လားရှိုးမြို့မှ ကိုးကန့်တရုတ်များ ပြန်ဆုတ်-မဆုတ် မြေပြင်အသံနှင့်ဝိရောဓိ
653
တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်တပ် MNDAA တို့ အပစ်ရပ်လက်မှတ်ထိုးလိုက်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနဘက်က ပြောကြားလိုက်ပြီးနောက် ပထမဆုံးထွက်ပေါ်လာသည့် သတင်းများအနက်တစ်ခုမှာ လားရှိုး မြို့မှ MNDAA တို့ ပြန်ဆုတ်သွားလိမ့်မည်ဆိုသောအကြောင်း ဖြစ်သည်။
လားရှိုးမြို့မှဆုတ်ရန်အတွက် သဘောတူညီချက်ကား သိန္နီမြို့၊ ကွမ်လုံမြို့နှင့် ကွတ်ခိုင်မြို့တို့ကို ကိုးကန့် အထူးဒေသ(၁)၏လက်အတွင်းသို့လွှဲ ပြောင်းပေးရမည်ဟူ၏။ သို့သော် သဘောတူညီချက်များနှင့်ပတ်သက်၍ နစက ဘက်က တရားဝင် ထုတ်ပြန်လာခြင်းမျိုး မရှိသေးပေ။
MNDAA က လားရှိုးမြို့ကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ (၃)ရက်က စတင်တိုက်ခိုက်ပြီးနောက် ၎င်းတို့ ထိန်းချုပ်မှု အောက်တွင် အရပ်ဘက်အုပ်ချုပ်ရေးကို ဖော်ဆောင်နေသည်။ ထို့အတူ MNDAA တပ်ဖွဲ့ဝင်များလည်း အများအပြားရှိ နေဆဲဖြစ်ပြီး ကိုးကန့်ဘက်ကခန့်ထားသည့် ရဲများလည်းရှိနေသည်။ ထို့ပြင် လားရှိုးမြို့ပေါ်၌ ဒေသခံ PDF အချို့ လည်းရှိနေပြီး ၎င်းတို့ကိုမူ အစောင့်အဖြစ်သာ ထားခြင်းဖြစ်ကာ ဂိတ်များတွင်မူ MNDAA တပ်ဖွဲ့များကိုယ်တိုင် နေရာယူထားပြီး ရှမ်း PDF များလည်းရှိကြောင်း သိရသည်။ ‘ရှမ်း PDF တွေလည်း ပါတယ်နဲ့တူပါတယ်။ ထူးထူး ခြားခြားရယ်လို့တော့မရှိပါဘူး။ ကစားဝိုင်းတွေနဲ့ ပျော်မြူးနေကြတာ’ ဟု လားရှိုးမြို့ခံတစ်ဦးက ဆိုသည်။
လားရှိုးကို MNDAA က ထိန်းချုပ်ပြီးနောက် တပ်မတော်ဘက်ကလည်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ ဗုံးကြဲရာတွင် သတင်းပေးရှိသည်ဟု ဆိုကာ ဖုန်းလိုင်းဖြတ်တောက် ခြင်းမျိုးလည်းရှိခဲ့ပြီး MNDAA အကြီးအကဲ ဖုန်တာရွှင့်ကိုယ်တိုင် ဗုံးစထိမှန်ခဲ့သည်ဟု သတင်း ထွက်ပေါ်ခဲ့သေးသည်။
လားရှိုးမြို့ အခြေအနေနှင့်ပတ်သက်၍ လိပ်ခဲ တည်းလည်း အခြေအနေမျိုးရှိနေခဲ့ရာမှ အပစ်ရပ် သဘောတူညီမှု အပြီးတွင် လားရှိုးမြို့မှ MNDAA မှ ဆုတ်ခွာတော့မည်ဟု သတင်းထွက်လာခြင်း ဖြစ်သည်။ မည်သို့ပင် သတင်းများ ထွက်နေစေကာမူ မြို့မှ ဆုတ်ခွာရန်အရိပ်အယောင်ပင် မပြသေး။ ထိုသို့သော အခြေအနေမျိုးမှာပင် လားရှိုးမြို့မှ MNDAA များ ဆုတ်ခွာသွားမည်ဆိုသောသတင်းက ကျယ်ကျယ်လောင်လောင် ဆက်လက် ထွက်ပေါ်နေ ရာ အချို့က ယုံသကဲ့သို့ အချို့ကလည်း မယုံကြပေ။ မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်သူများလည်း ရှိနေသေးသည်။
ထိုသို့သောအခြေအနေတွင် ကိုးကန့် ဘာသာဖြင့် MNDAA အရာရှိတစ်ဦးက စင်ပေါ်တွင် တက်ပြောသော ရုပ်သံဖိုင်တစ်ခုက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အင်တာနက်လူမှုကွန်ရက်များထက်တွင် ထွက်ပေါ်လာခဲ့သည်။ ယင်း ရုပ်သံအတွင်း ငြိမ်းချမ်း ရေးစာချုပ် လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း၊ ကွတ် ခိုင်မြို့၊ သိန္နီမြို့နှင့် ကွမ်းလုံမြို့တို့ကို အထူး ဒေသခံ(၁)ကယူပြီး လားရှိုးမှ ယခုနှစ်အတွင်း ထွက်ခွာတော့မည်ဖြစ်ကြောင်း ပြောကြားထားရာ လူအများကြား ပိုမိုလှုပ် ခတ်သွားခဲ့သည်။
