ဝါရှင်တန်-နယူးဒေလီ-ပေကျင်း အားပြိုင်မှု ဆူးကြားက ဘူးခါးဖြစ်လာတဲ့ တိုင်းပြည်

 1275

Htay Oung (NP News) - ဖေဖော်ဝါရီ ၄

တရုတ်နိုင်ငံရဲ့ငွေကြေးထောက်ပံ့မှုနဲ့ ပါကစ္စတန်ရဲ့ အကြီးဆုံးလေဆိပ်ကို “ ဂွာဒါပင်လယ်ကမ်း ခြေမြို့”မှာ ဖွင့်လှစ်တာဟာ တောင်အာရှနိုင်ငံနဲ့ အာ ဖရိကအထိ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုရဲ့ အရိပ် လက္ခဏာတစ်ရပ်အဖြစ်(၂၀၁၉)ခုနှစ်က တည်ဆောက်မှု အခမ်းအနားစတင်စဉ် နှစ်နိုင်ငံ အကြီးအကဲတွေက ဂုဏ်ပြုပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ (၅)နှစ်ကျော်အကြာ (၂၀၂၄) ခုနှစ် လေဆိပ်ဖွင့်ပွဲ အခမ်း အနားမှာတော့ လုံခြုံရေး ထူထပ်စွာချထားရပြီး တရုတ်အရာရှိတွေ တက်ရောက်မှုမရှိတာက ပေကျင်းနဲ့ အစ္စလာမာဘတ် အကြား မကျေလည်မှုတွေရှိနေကြောင်း မီးမောင်းထိုး ပြနေခဲ့တယ်လို့ “ဂါးဒီးယန်း” (26 January 2025) က ရေးသားပါတယ်။

ဂွာဒါဟာ ပါကစ္စတန်နိုင်ငံအနောက်တောင်ဘက် အာရေဗျပင်လယ်ကို မေးတင်လျက်ရှိတဲ့ ဆိပ် ကမ်းမြို့လေးဖြစ်ပါတယ်။ အာရေဗျပင်လယ်နဲ့ ဟော် မုဇ်ရေလက်ကြားကိုဆက်သွယ်ပေးထားတဲ့ အိုမန် ပင်လယ်ကွေ့ကို အထက်စီးမှမြင်တွေ့နိုင်ပြီး ပထဝီနိုင်ငံရေး မဟာဗျူဟာမြောက်အရပ်မှာ တည်ရှိ ပါတယ်။ ဂွာဒါပင်လယ်ရေနက်ဆိပ်ကမ်းက အစ္စလာမာဘတ် မြို့တော်ကိုဖြတ်သန်းပြီး တရုတ် နိုင်ငံ အနောက်ပိုင်း ရှင်းကျန့်ပြည်နယ်နဲ့ချိတ်ဆက်တဲ့ “တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ”ကို ဖောက်လုပ် ခြင်းဖြင့် ဝန်းကျင်ဒေသကြီးတစ်ခုလုံးကို အသွင်ပြောင်းလဲပစ်ဖို့ရည်ရွယ်ခဲ့ကြပါတယ်။ ယူအေအီးနိုင်ငံရဲ့ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုအချက်အချာမြို့တော်နည်းတူ “ပါကစ္စ တန်ရဲ့ဒူဘိုင်းမြို့” ဖြစ်စေရမယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။

ပါကစ္စတန်ရဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို ဖြေရှင်းဖို့၊ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုး တိုးတက်ဖို့၊ စိုက်ပျိုးမွေးမြူရေးအပေါ် မှီခိုနေမှုအစား စက်မှုဇုန်တွေထူထောင်ဖို့၊ သယ်ယူပို့ဆောင်ရေး ကွန်ရက်ကို ခေတ်မီစေဖို့ အိပ်မက် မက်ခဲ့ကြပါတယ်။ ဒါပေမဲ့ (၉)နှစ်ကြာတဲ့ (၂၀၂၄) ခုနှစ်အထိ လက် တွေ့မှာ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ စင်္ကြံလမ်း ဖြတ်သန်းရာနယ်မြေအများစုမှာ ဘလိုချီစတန် ပြည်နယ်ခွဲထွက်ရေး အမျိုးသားရေးဝါဒီသူပုန်များ၊ အစ္စလာမ္မစ် ဂျီဟတ်ဝါဒီစစ်သွေးကြွတွေက မင်းမူ နေပါတယ်။ စင်္ကြံလမ်းရင်းနှီးမြှုပ်နှံသူတွေ၊ တည်ဆောက်ရေး တရုတ်အလုပ်သမားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ လုံခြုံရေးတာဝန်ယူရတဲ့ ပါကစ္စတန် စစ်တပ်အပေါ် ပေကျင်းအနေနဲ့ စိတ်ပျက်စေ ခဲ့ပါတယ်။ တရုတ်က ပါကစ္စတန်ရေကြောင်းလုံခြုံရေး အေဂျင်စီကို သင်္ဘော (၄)စင်းလွှဲပြောင်းပေးခဲ့ သည့်တိုင် သူတို့ကိုဆက်ကြေးမပေးရင် ဂွာဒါဆိပ်ကမ်းကို ဖောက်ခွဲပစ်မယ်လို့ ပါကစ္စတန်တာလီဘန် တို့က ခြိမ်းခြောက်နေတာဟာ စီမံကိန်းလုပ်ငန်းတွေကို နောက်ဆုတ်ပြန်စေပြီး ပါကစ္စတန်စစ်တပ် အတွက် မျက်နှာပူစရာဖြစ်နေပါတယ်။ ပေကျင်းက အစ္စလာမာဘတ်အပေါ် လူသိရှင်ကြား ဝေဖန် ပြစ်တင်မှုတွေ မကြုံစဖူး ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒေသခံတွေဘက်ကကြည့်ရင် အကျိုးအမြတ် (၉၀%) ကို တရုတ်ထံပေးရတဲ့ သူတို့နိုင်ငံစီမံကိန်းကြီးမှာ သူတို့ကျတော့ ဆိပ်ကမ်း ဆက်စပ်ပင်လယ်ပြင် အတွင်း ဝင်ရောက်ခွင့်ကို ကန့်သတ်ခံနေရပါတယ်။ အကျဉ်းထောင်သဖွယ် တံတိုင်းအမြင့်ကြီးတွေနဲ့ တင်းကြပ်တဲ့လုံခြုံရေးအတားအဆီးတွေဟာ သူတို့အစိုးရရဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး ကတိကဝတ် တွေမှာ ပူးပေါင်းဖို့ အားတက်သရောမရှိနိုင်ဘဲဖြစ်နေရပါတယ်။ ဂွာဒါမြို့အနီး တရုတ်တိုင်းရင်းဆေး အတွက် အာဖရိကမှတင်သွင်းတဲ့ မြည်းကောင် ရေ (၁)သန်းကိုသားတိုးဖို့ ပေကျင်းက စက်ရုံကိုတည် ဆောက်နေပါတယ်။ ယနေ့တိုင် လည်ပတ်နိုင်ခြင်းမရှိသေးတဲ့ အဲဒီလိုပရောဂျက်တွေဟာ အစ္စလာ မာဘတ်အပေါ် ပေကျင်းရဲ့မကျေနပ်မှုတွေကို တိုးပွားလာစေပါတယ်။

