ဂိတ်ပေါင်း (၃၀) ကျော်၏ လမ်းကြေးတောင်းခံမှုကြောင့် ရော်ဘာကို ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့ရန် ခက်ခဲနေ
![](/img/icon_eye.svg)
199
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a4a61145908108594dbf43/banner-67a4a61145908108594dbf43-x800.jpg)
ယွန်း (NP News) - ဖေဖော်ဝါရီ ၆
ယခုနှစ်(၂၀၂၅ ခုနှစ်) တွင် ပိုမိုဆိုးရွားလာသည့် လမ်းကြေးတောင်းခံမှုများကြောင့် ရော်ဘာကို ပို့ကုန် နှစ်ဆတိုးမြှင့်တင်ပို့ရန် အခက်အခဲများရှိနေကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် အသိုင်း အဝိုင်းထံမှ သိရသည်။
မွန်ပြည်နယ်မှ ရန်ကုန်သို့ အာရှလမ်းမကြီးအတိုင်း ရော်ဘာကုန်ကြမ်းများသယ်ယူပို့ဆောင်ရာ တွင် အနည်းဆုံး ဂိတ်ပေါင်း(၃၁)ဂိတ်ကို ဖြတ်သန်း ရပြီး လမ်းကြေးတောင်းခံမှုများမှာ ယခင်ထက် ပိုမိုမြင့်တက်လာ ကြောင်း သိရသည်။
“မွန်ပြည်နယ်ကနေ ရန်ကုန်ကိုလာတဲ့နေရာမှာ Xray ဂိတ်တစ်ခုရှိတယ်။ အဲဒီမှာက နှစ်ရက် လောက်ကြာတယ်။ မြန်တဲ့ကားတွေတော့ မြန်တာပေါ့။ လမ်းမှာ ဂိတ်ကြေးတွေ တော်တော်များပါတယ်။ မွန်ပြည်နယ်မှာရှိတဲ့စက်ရုံတွေကတော့ ကုန်ကြမ်းတွေကို ကုန်ချောထုတ်ရတယ်။ ကုန်ကြမ်း တွေက သင်္ဘောတင် မယ်ဆို ရန်ကုန်ဆိပ်ကမ်းကို လာရတယ်။ ရန်ကုန်ဆိပ်ကမ်း လာဖို့အတွက် ဂိုဒေါင် တွေမှာအရင်ချရတယ်။ ပြီးတော့မှ Export လိုင်စင် သင်္ဘောတင်ဖို့ကိစ္စတွေစီစဉ်ရတာပေါ့” ဟု ရော်ဘာ တင်ပို့သူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါ လမ်းကြေးကောက်ခံမှုများမှာ ယခုနှစ်(၂၀၂၅ ခုနှစ်)တွင် ပိုမိုဆိုးရွာလာခြင်းဖြစ်ပြီး ယခင် ထက် အနည်းဆုံး(၃)ဆခန့် ဂိတ်ကြေးမြင့် တက်သွားခဲ့ကြောင်း သိရသည်။
“ဂိတ်တွေကလည်း အများကြီးပဲ။ အရင်တုန်းကဆို (၁၀ဝဝ)(၂၀ဝဝ)လောက်ပဲကောက်တာ အခုဆို (၅၀ဝဝ)(၆၀ဝဝ)လောက်ကိုကောက်တယ်။ ပြီးရင် ကုန်ကြမ်းသယ်ယူတဲ့အခါကျရင်လည်း ရော်ဘာတွေက နယ်ဘက်တွေမှာ များတယ်လေ။ နယ်ဘက်တွေကနေ စက်ရုံမှာကြိတ်ခွဲဖို့ အတွက်ကို သယ်လာပြီဆိုရင်လည်း အရင်လူတွေက (၂၀ဝဝ)လောက်တောင်းပေမယ့် အခုဆိုရင် (၅၀ဝဝ)(၁၀ဝဝဝ) လောက် ဖြစ်ကုန်တာ။ မလိုလားအပ်တဲ့ဂိတ်ကြေးတွေကအရင်ထက်ကို အနည်းဆုံး(၃)ဆ လောက်မြင့်သွားတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