အထက်ပါ စကားမှာ တာမိုးညဲတွင် ပြုလုပ်သော တရုတ်နှစ်သစ်ကူးပွဲတွင် ပြောခြင်းဖြစ်ပြီး အပစ်ရပ် ကာလ အင်အားစုကောင်းရုံမျှသာပြောခြင်း ဖြစ်ကြောင်း NP News ၏ ရှမ်းပြည်နယ် မြောက်ပိုင်းမှ ယုံကြည်ရသော သတင်း ရင်းမြစ် တစ်ဦးကဆိုသည်။
“လျှောက်ပြောနေတာ။ သူတို့ တပ်နဲ့ ငြိမ်းချမ်း ရေးစာချုပ် လက်မှတ်ထိုးလိုက်ပြီတဲ့။ သူတို့ လေးနေရာ ကွတ်ခိုင်၊ သိန္နီ၊ ကွမ်လုံလေးနေရာကို ယူလိုက်ပြီ တဲ့။ လားရှိုးကနေ (၂၀၂၅)ထဲမှာ ပြန်ဆုတ်မယ်။ ပြည်သူလူထုတွေ ပြန်လာပါ။ သူတို့က လူသစ်မစု ပါဘူး၊ လူမခေါ်ပါဘူး လျှောက်ပြောနေတာပါ” ဟု ၎င်းကဆိုသည်။ MNDAA အနေဖြင့် လားရှိုးမှ မတိုက်မချင်း ဆုတ်မည်မဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။ “အလကား ပြောနေတာလေ။ တအားကြီး နက်နက်နဲနဲ မတွေးနဲ့” ဟု အထက်ပါ သတင်းရင်းမြစ်ကပင် ဆိုသည်။
သို့ဆိုလျှင် မြေပြင်အခြေအနေကို ပြန်ကြည့်ရန် လိုမည်ဖြစ်သည်။ လားရှိုးမှ ဆုတ်မည်ဆိုသော MNDAA ဘက်တွင် မည်သို့မျှ လှုပ်ရှားမှုများ မရှိသေးကြောင်း လားရှိုးမြို့အကြောင်းသိရှိသူ သတင်း ရင်းမြစ်များက အခိုင် အမာဆိုကြသည်။ ထို့ပြင် အင်အားပင် ပိုတိုးချထားကြောင်း အထက်ပါ သတင်း ရင်းမြစ်က ဆိုသည်။ “လားရှိုးမြို့ထဲမှာ ဒီနေ့ (ဇန်နဝါရီ ၃၀ ရက်မှာ) MNDAA အဖွဲ့က အင်အား ပိုဖြည့်ထားတယ်။ MNDAA က လားရှိုးကို လာတိုက်တဲ့သူ ခေါင်းဆောင်တဲ့အဖွဲ့က အနီးကပ်ကြီးကြပ်တယ်။ သူတို့အားလုံးက အရပ်ဝတ်နဲ့။ ယူနီဖောင်း အနက်ရောင် ဝတ်ခိုင်း ထားတဲ့ကောင်ရှိတယ်။ အစိမ်းရောင် ဝတ်ခိုင်းထားတဲ့ကောင်ရှိတယ်။ ကျန်တာက အရပ်ဝတ်နဲ့ပေါ့။ အနက်ရောင် ဝတ်တာက လားရှိုးသားကိုပဲ ရပ်ကွက်မှာပြန်ဖွဲ့စည်းထားတာ။ အများကြီးပဲ။ အင်အားထပ်တိုးပြီး ချထားတဲ့အတွက် လားရှိုးကနေပြန်ဆုတ်မယ်ဆိုတာက ရယ်စရာပါ” ဟု ၎င်းက ဆိုသည်။ ထိုသို့ အခြားသတင်းရင်းမြစ် တစ်ဦးကလည်း လားရှိုးမှဆုတ်ခွာရေးနှင့် ပတ်သက်၍ လတ်တလောတွင် ထူးထူးခြားခြား မြင်ကွင်း၊ အရိပ် အယောင် မမြင်ရသေးဟု ဆိုသည်။ “မကြားမိသေးဘူး။ အခုနှစ်ပိုင်းကျမှသူတို့လည်းပြန်လုပ်တာ။ သူတို့ ဆုတ်မယ်လို့တောင် မထင်ဘူး။ မထင်တာမဟုတ်ဘူး။ အရိပ်အယောင်မတွေ့ဘူး။ ဆုတ်သွားမယ်ဆိုတဲ့ အရိပ်အယောင်မျိုး။ ဥပမာ လူတွေစုဖွဲ့ပြီးတော့ သိန္နီ ဘက်နေပြန်တက်သွားတာ မျိုး စသဖြင့်ပေါ့။ အဲဒီလိုမျိုးတော့ မတွေ့သေးဘူး” ဟု ၎င်းက ဆိုသည်။
သို့သော် အမြင်က အမျိုးမျိုး ကွဲပြားနေသည်။ လားရှိုးမြို့ကို ထိန်းချုပ်ထားပြီးနောက် MNDAA ဘက်က ယခုထက်တိုင် မြို့ပြန်လည် တည်ဆောက် ရေးနှင့်ပတ်သက်၍ အပြည့်အဝပြန်လည် လုပ်ဆောင်ပေးခြင်းမျိုး မရှိသေးပေ။ ယင်းအကြောင်း အရာကလည်း တစ်ချိန်ချိန်တွင် လားရှိုးမှ ပြန်ဆုတ်ရန်အတွက် မပြုပြင်ခြင်းမျိုးလားဟု မေးစရာရှိသည်။