လွန်ခဲ့တဲ့ (၅)နှစ်အတွင်း ဂွာဒါရေနက်ဆိပ်ကမ်းမှာ အဝင်အထွက်ပြုလုပ်ခဲ့တဲ့ ပြည်ပသင်္ဘော အရေအတွက်မှာ အလွန်နည်းပါးခဲ့ပြီး အများစုမှာ အာဖဂန်နစ္စတန်နိုင်ငံအတွက်ဖြစ်နေပါတယ်။ ပြုပြင် ထိန်းသိမ်းရေးစရိတ်စကတွေနဲ့ရေနက်ဆိပ်ကမ်းဟာ ကုန်ကျစရိတ်ကြီးသလောက် စီးပွားရေးတွက်ခြေ မကိုက်ဘဲ အရှုံးပေါ်နေပါတယ်။ အဖတ်တင်သွားတာကတော့ ဂွာဒါနဲ့ ဘလိုချီစတန်ဒေသခံတွေအတွက် တရုတ်မုန်းတီးရေး ကျယ်ပြန့်လာတာပဲဖြစ်ပါတယ်။ ဂွာဒါ ရေနက်ဆိပ်ကမ်း၊ လေဆိပ်နဲ့ “တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ” CPEC ရဲ့ ရင်းနှီးမြှုပ်နှံမှု ဟာ အမေရိကန်ဒေါ်လာ (၆၂)ဘီလျံရှိပါတယ်။ ဒါပေမဲ့ ဆင်းရဲနွမ်းပါးသူလူဦးရေ (၁၅၀,ဝဝဝ)ခန့်သာ နေထိုင်တဲ့ ဘလိုချီစတန်ပြည်နယ်ရဲ့ဂွာဒါမြို့ကလေးမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက် တာဟာ ပါကစ္စတန်ပြည်သူလူထုအတွက် တရုတ်တို့အပေါ် မယုံသင်္ကာဖြစ်စေပါတယ်။ အဲဒီအချက်ကပဲ စီမံကိန်းအပေါ် ဖျက်လိုဖျက်ဆီးလုပ်ဖို့ ခြိမ်းခြောက်မှုဖြစ်လာရပါတယ်။ ဒီစင်္ကြံဟာ တရုတ်ရဲ့ စွမ်းအင် မှီခိုမှု စီးပွားရေးကို ခြိမ်းခြောက်နေတဲ့ အရှေ့တောင်အာရှ မလက္ကာရေ လက်ကြားကိုရှောင်ကွင်းပြီး အာရေဗျ ပင်လယ်ကို ချိတ်ဆက်နိုင်ပါတယ်။ ပေကျင်းအနေနဲ့ ကုန်သွယ်စီးပွားရေးထက်ပိုမိုတဲ့ စစ်ရေး ရည်မှန်းချက်ရှိလိမ့်မယ်လို့ သံသယရှိ စိုးရိမ်နေများသူမှာ အိန္ဒိယတစ်နိုင်ငံတည်းမဟုတ်ပါဘူး၊ မဟာမိတ် ပင်လယ်ကွေ့ ရေနံသူဌေးနိုင်ငံတွေမှာ စစ်အခြေစိုက်စခန်းတွေရှိနေတဲ့ အမေရိကန်ကထိပ်ဆုံးမှာပါဝင် နေပါတယ်။ အာရှ-အာဖရိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ဘဏ္ဍာရေးအကျပ်အတည်းဖြစ်နေတဲ့ ပါကစ္စတန်မှာ လေဆိပ်တွေ၊ အဝေးပြေးကားလမ်း၊ ရထားလမ်းတွေ၊ ဆိပ်ကမ်းတွေနဲ့ လျှပ်စစ်ဓာတ် အားပေးစက်ရုံတွေကို တည်ဆောက်ပြီး “ရပ်ဝန်းနဲ့လမ်း” BRI နဲ့ချိတ်ဆက်ဖို့ပြင်ဆင်တာဟာ အကြွေး ဖိအားနဲ့ တရုတ်တို့ ဩဇာလွှမ်းမိုးမှုချဲ့ထွင်ဖို့ရည်ရွယ်တဲ့ စီမံကိန်းသာဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

CPEC ဟာ ဘာသာရေးအစွန်းရောက် အကြမ်းဖက် အစ္စလမ္မာစ်စတိတ်နဲ့ ပါကစ္စတန်တာလီဘန် တွေ အပါအဝင် ပြည်တွင်းအကြမ်းဖက်အဖွဲ့များစွာတို့ရဲ့ ရန်သူတွေကို ဖန်တီးပေးသလိုဖြစ်နေပါတယ်။ ဒေသ အရင်းအမြစ်တွေကို အသုံးချနေတယ်လို့ ခွဲထွက်ရေး စစ်သွေးကြွအဖွဲ့ ဘလိုချီစတန် လွတ် မြောက်ရေးတပ်မတော်(BLA)ကစွပ်စွဲပြီး တရုတ်ရဲ့ CPEC ကိုရပ်တန့်ဖို့ ပြင်းထန်တဲ့စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက BLA ဟာ ကရာချိလေဆိပ်အနီး အကြမ်းဖက် တိုက်ခိုက်တဲ့အတွက် တရုတ်နိုင်ငံသားနှစ်ဦးသေဆုံးခဲ့ရပြီး အဲဒီမတိုင်မီ အသေခံဗုံးခွဲမှုတွေနဲ့ စီးနင်း ပစ်ခတ်မှုတွေကြောင့် တရုတ်ရော ပါကစ္စတန်နိုင်ငံသားတွေပါ အသက်ဆုံးရှုံးမှု ဖြစ်ခဲ့ရပါတယ်။ ပါကစ္စတန် “ကေ-အီလက်ထရစ်” ကုမ္ပဏီရဲ့ အစုရှယ်ယာအများစုကို ဝယ်ယူထားတဲ့ ပေကျင်း လျှပ်စစ်ကုမ္ပဏီကြီးမျိုးလို တရုတ်နဲ့သဘောတူညီချက်တွေကို ရှေ့မဆက်စေလိုတဲ့အမေရိကန်က လျှို့ဝှက်စွာကြိုးကိုင်ခဲ့ကြောင်း အဲဒီဖြစ်ရပ်နဲ့နီးစပ်သူတွေက ပြောကြပါတယ်။ ပါကစ္စတန်ကတော့ တရုတ်နိုင်ငံသားတွေကို ပြန်ပေးဆွဲတာ၊ ချောင်းမြောင်းသတ်ဖြတ်တာရဲ့နောက်ကွယ်မှာ အိန္ဒိယ သူလျှို တွေရှိနေကြောင်း အထောက်အထားတွေနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီထံ တိုင်ကြားခဲ့ပါတယ်။ အိန္ဒိယက တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်းကို ကန့်ကွက်ရခြင်းမှာ CPEC တစ်စိတ်တစ်ပိုင်းဟာ နယူးဒေလီနဲ့ အစ္စလာမာဘတ်အကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားကို ဖြတ်သန်းသွားတာ ကြောင့်ဖြစ်ပါတယ်။

