လစ်ဘရယ် ကမ္ဘာ့ အထိုင်နေဝင်ချိန်ရောက်ပြီလား

 405

သန်းထိုက်စိုး (NP News) - ဖေဖော်ဝါရီ ၅

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွင်းပြောဆိုချက်များသည် အမေရိ ကန်တွင်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းတွင်လည်းကောင်း ရိုက်ခတ်မှုများစွာရှိခဲ့သည်။ တရားမဝင် ရွှေ့ ပြောင်း လုပ်သားများအတွက်မူ ကြီးမားသည့်ထိုးနှက် ချက်တစ်ရပ်ဖြစ်ခဲ့သည်။ မတူကွဲပြားမှု၊ တန်းတူညီ မျှမှု နှင့် အားလုံးပါဝင်မှုတို့ကို အဆုံးသတ်ပစ်မည်ဟု ပြောဆိုချက်သည် လစ်ဘရယ်တန်ဖိုးများကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ခြင်းပင်ဖြစ်သည်ဟု ဆိုကြသည်။ ကျား မနှင့်ပတ်သက်၍လည်း ယောကျာ်းနှင့်မိန်းမ သာ ရှိရမည်ဟု ပြောဆိုချက်မှာလည်း အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသည်။ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အဓိကထား ပြောခဲ့သည့်အချက်မှာ အမေရိကန်ကို တစ်ဖန်ပြန်ပြီး ကြီးကျယ်ခမ်းနားအောင်ပြုလုပ်မည် ဆိုသည့်အချက် (Make American Great Again-MAGA)နှင့် ၎င်း၏ဦးဆောင်မှုအောက်တွင် အမေရိကန် ကို ရွှေခေတ်ရောက်အောင်ပြုလုပ်မည်ဆိုသည့် အချက်ပင် ဖြစ်သည်။ အဆိုပါအချက်မှာ တစ်နည်းအား ဖြင့် သမ္မတဒေါ်နယ်ထရမ့်၏ မဟာဗျူဟာရည်မှန်းချက်ဟု ဆိုရမည်ဖြစ်သည်။ နည်းဗျူဟာ ရည်မှန်း ချက်အဖြစ် အမေရိကန်ကို ကမ္ဘာ့နိုင်ငံများက တစ်ဖန်လေးစားလာ စေရန်နှင့် အမေရိကန်နိုင်ငံအပေါ် မှီခိုပြီး အမြတ်ထုတ်နေမှုများကို ဆက်ပြီးခွင့်မပြုတော့ရန်ပင်ဖြစ်သည်။

အမေရိကန်နိုင်ငံရေးတွင် လစ်ဘရယ်ဒီမို ကရက်တစ်တန်ဖိုးများကင်းမဲ့ပြီး လူပိန်းကြိုက် ကြွေး ကြော်သံများပြည့်နေသည်။ ထိုသို့သောအခြေအနေတွင် ဒေါ်နယ်ထရမ့်၏ ဒုတိယသက်တမ်း (Trump 2.0) ရောက်ရှိလာခြင်းသည် အမေရိကန်နိုင်ငံရေးကို Reset ချပြီး အသစ်ကနေပြန်စခြင်း ဟုလည်းဆိုကြ သည်။ နိုင်ငံရေးခေါင်းဆောင်တစ်ယောက် တက်လာပြီဆိုပါက အဆိုပါပုဂ္ဂိုလ် မည်သို့ဆောင်ရွက်မည်ဆို သည်ကို ယေဘုယျအားဖြင့် ခန့်မှန်း၍ရနိုင်သည်။ သို့သော် ဒေါ်နယ်ထရမ့်ကဲ့သို့သော နိုင်ငံရေးနောက်ခံ မရှိသည့် ခေါင်းဆောင်တစ်ဦးတက်လာခြင်းသည် မသေချာ မရေရာမှုများ ခေါ်ဆောင်လာသကဲ့သို့ အခြေ ကျနေပြီးဖြစ်သည့် နိုင်ငံရေးယဉ်ကျေမှုကိုပါ တိုက်စားမှုများရှိလာသည်။ သမ္မတဒေါ်နယ်ထရမ့်၏ ခေါင်း ဆောင်မှုသည် သမားရိုးကျစဉ်းစားတွေးခေါ်မှုများမှ ဖဲ့ထွက်သည့် စဉ်းစားချက်များရှိလာသည်။ သမ္မတ ဒေါ်နယ်ထရမ့်၏ချဉ်းကပ်မှုသည် အသွား နှစ်ဖက်ပါသည့်ဓားကဲ့သို့ ဖြစ်နေသည်။ တစ်ဖက်တွင် အံ့အား သင့်ဖွယ်ရလဒ်များ ထွက်ပေါ်လာနိုင်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း ကြီးမားသည့်ပျက်စီးဆုံးရှုံးမှု များဖြစ်နိုင်သည်။ ဒေါ်နယ်ထရမ့်ကဲ့သို့သောပုဂ္ဂိုလ် မျိုး ကမ္ဘာ့ပါဝါအကြီးဆုံးနိုင်ငံတစ်နိုင်ငံ၏ သမ္မတဖြစ် လာခြင်းသည် အခြေခိုင်နေပြီဖြစ်သည့် ကမ္ဘာ့အထိုင်နှင့် ကမ္ဘာ့နိုင်ငံရေး၏လည်ပတ်မှုအပေါ်တွင် ရိုက် ခတ်မှုရှိမည်မှာသေချာသည်။