ထိုသို့ မလိုလားအပ်သည့်ကုန်ကျစရိတ်များအပြင် အချိန်ကြာမြင့်မှုများကြောင့် ယခင်က တစ် ပတ်လျှင် သုံးကြိမ်ခန့်သွားလာနိုင်သည့်ကားများ မှာ ယခုအခါ တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ သွား လာနိုင်ခြင်းကြောင့် ခေါက်ရေမပြည့်သည့် ပြဿနာကို ရင်ဆိုင်နေရကြောင်းသိရသည်။
လက်ရှိတွင် အစိုးရအနေဖြင့် ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးကို ကြိုးပမ်းနေသော်လည်း မလိုလား အပ်သည့် ကုန်ကျစရိတ်များအပြင် အချိန် ကြာမြင့်မှုများကြောင့် ရော်ဘာကို တိုးမြှင့်တင်ပို့နိုင်ရေးမှာ ခက်ခဲနေကြောင်း သိရသည်။
“လက်ရှိအစိုးရမူဝါဒ ပို့ကုန်နှစ်ဆတိုးမြှင့် ဖို့ဆိုတဲ့အနေအထားမှာ အဲဒါနဲ့ကိုလိုက်လုပ်ဖို့က တော် တော်ခက်ခဲနေတယ်။ အဓိကက ကုန်ဈေးနှုန်း တွေ လမ်းကြေးတွေများလာတဲ့အတွက် မကိုက်တော့ ဘူး။ ရော်ဘာက အရင်ထဲက အရင်းအနှီးများပြီး အမြတ်နည်းတဲ့လုပ်ငန်း။ ငွေကြေးမူဝါဒအရလည်း မကိုက်ဘူး။ မရှုံးအောင်မနည်းလုပ်နေရတာ။ အဲဒီတော့ ဒီလိုမျိုးတွေဖြစ်လာတဲ့အခါကျတော့ ဆုံးရှုံးမှု တွေလည်း ပိုများလာတာပေါ့။ စက်ရုံတွေနဲ့ Exporter တွေအတွက်က မလိုလားအပ်တဲ့ ဂိတ်ကြေး တွေက အရမ်းများတယ်။ ရော်ဘာတစ်တန်ပို့လို့ (၃၀ဝဝဝ)(၄၀ဝဝဝ)မြတ်အောင် မနည်းလုပ်နေရတယ်။ ကြားထဲမှာ ဂိတ်ကြေးတွေက (၈၀ဝဝဝ)လောက်ဖြစ်သွားရင် အနုတ်ဖြစ်သွားမှာလေ။ ဒီလိုမျိုးတွေဖြစ် လာပြီဆိုရင် လုပ်မယ့်သူက မလုပ်တော့ဘူးပေါ့” ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။
ထို့ပြင် ရော်ဘာစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဈေးကောင်းမရခြင်း၊ ဓာတ်မြေဩဇာ ဈေး နှုန်းကြီးမြင့်မှုနှင့် အလွယ်တကူဝယ်ယူ၍မရခြင်းနှင့် အစေးလှီးလုပ်သား ရှားပါးလာ ခြင်းတို့ကြောင့် လာမည့်(၅) နှစ်တွင် ပို့ကုန်ရငွေရှာဖွေ ပေးနေသည့် ရော်ဘာကဏ္ဍ၌ ကြီးမားသည့်ပြဿနာတစ်ခုကို ရင်ဆိုင်ရနိုင်ဖွယ်ရှိနေ ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
Zawgyi Version:
ဂိတ္ေပါင္း (၃၀) ေက်ာ္၏ လမ္းေၾကးေတာင္းခံမႈေၾကာင့္ ေရာ္ဘာကို ပို႔ကုန္ႏွစ္ဆတိုးျမႇင့္တင္ပို႔ရန္ ခက္ခဲေန
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၆
ယခုႏွစ္(၂၀၂၅ ခုႏွစ္) တြင္ ပိုမိုဆိုး႐ြားလာသည့္ လမ္းေၾကးေတာင္းခံမႈမ်ားေၾကာင့္ ေရာ္ဘာကို ပို႔ကုန္ ႏွစ္ဆတိုးျမႇင့္တင္ပို႔ရန္ အခက္အခဲမ်ားရွိေနေၾကာင္း ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သည့္ အသိုင္း အဝိုင္းထံမွ သိရသည္။
မြန္ျပည္နယ္မွ ရန္ကုန္သို႔ အာရွလမ္းမႀကီးအတိုင္း ေရာ္ဘာကုန္ၾကမ္းမ်ားသယ္ယူပို႔ေဆာင္ရာ တြင္ အနည္းဆုံး ဂိတ္ေပါင္း(၃၁)ဂိတ္ကို ျဖတ္သန္း ရၿပီး လမ္းေၾကးေတာင္းခံမႈမ်ားမွာ ယခင္ထက္ ပိုမိုျမင့္တက္လာ ေၾကာင္း သိရသည္။
“မြန္ျပည္နယ္ကေန ရန္ကုန္ကိုလာတဲ့ေနရာမွာ Xray ဂိတ္တစ္ခုရွိတယ္။ အဲဒီမွာက ႏွစ္ရက္ ေလာက္ၾကာတယ္။ ျမန္တဲ့ကားေတြေတာ့ ျမန္တာေပါ့။ လမ္းမွာ ဂိတ္ေၾကးေတြ ေတာ္ေတာ္မ်ားပါတယ္။ မြန္ျပည္နယ္မွာရွိတဲ့စက္႐ုံေတြကေတာ့ ကုန္ၾကမ္းေတြကို ကုန္ေခ်ာထုတ္ရတယ္။ ကုန္ၾကမ္း ေတြက သေဘၤာတင္ မယ္ဆို ရန္ကုန္ဆိပ္ကမ္းကို လာရတယ္။ ရန္ကုန္ဆိပ္ကမ္း လာဖို႔အတြက္ ဂိုေဒါင္ ေတြမွာအရင္ခ်ရတယ္။ ၿပီးေတာ့မွ Export လိုင္စင္ သေဘၤာတင္ဖို႔ကိစၥေတြစီစဥ္ရတာေပါ့” ဟု ေရာ္ဘာ တင္ပို႔သူ တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ လမ္းေၾကးေကာက္ခံမႈမ်ားမွာ ယခုႏွစ္(၂၀၂၅ ခုႏွစ္)တြင္ ပိုမိုဆိုး႐ြာလာျခင္းျဖစ္ၿပီး ယခင္ ထက္ အနည္းဆုံး(၃)ဆခန႔္ ဂိတ္ေၾကးျမင့္ တက္သြားခဲ့ေၾကာင္း သိရသည္။
“ဂိတ္ေတြကလည္း အမ်ားႀကီးပဲ။ အရင္တုန္းကဆို (၁၀ဝဝ)(၂၀ဝဝ)ေလာက္ပဲေကာက္တာ အခုဆို (၅၀ဝဝ)(၆၀ဝဝ)ေလာက္ကိုေကာက္တယ္။ ၿပီးရင္ ကုန္ၾကမ္းသယ္ယူတဲ့အခါက်ရင္လည္း ေရာ္ဘာေတြက နယ္ဘက္ေတြမွာ မ်ားတယ္ေလ။ နယ္ဘက္ေတြကေန စက္႐ုံမွာႀကိတ္ခြဲဖို႔ အတြက္ကို သယ္လာၿပီဆိုရင္လည္း အရင္လူေတြက (၂၀ဝဝ)ေလာက္ေတာင္းေပမယ့္ အခုဆိုရင္ (၅၀ဝဝ)(၁၀ဝဝဝ) ေလာက္ ျဖစ္ကုန္တာ။ မလိုလားအပ္တဲ့ဂိတ္ေၾကးေတြကအရင္ထက္ကို အနည္းဆုံး(၃)ဆ ေလာက္ျမင့္သြားတယ္” ဟု ၎က ဆက္လက္ ေျပာသည္။
