ပစ္စယော ငါးခု…. အကြောင်းပြုနိုင်ပါစေ

 133

တောကမောင်ကြီး (NP News) - ဖေဖော်ဝါရီ ၇

ဘက်ပေါင်းစုံကနေ အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ကြုံနေရတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဖြေရှင်းရမယ့် ပြဿနာတွေကလည်း ဒုနဲ့ဒေးဆိုတာ အားလုံးအသိပါပဲ။ ဒီပြဿနာတွေထဲမှာမှ အဓိက နှစ်ချက်ကို မဖြစ်မနေ ဖြေရှင်းနိုင်မှသာ ကျန်တဲ့အချက်တွေကို ဆက်လက်ဖြေရှင်းနိုင်မယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
အဲဒီနှစ်ချက်ကတော့ ဟိုအရင် နှစ်ပေါင်း(၇၀)ကျော်ကတည်းကဖြစ်နေတဲ့ တိုင်းရင်းသားရေး ရာအကျပ်အတည်းနဲ့အတူ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး လက်နက်ကိုင်အကျပ်အတည်းရယ်နဲ့ ဒုတိယ တစ်ခုက နိုင်ငံရဲ့အထွေထွေစီးပွားရေးဆိုင်ရာအကျပ်အတည်းရယ်လို့ တွေ့ရမှာဖြစ်ပါတယ်။ ဒီနှစ်ခုလုံး ကို တစ်ပြိုင်နက်တည်းဖြေရှင်းဖို့ဆိုတာ ဓနအင်အားကြီး မားပြီး နိုင်ငံတကာဖိနှိပ်မှုဒဏ်ကင်းဝေးတဲ့ နိုင်ငံကြီးတွေအဖို့ မပြောသာပေမယ့် ကျွန်တော်တို့လို ပြည်တွင်းပြည်ပအဘက်ဘက်က ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့နိုင်ငံအတွက် ကတော့ ဘယ်အချက်ကနေ အရင်ဖြေရှင်းရမယ်ဆိုတဲ့အချက်က နိုင်ငံ့အနာ ဂတ်အတွက် အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
တိတိကျကျပြောရရင် ငြိမ်းချမ်းရေးနဲ့စီးပွားရေးပါ
အဆိုပါနှစ်ချက်မှာ ဘယ်အချက်ကို အရင်ရှင်းရမယ်ဆိုတဲ့နေရာမှာ ကြက်ဥကြက်မသံသရာကို ပညာရှင်တွေကြားမှာ အချေအတင် အငြင်းပွားနေဆဲ ဖြစ်ပေမယ့် နိုင်ငံရဲ့လက်ရှိအခြေအနေအရ ဒီအ ချက်တွေဟာ နိုင်ငံရဲ့အနာဆွေးတွေလိုဖြစ်နေတာကြောင့် တစ်ချက်ချက်ကိုတော့ အရင်ဦးစားပေး ဖြေရှင်းဖို့လိုနေပြီလို့ စာရေးသူရှုမြင်မိပါတယ်။
ငြိမ်းချမ်းရေးက အရင်လား၊ စီးပွားရေးက အရင်လား
ဒီနေရာမှာ အထက်ပါနှစ်ချက်မှာ ဘယ်အရာကို အရင်ဖြေရှင်းရင် လွယ်မလဲ၊ ခက်မလဲ။ ရှင်း မယ်ဆိုရင်ကော ဘယ်လိုအချက်တွေကို ရှင်းရမလဲ၊ ရှင်းလို့ကော အောင်မြင်နိုင်ခြေရှိမလား၊ ရှင်းလိုက်လို့ အောင်မြင်ခဲ့ရင်ကော ကျန်တဲ့တစ်ချက်ကို ဆက်လက် ရှင်းဖို့ အထောက်အပံ့ဖြစ်စေမလားဆိုတာကို ဒီအ တွေးအမြင်ဆောင်းပါးမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး
ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစွာနဲ့ လက်ရှိထပ်တိုးလာတဲ့ လက်နက်ကိုင်အဖွဲ့တွေပါ များလာတဲ့နိုင်ငံမှာ (၂၀၁၀) ကျော်ကာလတွေကတည်းကလုပ်လာခဲ့တဲ့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဟာ (၂၀၂၀) မတိုင်ခင်အထိက လိပ် ခဲတည်းလည်းအခြေအနေကနေ မတိုးတက် တဲ့အပြင် အခုအချိန်မှာတော့ ချိန်ခွင်တစ်ခုတည်းမှာ နှစ်ဖက်ရောက်နေသလိုဖြစ်နေတယ်လို့ပဲ ပြော ချင်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆေးဆိုတာ နာမကျန်းနေတဲ့ ကျွန်တော်တို့တိုင်းပြည်အတွက် ဖော်ရ ခက်တဲ့ဆေးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
စီးပွားရေး
ကျွန်တော်တို့နိုင်ငံဟာ စီးပွားရေးလို့ပြောရင် Micro နဲ့ Macro စီးပွားရေးအပြင် တခြားနိုင်ငံတွေနဲ့ မတူတဲ့ မြို့ပြနဲ့ကျေးလက်စီးပွားရေး ပုံသဏ္ဌာန်ပါ ရောပြွမ်းနေတဲ့ပုံစံလို့ ယေဘုယျမြင်နိုင်ပါတယ်။ ကျေး လက်လူထုဟာ သူတို့ဒေသမှာ လုပ်ကိုင်စားသောက်လို့အဆင်မပြေတော့တဲ့အခါမှာ တတ်နိုင်သူတွေက နိုင်ငံခြားထွက် ငွေကြေးရှာကြပေမယ့် အများစုကတော့ မြို့ပြတွေဆီကိုတက်ပြီး ရရာအလုပ်လုပ်ကြရ ပါတယ်။ ကျပန်း ဈေးရောင်း၊ စက်ရုံ၊ အလုပ်ရုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းလို လုပ်သားများစွာကိုအလုပ် ပေးနိုင်တဲ့နေရာတွေမှာ ဝင်လုပ်ကြရတာပါ။
(ဒီလူတွေ သူတို့ရွှေ့ပြောင်းရောက်ရှိလာတဲ့နေရာမှာ အလုပ်တွေမရှိတော့ရင် ဘာတွေဖြစ်မလဲ)
