မန္တလေးနန်းမြို့ရိုးအနောက်ဘက်ရှိ ရှေးမူမပျက် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် စည်ရှည်တံတားဖွင့်ပွဲကို ယမန်နေ့မနက်ပိုင်းက ကျင်းပ

4003

Pearl (NP News) - ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးနန်းမြို့ရိုးအနောက်ဘက်၊ စည်ရှည်တံခါးအနီး၌ ရှေးမူမပျက် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် စည်ရှည်တံတားဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (ဖေဖော်ဝါရီလ ၈ရက်) ၊ မနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စည်ရှည်တံတားသည် မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးလက်ထက်၌ မြနန်းစံကျော် ရွှေနန်းတော်နှင့်အတူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း စစ်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။
စည်ရှည်တံတားသည် မန္တလေးနန်းမြို့ရိုး၏ အနောက်ဘက်ထွက်ပေါက် ပင်မတံတားတစ်စင်းဖြစ်ပြီး တံတားအား မူလပုံစံအတိုင်း ရှေးမူမပျက်တည်ဆောက်နိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် နစကဥက္ကဋ္ဌ၏လမ်းညွှန်ချက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ဆောင်ရွက်ခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
မန္တလေးနန်းတော်ကြီး၏ လေးပြင်လေးရပ်တို့တွင် တစ်ဖက်လျှင်တံခါးပေါက်ကြီး ၃ ပေါက်စီဖြင့် တံခါးပေါက် ၁၂ ပေါက် တည်ဆောက်ထားပြီး ထို ၃ ပေါက်၏ အလည်တံခါးကို ဓာတ်နာမ်များဖြင့် မှည့်ခေါ်ထားခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ အနောက်ဘက်အရပ်ရှိ စည်ရှည်တံတားကြီးကို ပြန်လည်တည်ဆောက်ခြင်းအားဖြင့် မြနန်းစံကျော် ရွှေနန်းတော်ကြီး၏ အင်္ဂါရပ်ကို ပြန်လည်၍ပိုမိုပြည့်စုံစေကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးနန္းၿမိဳ႕႐ိုးအေနာက္ဘက္ရွိ ေရွးမူမပ်က္ အသစ္ျပန္လည္တည္ေဆာက္ၿပီးစီးခဲ့သည့္ စည္ရွည္တံတားဖြင့္ပြဲကို ယမန္ေန႔မနက္ပိုင္းက က်င္းပ
Pearl (NP News) - ေဖေဖာ္ဝါရီ ၉
မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးနန္းၿမိဳ႕႐ိုးအေနာက္ဘက္၊ စည္ရွည္တံခါးအနီး၌ ေရွးမူမပ်က္ အသစ္ျပန္လည္တည္ေဆာက္ၿပီးစီးခဲ့သည့္ စည္ရွည္တံတားဖြင့္ပြဲအခမ္းအနားကို ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၈ရက္) ၊ မနက္ပိုင္းက က်င္းပခဲ့ေၾကာင္း သိရသည္။
ဖြင့္ပြဲအခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါ စည္ရွည္တံတားသည္ ျမန္မာသကၠရာဇ္ ၁၂၂၁ ခုႏွစ္တြင္ မင္းတုန္းမင္းတရားႀကီးလက္ထက္၌ ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္ႏွင့္အတူ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ဒုတိယကမာၻစစ္ကာလအတြင္း စစ္ေဘးဒဏ္ေၾကာင့္ ပ်က္စီးခဲ့ေၾကာင္း သိရသည္။
စည္ရွည္တံတားသည္ မႏၲေလးနန္းၿမိဳ႕႐ိုး၏ အေနာက္ဘက္ထြက္ေပါက္ ပင္မတံတားတစ္စင္းျဖစ္ၿပီး တံတားအား မူလပုံစံအတိုင္း ေရွးမူမပ်က္တည္ေဆာက္ႏိုင္ရန္ႏွင့္ ေရရွည္တည္တံ့ခိုင္ၿမဲေစရန္ နစကဥကၠ႒၏လမ္းၫႊန္ခ်က္ျဖင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမႉး႐ုံးမွ ၂၀၂၄ ခုႏွစ္ ဩဂုတ္လအတြင္း ေဆာင္႐ြက္ခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။
မႏၲေလးနန္းေတာ္ႀကီး၏ ေလးျပင္ေလးရပ္တို႔တြင္ တစ္ဖက္လွ်င္တံခါးေပါက္ႀကီး ၃ ေပါက္စီျဖင့္ တံခါးေပါက္ ၁၂ ေပါက္ တည္ေဆာက္ထားၿပီး ထို ၃ ေပါက္၏ အလည္တံခါးကို ဓာတ္နာမ္မ်ားျဖင့္ မွည့္ေခၚထားခဲ့ျခင္းျဖစ္ကာ ယခုကဲ့သို႔ အေနာက္ဘက္အရပ္ရွိ စည္ရွည္တံတားႀကီးကို ျပန္လည္တည္ေဆာက္ျခင္းအားျဖင့္ ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္ႀကီး၏ အဂၤါရပ္ကို ျပန္လည္၍ပိုမိုျပည့္စုံေစေၾကာင္း သိရသည္။