သမ္မတဒေါ်နယ်ထရမ့်၏ နိုင်ငံခြားရေးမူ ဝါဒချဉ်းကပ်ပုံများနှင့် ဦးစားပေးမူဝါဒများမှာ ၎င်း၏ ရွေးကောက်ပွဲစည်းရုံးရေးကာလ ပြောဆိုချက်များနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ပြောဆိုချက်များအရ လစ်ဘရယ်နိုင်ငံတကာအထိုင်အတွက် စိန်ခေါ်မှုများရှိ လာမည်ဖြစ်သည်။ ယနေ့ပြောနေကြသည့် လစ်ဘရယ်ဆိုသည့်အသုံးအနှုန်းမှာ ဒုတိယကမ္ဘာစစ်ပြီးကာလတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် ၎င်း၏ ဥရောပမိတ်ဖက်နိုင်ငံတို့သည် လွတ်လပ်သော ကုန်သွယ်ရေး၊ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု၊ နိုင်ငံစုံကြီးစိုးမှုနှင့် ဒီမိုကရက်တစ်တန်ဖိုးများအ ပေါ်တွင်အခြေခံသည့် နိုင်ငံတကာ အထိုင် သစ်နှင့်အ တူ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ အင်စတီကျူးရှင်းများမှာလည်း အနောက် တိုင်းလူ့အဖွဲ့အစည်းကိုစည်းနှောင်မည့် အများလက်ခံထားသောစံနှုန်းများကို ပရိုမိုးရှင်းဖြစ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အထောက်အပံ့ပေးရန် တည် ဆောက်ထားခြင်းဖြစ်သည်။ နေတိုးအဖွဲ့တွင် အမေရိကန်နိုင်ငံက လွှမ်းမိုးထားခြင်းမှာလည်း ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှု ဖြစ်လာစေရေးအတွက် အထောက်အပံ့ ဖြစ်စေခဲ့သည်။ အမေရိကန်ဦးဆောင်သည့် ဂလို ဘယ်လိုက်ဇေးရှင်းဆိုသည်မှာလည်း လွတ်လပ်ပြီး စည်းမျဉ်းအခြေပြုသည့်၊ ကုန်သွယ်ရေးအပေါ် အခြေ ခံသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စနစ်တွင် ဦးဆောင်လမ်းပြဖြစ်ခဲ့သည်ဟုဆိုသည်။ အဆိုပါ စီးပွား ရေးစနစ်သည် ကုန်ထုတ်လုပ်မှု ကွင်းဆက်ကွန်ရက် တစ်ခုအဖြစ်ဖန်တီးခဲ့ပြီး နိုင်ငံများကို ကုန်ထုတ်လုပ်ရန်အတွက် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန်မှီခိုမှု ဖြစ်စေခဲ့သည်။
နေတိုးမဟာမိတ်အဖွဲ့သည် (၁၉၉၁) ခုနှစ်မှစ၍ အမေရိကန် ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှု၏ ခိုင်မာ သည့် ဒေါက်တိုင်တစ်တိုင်ဖြစ်လာခဲ့သည်။ သမ္မ တဒေါ်နယ်ထရမ့်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများကို နေတိုးအသုံးစရိတ်အတွက် (၅) ရာခိုင်နှုန်းတိုးမြှင့်ထည့်ဝင်ရန်တောင်းဆိုခဲ့ပြီး အဖွဲ့ကိုလည်း အမေရိ ကန်နိုင်ငံကို ကုန်းပိုးစီးနေသူများအဖြစ်ပြောဆိုခဲ့ရာ အဖွဲ့ဝင်နိုင်ငံများအတွက် စိတ်မသက်မသာ ဖြစ်စေခဲ့ သည်။ ရုရှား-ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍လည်း ဥရောပအဖွဲ့ဝင်နိုင်ငံများကြားတွင် သဘောထားကွဲ လွဲမှုအချို့ရှိနေကြရာ သမ္မတဒေါ်နယ်ထရမ့်၏ ဒုတိ ယသက်တမ်းကာလတွင် သဘောတူညီချက်တစ်ခု ရရှိရန်မှာ ရုန်းကန်ကြရဦးမည်ဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်သည် ပထမသက်တမ်းကာလအတွင်းက ပင် အမေရိကန်၏မဟာမိတ်များအပေါ် အားနည်းစေ ခဲ့သည်။ မကြာသေးမီရက်ပိုင်းအတွင်းက ဂရင်း လန်း နှင့်ပတ်သက်၍ ပြောဆိုချက်များ၊ မက္ကစီကိုပင်လယ် ကွေ့ကို အမေရိကန်ပင်လယ်ကွေ့အဖြစ် အမည်ပြောင်းလဲခေါ်ဝေါ်သည့်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ခဲ့ခြင်းတို့သည် မဟာမိတ်များကြားတွင် အက်ကြောင်းတစ်ခု ဖြစ်စေခဲ့သည်။