ဒီလိုပါပဲ။ မြို့ပြမှာနေတဲ့လူတွေအများစုကလည်း စက်ရုံ၊ အလုပ်ရုံ၊ ဆောက်လုပ်ရေး၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာ လခစားအလုပ်တွေလုပ်ကြပါတယ်။ (၂၀၁၅) အကျော်ကာလတွေမှာ ရန်ကုန်အစိုးရရဲ့ မူဝါဒအမှားတွေဖြစ်တဲ့ အထပ်မြင့်ဆောက်လုပ်ရေး တွေရပ်ဆိုင်းလိုက်တဲ့အကျိုးဆက်က တခြား ကုန် သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအထိ ဆိုးကျိုးသက်ရောက်စေခဲ့တာ အခု အထိ နာလန်မထူနိုင်သေးပါဘူး။ (ဒီလုပ်ငန်းတွေ အ ကုန်ယိုင်နဲ့ကုန်လို့ သန်းပေါင်းများစွာသောအလုပ် သမားတွေ အခုဘာတွေဖြစ်၊ ဘာတွေလုပ်နေကြရလဲ)
ကျေးလက်ကအလုပ်သမားတွေ အဆင်မပြေရင် မြို့တက်အလုပ်လာလုပ်ကြတာမှန်ပေမယ့် မြို့ပြမှာ အလုပ်အကိုင်တွေရှားပါးလာရင် တောကတက်လာသူရော နဂိုရှိရင်းစွဲမြို့ပြကလုပ်သားတွေပါ မလိုလားအပ်တဲ့ ပိုက်ဆံရလွယ်တဲ့ ဆူပူသောင်းကျန်းလို့ ရတဲ့အဖြစ်တွေ၊ နေရာတွေဆီ ရောက်ကုန်နိုင်ပါတယ်။ ဒါဟာ တိုင်းပြည်အတွက် မလိုလားအပ်တဲ့အန္တရာယ်တွေပါ။
ဘဏ်
ဒီနေရာမှာ ငွေကြေးကို ပမာဏများများ စွဲကိုင်သုံးနိုင်တဲ့ မြို့ပြကလုပ်ငန်းရှင်တွေအကြောင်းကို လည်း အဓိကထည့်တွက်ဖို့လိုပါလိမ့်မယ်။ မြန်မာနိုင်ငံမှာက ကိုယ်ပိုင်ငွေအပြည့်အဝနဲ့ လုပ်ငန်းလုပ်တဲ့ သူဆိုတာ မရှိသလောက်ကိုရှားပါတယ်။ အများစုကတော့ ဘဏ်ကနေချေးပြီးလုပ်ကြတာပါ။ အခုဆို ဘဏ်ချေးငွေအပေါ်မှာ သုံးစွဲမှုတွေမှာ မကြားဖူးတာတွေ ကြားလာရပါပြီ။ မေမြို့တို့ ကလောတို့လိုနေရာ တွေမှာ ဘဏ်ချေးငွေနဲ့ အိမ်ရာတွေဝယ်တာမျိုးတွေ (တချို့က ဝယ်ပြီးတက်ဈေးရရင် ပြန်ရောင်းဖို့ဝယ် သလို တချို့ကတော့ တစ်နှစ်မှာ ဘယ်နှရက်မှမနေရတဲ့ နွေရာသီဇိမ်ခံအိမ်သဘောမျိုး ဝယ်ကြတာပါ)။ တက်ဈေးရရင် ပြန်ရောင်းနိုင်ဖို့နေနေသာသာ အဲဒီနေရာတွေမှာ အိမ်ရာဖော်ထုတ်နေတဲ့ကုမ္ပဏီတွေ တောင် ရောင်းမကုန်သေးပါဘူး။ အိမ်ရာတွေဖော်ဖို့ တောင်တွေလှီး၊ တောတွေရှင်းရတာနဲ့တင် သဘာဝ ပတ်ဝန်းကျင်တော်တော်ပျက်စီးနေပါပြီ။ မကြာခင်နှစ်ပိုင်းက မေမြို့မှာ ရေကြီးမှုဖြစ်တာက သာဓက ပါပဲ။
နောက်တစ်မျိုးက ကမ်းခြေတွေမှာ ဂုဏ်ရှိချင်လို့ ဘဏ်ချေးငွေနဲ့ ဟိုတယ်ဝယ်တယ်၊ ဆောက် တယ်ဆိုတာမျိုးပါ။ လက်ရှိ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းအခြေအနေကြောင့် ဟိုတယ်ရှိပြီးသား တွေတောင် အခန်းမငှားကြရတဲ့အခြေအနေမှာ ဟိုတယ်အသစ်တွေအဖို့ကတော့ အဟောသိကံပါပဲ။ တကယ်တမ်း ကမ်းခြေဟိုတယ်ဆိုတာကလည်း (၆)လလောက် ပိတ်ထားရပြီး ဖွင့်ခါနီးမှ ပြန်ပြင်ဖွင့်ရတဲ့ အခြေအနေမျိုးပါ။
ဒီလို တောင်ပေါ်အိမ်ရာတွေ၊ ကမ်းခြေဟိုတယ်တွေကို မိမိပိုင်ငွေကြေးနဲ့အပြည့်အဝ ဝယ်တယ် ဆိုရင် ပြဿနာမရှိပေမယ့်ဘဏ်ချေးငွေနဲ့ ဝယ်တယ်ဆိုရင်တော့ တိုင်းပြည်နစ်နာပါတယ်။ ဘာကြောင့် လဲဆိုတော့ နိုင်ငံရဲ့ကုန်ထုတ်လုပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီငွေတွေကိုမသုံးဘဲ၊ တိုင်းပြည် အတွက် အကျိုးမများစေတဲ့နေရာတွေမှာ ဘဏ်ချေးငွေတွေကို သုံးနေကြတာမို့ပါ။ ကြာလာလို့ ဘဏ်တိုး ကြောင့် အခက်အခဲ အကျပ်အတည်းဖြစ်လာရင်လည်း နိုင်ငံတော်ကပဲ ခေါင်းကိုက်ရဦးမှာပါ။
တင်ဒါ/ပါမစ်
နောက်ထပ်တင်ပြချင်တာက မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ တင်ဒါပေးမှုပုံစံပါ။ ဖြစ်နေ တာက ဌာနဆိုင်ရာတိုင်းက တင်ဒါခေါ်တိုင်းခေါ်တိုင်းမှာ အနိမ့်ဆုံးဈေးပေးပြီး အမြင့်ဆုံးပစ္စည်းကို လိုချင် တဲ့ အယူအဆဖြစ်နေတာကိုက ရလဒ်တိုင်းမှာ ပြောင်းပြန်အချိုးကျစေပါတယ်။
ဈေးကွက်ထဲက ပေါက်ဈေးအတိုင်းဈေးပေးပြီး အကောင်းဆုံးလုပ်နိုင်သူကို တင်ဒါအောင်စေတာ ထက် တင်ခါဈေးထက် ဘယ်လောက်လျှော့မှဆိုတဲ့မူဝါဒကတော့ ရလဒ်ကို အဆိုးသံသရာကျော့စေပြီး ပါသမျှချေး ပုစွန်ခေါင်းမှာစုဆိုသလိုမျိုး နိုင်ငံတော် ကပဲ ခဏခဏပြန်ပြင်ပြန်လုပ်နေရတဲ့ အခြေအနေပဲ ဖြစ်နေစေပါတယ်။ ဖြစ်သင့်တာကတော့ (၆)နှစ်လောက်သက်တမ်းရှိပြီး ကျင့်သုံးနေတဲ့ကိုယ်က အရင် တင်ရင် အရင်ရတယ်ဆိုတဲ့ Swiss Challenge လို လုပ်ထုံးလုပ်နည်းပါတဲ့ လုပ်စားပေါင်းစားရုံ သက် သက်ဖြစ်နေတဲ့ ၁/၂၀၁၇ လိုမျိုးကို ဖျက်သိမ်းသင့်ပါတယ်။ (ဒီ ၁/၂၀၁၇ နဲ့ သင်္ကြန်ပိတ်ရက်လိုမှာတောင် လက်သိပ်ထိုးတင်ဒါခေါ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ မျှတစွာပြိုင်ဆိုင်မှုမရှိစေတာမျိုးတွေ ယခင်တုန်းက လက်တွေ့ရှိခဲ့ပါတယ်)
