အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ရွှေလင်ဗန်းဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ
838
Pearl (NP News) - ဖေဖော်ဝါရီ ၄
အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ရွှေလင်ဗန်းဆရာတော်ကြီး ဘဒ္ဒန္တပညိဿရာဘိဝံသ မဟာထေရ်သည် ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်) နံနက်ပိုင်း တွင် ခန္ဓာဝန်ချကာ ဘဝ နတ်ထံ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
ဆရာတော်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုန် (၂၃)ရပ်ကွက်၊ သာသနာ့ ဂုဏ်ရည်ချမ်းသာကြီးကျောင်းတိုက်၌ သာသနာ့အကျိုးသည်ပိုးဆောင်ရွက်တော်မူစဉ် ယနေ့ (ဖေဖော်ဝါရီလ ၄ရက်) ၊ နံနက် (၁၀)နာရီ (၁၅)မိနစ်အချိန်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။
“ဆရာတော်ကြီးက နိုင်ငံတော်သာသနာအတွက် တကယ်ကို စွမ်းစွမ်းတမံ အကျိုးကျေးဇူးကြီးမားတဲ့၊ တကယ့် ဝိနည်းနဲ့အညီနေထိုင်တဲ့ ဆရာတော်ကြီးလည်း ဟုတ်တယ်။ ပြီးတော့ နိုင်ငံတော် တိသြတွေမှာလည်း ဥက္ကဋ္ဌဆရာတော်ကြီး ဖြစ်တယ်။ ပြီးခဲ့တဲ့ တိပိဋကစာမေးပွဲကြီးမှာတောင်မှ စာမေးပွဲစစ်ဆေးတဲ့ ဆရာတော်ကြီးအနေနဲ့ သာသနာ့တာဝန်ကို ထမ်းဆောင်ခဲ့သေးတယ်။ အခုလိုမျိုး နတ်ထီးခိုသွားတဲ့အချိန်မှာဆိုရင် တရားရှုမှတ်ရင်းနဲ့ပဲ နတ်ထီးခိုသွားတာပေါ့နော်။ ဆရာတော်ကြီးရဲ့ ဆုံးမသြဝါဒအတိုင်းပါပဲ၊ ဆရာတော်ကြီးရဲ့ ချမှတ်ထားတဲ့လမ်းစဉ်တွေ ၊ ဆရာတော်ကြီးရဲ့ မေတ္တာတွေအတိုင်းပဲ ဆက်ပြီးလျှောက်လှမ်းမှာပါ။ ဒီအတွက် ပူဆွေးဝမ်းနည်းဖို့တွေ မလုပ်ဖို့ ဆရာတော်ကြီးက သင်ကြားတာတွေ လည်း ရှိဖူးတော့လေ။ အစ်မတို့အတွက်တော့ လုံးဝကိုအစားထိုးမရတဲ့ ဆုံးရှုံးမှုပါပဲ” ဟု ဆရာတော်ကြီးက ဂုဏ်ထူးဆောင် နာယကအဖြစ် တာဝန်ယူပေးတော်မူခဲ့သည့် ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ ဒေါ်ရွှေလဲ့က NP News ကို ပြောသည်။
ဆရာတော်ကြီး ပျံလွန်တော်မူချိန်၌ သက်တော် (၉၀) နှစ်၊ သိက္ခာတော် ( ၇၀ ) ဝါ ဖြစ်ကြောင်း သိရသည်။
ဆရာတော်ကြီးသည် တိပိဋကပါဠိ-မြန်မာအဘိဓာန်ကျမ်းပြုအဖွဲ့ဝင်နှင့် အဖွဲ့ခေါင်းဆောင်၊ နိကာယ်စာမေးပွဲဥက္ကဋ္ဌ၊ နိကာယ်စာမေးပွဲ ပုစ္ဆက၊ ဝိသုဒ္ဓိမဂ်သင်တန်းနည်းပြတာဝန်များကို ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာတေဇမုနိစေတီတော်ဂေါပကအဖွဲ၏ ဩဝါဒါစရိယ၊ ရွှေမေတ္တာလူမှုကူညီရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကဆရာတော်အဖြစ် သာသနာ့တာဝန်များကို ယနေ့အထိ ထမ်းဆောင်တော်မူခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၆-ခုနှစ်(၁၃၇၇-ခုနှစ်)၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသော “အဘိဓဇမဟာရဋ္ဌဂုရု”ဘွဲ့ တံဆိပ်တော်မြတ်ကိုအလှူခံရရှိတော်မူခဲ့ကြောင်း သိရသည်။
Zawgyi Version:
အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္ရ ေ႐ႊလင္ဗန္းဆရာေတာ္ႀကီး ဘဝနတ္ထံ ပ်ံလြန္ေတာ္မူ
Pearl (NP News) - ေဖေဖာ္ဝါရီ ၄
အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္ရ ေ႐ႊလင္ဗန္းဆရာေတာ္ႀကီး ဘဒၵႏၲပညိႆရာဘိဝံသ မဟာေထရ္သည္ ယေန႔ (ေဖေဖာ္ဝါရီလ ၄ ရက္) နံနက္ပိုင္း တြင္ ခႏၶာဝန္ခ်ကာ ဘဝ နတ္ထံ ပ်ံလြန္ေတာ္မူသြားခဲ့ေၾကာင္း သိရသည္။
ဆရာေတာ္ႀကီးသည္ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳနယ္၊ ေ႐ႊလင္ဗန္းစက္မႈဇုန္ (၂၃)ရပ္ကြက္၊ သာသနာ့ ဂုဏ္ရည္ခ်မ္းသာႀကီးေက်ာင္းတိုက္၌ သာသနာ့အက်ိဳးသည္ပိုးေဆာင္႐ြက္ေတာ္မူစဥ္ ယေန႔ (ေဖေဖာ္ဝါရီလ ၄ရက္) ၊ နံနက္ (၁၀)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္သည္။
“ဆရာေတာ္ႀကီးက ႏိုင္ငံေတာ္သာသနာအတြက္ တကယ္ကို စြမ္းစြမ္းတမံ အက်ိဳးေက်းဇူးႀကီးမားတဲ့၊ တကယ့္ ဝိနည္းနဲ႔အညီေနထိုင္တဲ့ ဆရာေတာ္ႀကီးလည္း ဟုတ္တယ္။ ၿပီးေတာ့ ႏိုင္ငံေတာ္ တိၾသေတြမွာလည္း ဥကၠ႒ဆရာေတာ္ႀကီး ျဖစ္တယ္။ ၿပီးခဲ့တဲ့ တိပိဋကစာေမးပြဲႀကီးမွာေတာင္မွ စာေမးပြဲစစ္ေဆးတဲ့ ဆရာေတာ္ႀကီးအေနနဲ႔ သာသနာ့တာဝန္ကို ထမ္းေဆာင္ခဲ့ေသးတယ္။ အခုလိုမ်ိဳး နတ္ထီးခိုသြားတဲ့အခ်ိန္မွာဆိုရင္ တရားရႈမွတ္ရင္းနဲ႔ပဲ နတ္ထီးခိုသြားတာေပါ့ေနာ္။ ဆရာေတာ္ႀကီးရဲ႕ ဆုံးမၾသဝါဒအတိုင္းပါပဲ၊ ဆရာေတာ္ႀကီးရဲ႕ ခ်မွတ္ထားတဲ့လမ္းစဥ္ေတြ ၊ ဆရာေတာ္ႀကီးရဲ႕ ေမတၱာေတြအတိုင္းပဲ ဆက္ၿပီးေလွ်ာက္လွမ္းမွာပါ။ ဒီအတြက္ ပူေဆြးဝမ္းနည္းဖို႔ေတြ မလုပ္ဖို႔ ဆရာေတာ္ႀကီးက သင္ၾကားတာေတြ လည္း ရွိဖူးေတာ့ေလ။ အစ္မတို႔အတြက္ေတာ့ လုံးဝကိုအစားထိုးမရတဲ့ ဆုံးရႈံးမႈပါပဲ” ဟု ဆရာေတာ္ႀကီးက ဂုဏ္ထူးေဆာင္ နာယကအျဖစ္ တာဝန္ယူေပးေတာ္မူခဲ့သည့္ ေ႐ႊေမတၱာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ ေဒၚေ႐ႊလဲ့က NP News ကို ေျပာသည္။
ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူခ်ိန္၌ သက္ေတာ္ (၉၀) ႏွစ္၊ သိကၡာေတာ္ ( ၇၀ ) ဝါ ျဖစ္ေၾကာင္း သိရသည္။
ဆရာေတာ္ႀကီးသည္ တိပိဋကပါဠိ-ျမန္မာအဘိဓာန္က်မ္းျပဳအဖြဲ႕ဝင္ႏွင့္ အဖြဲ႕ေခါင္းေဆာင္၊ နိကာယ္စာေမးပြဲဥကၠ႒၊ နိကာယ္စာေမးပြဲ ပုစၦက၊ ဝိသုဒၶိမဂ္သင္တန္းနည္းျပတာဝန္မ်ားကို ထမ္းေဆာင္ခဲ့ၿပီး လက္ရွိတြင္ တိပိဋကဓရေ႐ြးခ်ယ္ေရးစာေမးပြဲ ဩဝါဒါစရိယအဖြဲ႕ ဥကၠ႒၊ ႏိုင္ငံေတာ္ဩဝါဒါစရိယ၊ မဟာေတဇမုနိေစတီေတာ္ေဂါပကအဖြဲ၏ ဩဝါဒါစရိယ၊ ေ႐ႊေမတၱာလူမႈကူညီေရးအသင္း၏ ဂုဏ္ထူးေဆာင္နာယကဆရာေတာ္အျဖစ္ သာသနာ့တာဝန္မ်ားကို ယေန႔အထိ ထမ္းေဆာင္ေတာ္မူခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၂၀၁၆-ခုႏွစ္(၁၃၇၇-ခုႏွစ္)၊ ဇန္နဝါရီလ(၄)ရက္ေန႔တြင္ ျပည္ေထာင္စုသမၼတျမန္မာ ႏိုင္ငံေတာ္အစိုးရက ဆက္ကပ္လႉဒါန္းေသာ “အဘိဓဇမဟာရ႒ဂု႐ု”ဘြဲ႕ တံဆိပ္ေတာ္ျမတ္ကိုအလႉခံရရွိေတာ္မူခဲ့ေၾကာင္း သိရသည္။