ပေါ်တူဂီမြို့တော် လစ္စဘွန် အကြောင်း

 205

Pika (NP News) - ဖေဖော်ဝါရီ ၇

လစ္စဘွန်းမြို့သည် ပေါ်တူဂီနိုင်ငံ၏ မြို့တော် နှင့် နိုင်ငံတွင်းတွင် အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ချစ်စရာကောင်းသောရပ်ကွက်ဟောင်းများ၊ ရောင်စုံဗိသု ကာပညာများ၊ ခေတ်ဟောင်းရထားများ၊ အရသာရှိသောအစားအစာများနှင့် ကြွယ်ဝသောသမိုင်းကြောင်းများကြောင့် နာမည်ကျော်ကြားသည်။ (၂၀၂၃)ခုနှစ်အထိ လစ္စဘွန်းမြို့တွင်နေထိုင်သောလူဦးရေမှာ (၅၆၇၁၃၁)ဦးရှိပြီး ၎င်း၏မြို့ပြဧရိယာအတွင်းတွင် နေထိုင်သောလူဦးရေမှာ (၂၉၆၁၁၇၇) ဦးရှိကြောင်း သိရသည်။ လစ္စဘွန်းမြို့သည် အိုက်စလန်နိုင်ငံ Reykjavik မြို့ပြီးလျှင် ဥရောပတိုက်တွင် ဒုတိယမြောက် အနောက်ဘက်အကျဆုံး မြို့တစ်မြို့ဖြစ်ပြီး အတ္တလန္တိတ်ကမ်းရိုးတန်းတစ်လျှောက်တည်ရှိ‌သော တစ်ခုတည်းသော မြို့တစ်မြို့ဖြစ်သည်။ လစ္စဘွန်း မြို့သည် Tagus မြို့ မြောက်ဘက်ကမ်း Iberian ကျွန်းဆွယ်၏အနောက်ဘက်ခြမ်းတွင်တည်ရှိကြောင်း လည်းသိရသည်။ လစ္စဘွန်းမြို့၏ Portuguese Riviera ကမ်းရိုးတန်းဒေသသည် Cabo da Rocatil တွင် အဆုံးသတ်သွားပြီး ဥရောပတိုက်၏ အနောက်ဘက်အကျဆုံးနေရာတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် လစ္စဘွန်းမြို့သည် ကမ္ဘာ့ရှေးအကျဆုံးမြို့များထဲမှတစ်မြို့ဖြစ်ပြီး ဂရိနိုင်ငံ အေသင်မြို့ပြီးလျှင် ဥရောပတိုက်၏ ဒုတိယမြောက် ရှေးအကျဆုံးမြို့တစ်မြို့ ဖြစ်ကြောင်းလည်းသိရသည်။

လစ္စဘွန်းမြို့ကို ဆဲလ်တစ်လူမျိုးစုခေတ်မတိုင်မီက စတင်အခြေချနေထိုင်ခဲ့ပြီးနောက်ပိုင်းတွင် ဖီးနစ်လူမျိုးများက တည်ထောင်ကာ ရောမအာဏာရှင်ဟောင်း ဂျူးလိယက်စ်ဆီဆာက Felicitas Julia ဟုခေါ်သော မြူနီစီ ပယ်အဖြစ် စတင်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရောမအင်ပါယာကျဆုံးသွားပြီး‌နောက် လစ္စဘွန်း မြို့ကို (၅)ရာစုမှစတင်ပြီး ဂျာမန်လူမျိုးစုများ အထူးသဖြင့် Visigothsလူမျိုးများက ဆက်တိုက်အုပ်ချုပ်ခဲ့ ကြောင်းသိရသည်။ ထို့ နောက် (၈)ရာစုနှစ်နှောင်းပိုင်းတွင် Moors လူမျိုးများက သိမ်းပိုက်ခဲ့ကြောင်း လည်းသိရသည်။ (၁၁၄၇)ခုနှစ်တွင် ပေါ်တူဂီဘုရင်‌ဟောင်း Afonso Henriquesonf သည် လစ္စဘွန်းမြို့ ကိုသိမ်းပိုက်ခဲ့ပြီး (၁၂၅၅)ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ၏ မြို့တော်ဖြစ်လာခဲ့ကာ Coimbra မြို့တော်နေရာ တွင် အစားထိုးခဲ့ကြောင်းလည်းသိရသည်။ အဆိုပါအချိန်မှစတင်ပြီး