အစိုးရတိုင်းဟာ မိမိလက်ထက်မှာ စီမံကိန်းတွေကို ကိုယ်ယုံကြည်ရာ လုပ်ငန်းရှင်၊ အစုအဖွဲ့ တွေကိုပေးပြီး လုပ်ကြတာဟာ နိုင်ငံရေးအရဖြစ်သင့်ပေမယ့် မြန်မာနိုင်ငံမှာ ဒီထက်ပိုကောင်းအောင် ပြည်တွင်းလုပ်ငန်းရှင်တွေကို အစိုးရကဦးဆောင်ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် အများပိုင်ကုမ္ပဏီတွေ အဖြစ် ပြုစုပျိုးထောင် ထိန်းကျောင်းတည်ဆောက်ပေးပြီး လုပ်ငန်းတွေချပေးရင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအားလုံး တပြည့်တဝကြီး အဆင်ပြေလာမယ့်အပြင် အကျင့်ပျက်လာဘ်စားမှုကိုပါ တားမြစ်ပြီးသားဖြစ်မှာပါ။ ရှေ့မှာလည်း ကိုရီးယားအစိုးရက ဒေဝူးတို့၊ ဆမ်ဆောင်းတို့လိုမျိုးကို အားပေးမွေးမြူခဲ့တဲ့ ဥပမာ ရှိပါတယ်။
အခု မြန်မာပြည်မှာဖြစ်နေတာက အစိုးရက လိုအပ်တဲ့အခြေခံအဆောက်အအုံဖြစ်တဲ့ ဆေးရုံ၊ ကျောင်း၊ လမ်း စတာတွေကို တင်ဒါပေးတဲ့အခါ ဌာန ကနေ ကာလပေါက်ဈေးနဲ့တွက်ချက်တာမျိုး မရှိဘဲနဲ့ ကုမ္ပဏီတွေကို တွက်ချက်တင်ပါဆိုပြီးလုပ်တာဟာ မျက်ကွယ်ဝယ်ရတဲ့ပစ္စည်းတစ်ခုကို လျှော့ဈေးပေးပြီး ဝယ်မိတာကြောင့် အရည်အသွေးမမှန်တဲ့ပစ္စည်းကို ရလိုက်သလိုမျိုးဖြစ်နေတာပါ။ အလားတူပဲ နောက်ထပ်အကြံပြုချင်တာက ပါမစ်ကိစ္စပါ။ မြန်မာနိုင်ငံဟာ စားဝတ်နေရေးအတွက် လိုအပ်တဲ့အခြေခံပစ္စည်းကအစ အများစုကို နိုင်ငံခြားကနေ တင်သွင်းနေရတာပါ။ တင်သွင်းတဲ့ပစ္စည်း အမည်ပေါင်းများစွာထဲကမှ နိုင်ငံအတွက် မဖြစ်မနေလိုအပ်တဲ့ ဆေးဝါး၊ စားသောက်ကုန်၊ စက်မှုလက်မှု ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးဆက်စပ်ပစ္စည်းလိုမျိုးတွေကိုတော့ တင်သွင်းသူကို သေသေချာချာ စိစစ်ပြီး စနစ်တကျတင်သွင်းနိုင်ဖို့နဲ့ တချို့ကို ပါမစ်မလိုဘဲနဲ့တောင်တင်သွင်းနိုင်ဖို့ ခွင့်ပြုသင့်ပါတယ်။ ဒါမှသာ ပြည်တွင်းထုတ်ကုန် တိုးတက်ဖို့ အားပေးရာရောက်သလို မလိုအပ်ဘဲ အသေးအမွှားကအစ ပြည်ပကနေတင်သွင်းနေရတာကိုလည်း ကာကွယ်ရာရောက်မှာပါ။
ဒေါ်လာ
နိုင်ငံတိုင်းရဲ့အစိုးရတိုင်းဟာ မိမိလက်ထက်မှာ ကုန်သွယ်ရာမှာ လိုငွေပြမှာကိုစိုးရိမ်ကြတာ ဓမ္မတာပါပဲ။
လက်ရှိ မြန်မာနိုင်ငံမှာလည်း နိုင်ငံခြားဝင်ငွေကို ရာခိုင်နှုန်းဆိုပြီးသတ်မှတ်လိုက်တာ မှားတယ် လို့မဆိုလိုပေမယ့် မှန်လည်းမမှန်ပါဘူး။ Shore Job ၊ Over sea Job တွေလို ဝင်ငွေတွေအတွက် သက်ရောက်မှုနည်းပေမယ့် အမြဲ Export လုပ်နေသူတွေအတွက်ကတော့ ငွေကြေးလည်ပတ်မှုမှာ တော်တော်အခက်တွေ့စေပါတယ်။ လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့စီးပွားရေး ငွေပေး၊ ငွေယူ လုပ်ငန်း စဉ်တွေကို (၃)လ၊ (၆) လ ကြိုတင်စီစဉ်မှုတွေနဲ့လည်း ပြုလုပ်နေကြတာမို့လို့ ဒီသတ်မှတ်ချက်ကတော့ အတော့်ကို ကသီလင်တ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ရာခိုင်နှုန်းနဲ့ ဗဟိုဘဏ်ပေါက်ဈေးနဲ့ဝယ်ယူခဲ့တာ ဟာ ကာလတစ်ခုအထိ ရောက်ခဲ့ပြီးဖြစ်တဲ့အတွက် ဖြေလျှော့ပေးသင့်ပါပြီလို့ ဆန္ဒပြုချင်ပါတယ်။ နိုင်ငံ ခြားငွေ ပိုငွေပြချင်တယ် (သို့) နိုင်ငံအတွင်း နိုင်ငံခြားငွေ စီးဝင်လာချင်ရင် ဆောက်လုပ်ရေးကဏ္ဍကို အထူးမြှင့်တင်ပေးရမှာပါ။ အထပ်မြင့်ဆောက်လုပ်တာတွေကို မူဝါဒအရရော၊ လုပ်ထုံးလုပ်နည်းအရရော သက်ဆိုင်ရာက ကူညီပေးဖို့လိုပါတယ်။ လက်ရှိ ပြည်တွင်းမှာ နိုင်ငံခြားသားကိုရောင်းနိုင်တဲ့ ကွန်ဒိုခန်း တွေအပြင် လာမယ့်အနာဂတ်အခင်းအကျင်းအတွက်လည်း ကွန်ဒိုလိုအခန်းတွေ ကြိုပြင်ရမှာပါ။