လေဆိပ်သစ်ဖွင့်ပွဲမတိုင်မီသတင်းတွေကြောင့် ဂွာဒါမြို့အနီးတစ်ဝိုက်မှာ လုံခြုံရေးတင်းကြပ်ပြီး ပိတ် ဆို့ထားခဲ့ကြောင်း လေဆိပ်စီမံကိန်းအတွက် ပထမ အရစ်အကြွေး ဒေါ်လာသန်း (၂၃၀) မပေးနိုင် သေးပေမယ့် ပါကစ္စတန်အစိုးရနဲ့ စစ်ဘက်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်အများအပြားတက်ရောက်ကြတယ် လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ တရုတ်ဘက်ကတော့ တစ်ယောက်မှ တက်ရောက်သူမရှိတာဟာ အဲဒီအကြွေးလုံခြုံရေးကိစ္စပဲဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးကြပါတယ်။

စီမံကိန်းစတင်တဲ့ (၂၀၁၅) ခုနှစ် ပါကစ္စတန်ရဲ့ GDP ဟာ ဒေါ်လာ (၂၄၃) ဘီလျံခန့်ရှိပါတယ်။ (အဲ ဒီနှစ် မြန်မာနိုင်ငံ GDP ကန်ဒေါ်လာ (၆၃)ဘီလျံခန့် ရှိ)စီမံကိန်းကနဦးရင်းနှီးမြှုပ်နှံမှု ဒေါ်လာ (၄၆) ဘီလျံ ဟာ ပါကစ္စတန်မှာ GDP ရဲ့ (၁၉%)ရှိနေပါတယ်။ ဒါပေမဲ့ နောက်ပိုင်းရင်းနှီးမြှုပ်နှံမှုဟာ စုစုပေါင်း (၆၇) ဘီလျံခန့်ဖြစ်လာပြီး GDP ရဲ့ (၂၇%)ခန့်ဖြစ်လာ ပါတယ်။ CPEC စီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် (၂၀%)သာ ပေကျင်းချေးငွေဖြစ်ပြီး ကျန် (၈၀%)ကို တရုတ်-ပါကစ္စတန်တို့က ပူးတွဲရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်။

စစ်ရေးမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်တယ်ဆိုတဲ့ ပါကစ္စတန်ဟာ စီးပွားရေးအရ ဖွံ့ဖြိုးဆဲ တိုင်း ပြည်အဆင့်မှာပဲ ရှိနေပါသေးတယ်။ (၁၉၄၇)ခုနှစ် ဗြိတိသျှအိန္ဒိယအင်ပါယာမှ မွတ်စလင် အများစု တိုင်းပြည်အဖြစ် သီးခြားလွတ်လပ်ရေးရယူခဲ့ပြီးနောက်ပိုင်း အာဏာသိမ်းမှုတွေ၊ နိုင်ငံရေး သမားအချင်း ချင်းအား ပြိုင်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ မတည်မငြိမ် ရှိပါတယ်။ အိမ်နီးချင်းအိန္ဒိယနဲ့ (၄)ကြိမ် တိုင် အတိအလင်းစစ်ခင်းခဲ့ရပြီး (၂၀၂၃)ခုနှစ် သန်း (၂၄၀) ကျော်ရှိတဲ့ ပြည်တွင်းနေထိုင်သူတွေအကြား ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ကျကာ စီးပွား ရေးမညီမျှမှုတွေနဲ့ ဖွံ့ဖြိုးမှုနောက်ကျနေပါ တယ်။ လူမျိုးစုအချင်းချင်း ပဋိပက္ခတွေ၊ ဘာသာရေး အစွန်းရောက်တွေရဲ့အသေခံဗုံးခွဲမှုတွေကြောင့် ဝေးလံခေါင်ဖျားဒေသတွေမှာ ပုဂ္ဂလိကလုံခြုံရေး အားနည်းနေဆဲဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်-ဆိုဗီယက် စစ်အေးတိုက်ပွဲမှာ ပထဝီနိုင်ငံရေးအခြေအနေအရ ဝါရှင်တန်ဘက်ရပ်တည်ခဲ့ရပြီး စစ်ရေးအရ ယနေ့ထက်တိုင် အမေရိကန်ရဲ့ မျက်နှာအရိပ်အကဲကို ကြည့် နေရပါတယ်။ ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခွဲထွက်တဲ့ (၁၉၇၁) ခုနှစ်နောက်ပိုင်း ပြည်တွင်းပြည်ပ နိုင်ငံရေးတင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ (၂၀ဝ၁) ခုနှစ် အာဖဂန်ကျူးကျော်မှုစစ်ပွဲမှာ အမေရိကန်နဲ့ နီးကပ်စွာ ဆက်ဆံခဲ့ပြီး အဲဒါကြောင့်ပဲ ပါကစ္စတန်ရဲ့ အမျိုးသားလုံခြုံရေးအပေါ် အိမ်ဖြူတော်ရဲ့ လွှမ်းမိုး ခြယ်လှယ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အလုပ်လက်မဲ့များပြားတာ၊ ငွေကြေးဖောင်းပွတာ၊ စီးပွားရေး ကျဆင်းတာနဲ့ အစွန်းရောက်အကြမ်းဖက်မှုတွေဟာ ပါကစ္စတန်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး လွတ်ရာလွတ်ကြောင်းရှာဖွေရာမှာ ရုရှား-တရုတ်တို့နဲ့လည်း ထိတွေ့ဆက်ဆံဖို့ ဖြစ်လာရပါတယ်။

(၂၀၁၈)ခုနှစ် ဝန်ကြီးချုပ်ဖြစ်လာတဲ့ အင်မရန် ခန်းဟာ တရုတ်ရဲ့ BRI စီမံကိန်းကို အားတက် သရော ထောက်ခံခဲ့သူဖြစ်ပါတယ်။ အိန္ဒိယနဲ့တရုတ်ကို အင်အားချိန်ညှိဖို့ စစ်ရေးအထောက်အပံ့ ရယူ နေဆဲ ပါကစ္စတန်က (၂၀၂၂) ခုနှစ် ယူကရိန်းကျူးကျော်မှု မှာ ရုရှားဘက်ကို အကောင်းမြင်တာဟာ အိမ်ဖြူတော်အတွက် ဒေါသထွက်စရာရှိပါတယ်။ များမကြာမီ ပါကစ္စတန်လွှတ်တော် အယုံအကြည် မရှိအဆိုနဲ့ အင်မရန်ခန်း ပြုတ်ကျရခြင်းနောက်ကွယ်မှာ အမေရိကန်ရဲ့လက်မည်းကြီးရှိနေတယ်ဆိုရင် ဖြစ်နိုင်စရာရှိပါတယ်။