လစ်ဘရယ်နိုင်ငံတကာအထိုင်တွင် အမေရိကန်၏ဦးဆောင်မှုသည် ကမ္ဘာလုံးဆိုင်ရာ ကုန်စည် များ စုပေါင်းထုတ်လုပ်ခြင်းမှ ဆင်းသက်လာခြင်းဖြစ် သည်။ သို့သော် အမေရိကန်သည်သာ ပထမဆို သော ကျဉ်းမြောင်းသည့်အဓိပ္ပာယ်ဖွင့်ဆိုချက်ထက် အမျိုးသားအကျိုးစီးပွားဆိုသော ကျယ်ဝန်းနက်ရှိုင်း သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ် လိုအပ်နေသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင် မှုများပေးထားပြီးဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု ဆိုသည်မှာ အမေရိကန်နိုင်ငံ၏ လွှမ်းမိုးထားမှု ကို ခုခံ ဆန့်ကျင်ရန်ထက် အခြားနိုင်ငံများကို အမေရိကန်နိုင်ငံနှင့် အတူလက်တွဲလုပ်ကိုင်ချင်စိတ်ရှိ လာစေသည့် ပွင့်လင်းသော ဈေးကွက်အထောက်အပံ့နှင့် လုံခြုံရေးအကာအကွယ်များပေးထားခြင်းဖြစ် သည်ဟု Princeton တက္ကသိုလ်၊ နိုင်ငံရေးနှင့်နိုင်ငံတကာဆက်ဆံရေးပါမောက္ခဖြစ်သူ G. John Ikenberry က ဆိုသည်။

ဒေါ်နယ်ထရမ့်ထုတ်ပြန်လိုက်သည့် အုပ်ချုပ်ရေးအမိန့်များတွင် ပြည်တွင်းရေးကိစ္စများပါသကဲ့ သို့ ပြည်ပကိစ္စများလည်းပါဝင်သည်။ ပြည်ပကိစ္စအဖြစ် အမေရိကန်နိုင်ငံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် ပဲရစ်သဘောတူညီချက်တို့မှ နုတ်ထွက် ရန်ဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ဒုတိယ သက်တမ်းကာလတွင် အမေရိကန်နိုင်ငံကို ဟိုက်ဒရိုကာဗွန် အဓိကတင်ပို့သည့်နိုင်ငံ ဖြစ်လာစေရန်အ တွက် ဟိုက်ဒရိုကာဗွန် တိုးမြှင့်ထုတ်လုပ်ရန်လည်း အဆင်သင့်ဖြစ်နေသည်။ သို့သော် သမ္မတဒေါ်နယ် ထရမ့်ထုတ်ပြန်လိုက်သည့်အမိန့်အာဏာများသည် အမေရိကန်နိုင်ငံကို ကမ္ဘာ့ဦးဆောင်နေရာတွင်ရှိရမည့် အခြေအနေနှင့်မူ ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဒေါ်နယ်ထရမ့်ကို အဓိကအထောက်အပံ့ပေးခဲ့သူ အီလွန် မတ်စ်မှာလည်း အလားတူသဘောထားရှိသူ ဖြစ်သည်။ ဘီလျံနာသူဌေးကြီး အီလွန်မတ်စ်ကိုလည်း ၎င်း ၏ လူမှုမီဒီယာပလက်ဖောင်းတစ်ခုဖြစ်သည့် တွစ်တာ၏အကူအညီဖြင့် social conservatism ကို ပရို မိုးရှင်းဆင်းနေသူအဖြစ် စွပ်စွဲပြောဆိုနေကြသည်။ အီလွန်မတ်စ်သည် ယနေ့အထိ ဒေါ်နယ်ထရမ့်အား အပြည့်အဝကျားကန်ပေးထားသူ ဖြစ်သည်။

နိုင်ငံတကာကုန်သွယ်ရေးတွင် လိုငွေပြနေခြင်းမှာ အမေရိကန်တို့၏အရင်းအမြစ်များကို ခိုးယူ ‌နေခြင်းဖြစ်ရာ ကုန်သွယ်မှုအပေါ် အခွန်တိုးမြှင့် ကောက်ခံရမည်ဟု သမ္မတဒေါ်နယ်ထရမ့်က ယူဆထား သည်။ ယင်းမှာ နိုင်ငံတကာကုန်သွယ်ရေးနှင့် ပတ်သက်၍ သမ္မတဒေါ်နယ်ထရမ့်၏ မာကင်တိုင်လစ် ချဉ်း ကပ်မှုဖြစ်သည်။ (မာကင်တိုင်ဝါဒဆိုသည်မှာ နိုင်ငံကို ကုန်သွယ်မှုဖြင့် ကြီးပွားချမ်းသာအောင်ပြုလုပ်ရ မည်ဆိုသည့် စီးပွားရေးမူဝါဒတစ်မျိုးဖြစ်သည်။) သမ္မတဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးအပေါ်အမြင် သဘောထားမှာ မိမိဘက်က အပြတ်အသတ်အသာ ရသည့်မူဝါဒ (Zero Sum Game) ပင်ဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင်မူ တစ်ဖက်တည်းက အပြတ်အသတ်အနိုင်ရရှိခြင်းဟူ၍ မရှိတော့ပေ။ ဒေါ် နယ်ထရမ့်၏ ကုန်သွယ်ရေးနှင့်ပတ်သက်သည့် ယုံကြည်ချက်မှာ အပြန်အလှန် အမှီသဟဲပြုရသည့် ကမ္ဘာ လုံးဆိုင်ရာ လစ်ဘရယ် ကမ္ဘာ့အထိုင်၏ယုံကြည် ချက်နှင့်မူ လုံးလုံးလျားလျားဆန့်ကျင်နေသည်။ နိုင်ငံ တော်၏အာဏာစက်ဝန်းတွင် အင်အားကောင်းခြင်း၊ ဓနအင်အားရှိခြင်းနှင့် ဆွဲဆောင်စည်းရုံးခြင်း (ပါဝါ အပျော့)ဆိုသည့် သွင်ပြင်လက္ခဏာ သုံးရပ်ရှိသည်ဟု ဆိုကြသည်။ သို့သော် သမ္မတဒေါ်နယ်ထရမ့် ပထမ သက်တမ်းကာလတွင် နိုင်ငံတော်အာဏာစက်ဝန်း၏ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်သည့်ဆွဲဆောင် စည်းရုံးခြင်း (ပါဝါအပျော့)ကို မမြင်တွေ့ရသကဲ့သို့ ဒုတိယသက်တမ်းကာလတွင်လည်း မြင်တွေ့ရဖွယ်မရှိပါ။