ဒါ့ပြင် အလုပ်မဖြစ်တဲ့ နိုင်ငံခြားသားကွန်ဒိုဝယ်ရင် ပေးရမယ့်အခွန် (၃၀)ရာခိုင်နှုန်းဆိုတာကို လည်း ပြန်လည်ပြင်ဆင်သင့်ပါတယ်။ Long Stay Visa ကိုလည်း နှစ်ရှည် (၅)နှစ်ကနေ (၁၀)နှစ်အတွင်း ပေးသင့်ပါတယ်။ ပြီးတော့ နိုင်ငံခြားသားတွေကို တရားဝင်ကွန်ဒိုကလွဲရင် တခြားအိမ်တွေမှာမနေဖို့ တားမြစ်ပေးရပါမယ်။ ကွန်ဒိုဈေးကွက်က B.O.T အရောင်းတွေကိုလည်း တားမြစ်ဖို့အရေးကြီးပါတယ်။
ကွန်ဒိုကို နိုင်ငံခြားသားတွေကို ရောင်းတယ်ဆိုတာ အချိန်တန်ရင် မြေကိုနိုင်ငံတော်ကပဲ ပိုင်တာ မို့လို့ တိုင်းပြည်မနစ်နာသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (ကွန်ဒိုဝယ်ခြင်း၊ ပြည်တွင်း၌ လုပ်ငန်းလုပ်ဆောင် ခြင်းကိုပါ ဖြစ်စေပြီး တိုင်းပြည်အတွက် နိုင်ငံခြားငွေကို အလျင်မြန်ဆုံးဝင်နိုင်တဲ့ အကြောင်းအရင်း တစ်ခု ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ ရေးသားခဲ့တာတွေကတော့ နိုင်ငံတော်ရဲ့စီးပွားရေးကဏ္ဍမှာ ရေတိုအဖြစ် ချက် ချင်း အကောင်အထည်ဖော်လို့ရမယ့်အကြောင်းအရာတွေဖြစ်ပြီး နိဂုံးချုပ်အနေနဲ့ စာရေးသူတို့စိတ်ထဲမှာ ဒွိဟဖြစ်နေတဲ့မူဝါဒတချို့ကိုတော့ ထောက်ပြတင်ပြပါရစေ။
အခု EV ကားဆိုပြီး တင်သွင်းခွင့်ပြု၊ အားသွင်း စတေရှင်တွေဆောက်တဲ့ကိစ္စပါ။
စာရေးသူတို့ နားလည်တာကတော့ လက်ရှိပြည်တွင်းသုံးစွဲနေတဲ့မော်တင်ယာဉ်တွေရဲ့ လောင်စာ ဆီ သုံးစွဲမှုကို လျှော့ချစေချင်လို့၊ သဘာဝပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်လာစေဖို့ဆိုတဲ့ဆန္ဒနဲ့ ဖော် ဆောင်တယ် လို့မြင်မိပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ အထက်မှာ ပြောခဲ့သလိုပဲ။ စာရေးသူတို့ ဒွိဟဖြစ်နေတဲ့ အချက်ကတော့-
၁။ စာရေးသူတို့တိုင်းပြည်မှာ EV ကား တကယ် လိုပြီလား၊
၂။ လိုရင်ကော သူတို့အတွက် အခြေခံအဆောက်အအုံ ပြည့်စုံနိုင်မလား၊
၃။ EV ကားကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး မှုကို တကယ်လျှော့ချနိုင်မလား၊
၄။ နိုင်ငံတော်အတွက် စီးပွားရေးအရ ဘယ်လိုအကျိုးအမြတ်ရမလဲဆိုတဲ့ အချက်တွေပါပဲ။
ကျေးလက်ကိုမတွက်ဘဲ ရန်ကုန်လိုမြို့ပြမှာတင် ကိုယ်ပိုင်ကားစီးနိုင်သူအရေအတွက်နဲ့ လိုင်း ကားစီးရသူအရေအတွက်ကိုကြည့်ရင် ဒီ EV ကားတွေက ဘယ်သူ့အတွက်ရည်ရွယ်သွင်းသလဲဆိုတာ စဉ်းစားရခက်ပါတယ်။
အခုစက်မှုဇုန်တွေကိုတောင် စက်သုံးဆီနဲ့လည် ခိုင်းနေရတဲ့အခြေအနေမှာ EV ကားတွေရဲ့ Charging Station အတွက် လျှပ်စစ်က ဘယ်လိုပေးမှာလဲရယ် EV ကားကလျှော့ချတဲ့ ကာဗွန်ပမာဏ ရယ် စက်မှုဇုန်က လောင်စာဆီတွေကထွက်နေတဲ့ ကာဗွန်ပမာဏရယ်က တကယ်အလုပ်ဖြစ်ရဲ့လား သိချင်မိပါတယ်။
EV ကားတွေသွင်းရင် အခွန်က “သုည” ၊ တစ်စီး ကို ဒေါ်လာနှစ်သောင်းနှင့်အထက်ဆိုတော့ ငါးစီးသွင်းရင် ဒေါ်လာတစ်သိန်းကျော် နိုင်ငံခြားငွေ တိုင်းပြည်ကထွက်သွားမှာ၊ ဒီငွေတွေကို ပြည်တွင်း ကုန်ထုတ်လုပ်ငန်းတွေလုပ်နိုင်ခဲ့ရင် နိုင်ငံသားတွေလည်း အလုပ်ရ၊ နိုင်ငံတော်လည်း အခွန်ရဆိုတဲ့ ဒွိဟ အတွေးတွေနဲ့ပဲ ဝဲလည်နေမိပါတယ်။ ။
အချုပ်ဆိုရရင် စားရေးသူတို့တိုင်းပြည်မှာ အဓိက လိုအပ်နေတာ ပြည်သူ၊ ပြည်သားတွေရဲ့ ကောင်းမွန်စွာစားသောက်ရေး (အာဟာရပြည့်ဝစွာ)၊ ကောင်းမွန်စွာနေထိုင်နေရေး (သေနတ်သံ၊ ဗုံးသံ တွေရဲ့အဝေးမှာ)ဖြစ်ပါတယ်။ အလုပ်အကိုင်ကောင်းပြီး စားဝတ်နေရေးအဆင်ပြေနေရင် တိုင်းပြည်ကို ဘယ်သူပဲအုပ်ချုပ်ပါစေ၊ နိုင်ငံသားတွေက အမှုလုပ်မှာမဟုတ်ပါဘူး။ သို့ပါသောကြောင့် တိုင်းပြည်ကိုအုပ် ချုပ်မင်းလုပ်သူ လူကြီးများအနေဖြင့်-
အဓိပတိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးဖြစ်တတ်သော တရား၊
သဟဇာတပစ္စယော = အတူတကွဖြစ်၍ ကျေးဇူးဖြစ်တတ်သော တရား၊
အညမညပစ္စယော = အချင်းချင်း အပြန်အလှန် ကျေးဇူးဖြစ်တတ်သော တရား၊
ဥပနိဿယပစ္စယော = အားကြီးသောအကြောင်းဖြစ်၍ ကျေးဇူးဖြစ်တတ်သော တရား၊