လစ္စဘွန်းမြို့သည် ပေါ်တူဂီနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်လာခဲ့ကြောင်းသိရသည်။‌ ပေါ်တူဂီနိုင်ငံ၏ နိုင်ငံရေးအချက်အချာနေရာတစ်ခုဖြစ်သော လစ္စဘွန်းမြို့သည် အစိုးရ၊ အမျိုးသားလွှတ်တော်၊ တရားလွှတ်တော်ချုပ်၊ စစ်တပ်နှင့် နိုင်ငံတော်အကြီးအကဲတို့၏ နေအိမ်များလည်းတည်ရှိကြောင်း သိရသည်။ ထို့ပြင် လစ္စဘွန်းမြို့သည် မြို့တွင်းတွင်နေထိုင်သော နိုင်ငံပေါင်း(၈၆)နိုင်ငံမှ သံတမန်များအပြင် ထိုင်ဝမ်နှင့် ပါ လက်စတိုင်းတို့မှ ကိုယ်စားလှယ်များဖြင့် ပေါ်တူဂီနိုင်ငံ သံတမန် ဆက်ဆံရေး၏ အချက်အချာနေရာတစ်ခု လည်းဖြစ်သည်။ လစ္စဘွန်းမြို့ပြဧရိယာတွင် လူဦးရေ (၂ ဒသမ ၉၆)သန်းနေထိုင်ပြီး” ဘာစီလိုနာနှင့် မက်ဒရစ်မြို့တို့ပြီးလျှင် Iberian ကျွန်းဆွယ်တွင် တတိယမြောက် အကြီးဆုံး မြို့ပြဧရိယာတစ်ခုဖြစ်ကြောင်းသိ ရသည်။ ထို့ပြင် လစ္စဘွန်းမြို့ပြဧရိယာသည် ဥရောပ သမဂ္ဂ တွင် (၁၀)ခုမြောက် လူဦးရေအထူထပ်ဆုံး မြို့ပြဧရိယာတစ်ခုဖြစ်ပြီး ပေါ်တူဂီနိုင်ငံ စုစုပေါင်းလူဦးရေ၏ (၂၈)ရာခိုင်နှုန်းခန့်နေထိုင်ကြောင်းသိရသည်။ လစ္စဘွန်းမြို့သည် ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဖက်ရှင်၊ မီဒီယာ၊ ဖျော်ဖြေရေး၊ အနုပညာ၊ နိုင်ငံတကာ ကုန်သွယ်မှု၊ ပညာရေးနှင့် ခရီးသွားလာရေးတို့ တွင် အရေးကြီးဖြစ်သောကြောင့် အယ်လ်ဖာအဆင့် ကမ္ဘာလုံးဆိုင်ရာမြို့တစ်မြို့အဖြစ် အသိအမှတ်ပြုခံ ထားရသည့်မြို့လည်းဖြစ်သည်။

ထို့ပြင် လစ္စဘွန်းမြို့သည် ပေါ်တိုမြို့နှင့်အတူ ကမ္ဘာလုံးဆိုင်ရာမြို့အဖြစ် သတ်မှတ်ခံထားရသည့်ပေါ်တူဂီနိုင်ငံ၏ မြို့နှစ်မြို့ ဖြစ်ပြီး Global (၂၀ဝဝ)ကုမ္ပဏီများထဲတွင်ပါဝင်သော ကုမ္ပဏီကြီးသုံးခုဖြစ်သည့် EDP Group ၊ Galp Energia နှင့် Jerónimo Martins ကုမ္ပဏီတို့ ၏ နေအိမ် လည်းဖြစ်သည်။ လစ္စဘွန်းမြို့သည် ဥရောပတိုက်၏ အဓိကစီးပွားရေးအချက်အချာနေရာများထဲမှတစ်ခု ဖြစ်ပြီး ကြီးထွားလာသော ဘဏ္ဍာရေးကဏ္ဍနှင့် ကမ္ဘာပေါ်တွင် အကြွေးနှင့် ရန်ပုံငွေစာရင်းများအတွက် အကြီးဆုံးစင်တာဖြစ်သည့် Euronext ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းလည်း သိရသည်။ လစ္စဘွန်း ဒေသသည် ပေါ်တူဂီနိုင်ငံတွင်းရှိ အခြားဒေသများအားလုံးထက် တစ်ဦးချင်းဂျီဒီပီ အမြင့်ဆုံးရှိပြီး ၎င်း၏ ဂျီဒီပီမှာ အမေရိကန်‌ဒေါ်လာ (၁၇၉)ဘီလျံရှိကာ တစ်ဦးချင်း ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ (၆၁၇၁၃)ဒေါ် လာရှိကြောင်းသိရသည်။ ထို့ပြင် လစ္စဘွန်းမြို့သည် မီလျံနာ (၂၁၀ဝဝ)နီးပါးနှင့်အတူ ကမ္ဘာပေါ်တွင် စုစု‌ပေါင်းဝင်ငွေအများဆုံး အဆင့်(၄၀)နေရာတွင်တည် ရှိပြီး မီလျံနာအရေအတွက်အလိုက် အဆင့်(၁၁) နေရာတွင်တည်ရှိသည့် ဥရောပမြို့တစ်မြို့ဖြစ်ကာ ဘီလျံနာအရေအတွက်အလိုက် အဆင့်(၁၄)နေရာ တွင်တည်ရှိသည့် ဥရောပမြို့တစ်မြို့ဖြစ်ကြောင်းသိရသည်။ ပေါ်တူဂီနိုင်ငံရှိ နိုင်ငံစုံကော်ပိုရေးရှင်းများ၏ ရုံးချုပ်အများစုသည် လစ်စဘွန်းဒေသတွင် အခြေစိုက်ကြကြောင်းလည်း သိရသည်။

လစ္စဘွန်းဒေသသည် ပေါ်တူဂီနိုင်ငံ၏ အချမ်းသာဆုံးဒေသတစ်ခုဖြစ်ပြီး တစ်ဦးချင်းဂျီဒီပီမှာ ယူရို (၄၀ဝဝဝ)နီးပါးရှိကာ ဥရောပသမဂ္ဂ၏ ပျမ်းမျှတစ်ဦး ချင်းဂျီဒီပီထက် သာလွန်ကာ (၂၀၂၃)ခုနှစ်တွင် ပေါ် တူဂီနိုင်ငံ စုစုပေါင်းဂျီဒီပီ၏ (၃၁)ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်းသိရသည်။ လစ္စဘွန်း ဒေသ၏တစ်ဦးချင်းဂျီဒီပီသည် (၂၀ဝ၄)ခုနှစ် (၂၂၇၄၅) ယူရို၊ (၂၀ဝ၅)ခုနှစ်တွင် (၂၃၈၁၆) ယူရို၊ (၂၀ဝ၆) ခုနှစ် (၂၅၂၀ဝ)ယူရို၊(၂၀ဝ၇)ခုနှစ်တွင် (၂၆၁၀ဝ) ယူရိုတို့ဖြင့် လျင်မြန်စွာကြီးထွားလာသည့် ဒေသတစ်ခု ဖြစ်ကြောင်းလည်းသိရသည်။ လစ္စဘွန်းမြို့ပြဧရိယာ၏ ဂျီဒီပီသည် အမေရိကန်ဒေါ်လာ(၁၁၀ ဒသမ ၄) ဘီလျံရှိပြီး တစ်ဦးချင်းဂျီဒီပီမှာ အမေရိကန်ဒေါ်လာ (၃၂၄၃၄)ဒေါ်လာရှိကြောင်းသိရသည်။ လစ္စဘွန်းမြို့ ၏စီးပွားရေးသည် အဆင့်မြင့်ကဏ္ဍအပေါ် အခြေခံထားပြီး ပေါ်တူဂီတွင် လည်ပတ်နေသည့်နိုင်ငံ‌ပေါင်း စုံ၏ ဌာနချုပ်အများစုသည် Grande Lisboa ဒေသခွဲ အထူးသဖြင့် Oeiras မြူနီစီပယ်တွင် အခြေ စိုက်ကြသည်။ လစ္စဘွန်းမြို့ပြဧရိယာသည် အထူးသဖြင့် Tagus မြစ်၏ တောင်ဘက်ကမ်းရှိ ကြီးမား‌ သောစက်မှုလုပ်ငန်းနေရာတစ်ခုဖြစ်ပြီး lisbonite စက်မှုလုပ်ငန်းသည် ရေနံနှင့်ပတ်သက်ပြီး အလွန် ကြီးမား‌သော ကဏ္ဍများရှိကြောင်းလည်း သိရသည်။ Iberian ကျွန်းဆွယ် လစ္စဘွန်းမြို့တွင် အကြီးဆုံးနှင့် အဆန်းပြားဆုံး ဒေသဆိုင်ရာဈေးကွက်များပါဝင်သော နိုင်ငံ ၏ အဓိကဆိပ်ကမ်းနှင့် ၎င်း၏လူနေထူထပ်သော ပတ်ဝန်းကျင်များသည် အရေးကြီးသော ဘဏ္ဍာရေးအချက်အချာနေရာနှင့် တက်ကြွသော နည်းပညာဆိုင်ရာ အချက်အချာနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်နေပြီလည်းဖြစ်သည်။