ဒေါ်နယ်ထရမ့်သည် ၎င်း၏ကြွေးကြော်သံအတိုင်း မည့်သည့်အကွာအဝေး၊ မည်သည့်အတိုင်း အတာအထိ လျှောက်လှမ်းနိုင်မည်ဆိုသည်ကိုမူ အချိန်က စကားပြောသွားမည်ဖြစ်သည်။ သေချာသည့် အချက်တစ်ခုမှာမူ ယနေ့ကမ္ဘာကြီးသည် မာကင်တိုင်လစ်အမေရိကန်ကို ရင်ဆိုင်ရန်အသင့်ရှိနေကြ သည်။ ကမ္ဘာကြီးမှာ မရေရာမသေချာမှုများနှင့် တစ်နေ့တခြား ပိုမိုကြုံတွေ့လာနေရသည်။ ဒေါ်နယ် ထရမ့်သည် ကျဉ်းမြောင်းသည့် အမေရိကန်အမျိုးသား အကျိုးစီးပွားသည် ကျယ်ပြန့်သည့် ကမ္ဘာ့နိုင်ငံ များ၏ အကျိုးစီးပွားထက် ပို၍အရေးကြီးနေသည်ဟု ယုံ ကြည်နေသည်။ ထိုသို့ဆိုပါက လစ်ဘရယ်နိုင်ငံ တကာ အထိုင်သည်လည်း အကြီးမားဆုံးသော တရားဝင်မှုအကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိ သည်။ ဒေါ်နယ်ထရမ့်၏ ဒုတိယသက်တမ်းကာလ ကမ္ဘာ့ဘုံ အကျိုးစီးပွားဆိုသည်မှာ လုံးဝဥဿုံကြေကွဲ စရာဖြစ်သည်။ အလားတူ ကမ္ဘာ့စံနှုန်းများဆိုသည်မှာလည်း အဟောသိကံပင် ဖြစ်နေဖွယ်ရှိသည်။ သို့ဖြစ် ရာ လစ်ဘရယ်ကမ္ဘာ့အထိုင် နေဝင်ချိန်ရောက်ပြီလားဟု မေးခွန်းထုတ်စရာရှိနေပြီဖြစ်ကြောင်း တင်ပြ လိုက်ပါသည်။

zawgyi version
လစ္ဘရယ္ ကမာၻ႔ အထိုင္ေနဝင္ခ်ိန္ေရာက္ၿပီလား
သန္းထိုက္စိုး (NP News) - ဖေဖော်ဝါရီ ၅

အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ က်မ္းသစၥာက်ိန္ဆိုပြဲအတြင္းေျပာဆိုခ်က္မ်ားသည္ အေမရိ ကန္တြင္လည္းေကာင္း၊ ကမာၻတစ္ဝန္းတြင္လည္းေကာင္း ႐ိုက္ခတ္မႈမ်ားစြာရွိခဲ့သည္။ တရားမဝင္ ေ႐ႊ႕ ေျပာင္း လုပ္သားမ်ားအတြက္မူ ႀကီးမားသည့္ထိုးႏွက္ ခ်က္တစ္ရပ္ျဖစ္ခဲ့သည္။ မတူကြဲျပားမႈ၊ တန္းတူညီ မွ်မႈ ႏွင့္ အားလုံးပါဝင္မႈတို႔ကို အဆုံးသတ္ပစ္မည္ဟု ေျပာဆိုခ်က္သည္ လစ္ဘရယ္တန္ဖိုးမ်ားကို ေျမျမႇဳပ္သၿဂႋဳဟ္လိုက္ျခင္းပင္ျဖစ္သည္ဟု ဆိုၾကသည္။ က်ား မႏွင့္ပတ္သက္၍လည္း ေယာက်ာ္းႏွင့္မိန္းမ သာ ရွိရမည္ဟု ေျပာဆိုခ်က္မွာလည္း အုတ္ေအာ္ေသာင္းတင္း ျဖစ္ခဲ့ရသည္။ က်မ္းသစၥာက်ိန္ဆိုပြဲတြင္ အဓိကထား ေျပာခဲ့သည့္အခ်က္မွာ အေမရိကန္ကို တစ္ဖန္ျပန္ၿပီး ႀကီးက်ယ္ခမ္းနားေအာင္ျပဳလုပ္မည္ ဆိုသည့္အခ်က္ (Make American Great Again-MAGA)ႏွင့္ ၎၏ဦးေဆာင္မႈေအာက္တြင္ အေမရိကန္ ကို ေ႐ႊေခတ္ေရာက္ေအာင္ျပဳလုပ္မည္ဆိုသည့္ အခ်က္ပင္ ျဖစ္သည္။ အဆိုပါအခ်က္မွာ တစ္နည္းအား ျဖင့္ သမၼတေဒၚနယ္ထရမ့္၏ မဟာဗ်ဴဟာရည္မွန္းခ်က္ဟု ဆိုရမည္ျဖစ္သည္။ နည္းဗ်ဴဟာ ရည္မွန္း ခ်က္အျဖစ္ အေမရိကန္ကို ကမာၻ႔ႏိုင္ငံမ်ားက တစ္ဖန္ေလးစားလာ ေစရန္ႏွင့္ အေမရိကန္ႏိုင္ငံအေပၚ မွီခိုၿပီး အျမတ္ထုတ္ေနမႈမ်ားကို ဆက္ၿပီးခြင့္မျပဳေတာ့ရန္ပင္ျဖစ္သည္။
အေမရိကန္ႏိုင္ငံေရးတြင္ လစ္ဘရယ္ဒီမို ကရက္တစ္တန္ဖိုးမ်ားကင္းမဲ့ၿပီး လူပိန္းႀကိဳက္ ေႂကြး ေၾကာ္သံမ်ားျပည့္ေနသည္။ ထိုသို႔ေသာအေျခအေနတြင္ ေဒၚနယ္ထရမ့္၏ ဒုတိယသက္တမ္း (Trump 2.0) ေရာက္ရွိလာျခင္းသည္ အေမရိကန္ႏိုင္ငံေရးကို Reset ခ်ၿပီး အသစ္ကေနျပန္စျခင္း ဟုလည္းဆိုၾက သည္။ ႏိုင္ငံေရးေခါင္းေဆာင္တစ္ေယာက္ တက္လာၿပီဆိုပါက အဆိုပါပုဂၢိဳလ္ မည္သို႔ေဆာင္႐ြက္မည္ဆို သည္ကို ေယဘုယ်အားျဖင့္ ခန႔္မွန္း၍ရႏိုင္သည္။ သို႔ေသာ္ ေဒၚနယ္ထရမ့္ကဲ့သို႔ေသာ ႏိုင္ငံေရးေနာက္ခံ မရွိသည့္ ေခါင္းေဆာင္တစ္ဦးတက္လာျခင္းသည္ မေသခ်ာ မေရရာမႈမ်ား ေခၚေဆာင္လာသကဲ့သို႔ အေျခ က်ေနၿပီးျဖစ္သည့္ ႏိုင္ငံေရးယဥ္ေက်မႈကိုပါ တိုက္စားမႈမ်ားရွိလာသည္။ သမၼတေဒၚနယ္ထရမ့္၏ ေခါင္း ေဆာင္မႈသည္ သမား႐ိုးက်စဥ္းစားေတြးေခၚမႈမ်ားမွ ဖဲ့ထြက္သည့္ စဥ္းစားခ်က္မ်ားရွိလာသည္။ သမၼတ ေဒၚနယ္ထရမ့္၏ခ်ဥ္းကပ္မႈသည္ အသြား ႏွစ္ဖက္ပါသည့္ဓားကဲ့သို႔ ျဖစ္ေနသည္။ တစ္ဖက္တြင္ အံ့အား သင့္ဖြယ္ရလဒ္မ်ား ထြက္ေပၚလာႏိုင္သကဲ့သို႔ အျခားတစ္ဖက္တြင္လည္း ႀကီးမားသည့္ပ်က္စီးဆုံးရႈံးမႈ မ်ားျဖစ္ႏိုင္သည္။ ေဒၚနယ္ထရမ့္ကဲ့သို႔ေသာပုဂၢိဳလ္ မ်ိဳး ကမာၻ႔ပါဝါအႀကီးဆုံးႏိုင္ငံတစ္ႏိုင္ငံ၏ သမၼတျဖစ္ လာျခင္းသည္ အေျခခိုင္ေနၿပီျဖစ္သည့္ ကမာၻ႔အထိုင္ႏွင့္ ကမာၻ႔ႏိုင္ငံေရး၏လည္ပတ္မႈအေပၚတြင္ ႐ိုက္ ခတ္မႈရွိမည္မွာေသခ်ာသည္။