ဣန္ဒြိယ ပစ္စယော = အစိုးရဖြစ်၍ ကျေးဇူးဖြစ်တတ်သော တရားတို့ကို မင်း၊ သူဌေး၊ ကုန်သည် နှင့် လုပ်သားပါမကျန် အတူတကွ စုပေါင်းကျင့်ကြံ ကြိုးကုတ်အားထုတ်နိုင်ပါရန် စောင်မပေးစေလိုပါ ကြောင်း တိုင်းပြည်နှင့် လူမျိုးများအပေါ် စေတနာအရင်းခံဖြင့် ရေးသားလိုက်ရပါတယ်။

Zawgyi Version:
ပစၥေယာ ငါးခု…. အေၾကာင္းျပဳႏိုင္ပါေစ
ေတာကေမာင္ႀကီး (NP News) - ေဖေဖာ္ဝါရီ ၇
ဘက္ေပါင္းစုံကေန အခက္အခဲ၊ အက်ပ္အတည္းေတြနဲ႔ႀကဳံေနရတဲ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ေျဖရွင္းရမယ့္ ျပႆနာေတြကလည္း ဒုနဲ႔ေဒးဆိုတာ အားလုံးအသိပါပဲ။ ဒီျပႆနာေတြထဲမွာမွ အဓိက ႏွစ္ခ်က္ကို မျဖစ္မေန ေျဖရွင္းႏိုင္မွသာ က်န္တဲ့အခ်က္ေတြကို ဆက္လက္ေျဖရွင္းႏိုင္မယ္လို႔ ေလ့လာသူေတြက သုံးသပ္ေနၾကပါတယ္။
အဲဒီႏွစ္ခ်က္ကေတာ့ ဟိုအရင္ ႏွစ္ေပါင္း(၇၀)ေက်ာ္ကတည္းကျဖစ္ေနတဲ့ တိုင္းရင္းသားေရး ရာအက်ပ္အတည္းနဲ႔အတူ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရး လက္နက္ကိုင္အက်ပ္အတည္းရယ္နဲ႔ ဒုတိယ တစ္ခုက ႏိုင္ငံရဲ႕အေထြေထြစီးပြားေရးဆိုင္ရာအက်ပ္အတည္းရယ္လို႔ ေတြ႕ရမွာျဖစ္ပါတယ္။ ဒီႏွစ္ခုလုံး ကို တစ္ၿပိဳင္နက္တည္းေျဖရွင္းဖို႔ဆိုတာ ဓနအင္အားႀကီး မားၿပီး ႏိုင္ငံတကာဖိႏွိပ္မႈဒဏ္ကင္းေဝးတဲ့ ႏိုင္ငံႀကီးေတြအဖို႔ မေျပာသာေပမယ့္ ကြၽန္ေတာ္တို႔လို ျပည္တြင္းျပည္ပအဘက္ဘက္က ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတဲ့ႏိုင္ငံအတြက္ ကေတာ့ ဘယ္အခ်က္ကေန အရင္ေျဖရွင္းရမယ္ဆိုတဲ့အခ်က္က ႏိုင္ငံ့အနာ ဂတ္အတြက္ အေရးႀကီးတဲ့အခ်က္ ျဖစ္ပါတယ္။
တိတိက်က်ေျပာရရင္ ၿငိမ္းခ်မ္းေရးနဲ႔စီးပြားေရးပါ
အဆိုပါႏွစ္ခ်က္မွာ ဘယ္အခ်က္ကို အရင္ရွင္းရမယ္ဆိုတဲ့ေနရာမွာ ၾကက္ဥၾကက္မသံသရာကို ပညာရွင္ေတြၾကားမွာ အေခ်အတင္ အျငင္းပြားေနဆဲ ျဖစ္ေပမယ့္ ႏိုင္ငံရဲ႕လက္ရွိအေျခအေနအရ ဒီအ ခ်က္ေတြဟာ ႏိုင္ငံရဲ႕အနာေဆြးေတြလိုျဖစ္ေနတာေၾကာင့္ တစ္ခ်က္ခ်က္ကိုေတာ့ အရင္ဦးစားေပး ေျဖရွင္းဖို႔လိုေနၿပီလို႔ စာေရးသူရႈျမင္မိပါတယ္။
ၿငိမ္းခ်မ္းေရးက အရင္လား၊ စီးပြားေရးက အရင္လား
ဒီေနရာမွာ အထက္ပါႏွစ္ခ်က္မွာ ဘယ္အရာကို အရင္ေျဖရွင္းရင္ လြယ္မလဲ၊ ခက္မလဲ။ ရွင္း မယ္ဆိုရင္ေကာ ဘယ္လိုအခ်က္ေတြကို ရွင္းရမလဲ၊ ရွင္းလို႔ေကာ ေအာင္ျမင္ႏိုင္ေျခရွိမလား၊ ရွင္းလိုက္လို႔ ေအာင္ျမင္ခဲ့ရင္ေကာ က်န္တဲ့တစ္ခ်က္ကို ဆက္လက္ ရွင္းဖို႔ အေထာက္အပံ့ျဖစ္ေစမလားဆိုတာကို ဒီအ ေတြးအျမင္ေဆာင္းပါးမွာ ေဆြးေႏြးသြားမွာျဖစ္ပါတယ္။
ၿငိမ္းခ်မ္းေရး
ပြင့္ပြင့္လင္းလင္းေျပာရရင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားစြာနဲ႔ လက္ရွိထပ္တိုးလာတဲ့ လက္နက္ကိုင္အဖြဲ႕ေတြပါ မ်ားလာတဲ့ႏိုင္ငံမွာ (၂၀၁၀) ေက်ာ္ကာလေတြကတည္းကလုပ္လာခဲ့တဲ့ ၿငိမ္း ခ်မ္းေရးလုပ္ငန္းစဥ္ဟာ (၂၀၂၀) မတိုင္ခင္အထိက လိပ္ ခဲတည္းလည္းအေျခအေနကေန မတိုးတက္ တဲ့အျပင္ အခုအခ်ိန္မွာေတာ့ ခ်ိန္ခြင္တစ္ခုတည္းမွာ ႏွစ္ဖက္ေရာက္ေနသလိုျဖစ္ေနတယ္လို႔ပဲ ေျပာ ခ်င္ပါတယ္။ ဒါေၾကာင့္ ၿငိမ္းခ်မ္းေရးေဆးဆိုတာ နာမက်န္းေနတဲ့ ကြၽန္ေတာ္တို႔တိုင္းျပည္အတြက္ ေဖာ္ရ ခက္တဲ့ေဆးလို႔ပဲ ဆိုရမွာျဖစ္ပါတယ္။
စီးပြားေရး
ကြၽန္ေတာ္တို႔ႏိုင္ငံဟာ စီးပြားေရးလို႔ေျပာရင္ Micro နဲ႔ Macro စီးပြားေရးအျပင္ တျခားႏိုင္ငံေတြနဲ႔ မတူတဲ့ ၿမိဳ႕ျပနဲ႔ေက်းလက္စီးပြားေရး ပုံသဏၭာန္ပါ ေရာႁပြမ္းေနတဲ့ပုံစံလို႔ ေယဘုယ်ျမင္ႏိုင္ပါတယ္။ ေက်း လက္လူထုဟာ သူတို႔ေဒသမွာ လုပ္ကိုင္စားေသာက္လို႔အဆင္မေျပေတာ့တဲ့အခါမွာ တတ္ႏိုင္သူေတြက ႏိုင္ငံျခားထြက္ ေငြေၾကးရွာၾကေပမယ့္ အမ်ားစုကေတာ့ ၿမိဳ႕ျပေတြဆီကိုတက္ၿပီး ရရာအလုပ္လုပ္ၾကရ ပါတယ္။ က်ပန္း ေဈးေရာင္း၊ စက္႐ုံ၊ အလုပ္႐ုံနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းလို လုပ္သားမ်ားစြာကိုအလုပ္ ေပးႏိုင္တဲ့ေနရာေတြမွာ ဝင္လုပ္ၾကရတာပါ။