ထို့ပြင် မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီများသည် လစ္စဘွန်းမြို့၏ ဆင်ခြေဖုံးရပ်ကွက်များတွင် စက်ရုံများတည် ထောင် ထားပြီဖြစ်ကြောင်းလည်းသိရသည်။ လစ္စဘွန်းမြို့တွင် ပေါ်တူဂီ နိုင်ငံ၏ အကြီးဆုံးနှင့်အဖွံ့ဖြိုးဆုံးလူထုမီဒီယာကဏ္ဍ ရှိပြီး ထိပ်တန်းရုပ်မြင်သံကြားကွန်ရက်များနှင့် ရေဒီယို အသံလွှင့်ဌာနများမှ အဓိက သတင်းစာများအထိ ဆက်စပ်ကုမ္ပဏီအများအပြား၏ နေအိမ်တစ်ခုလည်းဖြစ်သည်။ လစ္စဘွန်း မြို့တွင်အခြေစိုက်သော Euronext Lisbon သည် စတော့အိတ်ချိန်းများနှင့် ဈေးကွက် အခြေခံ အ ဆောက်အအုံများ၏ pan-European Euronext စနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် စတော့အိတ်ချိန်း တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ သို့သော်လည်း လစ္စဘွန်းမြို့သည် ဥရောပ သမဂ္ဂအတွင်းတွင် လုပ်ခလစာအနည်းဆုံး နှင့် ဝယ်ယူမှုစွမ်းအားအချို့ရှိသည့် ဥရောပမြို့တော်ဖြစ်နေဆဲ ဖြစ်သည်။ လစ္စ ဘွန်းမြို့ရှိ စွမ်းအင်၊ လျှပ်စစ်၊ ဓာတ်ငွေ့နှင့် လောင်စာဆီအပြင် စူပါမားကက်များနှင့် အိမ်ရာများ သည် ဥရောပရှိ အချမ်းသာဆုံးနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် ဈေးအကြီးဆုံး ဖြစ်နေဆဲဖြစ်ကြောင်း သိရ သည်။ အမြင့်ဆုံးနှင့် အနိမ့်ဆုံးလုပ်ခလစာအကြား ကွာဟမှုသည် ယူရိုဇုန်အတွင်း အကြီးမားဆုံးဖြစ်ပြီး အနိမ့်ဆုံးလုပ်ခ လစာသည် တစ်နာရီလျှင် (၆-၇)ယူရိုအထိ နိမ့်နိုင် ကြောင်းလည်းသိရသည်။ အဆိုပါ အကြောင်းပြချက်များကြောင့် လစ္စဘွန်းမြို့သည် လူငယ်များ ပြည်ပသို့ထွက်ခွာမှုမြင့်မားသည့် မြို့ တစ်မြို့ဖြစ်ပြီး အများစုမှာ ပြင်သစ်၊ ဗြိတိန်၊ လူဇင်ဘတ်၊ ဆွစ်ဇာ လန်နှင့် ဘယ်လ်ဂျီယံတို့ကဲ့သို့သော ဥရောပနိုင်ငံများသို့ ထွက်ခွာသွားကြကြောင်းသိရသည်။ လူနေမှု ပုံစံမဂ္ဂဇင်း Monocle အရ (၂၀၂၁)ခုနှစ် တွင် လစ္စဘွန်းမြို့သည် ကမ္ဘာပေါ်တွင် (၇)ခုမြောက် နေထိုင်ရန်အသင့်လျော်ဆုံးမြို့တစ်မြို့ဖြစ်ခဲ့ ကြောင်းသိရသည်။ ခရီးသွားလုပ်ငန်းကဏ္ဍသည် လစ္စဘွန်းမြို့၏ အရေးပါသောလုပ်ငန်းတစ်ခုဖြစ်ပြီး အစ္စတန်ဘူလ်၊ ရောမ၊ ဘာစီလိုနာ၊ မီလန်၊ အေသင်၊ ဗင်းနစ်၊ မက်ဒရစ်နှင့် ဖလောရန့်မြို့တို့ပြီးလျှင် ဥရောပ တောင်ပိုင်းတွင် (၉)ခုမြောက် လာရောက်လည်ပတ်မှုအများဆုံးမြို့တစ်မြို့ဖြစ်ကြောင်းလည်း သိရသည်။ လစ္စဘွန်းမြို့သည် အပန်းဖြေမှုနှင့် စီးပွားရေး ခရီးသွားလုပ်ငန်းအတွက် ရေပန်းစားသည့် နေရာတစ်ခုဖြစ်ပြီး (၂၀၂၂)ခုနှစ်တစ်ခုတည်းတွင် ကမ္ဘာလှည့်ခ ရီးသွား(၇ ဒသမ ၇)သန်းခန့်သည် လစ္စဘွန်းဒေသသို့ လာရောက်လည်ပတ်ခဲ့ကာ (၇၁ ဒသမ ၁) ရာခိုင်နှုန်းမှာ နိုင်ငံတကာခရီးသွားများ ဖြစ်ကြောင်းသိရသည်။

zawgyi version
ေပၚတူဂီၿမိဳ႕ေတာ္ လစၥဘြန္ အေၾကာင္း
Pika (NP News) - ေဖေဖာ္ဝါရီ ၇

