နျူကလီးယားတပ်ဖွဲ့တွေ ဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကတိပြု

 256

Pika (NP News) - ဖေဖော်ဝါရီ ၉

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဒေသတွင်းတင်းမာမှုတွေ တိုးမြင့်လာမှုအတွက် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး နျူကလီးယားတပ်ဖွဲ့တွေ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် တန်ပြန်အရေးယူမှုတွေကို ကတိပြုခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ရဲ့ နျူကလီးယား မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေ၊ လေ့ကျင့်မှုတွေနဲ့ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့အတူ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒေသတွင်းတွင် စစ်ရေးမညီမျှမှုကို ဖြစ်ပေါ်စေပြီး လုံခြုံရေးပတ်ဝန်းကျင်အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ကို မြင့်တက်လာစေတယ်လို့ ကင်ဂျုံအန်းကပြောကြားခဲ့ပါတယ်။ကင်ဂျုံအန်းက "မြောက်ကိုရီးယားဟာ ဒေသတွင်းတင်းမာမှုတွေကို မလိုလားပေမယ့်လည်း ဒေသတွင်းစစ်ရေးဟန်ချက်ညီမျှမှု ရှိစေဖို့အတွက် တန်ပြန်အရေးယူမှုတွေကို လုပ်ဆောင်သွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

ကင်ဂျုံအန်းဟာ မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ကင်ဂျုံအန်းနဲ့ ဆက်ဆံရေးတွေ ပြန်လည်ထူထောင်လိုတဲ့ ဆန္ဒတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က”မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ကျွန်တော်တို့ကြား ဆက်ဆံရေးတွေရှိလာမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
န်ဴကလီးယားတပ္ဖြဲ႕ေတြ ဖြံ႕ၿဖိဳးတိုးတက္ေရးကိုလုပ္ေဆာင္သြားမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကတိျပဳ
Pika (NP News) - ေဖေဖာ္ဝါရီ ၉

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းဟာ ေဒသတြင္းတင္းမာမႈေတြ တိုးျမင့္လာမႈအတြက္ အေမရိကန္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို ျပစ္တင္ေဝဖန္ခဲ့ၿပီး န်ဴကလီးယားတပ္ဖြဲ႕ေတြ ဖြံ႕ၿဖိဳးတိုးတက္ေရးအပါအဝင္ တန္ျပန္အေရးယူမႈေတြကို ကတိျပဳခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္ရဲ႕ န်ဴကလီးယား မဟာဗ်ဴဟာေျမာက္ ပိုင္ဆိုင္မႈေတြ၊ ေလ့က်င့္မႈေတြနဲ႔ ဂ်ပန္၊ ေတာင္ကိုရီးယားတို႔နဲ႔အတူ စစ္ေရး ပူးေပါင္းေဆာင္႐ြက္မႈေတြဟာ ေဒသတြင္းတြင္ စစ္ေရးမညီမွ်မႈကို ျဖစ္ေပၚေစၿပီး လုံၿခဳံေရးပတ္ဝန္းက်င္အတြက္ စိန္ေခၚမႈႀကီးတစ္ရပ္ကို ျမင့္တက္လာေစတယ္လို႔ ကင္ဂ်ဳံအန္းကေျပာၾကားခဲ့ပါတယ္။ကင္ဂ်ဳံအန္းက "ေျမာက္ကိုရီးယားဟာ ေဒသတြင္းတင္းမာမႈေတြကို မလိုလားေပမယ့္လည္း ေဒသတြင္းစစ္ေရးဟန္ခ်က္ညီမွ်မႈ ရွိေစဖို႔အတြက္ တန္ျပန္အေရးယူမႈေတြကို လုပ္ေဆာင္သြားမွာပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

ကင္ဂ်ဳံအန္းဟာ ေျမာက္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာနကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ကင္ဂ်ဳံအန္းနဲ႔ ဆက္ဆံေရးေတြ ျပန္လည္ထူေထာင္လိုတဲ့ ဆႏၵေတြကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က”ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းနဲ႔ ကြၽန္ေတာ္တို႔ၾကား ဆက္ဆံေရးေတြရွိလာမွာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.