(ဒီလူေတြ သူတို႔ေ႐ႊ႕ေျပာင္းေရာက္ရွိလာတဲ့ေနရာမွာ အလုပ္ေတြမရွိေတာ့ရင္ ဘာေတြျဖစ္မလဲ)
ဒီလိုပါပဲ။ ၿမိဳ႕ျပမွာေနတဲ့လူေတြအမ်ားစုကလည္း စက္႐ုံ၊ အလုပ္႐ုံ၊ ေဆာက္လုပ္ေရး၊ ပုဂၢလိက လုပ္ငန္းေတြမွာ လခစားအလုပ္ေတြလုပ္ၾကပါတယ္။ (၂၀၁၅) အေက်ာ္ကာလေတြမွာ ရန္ကုန္အစိုးရရဲ႕ မူဝါဒအမွားေတြျဖစ္တဲ့ အထပ္ျမင့္ေဆာက္လုပ္ေရး ေတြရပ္ဆိုင္းလိုက္တဲ့အက်ိဳးဆက္က တျခား ကုန္ သြယ္ေရး၊ ကူးသန္းေရာင္းဝယ္ေရးနဲ႔ ဝန္ေဆာင္မႈလုပ္ငန္းေတြအထိ ဆိုးက်ိဳးသက္ေရာက္ေစခဲ့တာ အခု အထိ နာလန္မထူႏိုင္ေသးပါဘူး။ (ဒီလုပ္ငန္းေတြ အ ကုန္ယိုင္နဲ႔ကုန္လို႔ သန္းေပါင္းမ်ားစြာေသာအလုပ္ သမားေတြ အခုဘာေတြျဖစ္၊ ဘာေတြလုပ္ေနၾကရလဲ)
ေက်းလက္ကအလုပ္သမားေတြ အဆင္မေျပရင္ ၿမိဳ႕တက္အလုပ္လာလုပ္ၾကတာမွန္ေပမယ့္ ၿမိဳ႕ျပမွာ အလုပ္အကိုင္ေတြရွားပါးလာရင္ ေတာကတက္လာသူေရာ နဂိုရွိရင္းစြဲၿမိဳ႕ျပကလုပ္သားေတြပါ မလိုလားအပ္တဲ့ ပိုက္ဆံရလြယ္တဲ့ ဆူပူေသာင္းက်န္းလို႔ ရတဲ့အျဖစ္ေတြ၊ ေနရာေတြဆီ ေရာက္ကုန္ႏိုင္ပါတယ္။ ဒါဟာ တိုင္းျပည္အတြက္ မလိုလားအပ္တဲ့အႏၲရာယ္ေတြပါ။
ဘဏ္
ဒီေနရာမွာ ေငြေၾကးကို ပမာဏမ်ားမ်ား စြဲကိုင္သုံးႏိုင္တဲ့ ၿမိဳ႕ျပကလုပ္ငန္းရွင္ေတြအေၾကာင္းကို လည္း အဓိကထည့္တြက္ဖို႔လိုပါလိမ့္မယ္။ ျမန္မာႏိုင္ငံမွာက ကိုယ္ပိုင္ေငြအျပည့္အဝနဲ႔ လုပ္ငန္းလုပ္တဲ့ သူဆိုတာ မရွိသေလာက္ကိုရွားပါတယ္။ အမ်ားစုကေတာ့ ဘဏ္ကေနေခ်းၿပီးလုပ္ၾကတာပါ။ အခုဆို ဘဏ္ေခ်းေငြအေပၚမွာ သုံးစြဲမႈေတြမွာ မၾကားဖူးတာေတြ ၾကားလာရပါၿပီ။ ေမၿမိဳ႕တို႔ ကေလာတို႔လိုေနရာ ေတြမွာ ဘဏ္ေခ်းေငြနဲ႔ အိမ္ရာေတြဝယ္တာမ်ိဳးေတြ (တခ်ိဳ႕က ဝယ္ၿပီးတက္ေဈးရရင္ ျပန္ေရာင္းဖို႔ဝယ္ သလို တခ်ိဳ႕ကေတာ့ တစ္ႏွစ္မွာ ဘယ္ႏွရက္မွမေနရတဲ့ ေႏြရာသီဇိမ္ခံအိမ္သေဘာမ်ိဳး ဝယ္ၾကတာပါ)။ တက္ေဈးရရင္ ျပန္ေရာင္းႏိုင္ဖို႔ေနေနသာသာ အဲဒီေနရာေတြမွာ အိမ္ရာေဖာ္ထုတ္ေနတဲ့ကုမၸဏီေတြ ေတာင္ ေရာင္းမကုန္ေသးပါဘူး။ အိမ္ရာေတြေဖာ္ဖို႔ ေတာင္ေတြလွီး၊ ေတာေတြရွင္းရတာနဲ႔တင္ သဘာဝ ပတ္ဝန္းက်င္ေတာ္ေတာ္ပ်က္စီးေနပါၿပီ။ မၾကာခင္ႏွစ္ပိုင္းက ေမၿမိဳ႕မွာ ေရႀကီးမႈျဖစ္တာက သာဓက ပါပဲ။
ေနာက္တစ္မ်ိဳးက ကမ္းေျခေတြမွာ ဂုဏ္ရွိခ်င္လို႔ ဘဏ္ေခ်းေငြနဲ႔ ဟိုတယ္ဝယ္တယ္၊ ေဆာက္ တယ္ဆိုတာမ်ိဳးပါ။ လက္ရွိ ျပည္တြင္း/ျပည္ပ ခရီးသြားလုပ္ငန္းအေျခအေနေၾကာင့္ ဟိုတယ္ရွိၿပီးသား ေတြေတာင္ အခန္းမငွားၾကရတဲ့အေျခအေနမွာ ဟိုတယ္အသစ္ေတြအဖို႔ကေတာ့ အေဟာသိကံပါပဲ။ တကယ္တမ္း ကမ္းေျခဟိုတယ္ဆိုတာကလည္း (၆)လေလာက္ ပိတ္ထားရၿပီး ဖြင့္ခါနီးမွ ျပန္ျပင္ဖြင့္ရတဲ့ အေျခအေနမ်ိဳးပါ။
ဒီလို ေတာင္ေပၚအိမ္ရာေတြ၊ ကမ္းေျခဟိုတယ္ေတြကို မိမိပိုင္ေငြေၾကးနဲ႔အျပည့္အဝ ဝယ္တယ္ ဆိုရင္ ျပႆနာမရွိေပမယ့္ဘဏ္ေခ်းေငြနဲ႔ ဝယ္တယ္ဆိုရင္ေတာ့ တိုင္းျပည္နစ္နာပါတယ္။ ဘာေၾကာင့္ လဲဆိုေတာ့ ႏိုင္ငံရဲ႕ကုန္ထုတ္လုပ္ေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဒီေငြေတြကိုမသုံးဘဲ၊ တိုင္းျပည္ အတြက္ အက်ိဳးမမ်ားေစတဲ့ေနရာေတြမွာ ဘဏ္ေခ်းေငြေတြကို သုံးေနၾကတာမို႔ပါ။ ၾကာလာလို႔ ဘဏ္တိုး ေၾကာင့္ အခက္အခဲ အက်ပ္အတည္းျဖစ္လာရင္လည္း ႏိုင္ငံေတာ္ကပဲ ေခါင္းကိုက္ရဦးမွာပါ။
တင္ဒါ/ပါမစ္
ေနာက္ထပ္တင္ျပခ်င္တာက ျမန္မာႏိုင္ငံမွာ လက္ရွိက်င့္သုံးေနတဲ့ တင္ဒါေပးမႈပုံစံပါ။ ျဖစ္ေန တာက ဌာနဆိုင္ရာတိုင္းက တင္ဒါေခၚတိုင္းေခၚတိုင္းမွာ အနိမ့္ဆုံးေဈးေပးၿပီး အျမင့္ဆုံးပစၥည္းကို လိုခ်င္ တဲ့ အယူအဆျဖစ္ေနတာကိုက ရလဒ္တိုင္းမွာ ေျပာင္းျပန္အခ်ိဳးက်ေစပါတယ္။