ပေကျင်းကတော့ သူရဲ့အလုပ်သမားတွေကို အကာအကွယ်ပေးဖို့အတွက် တရုတ်တပ်တွေကို ချထားခွင့်ပြုဖို့ တွန်းအားပေးနေတဲ့အတွက် ဒီကိစ္စဟာ ဗျူဟာမြောက်အမြတ်ထုတ်စရာဖြစ်လိမ့်မယ်လို့ ပိုပြီးစိုးရိမ်စရာဖြစ်သွားရပါတယ်။ ပါကစ္စတန်-တရုတ်လုံခြုံရေးတွေချထားမယ့်ကိစ္စမှာ ယခင်တည်းက ရှိခဲ့ကြောင်း၊ ဂွာဒါဆိပ်ကမ်းမှာ တရုတ်စစ်သင်္ဘောနဲ့ ရေငုပ်သင်္ဘောတွေ ဝင်ထွက်ခွင့်ရှိကြောင်း ပါကစ္စ တန် အကြီးတန်းစစ်ဘက်အရာရှိတွေက အတည်ပြုပေမယ့် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တပ်စွဲခွင့်ပြု ခြင်း ရှိ-မရှိ မပြောကြပါဘူး။ ငြင်းဆိုခဲ့ရင်လည်း တရုတ်အပေါ်မှီခိုအားထားနေရတဲ့ စီးပွားရေးအကူအ ညီမှာ ထိခိုက်လွယ်ပါလိမ့်မယ်။
တရုတ်အလုပ်သမားတွေရဲ့လုံခြုံရေးကိစ္စဟာ CPEC အတွက် ဆိုးရွားတဲ့အတားအဆီး တစ်ခုဖြစ် လာပြီး စီမံကိန်းရဲ့ဒုတိယအဆင့်ကို မစတင်နိုင်သေးကြောင်း တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချထားခွင့်ပြုဖို့ တောင်းဆိုပါတယ်။ တရုတ်ဟာ သူ့ရဲ့လုပ်သားအင်အား အများအပြားကို ပါကစ္စတန်မှဖယ်ရှားခဲ့ရပြီး နှောင့်နှေးနေတဲ့ ပိုက်လိုင်းအပါအဝင် စီမံကိန်း (၂၆)ခုအနက် အချို့ကို မူလရည်မှန်းချက်များမှ ပြန်လည်ချဲ့ထွင်လိမ့်မယ်လို့ယူဆရပါတယ်။ အဲဒီအတွက် တရုတ်လုံခြုံ ရေးတွေရောက်ရှိလာမယ်ဆိုရင် ဂွာဒါမှာ စစ်တပ်အဆင့် လုံခြုံရေးတင်းကြပ်မှုဖြစ်ပေါ်လာစရာရှိပါတယ်။

ပါကစ္စတန်ဟာ CPEC စီမံကိန်းအတွက် တရုတ်နဲ့အမေရိကန်ကြား မျှမျှတတစီစဉ်ဖို့ အခက်တွေ့ နေပုံရပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ် ဒေါ်နယ်ထ ရမ့်အစိုးရသစ်ထံ အလည်အပတ်သွားရောက်ခဲ့တဲ့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက တရုတ်ဆန့်ကျင်ရေးနာမည်ကြီး အမေရိကန် လော်ဘီအဖွဲ့နဲ့ တွေ့ဆုံခဲ့ တာဟာ ပေကျင်းအတွက် ဒေါသထွက်စရာဖြစ်ရပါတယ်။ အစ္စလာမာဘတ်ရဲ့ရပ်တည်မှုမှာ တရုတ်စစ် အခြေစိုက်စခန်းတွေကို လက်ခံဖို့အထိရှိမနေပေမယ့် ပါကစ္စတန်ရဲ့ ပထဝီဝင် နိုင်ငံရေးအရအရေးပါမှု ကြောင့် ပေကျင်းကတော့ သူရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လုပ်ဖို့ ကမ်းလှမ်းနေလိမ့်မယ်လို့ လေ့လာသူတွေက ယုံကြည်ကြပါတယ်။

zawgyi version
ဝါရွင္တန္-နယူးေဒလီ-ေပက်င္း အားၿပိဳင္မႈ ဆူးၾကားက ဘူးခါးျဖစ္လာတဲ့ တိုင္းျပည္
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၄

တ႐ုတ္ႏိုင္ငံရဲ႕ေငြေၾကးေထာက္ပံ့မႈနဲ႔ ပါကစၥတန္ရဲ႕ အႀကီးဆုံးေလဆိပ္ကို “ ဂြာဒါပင္လယ္ကမ္း ေျခၿမိဳ႕”မွာ ဖြင့္လွစ္တာဟာ ေတာင္အာရွႏိုင္ငံနဲ႔ အာ ဖရိကအထိ ေဒသတြင္းဖြံ႕ၿဖိဳးတိုးတက္မႈရဲ႕ အရိပ္ လကၡဏာတစ္ရပ္အျဖစ္(၂၀၁၉)ခုႏွစ္က တည္ေဆာက္မႈ အခမ္းအနားစတင္စဥ္ ႏွစ္ႏိုင္ငံ အႀကီးအကဲေတြက ဂုဏ္ျပဳေျပာဆိုခဲ့ၾကပါတယ္။ ဒါေပမဲ့ (၅)ႏွစ္ေက်ာ္အၾကာ (၂၀၂၄) ခုႏွစ္ ေလဆိပ္ဖြင့္ပြဲ အခမ္း အနားမွာေတာ့ လုံၿခဳံေရး ထူထပ္စြာခ်ထားရၿပီး တ႐ုတ္အရာရွိေတြ တက္ေရာက္မႈမရွိတာက ေပက်င္းနဲ႔ အစၥလာမာဘတ္ အၾကား မေက်လည္မႈေတြရွိေနေၾကာင္း မီးေမာင္းထိုး ျပေနခဲ့တယ္လို႔ “ဂါးဒီးယန္း” (26 January 2025) က ေရးသားပါတယ္။