“ပျက်တာတွေက အဆိုးဆုံးကတော့ ရမခ (အရှေ့မြောက်တိုင်း စစ်ဌာနချုပ်) ဝန်းကျင်ပေါ့။ အဲဒီ နားကတော့ တော်တော်ပျက်တာ။ ကိုးကန့်ကောင် တွေကလည်း အဲဒီနား ဝန်းကျင်နေကြတာကိုးဗျ။ ပျက်တာတော့တော်ပျက်တယ်။ အခု လားရှိုးမီးရပြီ ဆိုတာက အဲဒါလေးက အရင်ကပျက်သွားတဲ့အနည်း ငယ်နေရာလေးတွေကို ပြန်ပြီးပြုပြင်တယ်။ တိုင်တွေ ပြန်ထူတယ်။ တော်တော်များများကတော့ ပြန်မပြင်ပါဘူး။ ကြိုးပျက်နေတဲ့နေရာတွေကို အိမ်တွေကနေ အခွန်ကောက်တယ်။ လျှပ်စီးမီးရရှိဖို့ ဆိုပြီးပြောတာဗျ။ တကယ်ကသူတို့မပြင်ဘူး။ တော်တော် များများမပြင်ဘူး။ တက္ကသိုလ်တွေဆိုရင် အရင်တိုင်းပဲလေ။ တက္ကသိုလ်ရှေ့ဆိုရင် တိုင်တွေကျိုးတယ်။ တိုင်တွေ လဲနေတာလေ။ ဟိုးအရင်အတိုင်းပဲ။ အဲဒီနားမှာ သေသွားတဲ့လူတွေ တိရစ္ဆာန်တွေအလောင်းတွေရှိတုန်းပဲ။ ဒီအတိုင်းပဲ။ ကျွန်တော် ဖြည့်တွေးကြည့် တာပေါ့ဗျာ။ သူတို့အကုန်လုံးမပြင်ဘူးဆိုတာက ဒီဟာကိုပြန် ပြီးတော့ပေးဖို့ ရည်ရွယ်ချက်ရှိလို့လား တော့မသိဘူး။ အဲဒီလိုထင်တာပေါ့” ဟု ၎င်းက ဆိုသည်။ လားရှိုး ပြည်သူ့ဆေးရုံကြီး၊ မီးသတ်တပ်ဖွဲ့ စသည်ဖြင့် နေရာ များတွင်သာ ထိခိုက်သည်များကို ပြန်လည်ပြင်ဆင် ထားပြီး MNDAA တပ်ဖွဲ့များအတွက် အဆင်ပြေ ရုံလောက်သာ ဆောင်ရွက်ထား ခြင်းဖြစ်ကြောင်းလည်း သိရသည်။ “ကျွန်တော်တို့ ကြားသလောက်ဆိုရင် ကိုးကန့်တွေက လားရှိုး ပြန်လည်ထူထောင်ရေး ပြီးသွားရင် ပြန်ဆုတ်သွားမယ်လို့ ကြားတာ။ ဘယ်ရက်၊ ဘယ်ကာလရယ်လို့တော့ မသိရဘူး။ ပြန်ဆုတ်မယ်လို့ ကြားတာပဲ။ ဘယ်နေ့ဆိုတာကတော့ မပြောတတ် ဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ အခြားသတင်း ရင်းမြစ်တစ်ဦးက ဆိုသည်။ လားရှိုးမြို့နှင့် ပတ်သက်၍ ရေရေရာရာ ဖြစ်ခြင်းမျိုးမရှိသေးသော်လည်း ကိုးကန့်အဖွဲ့ကို ပိတ်ပင်ထားသည်များကို တရုတ်နိုင်ငံနှင့် ‘ဝ’ အဖွဲ့တို့က ပြန်ဖွင့်ထားပေးပြီ ဖြစ်သည်။ “လမ်းမှာ လည်း အရင်ကလို မစစ်တော့ဘူး။ အရင်က ကျပ်ကျပ် တည်းတည်းဖြစ်တာပေါ့ဗျာ။ အခုသာသာယာယာပဲ။ အဲဒီမှာ ဂိတ်ကိုဖြတ်ရရင် ဘယ်သွားမလဲ။ ဘယ်လာမ လဲအဲဒါမေးတယ်။ ဂိတ်ကြေးပေးရင် ဘာမှမဖြစ်ဘူး အေးဆေး။ လွတ်လပ်တယ်။ ဟိုဘက်ဒီဘက်ဖွင့်လိုက်တာပေါ့။ ‘ဝ’ကလည်း မကြပ်တော့ဘူးလေ။ ဟိုဘယ် ဒီဘက်သယ်ဆောင်လို့ရပြီပေါ့}}ဟု ပြီးခဲ့သည့် ရက်ပိုင်းက ကိုးကန့်ထိန်းချုပ်နယ်မြေနှင့် ‘ဝ’ ထိန်း ချုပ်နယ်မြေအကြား ခရီးသွားခဲ့သူတစ်ဦးက ဆိုသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းပင် အပစ်ရပ်စဉ် မည်သည့် အချက်ကို သဘောတူညီခဲ့သည်ဆိုသော အကြောင်းကို သေချာစွာ မသိရသေးသည့်အတွက် ယခုထက်တိုင် ပဟေဠိဖြစ်နေဆဲပင်။ အားလုံးက မှန်းဆ၍သာ အခြေအနေကို ပြောနေကြရသည့် အနေအထားသာ ဖြစ်သည်။
ကိုးကန့်ဘက်ကပြောသော ချင်းရွှေဟော် ကွတ်ခိုင်မြို့နယ်၊ သိန္နီမြို့နယ်နှင့် ကွမ်းလုံမြို့နယ် စသည်ဖြင့် မြို့နယ်များကို မြန်မာအစိုးရဘက်က ပေးသည်ဆိုသောအချက်မှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီသောကြောင့် နားလည်ရခက်သော အနေအထားဖြစ်သည်။ သို့ဆိုလျှင် လားရှိုးနှင့် အထက်ပါ လေးမြို့နယ်ကို လဲမည်လားဆိုသော မေးခွန်းကလည်း သဘောတူညီချက်များကို မသိရသောကြောင့် အဖြေမရှိသော