ေဈးကြက္ထဲက ေပါက္ေဈးအတိုင္းေဈးေပးၿပီး အေကာင္းဆုံးလုပ္ႏိုင္သူကို တင္ဒါေအာင္ေစတာ ထက္ တင္ခါေဈးထက္ ဘယ္ေလာက္ေလွ်ာ့မွဆိုတဲ့မူဝါဒကေတာ့ ရလဒ္ကို အဆိုးသံသရာေက်ာ့ေစၿပီး ပါသမွ်ေခ်း ပုစြန္ေခါင္းမွာစုဆိုသလိုမ်ိဳး ႏိုင္ငံေတာ္ ကပဲ ခဏခဏျပန္ျပင္ျပန္လုပ္ေနရတဲ့ အေျခအေနပဲ ျဖစ္ေနေစပါတယ္။ ျဖစ္သင့္တာကေတာ့ (၆)ႏွစ္ေလာက္သက္တမ္းရွိၿပီး က်င့္သုံးေနတဲ့ကိုယ္က အရင္ တင္ရင္ အရင္ရတယ္ဆိုတဲ့ Swiss Challenge လို လုပ္ထုံးလုပ္နည္းပါတဲ့ လုပ္စားေပါင္းစား႐ုံ သက္ သက္ျဖစ္ေနတဲ့ ၁/၂၀၁၇ လိုမ်ိဳးကို ဖ်က္သိမ္းသင့္ပါတယ္။ (ဒီ ၁/၂၀၁၇ နဲ႔ သၾကၤန္ပိတ္ရက္လိုမွာေတာင္ လက္သိပ္ထိုးတင္ဒါေခၚၿပီး လုပ္ငန္းရွင္ေတြအေနနဲ႔ မွ်တစြာၿပိဳင္ဆိုင္မႈမရွိေစတာမ်ိဳးေတြ ယခင္တုန္းက လက္ေတြ႕ရွိခဲ့ပါတယ္)
အစိုးရတိုင္းဟာ မိမိလက္ထက္မွာ စီမံကိန္းေတြကို ကိုယ္ယုံၾကည္ရာ လုပ္ငန္းရွင္၊ အစုအဖြဲ႕ ေတြကိုေပးၿပီး လုပ္ၾကတာဟာ ႏိုင္ငံေရးအရျဖစ္သင့္ေပမယ့္ ျမန္မာႏိုင္ငံမွာ ဒီထက္ပိုေကာင္းေအာင္ ျပည္တြင္းလုပ္ငန္းရွင္ေတြကို အစိုးရကဦးေဆာင္ၿပီး သက္ဆိုင္ရာ က႑အလိုက္ အမ်ားပိုင္ကုမၸဏီေတြ အျဖစ္ ျပဳစုပ်ိဳးေထာင္ ထိန္းေက်ာင္းတည္ေဆာက္ေပးၿပီး လုပ္ငန္းေတြခ်ေပးရင္ အစိုးရ၊ အလုပ္ရွင္၊ အလုပ္သမားအားလုံး တျပည့္တဝႀကီး အဆင္ေျပလာမယ့္အျပင္ အက်င့္ပ်က္လာဘ္စားမႈကိုပါ တားျမစ္ၿပီးသားျဖစ္မွာပါ။ ေရွ႕မွာလည္း ကိုရီးယားအစိုးရက ေဒဝူးတို႔၊ ဆမ္ေဆာင္းတို႔လိုမ်ိဳးကို အားေပးေမြးျမဴခဲ့တဲ့ ဥပမာ ရွိပါတယ္။
အခု ျမန္မာျပည္မွာျဖစ္ေနတာက အစိုးရက လိုအပ္တဲ့အေျခခံအေဆာက္အအုံျဖစ္တဲ့ ေဆး႐ုံ၊ ေက်ာင္း၊ လမ္း စတာေတြကို တင္ဒါေပးတဲ့အခါ ဌာန ကေန ကာလေပါက္ေဈးနဲ႔တြက္ခ်က္တာမ်ိဳး မရွိဘဲနဲ႔ ကုမၸဏီေတြကို တြက္ခ်က္တင္ပါဆိုၿပီးလုပ္တာဟာ မ်က္ကြယ္ဝယ္ရတဲ့ပစၥည္းတစ္ခုကို ေလွ်ာ့ေဈးေပးၿပီး ဝယ္မိတာေၾကာင့္ အရည္အေသြးမမွန္တဲ့ပစၥည္းကို ရလိုက္သလိုမ်ိဳးျဖစ္ေနတာပါ။ အလားတူပဲ ေနာက္ထပ္အႀကံျပဳခ်င္တာက ပါမစ္ကိစၥပါ။ ျမန္မာႏိုင္ငံဟာ စားဝတ္ေနေရးအတြက္ လိုအပ္တဲ့အေျခခံပစၥည္းကအစ အမ်ားစုကို ႏိုင္ငံျခားကေန တင္သြင္းေနရတာပါ။ တင္သြင္းတဲ့ပစၥည္း အမည္ေပါင္းမ်ားစြာထဲကမွ ႏိုင္ငံအတြက္ မျဖစ္မေနလိုအပ္တဲ့ ေဆးဝါး၊ စားေသာက္ကုန္၊ စက္မႈလက္မႈ ပစၥည္း၊ ေဆာက္လုပ္ေရးလုပ္ငန္း သုံးဆက္စပ္ပစၥည္းလိုမ်ိဳးေတြကိုေတာ့ တင္သြင္းသူကို ေသေသခ်ာခ်ာ စိစစ္ၿပီး စနစ္တက်တင္သြင္းႏိုင္ဖို႔နဲ႔ တခ်ိဳ႕ကို ပါမစ္မလိုဘဲနဲ႔ေတာင္တင္သြင္းႏိုင္ဖို႔ ခြင့္ျပဳသင့္ပါတယ္။ ဒါမွသာ ျပည္တြင္းထုတ္ကုန္ တိုးတက္ဖို႔ အားေပးရာေရာက္သလို မလိုအပ္ဘဲ အေသးအမႊားကအစ ျပည္ပကေနတင္သြင္းေနရတာကိုလည္း ကာကြယ္ရာေရာက္မွာပါ။
ေဒၚလာ
ႏိုင္ငံတိုင္းရဲ႕အစိုးရတိုင္းဟာ မိမိလက္ထက္မွာ ကုန္သြယ္ရာမွာ လိုေငြျပမွာကိုစိုးရိမ္ၾကတာ ဓမၼတာပါပဲ။
လက္ရွိ ျမန္မာႏိုင္ငံမွာလည္း ႏိုင္ငံျခားဝင္ေငြကို ရာခိုင္ႏႈန္းဆိုၿပီးသတ္မွတ္လိုက္တာ မွားတယ္ လို႔မဆိုလိုေပမယ့္ မွန္လည္းမမွန္ပါဘူး။ Shore Job ၊ Over sea Job ေတြလို ဝင္ေငြေတြအတြက္ သက္ေရာက္မႈနည္းေပမယ့္ အၿမဲ Export လုပ္ေနသူေတြအတြက္ကေတာ့ ေငြေၾကးလည္ပတ္မႈမွာ ေတာ္ေတာ္အခက္ေတြ႕ေစပါတယ္။ လုပ္ငန္းရွင္ေတြဟာ သူတို႔ရဲ႕စီးပြားေရး ေငြေပး၊ ေငြယူ လုပ္ငန္း စဥ္ေတြကို (၃)လ၊ (၆) လ ႀကိဳတင္စီစဥ္မႈေတြနဲ႔လည္း ျပဳလုပ္ေနၾကတာမို႔လို႔ ဒီသတ္မွတ္ခ်က္ကေတာ့ အေတာ့္ကို ကသီလင္တ ျဖစ္ခဲ့ရပါတယ္။ ဒါေၾကာင့္ ရာခိုင္ႏႈန္းနဲ႔ ဗဟိုဘဏ္ေပါက္ေဈးနဲ႔ဝယ္ယူခဲ့တာ ဟာ ကာလတစ္ခုအထိ ေရာက္ခဲ့ၿပီးျဖစ္တဲ့အတြက္ ေျဖေလွ်ာ့ေပးသင့္ပါၿပီလို႔ ဆႏၵျပဳခ်င္ပါတယ္။ ႏိုင္ငံ ျခားေငြ ပိုေငြျပခ်င္တယ္ (သို႔) ႏိုင္ငံအတြင္း ႏိုင္ငံျခားေငြ စီးဝင္လာခ်င္ရင္ ေဆာက္လုပ္ေရးက႑ကို အထူးျမႇင့္တင္ေပးရမွာပါ။ အထပ္ျမင့္ေဆာက္လုပ္တာေတြကို မူဝါဒအရေရာ၊ လုပ္ထုံးလုပ္နည္းအရေရာ သက္ဆိုင္ရာက ကူညီေပးဖို႔လိုပါတယ္။ လက္ရွိ ျပည္တြင္းမွာ ႏိုင္ငံျခားသားကိုေရာင္းႏိုင္တဲ့ ကြန္ဒိုခန္း ေတြအျပင္ လာမယ့္အနာဂတ္အခင္းအက်င္းအတြက္လည္း ကြန္ဒိုလိုအခန္းေတြ ႀကိဳျပင္ရမွာပါ။