သမၼတေဒၚနယ္ထရမ့္၏ ႏိုင္ငံျခားေရးမူ ဝါဒခ်ဥ္းကပ္ပုံမ်ားႏွင့္ ဦးစားေပးမူဝါဒမ်ားမွာ ၎၏ ေ႐ြးေကာက္ပြဲစည္း႐ုံးေရးကာလ ေျပာဆိုခ်က္မ်ားႏွင့္ က်မ္းသစၥာက်ိန္ဆိုပြဲတြင္ ေျပာဆိုခ်က္မ်ားအရ လစ္ဘရယ္ႏိုင္ငံတကာအထိုင္အတြက္ စိန္ေခၚမႈမ်ားရွိ လာမည္ျဖစ္သည္။ ယေန႔ေျပာေနၾကသည့္ လစ္ဘရယ္ဆိုသည့္အသုံးအႏႈန္းမွာ ဒုတိယကမာၻစစ္ၿပီးကာလတြင္ ေပၚေပါက္လာခဲ့ျခင္းျဖစ္သည္။ အေမရိကန္ႏွင့္ ၎၏ ဥေရာပမိတ္ဖက္ႏိုင္ငံတို႔သည္ လြတ္လပ္ေသာ ကုန္သြယ္ေရး၊ လုံၿခဳံေရး ပူးေပါင္း ေဆာင္႐ြက္မႈ၊ ႏိုင္ငံစုံႀကီးစိုးမႈႏွင့္ ဒီမိုကရက္တစ္တန္ဖိုးမ်ားအ ေပၚတြင္အေျခခံသည့္ ႏိုင္ငံတကာ အထိုင္ သစ္ႏွင့္အ တူ ေပၚေပါက္လာခဲ့ျခင္းျဖစ္သည္။ ကမာၻလုံးဆိုင္ရာ အင္စတီက်ဴးရွင္းမ်ားမွာလည္း အေနာက္ တိုင္းလူ႔အဖြဲ႕အစည္းကိုစည္းေႏွာင္မည့္ အမ်ားလက္ခံထားေသာစံႏႈန္းမ်ားကို ပ႐ိုမိုးရွင္းျဖစ္ေစရန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈကို အေထာက္အပံ့ေပးရန္ တည္ ေဆာက္ထားျခင္းျဖစ္သည္။ ေနတိုးအဖြဲ႕တြင္ အေမရိကန္ႏိုင္ငံက လႊမ္းမိုးထားျခင္းမွာလည္း ကမာၻလုံးဆိုင္ရာလႊမ္းမိုးမႈ ျဖစ္လာေစေရးအတြက္ အေထာက္အပံ့ ျဖစ္ေစခဲ့သည္။ အေမရိကန္ဦးေဆာင္သည့္ ဂလို ဘယ္လိုက္ေဇးရွင္းဆိုသည္မွာလည္း လြတ္လပ္ၿပီး စည္းမ်ဥ္းအေျချပဳသည့္၊ ကုန္သြယ္ေရးအေပၚ အေျခ ခံသည့္ ကမာၻလုံးဆိုင္ရာ စီးပြားေရး စနစ္တြင္ ဦးေဆာင္လမ္းျပျဖစ္ခဲ့သည္ဟုဆိုသည္။ အဆိုပါ စီးပြား ေရးစနစ္သည္ ကုန္ထုတ္လုပ္မႈ ကြင္းဆက္ကြန္ရက္ တစ္ခုအျဖစ္ဖန္တီးခဲ့ၿပီး ႏိုင္ငံမ်ားကို ကုန္ထုတ္လုပ္ရန္အတြက္ တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ အျပန္အလွန္မွီခိုမႈ ျဖစ္ေစခဲ့သည္။
ေနတိုးမဟာမိတ္အဖြဲ႕သည္ (၁၉၉၁) ခုႏွစ္မွစ၍ အေမရိကန္ ကမာၻလုံးဆိုင္ရာလႊမ္းမိုးမႈ၏ ခိုင္မာ သည့္ ေဒါက္တိုင္တစ္တိုင္ျဖစ္လာခဲ့သည္။ သမၼ တေဒၚနယ္ထရမ့္သည္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားကို ေနတိုးအသုံးစရိတ္အတြက္ (၅) ရာခိုင္ႏႈန္းတိုးျမႇင့္ထည့္ဝင္ရန္ေတာင္းဆိုခဲ့ၿပီး အဖြဲ႕ကိုလည္း အေမရိ ကန္ႏိုင္ငံကို ကုန္းပိုးစီးေနသူမ်ားအျဖစ္ေျပာဆိုခဲ့ရာ အဖြဲ႕ဝင္ႏိုင္ငံမ်ားအတြက္ စိတ္မသက္မသာ ျဖစ္ေစခဲ့ သည္။ ႐ုရွား-ယူကရိန္းပဋိပကၡႏွင့္ပတ္သက္၍လည္း ဥေရာပအဖြဲ႕ဝင္ႏိုင္ငံမ်ားၾကားတြင္ သေဘာထားကြဲ လြဲမႈအခ်ိဳ႕ရွိေနၾကရာ သမၼတေဒၚနယ္ထရမ့္၏ ဒုတိ ယသက္တမ္းကာလတြင္ သေဘာတူညီခ်က္တစ္ခု ရရွိရန္မွာ ႐ုန္းကန္ၾကရဦးမည္ျဖစ္သည္။ သမၼတေဒၚနယ္ထရမ့္သည္ ပထမသက္တမ္းကာလအတြင္းက ပင္ အေမရိကန္၏မဟာမိတ္မ်ားအေပၚ အားနည္းေစ ခဲ့သည္။ မၾကာေသးမီရက္ပိုင္းအတြင္းက ဂရင္း လန္း ႏွင့္ပတ္သက္၍ ေျပာဆိုခ်က္မ်ား၊ မကၠစီကိုပင္လယ္ ေကြ႕ကို အေမရိကန္ပင္လယ္ေကြ႕အျဖစ္ အမည္ေျပာင္းလဲေခၚေဝၚသည့္အုပ္ခ်ဳပ္ေရးအမိန႔္မ်ား ထုတ္ျပန္ခဲ့ျခင္းတို႔သည္ မဟာမိတ္မ်ားၾကားတြင္ အက္ေၾကာင္းတစ္ခု ျဖစ္ေစခဲ့သည္။