ပုစ္ဆာသဖွယ် ဖြစ်နေသည်။ သို့သော် မြေပြင်တွင်မူ အထက်ပါ သတင်းက အလွန်ပင်ရေပန်းစားနေခြင်းလည်းဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဒေသခံတစ်ဦးကမူ MNDAA က အထက်ပါ မြို့များကို ရယူပြီးစီးပါက MNDAA အတွက် လိုအပ်နေသော ‘ဝ’ ပြည်နယ် အပြည့်အဝဖြစ်ရေးအတွက် ကိုးကန့်က ‘ဝ’ နှင့် ပေါင်းဖွယ်ရှိပြီး ကိုးကန့်က ‘ဝ’ ပြည်နယ်အတွင်းမှ သီးခြားဒေသခွဲတစ်ခု ဖြစ်လာနိုင်ကြောင်း ထောက်ပြပြောကြားသည်။ ယခင် ဖုန်ကြားရှင် လက် ထက်က ‘ဝ’ တပ်ဖွဲ့ MNDAA ထံမှ လက်နက်များကို အကြွေးဖြင့် ဝယ်ယူခဲ့ပြီးနောက် အပြန်အလှန်အနေဖြင့် ဖုန်ကြား ရှင်က ‘ဝ’ အထူးဒေသနှင့် ကိုးကန့်ဒေသကိုပေါင်းရန်အတွက် ယခင်က ဆောင်ရွက်ခဲ့ဖူးသော သာဓကရှိသည်ဟုသိရ ဖူးကြောင်း ၎င်းက ဆိုသည်။
“ဟိုဘက်က (၄)မြို့နယ်တောင်းတယ်ဆိုတာ လည်းပေးခြင်း၊ မပေးခြင်းကထားလေ။ (၄) မြို့နယ် တောင်း တယ်ဆိုတာက အဲဒါကို ပြန်စဉ်းစားကြည့်ရင် ဖြစ်ကိုဖြစ်နိုင်တယ်။ ဘာကြောင့်ဆို ‘ဝ’ပြည်နယ် ဘက်ကတောင်းရင် သူတို့ပေးကိုပေးရမှာကိုး။ ဒါ ကျွန်တော့်အတွေ့အကြုံနဲ့ဆက်စပ်ပြီးပြောကြည့် တာပါ” ဟု ၎င်းက ဆိုသည်။
သို့သော် ဖြစ်နိုင်ခြေရှိသည့် အချက်ပေါင်း များ စွာအနက် အထက်ပါအချက်မှာ အချက်တစ်ချက်သာ ဖြစ်သည်။ အချို့ကလည်း လားရှိုးမှ MNDAA များ လုံးဝ မဆုတ်ဟု ယူဆထားသည်။ MNDAA တို့ အတွက် လားရှိုးသည် မြို့တော်ကြီးတစ်ခုဖြစ်ပြီး ဆုတ်ခွာသွားရန်အချက်မှာ ဝေးလွန်းလှသည်ဟု ၎င်းတို့က ဆိုသည်။
MNDAA တို့ အင်အားစုနေခြင်းလား သို့မ ဟုတ် အမှန်တကယ် ဆုတ်ခွာသွားမည်လား ဆိုသော အချက်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ ပို၍စိတ် ဝင်စားဖွယ် ကောင်းသည်က MNDAA မရှိတော့သည့် လားရှိုးကို တပ်မတော် အပြင် တခြား မည်သည့်အဖွဲ့အစည်းက ဝင်ရောက်နေရာယူမည်နည်း ဆိုသောအချက်ကလည်း စိတ်ဝင်စားဖွယ်ပို ကောင်းသည်။ “(လားရှိုးမှာ)မှာ မြို့ပြအုပ်ချုပ်ရေးအဖွဲ့ကလည်း အပီအပြင် အကောင်အထည်ဖော်လိုက်ပြီပေါ့။ လားရှိုးကို အကြီးဆုံးမြို့တော်ကြီးအဖြစ် သတ်မှတ်ထားပြီပေါ့။ တစ်ချိန်ချိန်မှာတော့ ကွတ်ခိုင်ဒေသ၊ လားရှိုး၊ မူဆယ်ကိစ္စ နဲ့ သူတို့ သုံးဖွဲ့ (MNDAA, TNLA, KIA) ပြဿနာ တက်ဦးမှာ။ လောလော ဆယ်တော့ မြို့ပြအုပ်ချုပ်ရေးကို စနစ်တကျ တော့ အကောင်အထည်ဖော်ထားတယ်။ လားရှိုးကနေ ပြန်ဆုတ်မယ်ဆိုတာ စဉ်းစားကြည့်ပေါ့။ သူဆုတ်သွားရင် ပလောင်ဝင်မှာပဲလေ။ သူနဲ့ပလောင် ဆုတ်ထားရင် KIA ဝင်လာမှာပဲ” ဟု အထက်ပါ ယုံကြည်ရသော သတင်းရင်းမြစ်က ဆိုသည်။
ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံအတွက် လိုအပ်သောအရာ ဖြစ်သည်။ သို့သော် ငြိမ်းချမ်းသွားပြီ ဟု ဆိုကာ လားရှိုးကို တည်ကြက်လုပ်ထားမည်လား ဆိုသည်က ပြောရခက်သောအနေအထားဖြစ်သည်။ ‘‘အပစ်ရပ်ပြီဆိုပြီး အားမွေးပြီးရင် တတိယလှိုင်း က ဘယ်လာမလဲ” ဟု ၎င်းက မေးခွန်းထုတ် ဆိုသည်။ လားရှိုးကို တည်ကြက်လုပ်ထားခြင်း ဟုတ်၊ မဟုတ် ကား အချိန်ကအဆုံးအဖြတ်ပေးမည်ဖြစ်သည်။ သို့သော် အချိန်ကိုမည်မျှစောင့်ရမည်နည်း ဆိုသည် ကား အရေးကြီးသော မေးခွန်းတစ်ခုပင် ဖြစ်ပေလိမ့်မည်။