လစၥဘြန္းၿမိဳ႕သည္ ေပၚတူဂီႏိုင္ငံ၏ ၿမိဳ႕ေတာ္ ႏွင့္ ႏိုင္ငံတြင္းတြင္ အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ခ်စ္စရာေကာင္းေသာရပ္ကြက္ေဟာင္းမ်ား၊ ေရာင္စုံဗိသု ကာပညာမ်ား၊ ေခတ္ေဟာင္းရထားမ်ား၊ အရသာရွိေသာအစားအစာမ်ားႏွင့္ ႂကြယ္ဝေသာသမိုင္းေၾကာင္းမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ (၂၀၂၃)ခုႏွစ္အထိ လစၥဘြန္းၿမိဳ႕တြင္ေနထိုင္ေသာလူဦးေရမွာ (၅၆၇၁၃၁)ဦးရွိၿပီး ၎၏ၿမိဳ႕ျပဧရိယာအတြင္းတြင္ ေနထိုင္ေသာလူဦးေရမွာ (၂၉၆၁၁၇၇) ဦးရွိေၾကာင္း သိရသည္။ လစၥဘြန္းၿမိဳ႕သည္ အိုက္စလန္ႏိုင္ငံ Reykjavik ၿမိဳ႕ၿပီးလွ်င္ ဥေရာပတိုက္တြင္ ဒုတိယေျမာက္ အေနာက္ဘက္အက်ဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး အတၱလႏၲိတ္ကမ္း႐ိုးတန္းတစ္ေလွ်ာက္တည္ရွိ‌ေသာ တစ္ခုတည္းေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ လစၥဘြန္း ၿမိဳ႕သည္ Tagus ၿမိဳ႕ ေျမာက္ဘက္ကမ္း Iberian ကြၽန္းဆြယ္၏အေနာက္ဘက္ျခမ္းတြင္တည္ရွိေၾကာင္း လည္းသိရသည္။ လစၥဘြန္းၿမိဳ႕၏ Portuguese Riviera ကမ္း႐ိုးတန္းေဒသသည္ Cabo da Rocatil တြင္ အဆုံးသတ္သြားၿပီး ဥေရာပတိုက္၏ အေနာက္ဘက္အက်ဆုံးေနရာတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ လစၥဘြန္းၿမိဳ႕သည္ ကမာၻ႔ေရွးအက်ဆုံးၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕ျဖစ္ၿပီး ဂရိႏိုင္ငံ ေအသင္ၿမိဳ႕ၿပီးလွ်င္ ဥေရာပတိုက္၏ ဒုတိယေျမာက္ ေရွးအက်ဆုံးၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ေၾကာင္းလည္းသိရသည္။

လစၥဘြန္းၿမိဳ႕ကို ဆဲလ္တစ္လူမ်ိဳးစုေခတ္မတိုင္မီက စတင္အေျခခ်ေနထိုင္ခဲ့ၿပီးေနာက္ပိုင္းတြင္ ဖီးနစ္လူမ်ိဳးမ်ားက တည္ေထာင္ကာ ေရာမအာဏာရွင္ေဟာင္း ဂ်ဴးလိယက္စ္ဆီဆာက Felicitas Julia ဟုေခၚေသာ ျမဴနီစီ ပယ္အျဖစ္ စတင္ဖန္တီးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ေရာမအင္ပါယာက်ဆုံးသြားၿပီး‌ေနာက္ လစၥဘြန္း ၿမိဳ႕ကို (၅)ရာစုမွစတင္ၿပီး ဂ်ာမန္လူမ်ိဳးစုမ်ား အထူးသျဖင့္ Visigothsလူမ်ိဳးမ်ားက ဆက္တိုက္အုပ္ခ်ဳပ္ခဲ့ ေၾကာင္းသိရသည္။ ထို႔ ေနာက္ (၈)ရာစုႏွစ္ေႏွာင္းပိုင္းတြင္ Moors လူမ်ိဳးမ်ားက သိမ္းပိုက္ခဲ့ေၾကာင္း လည္းသိရသည္။ (၁၁၄၇)ခုႏွစ္တြင္ ေပၚတူဂီဘုရင္‌ေဟာင္း Afonso Henriquesonf သည္ လစၥဘြန္းၿမိဳ႕ ကိုသိမ္းပိုက္ခဲ့ၿပီး (၁၂၅၅)ခုႏွစ္တြင္ ေပၚတူဂီႏိုင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္လာခဲ့ကာ Coimbra ၿမိဳ႕ေတာ္ေနရာ တြင္ အစားထိုးခဲ့ေၾကာင္းလည္းသိရသည္။ အဆိုပါအခ်ိန္မွစတင္ၿပီး လစၥဘြန္းၿမိဳ႕သည္ ေပၚတူဂီႏိုင္ငံ၏ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ ယဥ္ေက်းမႈဆိုင္ရာ အခ်က္အခ်ာေနရာတစ္ခုျဖစ္လာခဲ့ေၾကာင္းသိရသည္။‌ ေပၚတူဂီႏိုင္ငံ၏ ႏိုင္ငံေရးအခ်က္အခ်ာေနရာတစ္ခုျဖစ္ေသာ လစၥဘြန္းၿမိဳ႕သည္ အစိုးရ၊ အမ်ိဳးသားလႊတ္ေတာ္၊ တရားလႊတ္ေတာ္ခ်ဳပ္၊ စစ္တပ္ႏွင့္ ႏိုင္ငံေတာ္အႀကီးအကဲတို႔၏ ေနအိမ္မ်ားလည္းတည္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ လစၥဘြန္းၿမိဳ႕သည္ ၿမိဳ႕တြင္းတြင္ေနထိုင္ေသာ ႏိုင္ငံေပါင္း(၈၆)ႏိုင္ငံမွ သံတမန္မ်ားအျပင္ ထိုင္ဝမ္ႏွင့္ ပါ လက္စတိုင္းတို႔မွ ကိုယ္စားလွယ္မ်ားျဖင့္ ေပၚတူဂီႏိုင္ငံ သံတမန္ ဆက္ဆံေရး၏ အခ်က္အခ်ာေနရာတစ္ခု လည္းျဖစ္သည္။ လစၥဘြန္းၿမိဳ႕ျပဧရိယာတြင္ လူဦးေရ (၂ ဒသမ ၉၆)သန္းေနထိုင္ၿပီး” ဘာစီလိုနာႏွင့္ မက္ဒရစ္ၿမိဳ႕တို႔ၿပီးလွ်င္ Iberian ကြၽန္းဆြယ္တြင္ တတိယေျမာက္ အႀကီးဆုံး ၿမိဳ႕ျပဧရိယာတစ္ခုျဖစ္ေၾကာင္းသိ ရသည္။ ထို႔ျပင္ လစၥဘြန္းၿမိဳ႕ျပဧရိယာသည္ ဥေရာပ သမဂၢ တြင္ (၁၀)ခုေျမာက္ လူဦးေရအထူထပ္ဆုံး ၿမိဳ႕ျပဧရိယာတစ္ခုျဖစ္ၿပီး ေပၚတူဂီႏိုင္ငံ စုစုေပါင္းလူဦးေရ၏ (၂၈)ရာခိုင္ႏႈန္းခန႔္ေနထိုင္ေၾကာင္းသိရသည္။ လစၥဘြန္းၿမိဳ႕သည္ ဘ႑ာေရး၊ ကူးသန္းေရာင္းဝယ္ေရး၊ ဖက္ရွင္၊ မီဒီယာ၊ ေဖ်ာ္ေျဖေရး၊ အႏုပညာ၊ ႏိုင္ငံတကာ ကုန္သြယ္မႈ၊ ပညာေရးႏွင့္ ခရီးသြားလာေရးတို႔ တြင္ အေရးႀကီးျဖစ္ေသာေၾကာင့္ အယ္လ္ဖာအဆင့္ ကမာၻလုံးဆိုင္ရာၿမိဳ႕တစ္ၿမိဳ႕အျဖစ္ အသိအမွတ္ျပဳခံ ထားရသည့္ၿမိဳ႕လည္းျဖစ္သည္။

ထို႔ျပင္ လစၥဘြန္းၿမိဳ႕သည္ ေပၚတိုၿမိဳ႕ႏွင့္အတူ ကမာၻလုံးဆိုင္ရာၿမိဳ႕အျဖစ္ သတ္မွတ္ခံထားရသည့္ေပၚတူဂီႏိုင္ငံ၏ ၿမိဳ႕ႏွစ္ၿမိဳ႕ ျဖစ္ၿပီး Global (၂၀ဝဝ)ကုမၸဏီမ်ားထဲတြင္ပါဝင္ေသာ ကုမၸဏီႀကီးသုံးခုျဖစ္သည့္ EDP Group ၊ Galp Energia ႏွင့္ Jerónimo Martins ကုမၸဏီတို႔ ၏ ေနအိမ္ လည္းျဖစ္သည္။ လစၥဘြန္းၿမိဳ႕သည္ ဥေရာပတိုက္၏ အဓိကစီးပြားေရးအခ်က္အခ်ာေနရာမ်ားထဲမွတစ္ခု ျဖစ္ၿပီး ႀကီးထြားလာေသာ ဘ႑ာေရးက႑ႏွင့္ ကမာၻေပၚတြင္ အေႂကြးႏွင့္ ရန္ပုံေငြစာရင္းမ်ားအတြက္ အႀကီးဆုံးစင္တာျဖစ္သည့္ Euronext ၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္းလည္း သိရသည္။ လစၥဘြန္း ေဒသသည္ ေပၚတူဂီႏိုင္ငံတြင္းရွိ အျခားေဒသမ်ားအားလုံးထက္ တစ္ဦးခ်င္းဂ်ီဒီပီ အျမင့္ဆုံးရွိၿပီး ၎၏ ဂ်ီဒီပီမွာ အေမရိကန္‌ေဒၚလာ (၁၇၉)ဘီလ်ံရွိကာ တစ္ဦးခ်င္း ဂ်ီဒီပီမွာ အေမရိကန္ေဒၚလာ (၆၁၇၁၃)ေဒၚ လာရွိေၾကာင္းသိရသည္။ ထို႔ျပင္ လစၥဘြန္းၿမိဳ႕သည္ မီလ်ံနာ (၂၁၀ဝဝ)နီးပါးႏွင့္အတူ ကမာၻေပၚတြင္ စုစု‌ေပါင္းဝင္ေငြအမ်ားဆုံး အဆင့္(၄၀)ေနရာတြင္တည္ ရွိၿပီး မီလ်ံနာအေရအတြက္အလိုက္ အဆင့္(၁၁) ေနရာတြင္တည္ရွိသည့္ ဥေရာပၿမိဳ႕တစ္ၿမိဳ႕ျဖစ္ကာ ဘီလ်ံနာအေရအတြက္အလိုက္ အဆင့္(၁၄)ေနရာ တြင္တည္ရွိသည့္ ဥေရာပၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းသိရသည္။ ေပၚတူဂီႏိုင္ငံရွိ ႏိုင္ငံစုံေကာ္ပိုေရးရွင္းမ်ား၏ ႐ုံးခ်ဳပ္အမ်ားစုသည္ လစ္စဘြန္းေဒသတြင္ အေျခစိုက္ၾကေၾကာင္းလည္း သိရသည္။

လစၥဘြန္းေဒသသည္ ေပၚတူဂီႏိုင္ငံ၏ အခ်မ္းသာဆုံးေဒသတစ္ခုျဖစ္ၿပီး တစ္ဦးခ်င္းဂ်ီဒီပီမွာ ယူ႐ို (၄၀ဝဝဝ)နီးပါးရွိကာ ဥေရာပသမဂၢ၏ ပ်မ္းမွ်တစ္ဦး ခ်င္းဂ်ီဒီပီထက္ သာလြန္ကာ (၂၀၂၃)ခုႏွစ္တြင္ ေပၚ တူဂီႏိုင္ငံ စုစုေပါင္းဂ်ီဒီပီ၏ (၃၁)ရာခိုင္ႏႈန္းေက်ာ္ကို ထုတ္လုပ္ေပးႏိုင္ခဲ့ေၾကာင္းသိရသည္။ လစၥဘြန္း ေဒသ၏တစ္ဦးခ်င္းဂ်ီဒီပီသည္ (၂၀ဝ၄)ခုႏွစ္ (၂၂၇၄၅) ယူ႐ို၊ (၂၀ဝ၅)ခုႏွစ္တြင္ (၂၃၈၁၆) ယူ႐ို၊ (၂၀ဝ၆) ခုႏွစ္ (၂၅၂၀ဝ)ယူ႐ို၊(၂၀ဝ၇)ခုႏွစ္တြင္ (၂၆၁၀ဝ) ယူ႐ိုတို႔ျဖင့္ လ်င္ျမန္စြာႀကီးထြားလာသည့္ ေဒသတစ္ခု ျဖစ္ေၾကာင္းလည္းသိရသည္။ လစၥဘြန္းၿမိဳ႕ျပဧရိယာ၏ ဂ်ီဒီပီသည္ အေမရိကန္ေဒၚလာ(၁၁၀ ဒသမ ၄) ဘီလ်ံရွိၿပီး တစ္ဦးခ်င္းဂ်ီဒီပီမွာ အေမရိကန္ေဒၚလာ (၃၂၄၃၄)ေဒၚလာရွိေၾကာင္းသိရသည္။ လစၥဘြန္းၿမိဳ႕ ၏စီးပြားေရးသည္ အဆင့္ျမင့္က႑အေပၚ အေျခခံထားၿပီး ေပၚတူဂီတြင္ လည္ပတ္ေနသည့္ႏိုင္ငံ‌ေပါင္း စုံ၏ ဌာနခ်ဳပ္အမ်ားစုသည္ Grande Lisboa ေဒသခြဲ အထူးသျဖင့္ Oeiras ျမဴနီစီပယ္တြင္ အေျခ စိုက္ၾကသည္။ လစၥဘြန္းၿမိဳ႕ျပဧရိယာသည္ အထူးသျဖင့္ Tagus ျမစ္၏ ေတာင္ဘက္ကမ္းရွိ ႀကီးမား‌ ေသာစက္မႈလုပ္ငန္းေနရာတစ္ခုျဖစ္ၿပီး lisbonite စက္မႈလုပ္ငန္းသည္ ေရနံႏွင့္ပတ္သက္ၿပီး အလြန္ ႀကီးမား‌ေသာ က႑မ်ားရွိေၾကာင္းလည္း သိရသည္။ Iberian ကြၽန္းဆြယ္ လစၥဘြန္းၿမိဳ႕တြင္ အႀကီးဆုံးႏွင့္ အဆန္းျပားဆုံး ေဒသဆိုင္ရာေဈးကြက္မ်ားပါဝင္ေသာ ႏိုင္ငံ ၏ အဓိကဆိပ္ကမ္းႏွင့္ ၎၏လူေနထူထပ္ေသာ ပတ္ဝန္းက်င္မ်ားသည္ အေရးႀကီးေသာ ဘ႑ာေရးအခ်က္အခ်ာေနရာႏွင့္ တက္ႂကြေသာ နည္းပညာဆိုင္ရာ အခ်က္အခ်ာေနရာတစ္ခုအျဖစ္ ဖြံ႕ၿဖိဳးတိုးတက္ေနၿပီလည္းျဖစ္သည္။