လစ္ဘရယ္ႏိုင္ငံတကာအထိုင္တြင္ အေမရိကန္၏ဦးေဆာင္မႈသည္ ကမာၻလုံးဆိုင္ရာ ကုန္စည္ မ်ား စုေပါင္းထုတ္လုပ္ျခင္းမွ ဆင္းသက္လာျခင္းျဖစ္ သည္။ သို႔ေသာ္ အေမရိကန္သည္သာ ပထမဆို ေသာ က်ဥ္းေျမာင္းသည့္အဓိပၸာယ္ဖြင့္ဆိုခ်က္ထက္ အမ်ိဳးသားအက်ိဳးစီးပြားဆိုေသာ က်ယ္ဝန္းနက္ရႈိင္း သည့္ အဓိပၸာယ္ဖြင့္ဆိုခ်က္တစ္ရပ္ လိုအပ္ေနသည္။ အေမရိကန္ႏိုင္ငံသည္ ကမာၻလုံးဆိုင္ရာ ဝန္ေဆာင္ မႈမ်ားေပးထားၿပီးျဖစ္သည္။ ကမာၻလုံးဆိုင္ရာဝန္ေဆာင္မႈ ဆိုသည္မွာ အေမရိကန္ႏိုင္ငံ၏ လႊမ္းမိုးထားမႈ ကို ခုခံ ဆန႔္က်င္ရန္ထက္ အျခားႏိုင္ငံမ်ားကို အေမရိကန္ႏိုင္ငံႏွင့္ အတူလက္တြဲလုပ္ကိုင္ခ်င္စိတ္ရွိ လာေစသည့္ ပြင့္လင္းေသာ ေဈးကြက္အေထာက္အပံ့ႏွင့္ လုံၿခဳံေရးအကာအကြယ္မ်ားေပးထားျခင္းျဖစ္ သည္ဟု Princeton တကၠသိုလ္၊ ႏိုင္ငံေရးႏွင့္ႏိုင္ငံတကာဆက္ဆံေရးပါေမာကၡျဖစ္သူ G. John Ikenberry က ဆိုသည္။

ေဒၚနယ္ထရမ့္ထုတ္ျပန္လိုက္သည့္ အုပ္ခ်ဳပ္ေရးအမိန႔္မ်ားတြင္ ျပည္တြင္းေရးကိစၥမ်ားပါသကဲ့ သို႔ ျပည္ပကိစၥမ်ားလည္းပါဝင္သည္။ ျပည္ပကိစၥအျဖစ္ အေမရိကန္ႏိုင္ငံကို ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)ႏွင့္ ပဲရစ္သေဘာတူညီခ်က္တို႔မွ ႏုတ္ထြက္ ရန္ျဖစ္သည္။ ေဒၚနယ္ထရမ့္သည္ ၎၏ ဒုတိယ သက္တမ္းကာလတြင္ အေမရိကန္ႏိုင္ငံကို ဟိုက္ဒ႐ိုကာဗြန္ အဓိကတင္ပို႔သည့္ႏိုင္ငံ ျဖစ္လာေစရန္အ တြက္ ဟိုက္ဒ႐ိုကာဗြန္ တိုးျမႇင့္ထုတ္လုပ္ရန္လည္း အဆင္သင့္ျဖစ္ေနသည္။ သို႔ေသာ္ သမၼတေဒၚနယ္ ထရမ့္ထုတ္ျပန္လိုက္သည့္အမိန႔္အာဏာမ်ားသည္ အေမရိကန္ႏိုင္ငံကို ကမာၻ႔ဦးေဆာင္ေနရာတြင္ရွိရမည့္ အေျခအေနႏွင့္မူ ဆန႔္က်င္ဘက္ျဖစ္ေနသည္။ ေဒၚနယ္ထရမ့္ကို အဓိကအေထာက္အပံ့ေပးခဲ့သူ အီလြန္ မတ္စ္မွာလည္း အလားတူသေဘာထားရွိသူ ျဖစ္သည္။ ဘီလ်ံနာသူေဌးႀကီး အီလြန္မတ္စ္ကိုလည္း ၎ ၏ လူမႈမီဒီယာပလက္ေဖာင္းတစ္ခုျဖစ္သည့္ တြစ္တာ၏အကူအညီျဖင့္ social conservatism ကို ပ႐ို မိုးရွင္းဆင္းေနသူအျဖစ္ စြပ္စြဲေျပာဆိုေနၾကသည္။ အီလြန္မတ္စ္သည္ ယေန႔အထိ ေဒၚနယ္ထရမ့္အား အျပည့္အဝက်ားကန္ေပးထားသူ ျဖစ္သည္။