သုတကျော်၊ သန့်ဇင်
============
Zawgyi Version:
လားရႈိးၿမိဳ႕မွ ကိုးကန႔္တ႐ုတ္မ်ား ျပန္ဆုတ္-မဆုတ္ ေျမျပင္အသံႏွင့္ဝိေရာဓိ
တပ္မေတာ္ႏွင့္ ကိုးကန႔္လက္နက္ကိုင္တပ္ MNDAA တို႔ အပစ္ရပ္လက္မွတ္ထိုးလိုက္ေၾကာင္း တ႐ုတ္ႏိုင္ငံျခား ေရးဝန္ႀကီးဌာနဘက္က ေျပာၾကားလိုက္ၿပီးေနာက္ ပထမဆုံးထြက္ေပၚလာသည့္ သတင္းမ်ားအနက္တစ္ခုမွာ လားရႈိး ၿမိဳ႕မွ MNDAA တို႔ ျပန္ဆုတ္သြားလိမ့္မည္ဆိုေသာအေၾကာင္း ျဖစ္သည္။
လားရႈိးၿမိဳ႕မွဆုတ္ရန္အတြက္ သေဘာတူညီခ်က္ကား သိႏၷီၿမိဳ႕၊ ကြမ္လုံၿမိဳ႕ႏွင့္ ကြတ္ခိုင္ၿမိဳ႕တို႔ကို ကိုးကန႔္ အထူးေဒသ(၁)၏လက္အတြင္းသို႔လႊဲ ေျပာင္းေပးရမည္ဟူ၏။ သို႔ေသာ္ သေဘာတူညီခ်က္မ်ားႏွင့္ပတ္သက္၍ နစက ဘက္က တရားဝင္ ထုတ္ျပန္လာျခင္းမ်ိဳး မရွိေသးေပ။
MNDAA က လားရႈိးၿမိဳ႕ကို ၿပီးခဲ့သည့္ႏွစ္ ဇူလိုင္လ (၃)ရက္က စတင္တိုက္ခိုက္ၿပီးေနာက္ ၎တို႔ ထိန္းခ်ဳပ္မႈ ေအာက္တြင္ အရပ္ဘက္အုပ္ခ်ဳပ္ေရးကို ေဖာ္ေဆာင္ေနသည္။ ထို႔အတူ MNDAA တပ္ဖြဲ႕ဝင္မ်ားလည္း အမ်ားအျပားရွိ ေနဆဲျဖစ္ၿပီး ကိုးကန႔္ဘက္ကခန႔္ထားသည့္ ရဲမ်ားလည္းရွိေနသည္။ ထို႔ျပင္ လားရႈိးၿမိဳ႕ေပၚ၌ ေဒသခံ PDF အခ်ိဳ႕ လည္းရွိေနၿပီး ၎တို႔ကိုမူ အေစာင့္အျဖစ္သာ ထားျခင္းျဖစ္ကာ ဂိတ္မ်ားတြင္မူ MNDAA တပ္ဖြဲ႕မ်ားကိုယ္တိုင္ ေနရာယူထားၿပီး ရွမ္း PDF မ်ားလည္းရွိေၾကာင္း သိရသည္။ ‘ရွမ္း PDF ေတြလည္း ပါတယ္နဲ႔တူပါတယ္။ ထူးထူး ျခားျခားရယ္လို႔ေတာ့မရွိပါဘူး။ ကစားဝိုင္းေတြနဲ႔ ေပ်ာ္ျမဴးေနၾကတာ’ ဟု လားရႈိးၿမိဳ႕ခံတစ္ဦးက ဆိုသည္။
လားရႈိးကို MNDAA က ထိန္းခ်ဳပ္ၿပီးေနာက္ တပ္မေတာ္ဘက္ကလည္း ေလေၾကာင္းမွ ဗုံးႀကဲ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္။ ထိုသို႔ ဗုံးႀကဲရာတြင္ သတင္းေပးရွိသည္ဟု ဆိုကာ ဖုန္းလိုင္းျဖတ္ေတာက္ ျခင္းမ်ိဳးလည္းရွိခဲ့ၿပီး MNDAA အႀကီးအကဲ ဖုန္တာ႐ႊင့္ကိုယ္တိုင္ ဗုံးစထိမွန္ခဲ့သည္ဟု သတင္း ထြက္ေပၚခဲ့ေသးသည္။
လားရႈိးၿမိဳ႕ အေျခအေနႏွင့္ပတ္သက္၍ လိပ္ခဲ တည္းလည္း အေျခအေနမ်ိဳးရွိေနခဲ့ရာမွ အပစ္ရပ္ သေဘာတူညီမႈ အၿပီးတြင္ လားရႈိးၿမိဳ႕မွ MNDAA မွ ဆုတ္ခြာေတာ့မည္ဟု သတင္းထြက္လာျခင္း ျဖစ္သည္။ မည္သို႔ပင္ သတင္းမ်ား ထြက္ေနေစကာမူ ၿမိဳ႕မွ ဆုတ္ခြာရန္အရိပ္အေယာင္ပင္ မျပေသး။ ထိုသို႔ေသာ အေျခအေနမ်ိဳးမွာပင္ လားရႈိးၿမိဳ႕မွ MNDAA မ်ား ဆုတ္ခြာသြားမည္ဆိုေသာသတင္းက က်ယ္က်ယ္ေလာင္ေလာင္ ဆက္လက္ ထြက္ေပၚေန ရာ အခ်ိဳ႕က ယုံသကဲ့သို႔ အခ်ိဳ႕ကလည္း မယုံၾကေပ။ မယုံတစ္ဝက္ ယုံတစ္ဝက္ျဖစ္သူမ်ားလည္း ရွိေနေသးသည္။
ထိုသို႔ေသာအေျခအေနတြင္ ကိုးကန႔္ ဘာသာျဖင့္ MNDAA အရာရွိတစ္ဦးက စင္ေပၚတြင္ တက္ေျပာေသာ ႐ုပ္သံဖိုင္တစ္ခုက ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း အင္တာနက္လူမႈကြန္ရက္မ်ားထက္တြင္ ထြက္ေပၚလာခဲ့သည္။ ယင္း ႐ုပ္သံအတြင္း ၿငိမ္းခ်မ္း ေရးစာခ်ဳပ္ လက္မွတ္ထိုးလိုက္ၿပီျဖစ္ေၾကာင္း၊ ကြတ္ ခိုင္ၿမိဳ႕၊ သိႏၷီၿမိဳ႕ႏွင့္ ကြမ္းလုံၿမိဳ႕တို႔ကို အထူး ေဒသခံ(၁)ကယူၿပီး လားရႈိးမွ ယခုႏွစ္အတြင္း ထြက္ခြာေတာ့မည္ျဖစ္ေၾကာင္း ေျပာၾကားထားရာ လူအမ်ားၾကား ပိုမိုလႈပ္ ခတ္သြားခဲ့သည္။