ဂြာဒါဟာ ပါကစၥတန္ႏိုင္ငံအေနာက္ေတာင္ဘက္ အာေရဗ်ပင္လယ္ကို ေမးတင္လ်က္ရွိတဲ့ ဆိပ္ ကမ္းၿမိဳ႕ေလးျဖစ္ပါတယ္။ အာေရဗ်ပင္လယ္နဲ႔ ေဟာ္ မုဇ္ေရလက္ၾကားကိုဆက္သြယ္ေပးထားတဲ့ အိုမန္ ပင္လယ္ေကြ႕ကို အထက္စီးမွျမင္ေတြ႕ႏိုင္ၿပီး ပထဝီႏိုင္ငံေရး မဟာဗ်ဴဟာေျမာက္အရပ္မွာ တည္ရွိ ပါတယ္။ ဂြာဒါပင္လယ္ေရနက္ဆိပ္ကမ္းက အစၥလာမာဘတ္ ၿမိဳ႕ေတာ္ကိုျဖတ္သန္းၿပီး တ႐ုတ္ ႏိုင္ငံ အေနာက္ပိုင္း ရွင္းက်န႔္ျပည္နယ္နဲ႔ခ်ိတ္ဆက္တဲ့ “တ႐ုတ္-ပါကစၥတန္ စီးပြားေရးစႀကႍ”ကို ေဖာက္လုပ္ ျခင္းျဖင့္ ဝန္းက်င္ေဒသႀကီးတစ္ခုလုံးကို အသြင္ေျပာင္းလဲပစ္ဖို႔ရည္႐ြယ္ခဲ့ၾကပါတယ္။ ယူေအအီးႏိုင္ငံရဲ႕ ႏိုင္ငံတကာ ကုန္သြယ္မႈဗဟိုအခ်က္အခ်ာၿမိဳ႕ေတာ္နည္းတူ “ပါကစၥ တန္ရဲ႕ဒူဘိုင္းၿမိဳ႕” ျဖစ္ေစရမယ္လို႔ ေႂကြးေၾကာ္ခဲ့ၾကပါတယ္။

ပါကစၥတန္ရဲ႕ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈကို ေျဖရွင္းဖို႔၊ အေျခခံအေဆာက္အအုံေတြ ဖြံ႕ၿဖိဳး တိုးတက္ဖို႔၊ စိုက္ပ်ိဳးေမြးျမဴေရးအေပၚ မွီခိုေနမႈအစား စက္မႈဇုန္ေတြထူေထာင္ဖို႔၊ သယ္ယူပို႔ေဆာင္ေရး ကြန္ရက္ကို ေခတ္မီေစဖို႔ အိပ္မက္ မက္ခဲ့ၾကပါတယ္။ ဒါေပမဲ့ (၉)ႏွစ္ၾကာတဲ့ (၂၀၂၄) ခုႏွစ္အထိ လက္ ေတြ႕မွာ အေကာင္အထည္ေပၚမလာခဲ့ပါဘူး။ စႀကႍလမ္း ျဖတ္သန္းရာနယ္ေျမအမ်ားစုမွာ ဘလိုခ်ီစတန္ ျပည္နယ္ခြဲထြက္ေရး အမ်ိဳးသားေရးဝါဒီသူပုန္မ်ား၊ အစၥလာမၼစ္ ဂ်ီဟတ္ဝါဒီစစ္ေသြးႂကြေတြက မင္းမူ ေနပါတယ္။ စႀကႍလမ္းရင္းႏွီးျမႇဳပ္ႏွံသူေတြ၊ တည္ေဆာက္ေရး တ႐ုတ္အလုပ္သမားေတြကို ပစ္မွတ္ထား တိုက္ခိုက္ေနတာဟာ လုံၿခဳံေရးတာဝန္ယူရတဲ့ ပါကစၥတန္ စစ္တပ္အေပၚ ေပက်င္းအေနနဲ႔ စိတ္ပ်က္ေစ ခဲ့ပါတယ္။ တ႐ုတ္က ပါကစၥတန္ေရေၾကာင္းလုံၿခဳံေရး ေအဂ်င္စီကို သေဘၤာ (၄)စင္းလႊဲေျပာင္းေပးခဲ့ သည့္တိုင္ သူတို႔ကိုဆက္ေၾကးမေပးရင္ ဂြာဒါဆိပ္ကမ္းကို ေဖာက္ခြဲပစ္မယ္လို႔ ပါကစၥတန္တာလီဘန္ တို႔က ၿခိမ္းေျခာက္ေနတာဟာ စီမံကိန္းလုပ္ငန္းေတြကို ေနာက္ဆုတ္ျပန္ေစၿပီး ပါကစၥတန္စစ္တပ္ အတြက္ မ်က္ႏွာပူစရာျဖစ္ေနပါတယ္။ ေပက်င္းက အစၥလာမာဘတ္အေပၚ လူသိရွင္ၾကား ေဝဖန္ ျပစ္တင္မႈေတြ မႀကဳံစဖူး ျဖစ္ေပၚလာေစခဲ့ပါတယ္။ ေဒသခံေတြဘက္ကၾကည့္ရင္ အက်ိဳးအျမတ္ (၉၀%) ကို တ႐ုတ္ထံေပးရတဲ့ သူတို႔ႏိုင္ငံစီမံကိန္းႀကီးမွာ သူတို႔က်ေတာ့ ဆိပ္ကမ္း ဆက္စပ္ပင္လယ္ျပင္ အတြင္း ဝင္ေရာက္ခြင့္ကို ကန႔္သတ္ခံေနရပါတယ္။ အက်ဥ္းေထာင္သဖြယ္ တံတိုင္းအျမင့္ႀကီးေတြနဲ႔ တင္းၾကပ္တဲ့လုံၿခဳံေရးအတားအဆီးေတြဟာ သူတို႔အစိုးရရဲ႕ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ကတိကဝတ္ ေတြမွာ ပူးေပါင္းဖို႔ အားတက္သေရာမရွိႏိုင္ဘဲျဖစ္ေနရပါတယ္။ ဂြာဒါၿမိဳ႕အနီး တ႐ုတ္တိုင္းရင္းေဆး အတြက္ အာဖရိကမွတင္သြင္းတဲ့ ျမည္းေကာင္ ေရ (၁)သန္းကိုသားတိုးဖို႔ ေပက်င္းက စက္႐ုံကိုတည္ ေဆာက္ေနပါတယ္။ ယေန႔တိုင္ လည္ပတ္ႏိုင္ျခင္းမရွိေသးတဲ့ အဲဒီလိုပေရာဂ်က္ေတြဟာ အစၥလာ မာဘတ္အေပၚ ေပက်င္းရဲ႕မေက်နပ္မႈေတြကို တိုးပြားလာေစပါတယ္။