ႏိုင္ငံတကာကုန္သြယ္ေရးတြင္ လိုေငြျပေနျခင္းမွာ အေမရိကန္တို႔၏အရင္းအျမစ္မ်ားကို ခိုးယူ ‌ေနျခင္းျဖစ္ရာ ကုန္သြယ္မႈအေပၚ အခြန္တိုးျမႇင့္ ေကာက္ခံရမည္ဟု သမၼတေဒၚနယ္ထရမ့္က ယူဆထား သည္။ ယင္းမွာ ႏိုင္ငံတကာကုန္သြယ္ေရးႏွင့္ ပတ္သက္၍ သမၼတေဒၚနယ္ထရမ့္၏ မာကင္တိုင္လစ္ ခ်ဥ္း ကပ္မႈျဖစ္သည္။ (မာကင္တိုင္ဝါဒဆိုသည္မွာ ႏိုင္ငံကို ကုန္သြယ္မႈျဖင့္ ႀကီးပြားခ်မ္းသာေအာင္ျပဳလုပ္ရ မည္ဆိုသည့္ စီးပြားေရးမူဝါဒတစ္မ်ိဳးျဖစ္သည္။) သမၼတေဒၚနယ္ထရမ့္၏ ကုန္သြယ္ေရးအေပၚအျမင္ သေဘာထားမွာ မိမိဘက္က အျပတ္အသတ္အသာ ရသည့္မူဝါဒ (Zero Sum Game) ပင္ျဖစ္သည္။ သို႔ေသာ္ ယေန႔ေခတ္တြင္မူ တစ္ဖက္တည္းက အျပတ္အသတ္အႏိုင္ရရွိျခင္းဟူ၍ မရွိေတာ့ေပ။ ေဒၚ နယ္ထရမ့္၏ ကုန္သြယ္ေရးႏွင့္ပတ္သက္သည့္ ယုံၾကည္ခ်က္မွာ အျပန္အလွန္ အမွီသဟဲျပဳရသည့္ ကမာၻ လုံးဆိုင္ရာ လစ္ဘရယ္ ကမာၻ႔အထိုင္၏ယုံၾကည္ ခ်က္ႏွင့္မူ လုံးလုံးလ်ားလ်ားဆန႔္က်င္ေနသည္။ ႏိုင္ငံ ေတာ္၏အာဏာစက္ဝန္းတြင္ အင္အားေကာင္းျခင္း၊ ဓနအင္အားရွိျခင္းႏွင့္ ဆြဲေဆာင္စည္း႐ုံးျခင္း (ပါဝါ အေပ်ာ့)ဆိုသည့္ သြင္ျပင္လကၡဏာ သုံးရပ္ရွိသည္ဟု ဆိုၾကသည္။ သို႔ေသာ္ သမၼတေဒၚနယ္ထရမ့္ ပထမ သက္တမ္းကာလတြင္ ႏိုင္ငံေတာ္အာဏာစက္ဝန္း၏ အေရးႀကီးအစိတ္အပိုင္းတစ္ခုျဖစ္သည့္ဆြဲေဆာင္ စည္း႐ုံးျခင္း (ပါဝါအေပ်ာ့)ကို မျမင္ေတြ႕ရသကဲ့သို႔ ဒုတိယသက္တမ္းကာလတြင္လည္း ျမင္ေတြ႕ရဖြယ္မရွိပါ။

ေဒၚနယ္ထရမ့္သည္ ၎၏ေႂကြးေၾကာ္သံအတိုင္း မည့္သည့္အကြာအေဝး၊ မည္သည့္အတိုင္း အတာအထိ ေလွ်ာက္လွမ္းႏိုင္မည္ဆိုသည္ကိုမူ အခ်ိန္က စကားေျပာသြားမည္ျဖစ္သည္။ ေသခ်ာသည့္ အခ်က္တစ္ခုမွာမူ ယေန႔ကမာၻႀကီးသည္ မာကင္တိုင္လစ္အေမရိကန္ကို ရင္ဆိုင္ရန္အသင့္ရွိေနၾက သည္။ ကမာၻႀကီးမွာ မေရရာမေသခ်ာမႈမ်ားႏွင့္ တစ္ေန႔တျခား ပိုမိုႀကဳံေတြ႕လာေနရသည္။ ေဒၚနယ္ ထရမ့္သည္ က်ဥ္းေျမာင္းသည့္ အေမရိကန္အမ်ိဳးသား အက်ိဳးစီးပြားသည္ က်ယ္ျပန႔္သည့္ ကမာၻ႔ႏိုင္ငံ မ်ား၏ အက်ိဳးစီးပြားထက္ ပို၍အေရးႀကီးေနသည္ဟု ယုံ ၾကည္ေနသည္။ ထိုသို႔ဆိုပါက လစ္ဘရယ္ႏိုင္ငံ တကာ အထိုင္သည္လည္း အႀကီးမားဆုံးေသာ တရားဝင္မႈအက်ပ္အတည္းႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ရဖြယ္ရွိ သည္။ ေဒၚနယ္ထရမ့္၏ ဒုတိယသက္တမ္းကာလ ကမာၻ႔ဘုံ အက်ိဳးစီးပြားဆိုသည္မွာ လုံးဝဥႆုံေၾကကြဲ စရာျဖစ္သည္။ အလားတူ ကမာၻ႔စံႏႈန္းမ်ားဆိုသည္မွာလည္း အေဟာသိကံပင္ ျဖစ္ေနဖြယ္ရွိသည္။ သို႔ျဖစ္ ရာ လစ္ဘရယ္ကမာၻ႔အထိုင္ ေနဝင္ခ်ိန္ေရာက္ၿပီလားဟု ေမးခြန္းထုတ္စရာရွိေနၿပီျဖစ္ေၾကာင္း တင္ျပ လိုက္ပါသည္။

Related news

© 2021. All rights reserved.