ထိုသို႔ မလိုလားအပ္သည့္ကုန္က်စရိတ္မ်ားအျပင္ အခ်ိန္ၾကာျမင့္မႈမ်ားေၾကာင့္ ယခင္က တစ္ ပတ္လွ်င္ သုံးႀကိမ္ခန႔္သြားလာႏိုင္သည့္ကားမ်ား မွာ ယခုအခါ တစ္ပတ္လွ်င္ တစ္ႀကိမ္ခန႔္သာ သြား လာႏိုင္ျခင္းေၾကာင့္ ေခါက္ေရမျပည့္သည့္ ျပႆနာကို ရင္ဆိုင္ေနရေၾကာင္းသိရသည္။
လက္ရွိတြင္ အစိုးရအေနျဖင့္ ပို႔ကုန္ႏွစ္ဆတိုးျမႇင့္ႏိုင္ေရးကို ႀကိဳးပမ္းေနေသာ္လည္း မလိုလား အပ္သည့္ ကုန္က်စရိတ္မ်ားအျပင္ အခ်ိန္ ၾကာျမင့္မႈမ်ားေၾကာင့္ ေရာ္ဘာကို တိုးျမႇင့္တင္ပို႔ႏိုင္ေရးမွာ ခက္ခဲေနေၾကာင္း သိရသည္။
“လက္ရွိအစိုးရမူဝါဒ ပို႔ကုန္ႏွစ္ဆတိုးျမႇင့္ ဖို႔ဆိုတဲ့အေနအထားမွာ အဲဒါနဲ႔ကိုလိုက္လုပ္ဖို႔က ေတာ္ ေတာ္ခက္ခဲေနတယ္။ အဓိကက ကုန္ေဈးႏႈန္း ေတြ လမ္းေၾကးေတြမ်ားလာတဲ့အတြက္ မကိုက္ေတာ့ ဘူး။ ေရာ္ဘာက အရင္ထဲက အရင္းအႏွီးမ်ားၿပီး အျမတ္နည္းတဲ့လုပ္ငန္း။ ေငြေၾကးမူဝါဒအရလည္း မကိုက္ဘူး။ မရႈံးေအာင္မနည္းလုပ္ေနရတာ။ အဲဒီေတာ့ ဒီလိုမ်ိဳးေတြျဖစ္လာတဲ့အခါက်ေတာ့ ဆုံးရႈံးမႈ ေတြလည္း ပိုမ်ားလာတာေပါ့။ စက္႐ုံေတြနဲ႔ Exporter ေတြအတြက္က မလိုလားအပ္တဲ့ ဂိတ္ေၾကး ေတြက အရမ္းမ်ားတယ္။ ေရာ္ဘာတစ္တန္ပို႔လို႔ (၃၀ဝဝဝ)(၄၀ဝဝဝ)ျမတ္ေအာင္ မနည္းလုပ္ေနရတယ္။ ၾကားထဲမွာ ဂိတ္ေၾကးေတြက (၈၀ဝဝဝ)ေလာက္ျဖစ္သြားရင္ အႏုတ္ျဖစ္သြားမွာေလ။ ဒီလိုမ်ိဳးေတြျဖစ္ လာၿပီဆိုရင္ လုပ္မယ့္သူက မလုပ္ေတာ့ဘူးေပါ့” ဟု အထက္ပါ လုပ္ငန္းရွင္က ေျပာသည္။
ထို႔ျပင္ ေရာ္ဘာစိုက္ပ်ိဳးသည့္ ေတာင္သူမ်ားအေနျဖင့္ ေဈးေကာင္းမရျခင္း၊ ဓာတ္ေျမဩဇာ ေဈး ႏႈန္းႀကီးျမင့္မႈႏွင့္ အလြယ္တကူဝယ္ယူ၍မရျခင္းႏွင့္ အေစးလွီးလုပ္သား ရွားပါးလာ ျခင္းတို႔ေၾကာင့္ လာမည့္(၅) ႏွစ္တြင္ ပို႔ကုန္ရေငြရွာေဖြ ေပးေနသည့္ ေရာ္ဘာက႑၌ ႀကီးမားသည့္ျပႆနာတစ္ခုကို ရင္ဆိုင္ရႏိုင္ဖြယ္ရွိေန ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။