ယူကရိန်းကို Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးခြင်းက သတင်းဆိုးဖြစ်လာနိုင်တယ်လို့ ဟန်ဂေရီအစိုးရ သတိပေး

196

Pika (NP News) - အောက်တိုဘာလ ၂၃
ယူကရိန်းသို့ အမေရိကန်ထုတ် တာဝေးပစ် Tomahawk ဒုံးကျည်များ ထောက်ပံ့ပေးမှုကို သ တင်းဆိုးတစ်ခုအဖြစ် ဟန်ဂေရီအစိုးရက ရှုမြင်ထား ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ထုတ်ဖော်ပြောဆိုခဲ့သည်။ ယူကရိန်း ပဋိပက္ခကို ပြေလည်အောင်မဖြေရှင်းနိုင်ပါက ယူက ရိန်းသို့ ခရုဇ်ဒုံးကျည်များထောက်ပံ့ပေးရန် အတည် ပြုသွားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် Peter Szijjarto ၏ ပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် လာမည့်ရက်ပိုင်းအတွင်း အိမ်ဖြူ တော်တွင်လုပ်ဆောင်မည့် တွေ့ဆုံမှုအတွင်း တာဝေး ပစ်ဒုံးကျည်များကို ယူကရိန်းသမ္မတ ဇယ်လန်စကီးက ထပ်မံတောင်းခံနိုင်ဖွယ်ရှိနေကြောင်း ဒေါ်နယ်ထ ရမ့်က ယခုသီတင်းပတ်အစောပိုင်းတွင် အကြံပြုပြော ဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်က"ဇယ်လန်စကီးက စစ် လက်နက်ပစ္စည်းတွေလိုချင်နေပါတယ်။ တာဝေးပစ် Tomahawk ဒုံးကျည်တွေကို ဇယ်လန်စကီးက လို ချင်နေပါတယ်။ လူတိုင်းက တာဝေးပစ် Tomahawk ဒုံးကျည်တွေကို လိုချင်နေကြတယ်။ ကျွန်တော်တို့မှာ တာဝေးပစ်Tomahawk ဒုံးကျည် အများအပြား ရှိပါတယ်"ဟုပြောဆိုခဲ့သည်။
ယူကရိန်းသို့ တာဝေးပစ် Tomahawk ဒုံးကျည်များ ထောက်ပံ့ပေးသွားမည်ဆိုသည့် ဒေါ် နယ်ထရမ့်၏ခြိမ်းခြောက်မှုများအပေါ် ဟန်ဂေရီအစိုး ရ၏ သဘောထားများနှင့်ပတ်သက်သည့် မေးခွန်း များကို Peter Szijjarto ကို သတင်းထောက်များက မေးမြန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Peter Szijjarto က " ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေးရရှိ အောင် ကြိုးပမ်းမှုတွေအားလုံးနဲ့ပတ်သက်ပြီး ဒေါ် နယ်ထရမ့်ကိုကျေးဇူးတင်မိပါတယ်။ ယခင်အမေရိ ကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်အစိုးရနဲ့ လက်ရှိ ဒေါ် နယ်ထရမ့်အစိုးရကြားက ချဉ်းကပ်ပုံတွေကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင် ဥရောပအလယ်ပိုင်းဒေသကို ငြိမ်း ချမ်းရေးယူဆောင်လာနိုင်ဖို့ ဒေါ်နယ်ထရမ့်က အများ ကြီးလုပ်ခဲ့တာ သိသာထင်ရှားပါတယ်"ဟုပြောဆိုခဲ့ သည်။
ထို့ပြင် တင်းမာမှုအရှိန်မြင့်တက်လာစေနိုင် သည့်အန္တရာယ်များကို ရှေ့တန်းတင်မည့်အစား စေ့ စပ်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်စေချင် ကြောင်း Peter Szijjarto က ထုတ်ဖော်ပြောဆိုခဲ့ သည်။