လြန္ခဲ့တဲ့ (၅)ႏွစ္အတြင္း ဂြာဒါေရနက္ဆိပ္ကမ္းမွာ အဝင္အထြက္ျပဳလုပ္ခဲ့တဲ့ ျပည္ပသေဘၤာ အေရအတြက္မွာ အလြန္နည္းပါးခဲ့ၿပီး အမ်ားစုမွာ အာဖဂန္နစၥတန္ႏိုင္ငံအတြက္ျဖစ္ေနပါတယ္။ ျပဳျပင္ ထိန္းသိမ္းေရးစရိတ္စကေတြနဲ႔ေရနက္ဆိပ္ကမ္းဟာ ကုန္က်စရိတ္ႀကီးသေလာက္ စီးပြားေရးတြက္ေျခ မကိုက္ဘဲ အရႈံးေပၚေနပါတယ္။ အဖတ္တင္သြားတာကေတာ့ ဂြာဒါနဲ႔ ဘလိုခ်ီစတန္ေဒသခံေတြအတြက္ တ႐ုတ္မုန္းတီးေရး က်ယ္ျပန႔္လာတာပဲျဖစ္ပါတယ္။ ဂြာဒါ ေရနက္ဆိပ္ကမ္း၊ ေလဆိပ္နဲ႔ “တ႐ုတ္-ပါကစၥတန္စီးပြားေရးစႀကႍ” CPEC ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ ဟာ အေမရိကန္ေဒၚလာ (၆၂)ဘီလ်ံရွိပါတယ္။ ဒါေပမဲ့ ဆင္းရဲႏြမ္းပါးသူလူဦးေရ (၁၅၀,ဝဝဝ)ခန႔္သာ ေနထိုင္တဲ့ ဘလိုခ်ီစတန္ျပည္နယ္ရဲ႕ဂြာဒါၿမိဳ႕ကေလးမွာ အျပည္ျပည္ဆိုင္ရာေလဆိပ္တည္ေဆာက္ တာဟာ ပါကစၥတန္ျပည္သူလူထုအတြက္ တ႐ုတ္တို႔အေပၚ မယုံသကၤာျဖစ္ေစပါတယ္။ အဲဒီအခ်က္ကပဲ စီမံကိန္းအေပၚ ဖ်က္လိုဖ်က္ဆီးလုပ္ဖို႔ ၿခိမ္းေျခာက္မႈျဖစ္လာရပါတယ္။ ဒီစႀကႍဟာ တ႐ုတ္ရဲ႕ စြမ္းအင္ မွီခိုမႈ စီးပြားေရးကို ၿခိမ္းေျခာက္ေနတဲ့ အေရွ႕ေတာင္အာရွ မလကၠာေရ လက္ၾကားကိုေရွာင္ကြင္းၿပီး အာေရဗ် ပင္လယ္ကို ခ်ိတ္ဆက္ႏိုင္ပါတယ္။ ေပက်င္းအေနနဲ႔ ကုန္သြယ္စီးပြားေရးထက္ပိုမိုတဲ့ စစ္ေရး ရည္မွန္းခ်က္ရွိလိမ့္မယ္လို႔ သံသယရွိ စိုးရိမ္ေနမ်ားသူမွာ အိႏၵိယတစ္ႏိုင္ငံတည္းမဟုတ္ပါဘူး၊ မဟာမိတ္ ပင္လယ္ေကြ႕ ေရနံသူေဌးႏိုင္ငံေတြမွာ စစ္အေျခစိုက္စခန္းေတြရွိေနတဲ့ အေမရိကန္ကထိပ္ဆုံးမွာပါဝင္ ေနပါတယ္။ အာရွ-အာဖရိက ကုန္သြယ္ေရးလမ္းေၾကာင္းေပၚက ဘ႑ာေရးအက်ပ္အတည္းျဖစ္ေနတဲ့ ပါကစၥတန္မွာ ေလဆိပ္ေတြ၊ အေဝးေျပးကားလမ္း၊ ရထားလမ္းေတြ၊ ဆိပ္ကမ္းေတြနဲ႔ လွ်ပ္စစ္ဓာတ္ အားေပးစက္႐ုံေတြကို တည္ေဆာက္ၿပီး “ရပ္ဝန္းနဲ႔လမ္း” BRI နဲ႔ခ်ိတ္ဆက္ဖို႔ျပင္ဆင္တာဟာ အေႂကြး ဖိအားနဲ႔ တ႐ုတ္တို႔ ဩဇာလႊမ္းမိုးမႈခ်ဲ႕ထြင္ဖို႔ရည္႐ြယ္တဲ့ စီမံကိန္းသာျဖစ္လိမ့္မယ္လို႔ ယူဆပါတယ္။

CPEC ဟာ ဘာသာေရးအစြန္းေရာက္ အၾကမ္းဖက္ အစၥလမၼာစ္စတိတ္နဲ႔ ပါကစၥတန္တာလီဘန္ ေတြ အပါအဝင္ ျပည္တြင္းအၾကမ္းဖက္အဖြဲ႕မ်ားစြာတို႔ရဲ႕ ရန္သူေတြကို ဖန္တီးေပးသလိုျဖစ္ေနပါတယ္။ ေဒသ အရင္းအျမစ္ေတြကို အသုံးခ်ေနတယ္လို႔ ခြဲထြက္ေရး စစ္ေသြးႂကြအဖြဲ႕ ဘလိုခ်ီစတန္ လြတ္ ေျမာက္ေရးတပ္မေတာ္(BLA)ကစြပ္စြဲၿပီး တ႐ုတ္ရဲ႕ CPEC ကိုရပ္တန႔္ဖို႔ ျပင္းထန္တဲ့စစ္ေရးလႈပ္ရွားမႈေတြ ျပဳလုပ္ေနပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက BLA ဟာ ကရာခ်ိေလဆိပ္အနီး အၾကမ္းဖက္ တိုက္ခိုက္တဲ့အတြက္ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးေသဆုံးခဲ့ရၿပီး အဲဒီမတိုင္မီ အေသခံဗုံးခြဲမႈေတြနဲ႔ စီးနင္း ပစ္ခတ္မႈေတြေၾကာင့္ တ႐ုတ္ေရာ ပါကစၥတန္ႏိုင္ငံသားေတြပါ အသက္ဆုံးရႈံးမႈ ျဖစ္ခဲ့ရပါတယ္။ ပါကစၥတန္ “ေက-အီလက္ထရစ္” ကုမၸဏီရဲ႕ အစုရွယ္ယာအမ်ားစုကို ဝယ္ယူထားတဲ့ ေပက်င္း လွ်ပ္စစ္ကုမၸဏီႀကီးမ်ိဳးလို တ႐ုတ္နဲ႔သေဘာတူညီခ်က္ေတြကို ေရွ႕မဆက္ေစလိုတဲ့အေမရိကန္က လွ်ိဳ႕ဝွက္စြာႀကိဳးကိုင္ခဲ့ေၾကာင္း အဲဒီျဖစ္ရပ္နဲ႔နီးစပ္သူေတြက ေျပာၾကပါတယ္။ ပါကစၥတန္ကေတာ့ တ႐ုတ္ႏိုင္ငံသားေတြကို ျပန္ေပးဆြဲတာ၊ ေခ်ာင္းေျမာင္းသတ္ျဖတ္တာရဲ႕ေနာက္ကြယ္မွာ အိႏၵိယ သူလွ်ိဳ ေတြရွိေနေၾကာင္း အေထာက္အထားေတြနဲ႔ ကုလသမဂၢလုံၿခဳံေရး ေကာင္စီထံ တိုင္ၾကားခဲ့ပါတယ္။ အိႏၵိယက တ႐ုတ္-ပါကစၥတန္ စီးပြားေရးစႀကႍလမ္းကို ကန႔္ကြက္ရျခင္းမွာ CPEC တစ္စိတ္တစ္ပိုင္းဟာ နယူးေဒလီနဲ႔ အစၥလာမာဘတ္အၾကား ပိုင္ဆိုင္မႈအျငင္းပြားေနတဲ့ ကက္ရွ္မီးယားကို ျဖတ္သန္းသြားတာ ေၾကာင့္ျဖစ္ပါတယ္။

ေလဆိပ္သစ္ဖြင့္ပြဲမတိုင္မီသတင္းေတြေၾကာင့္ ဂြာဒါၿမိဳ႕အနီးတစ္ဝိုက္မွာ လုံၿခဳံေရးတင္းၾကပ္ၿပီး ပိတ္ ဆို႔ထားခဲ့ေၾကာင္း ေလဆိပ္စီမံကိန္းအတြက္ ပထမ အရစ္အေႂကြး ေဒၚလာသန္း (၂၃၀) မေပးႏိုင္ ေသးေပမယ့္ ပါကစၥတန္အစိုးရနဲ႔ စစ္ဘက္ဆိုင္ရာ ထိပ္တန္းပုဂၢိဳလ္အမ်ားအျပားတက္ေရာက္ၾကတယ္ လို႔ သတင္းထြက္ေပၚခဲ့ပါတယ္။ တ႐ုတ္ဘက္ကေတာ့ တစ္ေယာက္မွ တက္ေရာက္သူမရွိတာဟာ အဲဒီအေႂကြးလုံၿခဳံေရးကိစၥပဲျဖစ္လိမ့္မယ္လို႔ ထင္ေၾကးေပးၾကပါတယ္။

စီမံကိန္းစတင္တဲ့ (၂၀၁၅) ခုႏွစ္ ပါကစၥတန္ရဲ႕ GDP ဟာ ေဒၚလာ (၂၄၃) ဘီလ်ံခန႔္ရွိပါတယ္။ (အဲ ဒီႏွစ္ ျမန္မာႏိုင္ငံ GDP ကန္ေဒၚလာ (၆၃)ဘီလ်ံခန႔္ ရွိ)စီမံကိန္းကနဦးရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ (၄၆) ဘီလ်ံ ဟာ ပါကစၥတန္မွာ GDP ရဲ႕ (၁၉%)ရွိေနပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းရင္းႏွီးျမႇဳပ္ႏွံမႈဟာ စုစုေပါင္း (၆၇) ဘီလ်ံခန႔္ျဖစ္လာၿပီး GDP ရဲ႕ (၂၇%)ခန႔္ျဖစ္လာ ပါတယ္။ CPEC စီမံကိန္းရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ (၂၀%)သာ ေပက်င္းေခ်းေငြျဖစ္ၿပီး က်န္ (၈၀%)ကို တ႐ုတ္-ပါကစၥတန္တို႔က ပူးတြဲရင္းႏွီးျမႇဳပ္ႏွံရမွာျဖစ္ပါတယ္။

စစ္ေရးမွာ န်ဴကလီးယားလက္နက္ပိုင္ဆိုင္တယ္ဆိုတဲ့ ပါကစၥတန္ဟာ စီးပြားေရးအရ ဖြံ႕ၿဖိဳးဆဲ တိုင္း ျပည္အဆင့္မွာပဲ ရွိေနပါေသးတယ္။ (၁၉၄၇)ခုႏွစ္ ၿဗိတိသွ်အိႏၵိယအင္ပါယာမွ မြတ္စလင္ အမ်ားစု တိုင္းျပည္အျဖစ္ သီးျခားလြတ္လပ္ေရးရယူခဲ့ၿပီးေနာက္ပိုင္း အာဏာသိမ္းမႈေတြ၊ ႏိုင္ငံေရး သမားအခ်င္း ခ်င္းအား ၿပိဳင္မႈေတြ၊ လုပ္ႀကံသတ္ျဖတ္မႈေတြနဲ႔ မတည္မၿငိမ္ ရွိပါတယ္။ အိမ္နီးခ်င္းအိႏၵိယနဲ႔ (၄)ႀကိမ္ တိုင္ အတိအလင္းစစ္ခင္းခဲ့ရၿပီး (၂၀၂၃)ခုႏွစ္ သန္း (၂၄၀) ေက်ာ္ရွိတဲ့ ျပည္တြင္းေနထိုင္သူေတြအၾကား ပညာေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈ နိမ့္က်ကာ စီးပြား ေရးမညီမွ်မႈေတြနဲ႔ ဖြံ႕ၿဖိဳးမႈေနာက္က်ေနပါ တယ္။ လူမ်ိဳးစုအခ်င္းခ်င္း ပဋိပကၡေတြ၊ ဘာသာေရး အစြန္းေရာက္ေတြရဲ႕အေသခံဗုံးခြဲမႈေတြေၾကာင့္ ေဝးလံေခါင္ဖ်ားေဒသေတြမွာ ပုဂၢလိကလုံၿခဳံေရး အားနည္းေနဆဲျဖစ္ပါတယ္။

ဒုတိယကမာၻစစ္အၿပီး အေမရိကန္-ဆိုဗီယက္ စစ္ေအးတိုက္ပြဲမွာ ပထဝီႏိုင္ငံေရးအေျခအေနအရ ဝါရွင္တန္ဘက္ရပ္တည္ခဲ့ရၿပီး စစ္ေရးအရ ယေန႔ထက္တိုင္ အေမရိကန္ရဲ႕ မ်က္ႏွာအရိပ္အကဲကို ၾကည့္ ေနရပါတယ္။ ပါကစၥတန္မွ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ခြဲထြက္တဲ့ (၁၉၇၁) ခုႏွစ္ေနာက္ပိုင္း ျပည္တြင္းျပည္ပ ႏိုင္ငံေရးတင္းမာမႈေတြျဖစ္ေပၚခဲ့ပါတယ္။ (၂၀ဝ၁) ခုႏွစ္ အာဖဂန္က်ဴးေက်ာ္မႈစစ္ပြဲမွာ အေမရိကန္နဲ႔ နီးကပ္စြာ ဆက္ဆံခဲ့ၿပီး အဲဒါေၾကာင့္ပဲ ပါကစၥတန္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးအေပၚ အိမ္ျဖဴေတာ္ရဲ႕ လႊမ္းမိုး ျခယ္လွယ္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ အလုပ္လက္မဲ့မ်ားျပားတာ၊ ေငြေၾကးေဖာင္းပြတာ၊ စီးပြားေရး က်ဆင္းတာနဲ႔ အစြန္းေရာက္အၾကမ္းဖက္မႈေတြဟာ ပါကစၥတန္ကို ဝန္ထုပ္ဝန္ပိုးျဖစ္ေစၿပီး လြတ္ရာလြတ္ေၾကာင္းရွာေဖြရာမွာ ႐ုရွား-တ႐ုတ္တို႔နဲ႔လည္း ထိေတြ႕ဆက္ဆံဖို႔ ျဖစ္လာရပါတယ္။