အထက္ပါ စကားမွာ တာမိုးညဲတြင္ ျပဳလုပ္ေသာ တ႐ုတ္ႏွစ္သစ္ကူးပြဲတြင္ ေျပာျခင္းျဖစ္ၿပီး အပစ္ရပ္ ကာလ အင္အားစုေကာင္း႐ုံမွ်သာေျပာျခင္း ျဖစ္ေၾကာင္း NP News ၏ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ ယုံၾကည္ရေသာ သတင္း ရင္းျမစ္ တစ္ဦးကဆိုသည္။
“ေလွ်ာက္ေျပာေနတာ။ သူတို႔ တပ္နဲ႔ ၿငိမ္းခ်မ္း ေရးစာခ်ဳပ္ လက္မွတ္ထိုးလိုက္ၿပီတဲ့။ သူတို႔ ေလးေနရာ ကြတ္ခိုင္၊ သိႏၷီ၊ ကြမ္လုံေလးေနရာကို ယူလိုက္ၿပီ တဲ့။ လားရႈိးကေန (၂၀၂၅)ထဲမွာ ျပန္ဆုတ္မယ္။ ျပည္သူလူထုေတြ ျပန္လာပါ။ သူတို႔က လူသစ္မစု ပါဘူး၊ လူမေခၚပါဘူး ေလွ်ာက္ေျပာေနတာပါ” ဟု ၎ကဆိုသည္။ MNDAA အေနျဖင့္ လားရႈိးမွ မတိုက္မခ်င္း ဆုတ္မည္မဟုတ္ေၾကာင္းလည္း ၎ကဆိုသည္။ “အလကား ေျပာေနတာေလ။ တအားႀကီး နက္နက္နဲနဲ မေတြးနဲ႔” ဟု အထက္ပါ သတင္းရင္းျမစ္ကပင္ ဆိုသည္။
သို႔ဆိုလွ်င္ ေျမျပင္အေျခအေနကို ျပန္ၾကည့္ရန္ လိုမည္ျဖစ္သည္။ လားရႈိးမွ ဆုတ္မည္ဆိုေသာ MNDAA ဘက္တြင္ မည္သို႔မွ် လႈပ္ရွားမႈမ်ား မရွိေသးေၾကာင္း လားရႈိးၿမိဳ႕အေၾကာင္းသိရွိသူ သတင္း ရင္းျမစ္မ်ားက အခိုင္ အမာဆိုၾကသည္။ ထို႔ျပင္ အင္အားပင္ ပိုတိုးခ်ထားေၾကာင္း အထက္ပါ သတင္း ရင္းျမစ္က ဆိုသည္။ “လားရႈိးၿမိဳ႕ထဲမွာ ဒီေန႔ (ဇန္နဝါရီ ၃၀ ရက္မွာ) MNDAA အဖြဲ႕က အင္အား ပိုျဖည့္ထားတယ္။ MNDAA က လားရႈိးကို လာတိုက္တဲ့သူ ေခါင္းေဆာင္တဲ့အဖြဲ႕က အနီးကပ္ႀကီးၾကပ္တယ္။ သူတို႔အားလုံးက အရပ္ဝတ္နဲ႔။ ယူနီေဖာင္း အနက္ေရာင္ ဝတ္ခိုင္း ထားတဲ့ေကာင္ရွိတယ္။ အစိမ္းေရာင္ ဝတ္ခိုင္းထားတဲ့ေကာင္ရွိတယ္။ က်န္တာက အရပ္ဝတ္နဲ႔ေပါ့။ အနက္ေရာင္ ဝတ္တာက လားရႈိးသားကိုပဲ ရပ္ကြက္မွာျပန္ဖြဲ႕စည္းထားတာ။ အမ်ားႀကီးပဲ။ အင္အားထပ္တိုးၿပီး ခ်ထားတဲ့အတြက္ လားရႈိးကေနျပန္ဆုတ္မယ္ဆိုတာက ရယ္စရာပါ” ဟု ၎က ဆိုသည္။ ထိုသို႔ အျခားသတင္းရင္းျမစ္ တစ္ဦးကလည္း လားရႈိးမွဆုတ္ခြာေရးႏွင့္ ပတ္သက္၍ လတ္တေလာတြင္ ထူးထူးျခားျခား ျမင္ကြင္း၊ အရိပ္ အေယာင္ မျမင္ရေသးဟု ဆိုသည္။ “မၾကားမိေသးဘူး။ အခုႏွစ္ပိုင္းက်မွသူတို႔လည္းျပန္လုပ္တာ။ သူတို႔ ဆုတ္မယ္လို႔ေတာင္ မထင္ဘူး။ မထင္တာမဟုတ္ဘူး။ အရိပ္အေယာင္မေတြ႕ဘူး။ ဆုတ္သြားမယ္ဆိုတဲ့ အရိပ္အေယာင္မ်ိဳး။ ဥပမာ လူေတြစုဖြဲ႕ၿပီးေတာ့ သိႏၷီ ဘက္ေနျပန္တက္သြားတာ မ်ိဳး စသျဖင့္ေပါ့။ အဲဒီလိုမ်ိဳးေတာ့ မေတြ႕ေသးဘူး” ဟု ၎က ဆိုသည္။
သို႔ေသာ္ အျမင္က အမ်ိဳးမ်ိဳး ကြဲျပားေနသည္။ လားရႈိးၿမိဳ႕ကို ထိန္းခ်ဳပ္ထားၿပီးေနာက္ MNDAA ဘက္က ယခုထက္တိုင္ ၿမိဳ႕ျပန္လည္ တည္ေဆာက္ ေရးႏွင့္ပတ္သက္၍ အျပည့္အဝျပန္လည္ လုပ္ေဆာင္ေပးျခင္းမ်ိဳး မရွိေသးေပ။ ယင္းအေၾကာင္း အရာကလည္း တစ္ခ်ိန္ခ်ိန္တြင္ လားရႈိးမွ ျပန္ဆုတ္ရန္အတြက္ မျပဳျပင္ျခင္းမ်ိဳးလားဟု ေမးစရာရွိသည္။
