ယူကရိန်းကို အစ္စရေးနိုင်ငံက ပက်ထရီယော့ဒုံးကျည်များ ကူညီထောက်ပံ့ပေးခဲ့ဟုဆို

 38

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂

အစ္စရေးနိုင်ငံသည် ရုရှားနိုင်ငံက သတိပေးမှုများကို မျက်ကွယ်ပြုပြီး ယူကရိန်းနိုင်ငံကို ဒုံးကျည်များ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ အစ္စရေးသည် ပက်ထရီယော့ဒုံးကျည်များကို ပိုလန်နိုင်ငံသို့ လွှဲပြောင်းပေးပို့ ခဲ့ပြီး ပိုလန်နိုင်ငံမှတစ်ဆင့် ယူကရိန်းနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူ သုံးဦး၏ပြောဆိုချက်များကို ကိုးကားပြီး Axios သတင်းဌာနက ဖော်ပြထားသည်။
ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း စစ်လက်နက်ပစ္စည်းများ ကူညီပေးရန် တောင်းဆိုခဲ့ ပြီးနောက် အစ္စရေးက ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်များ ကူညီပေးခဲ့ခြင်းဖြစ်သည်။ ရုရှားအစိုးရက ယူကရိန်း ကို စစ်လက်နက်ပစ္စည်းများ ကူညီပေးခြင်းအတွက် ဆိုးရွားသောအကျိုးဆက်များ ပြန်လည်ရင်ဆိုင်ရမည်ဟု သတိပေးထားသည်။ Axios သတင်းဌာနက ‘‘အမေရိကန်နိုင်ငံထုတ် Axios သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ အစ္စရေးနိုင်ငံ တောင်ပိုင်းရှိ လေတပ်အခြေစိုက်စခန်းက ပိုလန်နိုင်ငံကို တင်ပို့ပေးခဲ့တာဖြစ်တယ်” ဟု ပြောသည်။
သို့သော်လည်း အစ္စရေးအစိုးရက ၎င်းတို့သည် ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်များ ကူညီ ထောက်ပံ့ ပေးမည့်အစား ပြန်ပို့မည်ဖြစ်ကြောင်း တုံ့ပြန်ပြောခဲ့ဖူးသည်။ လက်ရှိအချိန်တွင် အမေရိကန်စစ်ဌာနချုပ်သည် ယူကရိန်းကို အစ္စရေးက ဒုံးကျည်များကူညီပေးခြင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ ရုရှားနှင့်ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားချိန်က အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ယူကရိန်းသမ္မတ ဇီလန်စကီး၏ ဖုန်းဆက်ပြောဆိုခြင်းများကို ငြင်းဆန်ခြင်းများရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း နောက်ပိုင်း တွင် အခြေနေများပြောင်းလဲသွားခဲ့ကြောင်း Axios သတင်းဌာနက ဖော်ပြထားသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၏ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့သည် ပက်ထရီယော့ဒုံးကျည်များကို အမေရိကန်နိုင်ငံသို့ သာပေးပို့ခဲ့ ကြောင်း ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းရှိ မရှိကို အတိအကျမသိကြောင်း တုံ့ပြန်ထားသည်။ အစ္စရေးအစိုးရ က အီရန်နှင့် ဆီးရီးယားအစိုးရတို့ကို ကူညီပေးခြင်းအတွက် ရုရှားကို လက်တုံ့ပြန်ရန် ယူကရိန်းကို လူသားချင်း ဆိုင်ရာစာနာမှုအကူအညီများ ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသော်လည်း စစ်လက်နက်ပစ္စည်းများ ကူညီ ထောက်ပံ့ပေးခြင်းကို လက်ရှိအချိန်အထိ ဝန်ခံခြင်းမျိုးမရှိသေးကြောင်း သိရသည်။

Zawgyi Version:
ယူကရိန္းကို အစၥေရးႏိုင္ငံက ပက္ထရီေယာ့ဒုံးက်ည္မ်ား ကူညီေထာက္ပံ့ေပးခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂

အစၥေရးႏိုင္ငံသည္ ႐ုရွားႏိုင္ငံက သတိေပးမႈမ်ားကို မ်က္ကြယ္ျပဳၿပီး ယူကရိန္းႏိုင္ငံကို ဒုံးက်ည္မ်ား ကူညီ ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။ အစၥေရးသည္ ပက္ထရီေယာ့ဒုံးက်ည္မ်ားကို ပိုလန္ႏိုင္ငံသို႔ လႊဲေျပာင္းေပးပို႔ ခဲ့ၿပီး ပိုလန္ႏိုင္ငံမွတစ္ဆင့္ ယူကရိန္းႏိုင္ငံသို႔ ထပ္မံလႊဲေျပာင္းေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါကိစၥႏွင့္ နီးစပ္သူ သုံးဦး၏ေျပာဆိုခ်က္မ်ားကို ကိုးကားၿပီး Axios သတင္းဌာနက ေဖာ္ျပထားသည္။
ယူကရိန္းသည္ ႐ုရွားႏွင့္စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း စစ္လက္နက္ပစၥည္းမ်ား ကူညီေပးရန္ ေတာင္းဆိုခဲ့ ၿပီးေနာက္ အစၥေရးက ယူကရိန္းကို ပက္ထရီေယာ့ဒုံးက်ည္မ်ား ကူညီေပးခဲ့ျခင္းျဖစ္သည္။ ႐ုရွားအစိုးရက ယူကရိန္း ကို စစ္လက္နက္ပစၥည္းမ်ား ကူညီေပးျခင္းအတြက္ ဆိုး႐ြားေသာအက်ိဳးဆက္မ်ား ျပန္လည္ရင္ဆိုင္ရမည္ဟု သတိေပးထားသည္။ Axios သတင္းဌာနက ‘‘အေမရိကန္ႏိုင္ငံထုတ္ Axios သယ္ယူပို႔ေဆာင္ေရးေလယာဥ္နဲ႔ အစၥေရးႏိုင္ငံ ေတာင္ပိုင္းရွိ ေလတပ္အေျခစိုက္စခန္းက ပိုလန္ႏိုင္ငံကို တင္ပို႔ေပးခဲ့တာျဖစ္တယ္” ဟု ေျပာသည္။
သို႔ေသာ္လည္း အစၥေရးအစိုးရက ၎တို႔သည္ ယူကရိန္းကို ပက္ထရီေယာ့ဒုံးက်ည္မ်ား ကူညီ ေထာက္ပံ့ ေပးမည့္အစား ျပန္ပို႔မည္ျဖစ္ေၾကာင္း တုံ႔ျပန္ေျပာခဲ့ဖူးသည္။ လက္ရွိအခ်ိန္တြင္ အေမရိကန္စစ္ဌာနခ်ဳပ္သည္ ယူကရိန္းကို အစၥေရးက ဒုံးက်ည္မ်ားကူညီေပးျခင္းႏွင့္ပတ္သက္ၿပီး တစ္စုံတစ္ရာ တုံ႔ျပန္ျခင္းမရွိေသးေၾကာင္း သိရသည္။ ႐ုရွားႏွင့္ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခ်ိန္က အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ ယူကရိန္းသမၼတ ဇီလန္စကီး၏ ဖုန္းဆက္ေျပာဆိုျခင္းမ်ားကို ျငင္းဆန္ျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ေနာက္ပိုင္း တြင္ အေျခေနမ်ားေျပာင္းလဲသြားခဲ့ေၾကာင္း Axios သတင္းဌာနက ေဖာ္ျပထားသည္။ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု၏ ေျပာေရးဆိုခြင့္ရွိသူက ၎တို႔သည္ ပက္ထရီေယာ့ဒုံးက်ည္မ်ားကို အေမရိကန္ႏိုင္ငံသို႔ သာေပးပို႔ခဲ့ ေၾကာင္း ယူကရိန္းႏိုင္ငံသို႔ လႊဲေျပာင္းေပးခဲ့ျခင္းရွိ မရွိကို အတိအက်မသိေၾကာင္း တုံ႔ျပန္ထားသည္။ အစၥေရးအစိုးရက အီရန္ႏွင့္ ဆီးရီးယားအစိုးရတို႔ကို ကူညီေပးျခင္းအတြက္ ႐ုရွားကို လက္တုံ႔ျပန္ရန္ ယူကရိန္းကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား ေပးမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ဖူးေသာ္လည္း စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးျခင္းကို လက္ရွိအခ်ိန္အထိ ဝန္ခံျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.