ဒါ့ျပင္ အလုပ္မျဖစ္တဲ့ ႏိုင္ငံျခားသားကြန္ဒိုဝယ္ရင္ ေပးရမယ့္အခြန္ (၃၀)ရာခိုင္ႏႈန္းဆိုတာကို လည္း ျပန္လည္ျပင္ဆင္သင့္ပါတယ္။ Long Stay Visa ကိုလည္း ႏွစ္ရွည္ (၅)ႏွစ္ကေန (၁၀)ႏွစ္အတြင္း ေပးသင့္ပါတယ္။ ၿပီးေတာ့ ႏိုင္ငံျခားသားေတြကို တရားဝင္ကြန္ဒိုကလြဲရင္ တျခားအိမ္ေတြမွာမေနဖို႔ တားျမစ္ေပးရပါမယ္။ ကြန္ဒိုေဈးကြက္က B.O.T အေရာင္းေတြကိုလည္း တားျမစ္ဖို႔အေရးႀကီးပါတယ္။
ကြန္ဒိုကို ႏိုင္ငံျခားသားေတြကို ေရာင္းတယ္ဆိုတာ အခ်ိန္တန္ရင္ ေျမကိုႏိုင္ငံေတာ္ကပဲ ပိုင္တာ မို႔လို႔ တိုင္းျပည္မနစ္နာသလို ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ (ကြန္ဒိုဝယ္ျခင္း၊ ျပည္တြင္း၌ လုပ္ငန္းလုပ္ေဆာင္ ျခင္းကိုပါ ျဖစ္ေစၿပီး တိုင္းျပည္အတြက္ ႏိုင္ငံျခားေငြကို အလ်င္ျမန္ဆုံးဝင္ႏိုင္တဲ့ အေၾကာင္းအရင္း တစ္ခု ျဖစ္ပါတယ္။
ဒီေဆာင္းပါးမွာ ေရးသားခဲ့တာေတြကေတာ့ ႏိုင္ငံေတာ္ရဲ႕စီးပြားေရးက႑မွာ ေရတိုအျဖစ္ ခ်က္ ခ်င္း အေကာင္အထည္ေဖာ္လို႔ရမယ့္အေၾကာင္းအရာေတြျဖစ္ၿပီး နိဂုံးခ်ဳပ္အေနနဲ႔ စာေရးသူတို႔စိတ္ထဲမွာ ဒြိဟျဖစ္ေနတဲ့မူဝါဒတခ်ိဳ႕ကိုေတာ့ ေထာက္ျပတင္ျပပါရေစ။
အခု EV ကားဆိုၿပီး တင္သြင္းခြင့္ျပဳ၊ အားသြင္း စေတရွင္ေတြေဆာက္တဲ့ကိစၥပါ။
စာေရးသူတို႔ နားလည္တာကေတာ့ လက္ရွိျပည္တြင္းသုံးစြဲေနတဲ့ေမာ္တင္ယာဥ္ေတြရဲ႕ ေလာင္စာ ဆီ သုံးစြဲမႈကို ေလွ်ာ့ခ်ေစခ်င္လို႔၊ သဘာဝပတ္ဝန္းက်င္ကို ပိုမိုေကာင္းမြန္လာေစဖို႔ဆိုတဲ့ဆႏၵနဲ႔ ေဖာ္ ေဆာင္တယ္ လို႔ျမင္မိပါတယ္။
ဒီအေၾကာင္းအရာနဲ႔ပတ္သက္လို႔ အထက္မွာ ေျပာခဲ့သလိုပဲ။ စာေရးသူတို႔ ဒြိဟျဖစ္ေနတဲ့ အခ်က္ကေတာ့-
၁။ စာေရးသူတို႔တိုင္းျပည္မွာ EV ကား တကယ္ လိုၿပီလား၊
၂။ လိုရင္ေကာ သူတို႔အတြက္ အေျခခံအေဆာက္အအုံ ျပည့္စုံႏိုင္မလား၊
၃။ EV ကားေၾကာင့္ သဘာဝပတ္ဝန္းက်င္ ပ်က္စီး မႈကို တကယ္ေလွ်ာ့ခ်ႏိုင္မလား၊
၄။ ႏိုင္ငံေတာ္အတြက္ စီးပြားေရးအရ ဘယ္လိုအက်ိဳးအျမတ္ရမလဲဆိုတဲ့ အခ်က္ေတြပါပဲ။
ေက်းလက္ကိုမတြက္ဘဲ ရန္ကုန္လိုၿမိဳ႕ျပမွာတင္ ကိုယ္ပိုင္ကားစီးႏိုင္သူအေရအတြက္နဲ႔ လိုင္း ကားစီးရသူအေရအတြက္ကိုၾကည့္ရင္ ဒီ EV ကားေတြက ဘယ္သူ႔အတြက္ရည္႐ြယ္သြင္းသလဲဆိုတာ စဥ္းစားရခက္ပါတယ္။
အခုစက္မႈဇုန္ေတြကိုေတာင္ စက္သုံးဆီနဲ႔လည္ ခိုင္းေနရတဲ့အေျခအေနမွာ EV ကားေတြရဲ႕ Charging Station အတြက္ လွ်ပ္စစ္က ဘယ္လိုေပးမွာလဲရယ္ EV ကားကေလွ်ာ့ခ်တဲ့ ကာဗြန္ပမာဏ ရယ္ စက္မႈဇုန္က ေလာင္စာဆီေတြကထြက္ေနတဲ့ ကာဗြန္ပမာဏရယ္က တကယ္အလုပ္ျဖစ္ရဲ႕လား သိခ်င္မိပါတယ္။
EV ကားေတြသြင္းရင္ အခြန္က “သုည” ၊ တစ္စီး ကို ေဒၚလာႏွစ္ေသာင္းႏွင့္အထက္ဆိုေတာ့ ငါးစီးသြင္းရင္ ေဒၚလာတစ္သိန္းေက်ာ္ ႏိုင္ငံျခားေငြ တိုင္းျပည္ကထြက္သြားမွာ၊ ဒီေငြေတြကို ျပည္တြင္း ကုန္ထုတ္လုပ္ငန္းေတြလုပ္ႏိုင္ခဲ့ရင္ ႏိုင္ငံသားေတြလည္း အလုပ္ရ၊ ႏိုင္ငံေတာ္လည္း အခြန္ရဆိုတဲ့ ဒြိဟ အေတြးေတြနဲ႔ပဲ ဝဲလည္ေနမိပါတယ္။ ။
အခ်ဳပ္ဆိုရရင္ စားေရးသူတို႔တိုင္းျပည္မွာ အဓိက လိုအပ္ေနတာ ျပည္သူ၊ ျပည္သားေတြရဲ႕ ေကာင္းမြန္စြာစားေသာက္ေရး (အာဟာရျပည့္ဝစြာ)၊ ေကာင္းမြန္စြာေနထိုင္ေနေရး (ေသနတ္သံ၊ ဗုံးသံ ေတြရဲ႕အေဝးမွာ)ျဖစ္ပါတယ္။ အလုပ္အကိုင္ေကာင္းၿပီး စားဝတ္ေနေရးအဆင္ေျပေနရင္ တိုင္းျပည္ကို ဘယ္သူပဲအုပ္ခ်ဳပ္ပါေစ၊ ႏိုင္ငံသားေတြက အမႈလုပ္မွာမဟုတ္ပါဘူး။ သို႔ပါေသာေၾကာင့္ တိုင္းျပည္ကိုအုပ္ ခ်ဳပ္မင္းလုပ္သူ လူႀကီးမ်ားအေနျဖင့္-
အဓိပတိပစၥေယာ = အႀကီးအမႉးျဖစ္၍ ေက်းဇူးျဖစ္တတ္ေသာ တရား၊
သဟဇာတပစၥေယာ = အတူတကြျဖစ္၍ ေက်းဇူးျဖစ္တတ္ေသာ တရား၊
အညမညပစၥေယာ = အခ်င္းခ်င္း အျပန္အလွန္ ေက်းဇူးျဖစ္တတ္ေသာ တရား၊
ဥပနိႆယပစၥေယာ = အားႀကီးေသာအေၾကာင္းျဖစ္၍ ေက်းဇူးျဖစ္တတ္ေသာ တရား၊
ဣျႏၵိယ ပစၥေယာ = အစိုးရျဖစ္၍ ေက်းဇူးျဖစ္တတ္ေသာ တရားတို႔ကို မင္း၊ သူေဌး၊ ကုန္သည္ ႏွင့္ လုပ္သားပါမက်န္ အတူတကြ စုေပါင္းက်င့္ႀကံ ႀကိဳးကုတ္အားထုတ္ႏိုင္ပါရန္ ေစာင္မေပးေစလိုပါ ေၾကာင္း တိုင္းျပည္ႏွင့္ လူမ်ိဳးမ်ားအေပၚ ေစတနာအရင္းခံျဖင့္ ေရးသားလိုက္ရပါတယ္။

Related news

© 2021. All rights reserved.