စစ်ကိုင်း-မုံရွာသွားကားလမ်းအနီးတွင် မိုင်းထောင်နေသည့် PDFအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့တိုက်ပွဲဖြစ်ကာ လက်လုပ်မိုင်းများနှင့် ခဲယမ်းများသိမ်းဆည်းရမိ

 1202

(NP News)-ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာသွားကားလမ်းအနီးတွင် မိုင်းထောင်နေသည့် PDFအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ကာ လက်လုပ်မိုင်းများနှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီလ ၁၂ရက်)၊ မွန်းလွဲ ၁နာရီခန့်က စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာသွားကားလမ်း၊ နုံးတွင်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော တပ်မတော်လုံခြုံရေးအဖွဲ့များသည် အထက်ပါနေရာသို့ ရောက်ရှိလာချိန် မိုင်းထောင်နေသော PDF အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့ မိုင်းထောင်နေစဉ် ကျန်ခဲ့သော လက်လုပ်မိုင်း(၈)လုံး၊ ကျည်အိမ် (၁)ခု၊ ပြောက်ကျားဦးထုပ်(၁)လုံး၊ ပေ(၅၀)ခန့်ရှိ ဝါယာကြိုး (၃) ခွေနှင့် ဆားကစ်ပြား(၈) ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Zawgyi Version:
စစ္ကိုင္း-မုံ႐ြာသြားကားလမ္းအနီးတြင္ မိုင္းေထာင္ေနသည့္ PDFအဖြဲ႕ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕တိုက္ပြဲျဖစ္ကာ လက္လုပ္မိုင္းမ်ားႏွင့္ ခဲယမ္းမ်ားသိမ္းဆည္းရမိ

(NP News)-ေဖေဖာ္ဝါရီ ၁၃

စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္၊ စစ္ကိုင္း-မုံ႐ြာသြားကားလမ္းအနီးတြင္ မိုင္းေထာင္ေနသည့္ PDFအဖြဲ႕ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕တို႔ ထိေတြ႕တိုက္ပြဲျဖစ္ကာ လက္လုပ္မိုင္းမ်ားႏွင့္ ခဲယမ္းမ်ားသိမ္းဆည္းရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၁၂ရက္)၊ မြန္းလြဲ ၁နာရီခန႔္က စစ္ကိုင္းၿမိဳ႕နယ္၊ စစ္ကိုင္း-မုံ႐ြာသြားကားလမ္း၊ ႏုံးတြင္းေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

နယ္ေျမရွင္းလင္းေရးေဆာင္႐ြက္ေနေသာ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕မ်ားသည္ အထက္ပါေနရာသို႔ ေရာက္ရွိလာခ်ိန္ မိုင္းေထာင္ေနေသာ PDF အဖြဲ႕ႏွင့္ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔ မိုင္းေထာင္ေနစဥ္ က်န္ခဲ့ေသာ လက္လုပ္မိုင္း(၈)လုံး၊ က်ည္အိမ္ (၁)ခု၊ ေျပာက္က်ားဦးထုပ္(၁)လုံး၊ ေပ(၅၀)ခန႔္ရွိ ဝါယာႀကိဳး (၃) ေခြႏွင့္ ဆားကစ္ျပား(၈) ခုတို႔ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.