(၂၀၁၈)ခုႏွစ္ ဝန္ႀကီးခ်ဳပ္ျဖစ္လာတဲ့ အင္မရန္ ခန္းဟာ တ႐ုတ္ရဲ႕ BRI စီမံကိန္းကို အားတက္ သေရာ ေထာက္ခံခဲ့သူျဖစ္ပါတယ္။ အိႏၵိယနဲ႔တ႐ုတ္ကို အင္အားခ်ိန္ညႇိဖို႔ စစ္ေရးအေထာက္အပံ့ ရယူ ေနဆဲ ပါကစၥတန္က (၂၀၂၂) ခုႏွစ္ ယူကရိန္းက်ဴးေက်ာ္မႈ မွာ ႐ုရွားဘက္ကို အေကာင္းျမင္တာဟာ အိမ္ျဖဴေတာ္အတြက္ ေဒါသထြက္စရာရွိပါတယ္။ မ်ားမၾကာမီ ပါကစၥတန္လႊတ္ေတာ္ အယုံအၾကည္ မရွိအဆိုနဲ႔ အင္မရန္ခန္း ျပဳတ္က်ရျခင္းေနာက္ကြယ္မွာ အေမရိကန္ရဲ႕လက္မည္းႀကီးရွိေနတယ္ဆိုရင္ ျဖစ္ႏိုင္စရာရွိပါတယ္။

ေပက်င္းကေတာ့ သူရဲ႕အလုပ္သမားေတြကို အကာအကြယ္ေပးဖို႔အတြက္ တ႐ုတ္တပ္ေတြကို ခ်ထားခြင့္ျပဳဖို႔ တြန္းအားေပးေနတဲ့အတြက္ ဒီကိစၥဟာ ဗ်ဴဟာေျမာက္အျမတ္ထုတ္စရာျဖစ္လိမ့္မယ္လို႔ ပိုၿပီးစိုးရိမ္စရာျဖစ္သြားရပါတယ္။ ပါကစၥတန္-တ႐ုတ္လုံၿခဳံေရးေတြခ်ထားမယ့္ကိစၥမွာ ယခင္တည္းက ရွိခဲ့ေၾကာင္း၊ ဂြာဒါဆိပ္ကမ္းမွာ တ႐ုတ္စစ္သေဘၤာနဲ႔ ေရငုပ္သေဘၤာေတြ ဝင္ထြက္ခြင့္ရွိေၾကာင္း ပါကစၥ တန္ အႀကီးတန္းစစ္ဘက္အရာရွိေတြက အတည္ျပဳေပမယ့္ တ႐ုတ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ တပ္စြဲခြင့္ျပဳ ျခင္း ရွိ-မရွိ မေျပာၾကပါဘူး။ ျငင္းဆိုခဲ့ရင္လည္း တ႐ုတ္အေပၚမွီခိုအားထားေနရတဲ့ စီးပြားေရးအကူအ ညီမွာ ထိခိုက္လြယ္ပါလိမ့္မယ္။
တ႐ုတ္အလုပ္သမားေတြရဲ႕လုံၿခဳံေရးကိစၥဟာ CPEC အတြက္ ဆိုး႐ြားတဲ့အတားအဆီး တစ္ခုျဖစ္ လာၿပီး စီမံကိန္းရဲ႕ဒုတိယအဆင့္ကို မစတင္ႏိုင္ေသးေၾကာင္း တ႐ုတ္တာဝန္ရွိသူေတြက ေျပာပါတယ္။ တ႐ုတ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ခ်ထားခြင့္ျပဳဖို႔ ေတာင္းဆိုပါတယ္။ တ႐ုတ္ဟာ သူ႔ရဲ႕လုပ္သားအင္အား အမ်ားအျပားကို ပါကစၥတန္မွဖယ္ရွားခဲ့ရၿပီး ေႏွာင့္ေႏွးေနတဲ့ ပိုက္လိုင္းအပါအဝင္ စီမံကိန္း (၂၆)ခုအနက္ အခ်ိဳ႕ကို မူလရည္မွန္းခ်က္မ်ားမွ ျပန္လည္ခ်ဲ႕ထြင္လိမ့္မယ္လို႔ယူဆရပါတယ္။ အဲဒီအတြက္ တ႐ုတ္လုံၿခဳံ ေရးေတြေရာက္ရွိလာမယ္ဆိုရင္ ဂြာဒါမွာ စစ္တပ္အဆင့္ လုံၿခဳံေရးတင္းၾကပ္မႈျဖစ္ေပၚလာစရာရွိပါတယ္။

ပါကစၥတန္ဟာ CPEC စီမံကိန္းအတြက္ တ႐ုတ္နဲ႔အေမရိကန္ၾကား မွ်မွ်တတစီစဥ္ဖို႔ အခက္ေတြ႕ ေနပုံရပါတယ္။ လြန္ခဲ့တဲ့ရက္သတၱပတ္ ေဒၚနယ္ထ ရမ့္အစိုးရသစ္ထံ အလည္အပတ္သြားေရာက္ခဲ့တဲ့ ပါကစၥတန္ျပည္ထဲေရးဝန္ႀကီးက တ႐ုတ္ဆန႔္က်င္ေရးနာမည္ႀကီး အေမရိကန္ ေလာ္ဘီအဖြဲ႕နဲ႔ ေတြ႕ဆုံခဲ့ တာဟာ ေပက်င္းအတြက္ ေဒါသထြက္စရာျဖစ္ရပါတယ္။ အစၥလာမာဘတ္ရဲ႕ရပ္တည္မႈမွာ တ႐ုတ္စစ္ အေျခစိုက္စခန္းေတြကို လက္ခံဖို႔အထိရွိမေနေပမယ့္ ပါကစၥတန္ရဲ႕ ပထဝီဝင္ ႏိုင္ငံေရးအရအေရးပါမႈ ေၾကာင့္ ေပက်င္းကေတာ့ သူရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဆက္လုပ္ဖို႔ ကမ္းလွမ္းေနလိမ့္မယ္လို႔ ေလ့လာသူေတြက ယုံၾကည္ၾကပါတယ္။

Related news

© 2021. All rights reserved.