“ပ်က္တာေတြက အဆိုးဆုံးကေတာ့ ရမခ (အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္) ဝန္းက်င္ေပါ့။ အဲဒီ နားကေတာ့ ေတာ္ေတာ္ပ်က္တာ။ ကိုးကန႔္ေကာင္ ေတြကလည္း အဲဒီနား ဝန္းက်င္ေနၾကတာကိုးဗ်။ ပ်က္တာေတာ့ေတာ္ပ်က္တယ္။ အခု လားရႈိးမီးရၿပီ ဆိုတာက အဲဒါေလးက အရင္ကပ်က္သြားတဲ့အနည္း ငယ္ေနရာေလးေတြကို ျပန္ၿပီးျပဳျပင္တယ္။ တိုင္ေတြ ျပန္ထူတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ျပန္မျပင္ပါဘူး။ ႀကိဳးပ်က္ေနတဲ့ေနရာေတြကို အိမ္ေတြကေန အခြန္ေကာက္တယ္။ လွ်ပ္စီးမီးရရွိဖို႔ ဆိုၿပီးေျပာတာဗ်။ တကယ္ကသူတို႔မျပင္ဘူး။ ေတာ္ေတာ္ မ်ားမ်ားမျပင္ဘူး။ တကၠသိုလ္ေတြဆိုရင္ အရင္တိုင္းပဲေလ။ တကၠသိုလ္ေရွ႕ဆိုရင္ တိုင္ေတြက်ိဳးတယ္။ တိုင္ေတြ လဲေနတာေလ။ ဟိုးအရင္အတိုင္းပဲ။ အဲဒီနားမွာ ေသသြားတဲ့လူေတြ တိရစာၦန္ေတြအေလာင္းေတြရွိတုန္းပဲ။ ဒီအတိုင္းပဲ။ ကြၽန္ေတာ္ ျဖည့္ေတြးၾကည့္ တာေပါ့ဗ်ာ။ သူတို႔အကုန္လုံးမျပင္ဘူးဆိုတာက ဒီဟာကိုျပန္ ၿပီးေတာ့ေပးဖို႔ ရည္႐ြယ္ခ်က္ရွိလို႔လား ေတာ့မသိဘူး။ အဲဒီလိုထင္တာေပါ့” ဟု ၎က ဆိုသည္။ လားရႈိး ျပည္သူ႔ေဆး႐ုံႀကီး၊ မီးသတ္တပ္ဖြဲ႕ စသည္ျဖင့္ ေနရာ မ်ားတြင္သာ ထိခိုက္သည္မ်ားကို ျပန္လည္ျပင္ဆင္ ထားၿပီး MNDAA တပ္ဖြဲ႕မ်ားအတြက္ အဆင္ေျပ ႐ုံေလာက္သာ ေဆာင္႐ြက္ထား ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ “ကြၽန္ေတာ္တို႔ ၾကားသေလာက္ဆိုရင္ ကိုးကန႔္ေတြက လားရႈိး ျပန္လည္ထူေထာင္ေရး ၿပီးသြားရင္ ျပန္ဆုတ္သြားမယ္လို႔ ၾကားတာ။ ဘယ္ရက္၊ ဘယ္ကာလရယ္လို႔ေတာ့ မသိရဘူး။ ျပန္ဆုတ္မယ္လို႔ ၾကားတာပဲ။ ဘယ္ေန႔ဆိုတာကေတာ့ မေျပာတတ္ ဘူး” ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ အျခားသတင္း ရင္းျမစ္တစ္ဦးက ဆိုသည္။ လားရႈိးၿမိဳ႕ႏွင့္ ပတ္သက္၍ ေရေရရာရာ ျဖစ္ျခင္းမ်ိဳးမရွိေသးေသာ္လည္း ကိုးကန႔္အဖြဲ႕ကို ပိတ္ပင္ထားသည္မ်ားကို တ႐ုတ္ႏိုင္ငံႏွင့္ ‘ဝ’ အဖြဲ႕တို႔က ျပန္ဖြင့္ထားေပးၿပီ ျဖစ္သည္။ “လမ္းမွာ လည္း အရင္ကလို မစစ္ေတာ့ဘူး။ အရင္က က်ပ္က်ပ္ တည္းတည္းျဖစ္တာေပါ့ဗ်ာ။ အခုသာသာယာယာပဲ။ အဲဒီမွာ ဂိတ္ကိုျဖတ္ရရင္ ဘယ္သြားမလဲ။ ဘယ္လာမ လဲအဲဒါေမးတယ္။ ဂိတ္ေၾကးေပးရင္ ဘာမွမျဖစ္ဘူး ေအးေဆး။ လြတ္လပ္တယ္။ ဟိုဘက္ဒီဘက္ဖြင့္လိုက္တာေပါ့။ ‘ဝ’ကလည္း မၾကပ္ေတာ့ဘူးေလ။ ဟိုဘယ္ ဒီဘက္သယ္ေဆာင္လို႔ရၿပီေပါ့}}ဟု ၿပီးခဲ့သည့္ ရက္ပိုင္းက ကိုးကန႔္ထိန္းခ်ဳပ္နယ္ေျမႏွင့္ ‘ဝ’ ထိန္း ခ်ဳပ္နယ္ေျမအၾကား ခရီးသြားခဲ့သူတစ္ဦးက ဆိုသည္။ အထက္တြင္ေဖာ္ျပခဲ့သည့္အတိုင္းပင္ အပစ္ရပ္စဥ္ မည္သည့္ အခ်က္ကို သေဘာတူညီခဲ့သည္ဆိုေသာ အေၾကာင္းကို ေသခ်ာစြာ မသိရေသးသည့္အတြက္ ယခုထက္တိုင္ ပေဟဠိျဖစ္ေနဆဲပင္။ အားလုံးက မွန္းဆ၍သာ အေျခအေနကို ေျပာေနၾကရသည့္ အေနအထားသာ ျဖစ္သည္။
ကိုးကန႔္ဘက္ကေျပာေသာ ခ်င္းေ႐ႊေဟာ္ ကြတ္ခိုင္ၿမိဳ႕နယ္၊ သိႏၷီၿမိဳ႕နယ္ႏွင့္ ကြမ္းလုံၿမိဳ႕နယ္ စသည္ျဖင့္ ၿမိဳ႕နယ္မ်ားကို ျမန္မာအစိုးရဘက္က ေပးသည္ဆိုေသာအခ်က္မွာလည္း ဖြဲ႕စည္းပုံအေျခခံ ဥပေဒႏွင့္ မညီေသာေၾကာင့္ နားလည္ရခက္ေသာ အေနအထားျဖစ္သည္။ သို႔ဆိုလွ်င္ လားရႈိးႏွင့္ အထက္ပါ ေလးၿမိဳ႕နယ္ကို လဲမည္လားဆိုေသာ ေမးခြန္းကလည္း သေဘာတူညီခ်က္မ်ားကို မသိရေသာေၾကာင့္ အေျဖမရွိေသာ ပုစာၦသဖြယ္ ျဖစ္ေနသည္။ သို႔ေသာ္ ေျမျပင္တြင္မူ အထက္ပါ သတင္းက အလြန္ပင္ေရပန္းစားေနျခင္းလည္းျဖစ္သည္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ ေဒသခံတစ္ဦးကမူ MNDAA က အထက္ပါ ၿမိဳ႕မ်ားကို ရယူၿပီးစီးပါက MNDAA အတြက္ လိုအပ္ေနေသာ ‘ဝ’ ျပည္နယ္ အျပည့္အဝျဖစ္ေရးအတြက္ ကိုးကန႔္က ‘ဝ’ ႏွင့္ ေပါင္းဖြယ္ရွိၿပီး ကိုးကန႔္က ‘ဝ’ ျပည္နယ္အတြင္းမွ သီးျခားေဒသခြဲတစ္ခု ျဖစ္လာႏိုင္ေၾကာင္း ေထာက္ျပေျပာၾကားသည္။ ယခင္ ဖုန္ၾကားရွင္ လက္ ထက္က ‘ဝ’ တပ္ဖြဲ႕ MNDAA ထံမွ လက္နက္မ်ားကို အေႂကြးျဖင့္ ဝယ္ယူခဲ့ၿပီးေနာက္ အျပန္အလွန္အေနျဖင့္ ဖုန္ၾကား ရွင္က ‘ဝ’ အထူးေဒသႏွင့္ ကိုးကန႔္ေဒသကိုေပါင္းရန္အတြက္ ယခင္က ေဆာင္႐ြက္ခဲ့ဖူးေသာ သာဓကရွိသည္ဟုသိရ ဖူးေၾကာင္း ၎က ဆိုသည္။
“ဟိုဘက္က (၄)ၿမိဳ႕နယ္ေတာင္းတယ္ဆိုတာ လည္းေပးျခင္း၊ မေပးျခင္းကထားေလ။ (၄) ၿမိဳ႕နယ္ ေတာင္း တယ္ဆိုတာက အဲဒါကို ျပန္စဥ္းစားၾကည့္ရင္ ျဖစ္ကိုျဖစ္ႏိုင္တယ္။ ဘာေၾကာင့္ဆို ‘ဝ’ျပည္နယ္ ဘက္ကေတာင္းရင္ သူတို႔ေပးကိုေပးရမွာကိုး။ ဒါ ကြၽန္ေတာ့္အေတြ႕အႀကဳံနဲ႔ဆက္စပ္ၿပီးေျပာၾကည့္ တာပါ” ဟု ၎က ဆိုသည္။
သို႔ေသာ္ ျဖစ္ႏိုင္ေျခရွိသည့္ အခ်က္ေပါင္း မ်ား စြာအနက္ အထက္ပါအခ်က္မွာ အခ်က္တစ္ခ်က္သာ ျဖစ္သည္။ အခ်ိဳ႕ကလည္း လားရႈိးမွ MNDAA မ်ား လုံးဝ မဆုတ္ဟု ယူဆထားသည္။ MNDAA တို႔ အတြက္ လားရႈိးသည္ ၿမိဳ႕ေတာ္ႀကီးတစ္ခုျဖစ္ၿပီး ဆုတ္ခြာသြားရန္အခ်က္မွာ ေဝးလြန္းလွသည္ဟု ၎တို႔က ဆိုသည္။
MNDAA တို႔ အင္အားစုေနျခင္းလား သို႔မ ဟုတ္ အမွန္တကယ္ ဆုတ္ခြာသြားမည္လား ဆိုေသာ အခ်က္မွာ စိတ္ဝင္စားဖြယ္ေကာင္းသည္။ ပို၍စိတ္ ဝင္စားဖြယ္ ေကာင္းသည္က MNDAA မရွိေတာ့သည့္ လားရႈိးကို တပ္မေတာ္ အျပင္ တျခား မည္သည့္အဖြဲ႕အစည္းက ဝင္ေရာက္ေနရာယူမည္နည္း ဆိုေသာအခ်က္ကလည္း စိတ္ဝင္စားဖြယ္ပို ေကာင္းသည္။ “(လားရႈိးမွာ)မွာ ၿမိဳ႕ျပအုပ္ခ်ဳပ္ေရးအဖြဲ႕ကလည္း အပီအျပင္ အေကာင္အထည္ေဖာ္လိုက္ၿပီေပါ့။ လားရႈိးကို အႀကီးဆုံးၿမိဳ႕ေတာ္ႀကီးအျဖစ္ သတ္မွတ္ထားၿပီေပါ့။ တစ္ခ်ိန္ခ်ိန္မွာေတာ့ ကြတ္ခိုင္ေဒသ၊ လားရႈိး၊ မူဆယ္ကိစၥ နဲ႔ သူတို႔ သုံးဖြဲ႕ (MNDAA, TNLA, KIA) ျပႆနာ တက္ဦးမွာ။ ေလာေလာ ဆယ္ေတာ့ ၿမိဳ႕ျပအုပ္ခ်ဳပ္ေရးကို စနစ္တက် ေတာ့ အေကာင္အထည္ေဖာ္ထားတယ္။ လားရႈိးကေန ျပန္ဆုတ္မယ္ဆိုတာ စဥ္းစားၾကည့္ေပါ့။ သူဆုတ္သြားရင္ ပေလာင္ဝင္မွာပဲေလ။ သူနဲ႔ပေလာင္ ဆုတ္ထားရင္ KIA ဝင္လာမွာပဲ” ဟု အထက္ပါ ယုံၾကည္ရေသာ သတင္းရင္းျမစ္က ဆိုသည္။
ၿငိမ္းခ်မ္းေရးသည္ ျမန္မာႏိုင္ငံအတြက္ လိုအပ္ေသာအရာ ျဖစ္သည္။ သို႔ေသာ္ ၿငိမ္းခ်မ္းသြားၿပီ ဟု ဆိုကာ လားရႈိးကို တည္ၾကက္လုပ္ထားမည္လား ဆိုသည္က ေျပာရခက္ေသာအေနအထားျဖစ္သည္။ ‘‘အပစ္ရပ္ၿပီဆိုၿပီး အားေမြးၿပီးရင္ တတိယလႈိင္း က ဘယ္လာမလဲ” ဟု ၎က ေမးခြန္းထုတ္ ဆိုသည္။ လားရႈိးကို တည္ၾကက္လုပ္ထားျခင္း ဟုတ္၊ မဟုတ္ ကား အခ်ိန္ကအဆုံးအျဖတ္ေပးမည္ျဖစ္သည္။ သို႔ေသာ္ အခ်ိန္ကိုမည္မွ်ေစာင့္ရမည္နည္း ဆိုသည္ ကား အေရးႀကီးေသာ ေမးခြန္းတစ္ခုပင္ ျဖစ္ေပလိမ့္မည္။
သုတေက်ာ္၊ သန႔္ဇင္
============