(၁၈၃)ပေ အကွာအဝေးမှပစ်မှတ်ကို ပုဆိန်ဖြင့်ထိမှန်အောင် ပစ်ပြနိုင်ခဲ့သည့် အီတလီအမျိုးသား

 367

Pika (NP News) - ဖေဖော်ဝါရီ ၁၂

အီတလီအမျိုးသားတစ်ဦးသည် ၎င်း၏အားကောင်းသော လက်မောင်းလွှဲပစ်အားကို အသုံးပြု ကာ အကွာအဝေး(၁၈၃)ပေတွင်ရှိသော ပစ်မှတ်ကို ပုဆိန်ဖြင့်ထိမှန်အောင်ပစ်ပြခဲ့ပြီးနောက် ကမ္ဘာ့ ဂင်းနစ်စံ ချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါဂင်းနစ်စံချိန်သည် ယင်းအမျိုးသား၏ (၈)ခုမြောက် ဂင်းနစ်စံချိန်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

အသက်(၄၃)နှစ်အရွယ် အိုစမန်ဂုရုဆိုသည့်အမျိုးသားသည် (၁၆၄)ပေအရှည်ရှိသော အိုလံပစ် ရေကူးကန်ထက်ပိုရှည်သော အကွာအဝေးတွင်ရှိသည့်ပစ်မှတ်ကို ပုဆိန်ဖြင့် ထိမှန်အောင်ပစ်ပြခဲ့ပြီးနောက် ပစ်မှတ်တစ်ခုကို အဝေးဆုံးအကွာအဝေးမှ ပုဆိန်ဖြင့်ပစ်ပြသည့် ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ အမေရိကန်အမျိုးသား တစ်ဦးဖြစ်ပြီး အကွာအဝေး(၁၄၃)ပေတွင်ရှိသော ပစ်မှတ်ကို ပုဆိန်ဖြင့်ထိမှန်အောင်ပစ်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိုစမန်ဂုရုက “ဒီလိုမျိုး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့တဲ့ ခံစားချက်က အရမ်းကိုကောင်းပါ တယ်။ ဘာကြောင့်လဲဆိုတော့ ပစ်မှတ်က အရမ်းဝေး ပြီး ပုဆိန်ကလည်း ပစ်မှတ်မှာ ထိုးစိုက်နေမှရမှာ မလို့ပါ။ကျွန်တော် ပစ်မှတ်ကိုထိမှန်အောင် အကြိမ်များစွာ ပစ်နိုင်ခဲ့ပေမယ့် ပုဆိန်က ပစ်မှတ်မှာ စိုက် နေတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဘယ်တော့မှလက်မ လျှော့ပဲ ဆက်ကြိုးစားခဲ့တဲ့အတွက် ယခုလို ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့တာပါ” ဟုပြောဆိုခဲ့သည်။ ထို့ပြင် အိုစမန်ဂုရုသည် အဝေးဆုံးဘတ် စကတ် ဘောပစ်ချက်၊ အရှည်ဆုံး cornhole shot နှင့် ရော်ဘာကြက်ရုပ်ကို အဝေးဆုံးပစ်ပြသည့် ဂင်းနစ်စံ ချိန်များကို ချိုးဖျက်ဖူးသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
(၁၈၃) ေပ အကြာအေဝးမွပစ္မွတ္ကို ပုဆိန္ျဖင့္ထိမွန္ေအာင္ ပစ္ျပႏိုင္ခဲ့သည့္ အီတလီအမ်ိဳးသား
Pika (NP News) - ေဖေဖာ္ဝါရီ ၁၂

အီတလီအမ်ိဳးသားတစ္ဦးသည္ ၎၏အားေကာင္းေသာ လက္ေမာင္းလႊဲပစ္အားကို အသုံးျပဳ ကာ အကြာအေဝး(၁၈၃)ေပတြင္ရွိေသာ ပစ္မွတ္ကို ပုဆိန္ျဖင့္ထိမွန္ေအာင္ပစ္ျပခဲ့ၿပီးေနာက္ ကမာၻ႔ ဂင္းနစ္စံ ခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ အဆိုပါဂင္းနစ္စံခ်ိန္သည္ ယင္းအမ်ိဳးသား၏ (၈)ခုေျမာက္ ဂင္းနစ္စံခ်ိန္တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။

အသက္(၄၃)ႏွစ္အ႐ြယ္ အိုစမန္ဂု႐ုဆိုသည့္အမ်ိဳးသားသည္ (၁၆၄)ေပအရွည္ရွိေသာ အိုလံပစ္ ေရကူးကန္ထက္ပိုရွည္ေသာ အကြာအေဝးတြင္ရွိသည့္ပစ္မွတ္ကို ပုဆိန္ျဖင့္ ထိမွန္ေအာင္ပစ္ျပခဲ့ၿပီးေနာက္ ပစ္မွတ္တစ္ခုကို အေဝးဆုံးအကြာအေဝးမွ ပုဆိန္ျဖင့္ပစ္ျပသည့္ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူမွာ အေမရိကန္အမ်ိဳးသား တစ္ဦးျဖစ္ၿပီး အကြာအေဝး(၁၄၃)ေပတြင္ရွိေသာ ပစ္မွတ္ကို ပုဆိန္ျဖင့္ထိမွန္ေအာင္ပစ္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အိုစမန္ဂု႐ုက “ဒီလိုမ်ိဳး ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ ခံစားခ်က္က အရမ္းကိုေကာင္းပါ တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပစ္မွတ္က အရမ္းေဝး ၿပီး ပုဆိန္ကလည္း ပစ္မွတ္မွာ ထိုးစိုက္ေနမွရမွာ မလို႔ပါ။ကြၽန္ေတာ္ ပစ္မွတ္ကိုထိမွန္ေအာင္ အႀကိမ္မ်ားစြာ ပစ္ႏိုင္ခဲ့ေပမယ့္ ပုဆိန္က ပစ္မွတ္မွာ စိုက္ ေနတာမ်ိဳး မရွိခဲ့ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ ဘယ္ေတာ့မွလက္မ ေလွ်ာ့ပဲ ဆက္ႀကိဳးစားခဲ့တဲ့အတြက္ ယခုလို ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့တာပါ” ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ အိုစမန္ဂု႐ုသည္ အေဝးဆုံးဘတ္ စကတ္ ေဘာပစ္ခ်က္၊ အရွည္ဆုံး cornhole shot ႏွင့္ ေရာ္ဘာၾကက္႐ုပ္ကို အေဝးဆုံးပစ္ျပသည့္ ဂင္းနစ္စံ ခ်ိန္မ်ားကို ခ်ိဳးဖ်က္ဖူးသူတစ္ဦးျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.