ထို႔ျပင္ ေမာ္ေတာ္ကားထုတ္လုပ္သည့္ကုမၸဏီမ်ားသည္ လစၥဘြန္းၿမိဳ႕၏ ဆင္ေျခဖုံးရပ္ကြက္မ်ားတြင္ စက္႐ုံမ်ားတည္ ေထာင္ ထားၿပီျဖစ္ေၾကာင္းလည္းသိရသည္။ လစၥဘြန္းၿမိဳ႕တြင္ ေပၚတူဂီ ႏိုင္ငံ၏ အႀကီးဆုံးႏွင့္အဖြံ႕ၿဖိဳးဆုံးလူထုမီဒီယာက႑ ရွိၿပီး ထိပ္တန္း႐ုပ္ျမင္သံၾကားကြန္ရက္မ်ားႏွင့္ ေရဒီယို အသံလႊင့္ဌာနမ်ားမွ အဓိက သတင္းစာမ်ားအထိ ဆက္စပ္ကုမၸဏီအမ်ားအျပား၏ ေနအိမ္တစ္ခုလည္းျဖစ္သည္။ လစၥဘြန္း ၿမိဳ႕တြင္အေျခစိုက္ေသာ Euronext Lisbon သည္ စေတာ့အိတ္ခ်ိန္းမ်ားႏွင့္ ေဈးကြက္ အေျခခံ အ ေဆာက္အအုံမ်ား၏ pan-European Euronext စနစ္၏ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ စေတာ့အိတ္ခ်ိန္း တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း လစၥဘြန္းၿမိဳ႕သည္ ဥေရာပ သမဂၢအတြင္းတြင္ လုပ္ခလစာအနည္းဆုံး ႏွင့္ ဝယ္ယူမႈစြမ္းအားအခ်ိဳ႕ရွိသည့္ ဥေရာပၿမိဳ႕ေတာ္ျဖစ္ေနဆဲ ျဖစ္သည္။ လစၥ ဘြန္းၿမိဳ႕ရွိ စြမ္းအင္၊ လွ်ပ္စစ္၊ ဓာတ္ေငြ႕ႏွင့္ ေလာင္စာဆီအျပင္ စူပါမားကက္မ်ားႏွင့္ အိမ္ရာမ်ား သည္ ဥေရာပရွိ အခ်မ္းသာဆုံးႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ပင္ ေဈးအႀကီးဆုံး ျဖစ္ေနဆဲျဖစ္ေၾကာင္း သိရ သည္။ အျမင့္ဆုံးႏွင့္ အနိမ့္ဆုံးလုပ္ခလစာအၾကား ကြာဟမႈသည္ ယူ႐ိုဇုန္အတြင္း အႀကီးမားဆုံးျဖစ္ၿပီး အနိမ့္ဆုံးလုပ္ခ လစာသည္ တစ္နာရီလွ်င္ (၆-၇)ယူ႐ိုအထိ နိမ့္ႏိုင္ ေၾကာင္းလည္းသိရသည္။ အဆိုပါ အေၾကာင္းျပခ်က္မ်ားေၾကာင့္ လစၥဘြန္းၿမိဳ႕သည္ လူငယ္မ်ား ျပည္ပသို႔ထြက္ခြာမႈျမင့္မားသည့္ ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ၿပီး အမ်ားစုမွာ ျပင္သစ္၊ ၿဗိတိန္၊ လူဇင္ဘတ္၊ ဆြစ္ဇာ လန္ႏွင့္ ဘယ္လ္ဂ်ီယံတို႔ကဲ့သို႔ေသာ ဥေရာပႏိုင္ငံမ်ားသို႔ ထြက္ခြာသြားၾကေၾကာင္းသိရသည္။ လူေနမႈ ပုံစံမဂၢဇင္း Monocle အရ (၂၀၂၁)ခုႏွစ္ တြင္ လစၥဘြန္းၿမိဳ႕သည္ ကမာၻေပၚတြင္ (၇)ခုေျမာက္ ေနထိုင္ရန္အသင့္ေလ်ာ္ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ ေၾကာင္းသိရသည္။ ခရီးသြားလုပ္ငန္းက႑သည္ လစၥဘြန္းၿမိဳ႕၏ အေရးပါေသာလုပ္ငန္းတစ္ခုျဖစ္ၿပီး အစၥတန္ဘူလ္၊ ေရာမ၊ ဘာစီလိုနာ၊ မီလန္၊ ေအသင္၊ ဗင္းနစ္၊ မက္ဒရစ္ႏွင့္ ဖေလာရန႔္ၿမိဳ႕တို႔ၿပီးလွ်င္ ဥေရာပ ေတာင္ပိုင္းတြင္ (၉)ခုေျမာက္ လာေရာက္လည္ပတ္မႈအမ်ားဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္း သိရသည္။ လစၥဘြန္းၿမိဳ႕သည္ အပန္းေျဖမႈႏွင့္ စီးပြားေရး ခရီးသြားလုပ္ငန္းအတြက္ ေရပန္းစားသည့္ ေနရာတစ္ခုျဖစ္ၿပီး (၂၀၂၂)ခုႏွစ္တစ္ခုတည္းတြင္ ကမာၻလွည့္ခ ရီးသြား(၇ ဒသမ ၇)သန္းခန႔္သည္ လစၥဘြန္းေဒသသို႔ လာေရာက္လည္ပတ္ခဲ့ကာ (၇၁ ဒသမ ၁) ရာခိုင္ႏႈန္းမွာ ႏိုင္ငံတကာခရီးသြားမ်ား ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.