Zawgyi Version:
ယူကရိန္းကို Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးျခင္းက သတင္းဆိုးျဖစ္လာႏိုင္တယ္လို႔ ဟန္ေဂရီအစိုးရ သတိေပး
Pika (NP News) - ေအာက္တိုဘာလ ၂၃
ယူကရိန္းသို႔ အေမရိကန္ထုတ္ တာေဝးပစ္ Tomahawk ဒုံးက်ည္မ်ား ေထာက္ပံ့ေပးမႈကို သ တင္းဆိုးတစ္ခုအျဖစ္ ဟန္ေဂရီအစိုးရက ရႈျမင္ထား ေၾကာင္း ဟန္ေဂရီႏိုင္ငံျခားေရးဝန္ႀကီး Peter Szijjarto က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ယူကရိန္း ပဋိပကၡကို ေျပလည္ေအာင္မေျဖရွင္းႏိုင္ပါက ယူက ရိန္းသို႔ ခ႐ုဇ္ဒုံးက်ည္မ်ားေထာက္ပံ့ေပးရန္ အတည္ ျပဳသြားႏိုင္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထ ရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ Peter Szijjarto ၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။
ထို႔ျပင္ လာမည့္ရက္ပိုင္းအတြင္း အိမ္ျဖဴ ေတာ္တြင္လုပ္ေဆာင္မည့္ ေတြ႕ဆုံမႈအတြင္း တာေဝး ပစ္ဒုံးက်ည္မ်ားကို ယူကရိန္းသမၼတ ဇယ္လန္စကီးက ထပ္မံေတာင္းခံႏိုင္ဖြယ္ရွိေနေၾကာင္း ေဒၚနယ္ထ ရမ့္က ယခုသီတင္းပတ္အေစာပိုင္းတြင္ အႀကံျပဳေျပာ ဆိုခဲ့သည္။ ေဒၚနယ္ထရမ့္က"ဇယ္လန္စကီးက စစ္ လက္နက္ပစၥည္းေတြလိုခ်င္ေနပါတယ္။ တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြကို ဇယ္လန္စကီးက လို ခ်င္ေနပါတယ္။ လူတိုင္းက တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြကို လိုခ်င္ေနၾကတယ္။ ကြၽန္ေတာ္တို႔မွာ တာေဝးပစ္Tomahawk ဒုံးက်ည္ အမ်ားအျပား ရွိပါတယ္"ဟုေျပာဆိုခဲ့သည္။
ယူကရိန္းသို႔ တာေဝးပစ္ Tomahawk ဒုံးက်ည္မ်ား ေထာက္ပံ့ေပးသြားမည္ဆိုသည့္ ေဒၚ နယ္ထရမ့္၏ၿခိမ္းေျခာက္မႈမ်ားအေပၚ ဟန္ေဂရီအစိုး ရ၏ သေဘာထားမ်ားႏွင့္ပတ္သက္သည့္ ေမးခြန္း မ်ားကို Peter Szijjarto ကို သတင္းေထာက္မ်ားက ေမးျမန္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Peter Szijjarto က " ႐ုရွားနဲ႔ ယူကရိန္းၾကား ၿငိမ္းခ်မ္းေရးရရွိ ေအာင္ ႀကိဳးပမ္းမႈေတြအားလုံးနဲ႔ပတ္သက္ၿပီး ေဒၚ နယ္ထရမ့္ကိုေက်းဇူးတင္မိပါတယ္။ ယခင္အေမရိ ကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္အစိုးရနဲ႔ လက္ရွိ ေဒၚ နယ္ထရမ့္အစိုးရၾကားက ခ်ဥ္းကပ္ပုံေတြကို ႏႈိင္းယွဥ္ ၾကည့္မယ္ဆိုရင္ ဥေရာပအလယ္ပိုင္းေဒသကို ၿငိမ္း ခ်မ္းေရးယူေဆာင္လာႏိုင္ဖို႔ ေဒၚနယ္ထရမ့္က အမ်ား ႀကီးလုပ္ခဲ့တာ သိသာထင္ရွားပါတယ္"ဟုေျပာဆိုခဲ့ သည္။
ထို႔ျပင္ တင္းမာမႈအရွိန္ျမင့္တက္လာေစႏိုင္ သည့္အႏၲရာယ္မ်ားကို ေရွ႕တန္းတင္မည့္အစား ေစ့ စပ္ညႇိႏႈိင္းမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေစခ်င္ ေၾကာင္း Peter Szijjarto က ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။