်းတွေရဲ့အလုပ်သမား သင်ခန်းစာတွေ အတွင်းမှာ အတည်ပြုထားတဲ့ FPV ဒရုန်းတွေရဲ့ဒီဇိုင်းတွေကို သင်ကြားပေးသင့်ပါတယ်။ တစ်နိုင်ငံလုံးက အတည်ပြုထားတဲ့ဒရုန်းတွေရဲ့ဒီဇိုင်းတွေကို သင်ကြားပြီး ထုတ်လုပ်မှုတွေ လုပ်ဆောင်သင့်ပါတယ်” ဟု ပြောဆို ခဲ့သည်။
အဆိုပါမဟာဗျူဟာမြောက် အစီအစဉ်သည် ဒရုန်းထုတ်လုပ်မှုများကို ထောက်လှမ်းခြင်းနှင့် ဖျက်ဆီးခြင်းတို့မှ ကာကွယ်နိုင်လိမ့်မည်ဖြစ်ကြောင်း အလက်ဆေးပိုလွန်ချက်က ထပ်မံပြောဆိုခဲ့သည်။ ထို့ပြင် ဒရုန်းအစင်းရေ (၆၀)ကို တစ်ပြိုင်နက်ထုတ်လုပ်နိုင်သည့် အလုပ်ရုံတစ်ခုတည်ဆောက်ပါက လျင်မြန်စွာ တိုက်ခိုက်ခံရနိုင်သောကြောင့် အကြီးစားထုတ်လုပ်မှုနေရာများမှာ ထိခိုက်လွယ်‌သောနေရာတစ်ခုဖြစ်ကြောင်း အလက်ဆေးပိုလွန်ချက်က ထပ်မံပြောကြားခဲ့သည်။

Zawgyi Version:
စာသင္ေက်ာင္းမ်ားတြင္ ဒ႐ုန္းမ်ားထုတ္လုပ္ရာ၌ ကေလးမ်ားကို အသုံးျပဳရန္ ယူကရိန္းကုမၸဏီတစ္ခု တိုက္တြန္း
Pika (NP News) - ေဖေဖာ္ဝါရီ ၃

ယူကရိန္းကာကြယ္ေရးပစၥည္းထုတ္လုပ္သည့္ကုမၸဏီတစ္ခုကို ပိုင္ဆိုင္သူ အလက္ေဆး ပိုလြန္ခ်က္က ယူကရိန္း၏ စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးစစ္ဆင္ေရးမ်ားကို ႐ုရွား၏တိုက္ခိုက္မႈမ်ားမွ ကာကြယ္ရန္အတြက္ စာသင္ေက်ာင္းမ်ား အပါအဝင္ အရပ္ဘက္ဆိုင္ရာေနရာမ်ားတြင္ စစ္ဘက္ဆိုင္ရာထုတ္လုပ္မႈမ်ား လုပ္ေဆာင္ရန္ အႀကံျပဳခဲ့ေၾကာင္း သိရသည္။
အလက္ေဆးပိုလြန္ခ်က္သည္ ကာကြယ္ေရးပစၥည္းထုတ္လုပ္မႈမဟာဗ်ဴဟာ၏ တစ္စိတ္တစ္ပိုင္းအျဖစ္ ေက်ာင္းသားမ်ားကို ေက်ာင္း အလုပ္႐ုံမ်ားတြင္ ဒ႐ုန္းမ်ားထုတ္လုပ္ေပးရန္ အဆိုျပဳခဲ့ေၾကာင္းလည္း သိရသည္။ အလက္ေဆးပိုလြန္ခ်က္သည္ ယူကရိန္းစစ္တပ္အတြက္ ရန္ပုံေငြရွာေဖြျခင္းဆိုင္ရာ အက်ိဳးအျမတ္မယူေသာ အဖြဲ႕ အစည္းျဖစ္သည့္ Dignitas Fund ႏွင့္ ေတြ႕ဆုံေမးျမန္းခန္းအတြင္း ယခုကဲ့သို႔မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
႐ုရွား၏တာေဝးပစ္တိုက္ခိုက္မႈမ်ားမွ ဒ႐ုန္းထုတ္လုပ္မႈမ်ားကို ကာကြယ္ရန္အတြက္ ယူကရိန္းႏိုင္ငံ တစ္ဝန္းရွိ ထုတ္လုပ္မႈေနရာမ်ားကို ျဖန႔္ခြဲထားရန္ လိုအပ္ေၾကာင္း အလက္ေဆးပိုလြန္ခ်က္က အေလးေပးေျပာ ၾကားခဲ့သည္။ အလက္ေဆးပိုလြန္ခ်က္က “ထုတ္လုပ္မႈေတြကို ႏိုင္ငံတစ္ဝန္းမွာ ျဖန႔္ခြဲထားကာ ေျမေအာက္ခန္း ေတြမွာ ဝွက္ထားၿပီး တိုးခ်ဲ႕မႈေတြ လုပ္ေဆာင္သင့္ပါတယ္။ ေက်ာင္းေတြရဲ႕အလုပ္သမား သင္ခန္းစာေတြ အတြင္းမွာ အတည္ျပဳထားတဲ့ FPV ဒ႐ုန္းေတြရဲ႕ဒီဇိုင္းေတြကို သင္ၾကားေပးသင့္ပါတယ္။ တစ္ႏိုင္ငံလုံးက အတည္ျပဳထားတဲ့ဒ႐ုန္းေတြရဲ႕ဒီဇိုင္းေတြကို သင္ၾကားၿပီး ထုတ္လုပ္မႈေတြ လုပ္ေဆာင္သင့္ပါတယ္” ဟု ေျပာဆို ခဲ့သည္။
အဆိုပါမဟာဗ်ဴဟာေျမာက္ အစီအစဥ္သည္ ဒ႐ုန္းထုတ္လုပ္မႈမ်ားကို ေထာက္လွမ္းျခင္းႏွင့္ ဖ်က္ဆီးျခင္းတို႔မွ ကာကြယ္ႏိုင္လိမ့္မည္ျဖစ္ေၾကာင္း အလက္ေဆးပိုလြန္ခ်က္က ထပ္မံေျပာဆိုခဲ့သည္။ ထို႔ျပင္ ဒ႐ုန္းအစင္းေရ (၆၀)ကို တစ္ၿပိဳင္နက္ထုတ္လုပ္ႏိုင္သည့္ အလုပ္႐ုံတစ္ခုတည္ေဆာက္ပါက လ်င္ျမန္စြာ တိုက္ခိုက္ခံရႏိုင္ေသာေၾကာင့္ အႀကီးစားထုတ္လုပ္မႈေနရာမ်ားမွာ ထိခိုက္လြယ္‌ေသာေနရာတစ္ခုျဖစ္ေၾကာင္း အလက္ေဆးပိုလြန္ခ်က္က ထပ္မံေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.