ညောင်ရမ်းခေတ်အငွေ့အသက်များရှိနေသာ ကုန်ဘောင်ခေတ်ဦး မင်းဝတ်တန်ဆာများကို ပထမဆုံးအကြိမ် ပြန်လည်ဖော်ထုတ်နေ

 789

ပုံစာ- မန္တလေးဘိုးတော်နတ် ၏ ဝတ်စားဆင်ယင်ပုံ
စော ( NP News ) - ဖေဖော်ဝါရီ ၁၄

ညောင်ရမ်းခေတ်အငွေ့အသက်များ ရှိနေသော ကုန်ဘောင်ခေတ်ဦး မင်းဝတ်တန်ဆာများကို ပထမဆုံးအကြိမ် ပြန်လည်ဖော်ထုတ်နေကြောင်း မြတ်တော်ဝင် - ဗမာ့နန်းဓလေ့ သိုရင်း၊ထိုင်မသိမ်းဝတ်စုံ ဝန်ဆောင်မှုလုပ်ငန်း တည်ထောင်သူ မြတ်သိင်္ခငယ်က NP News ကိုပြောသည်။

အဆိုပါလုပ်ငန်းအနေဖြင့် အပြင် (၃၇)မင်းနတ်ရုပ်များ၏ ဝတ်စားဆင်ယင်မှုများကို ဖော်ထုတ်နေရာတွင် ရှေးပုရပိုက်အထောက်အထားများကို ကိုးကားကာ ကုန်းဘောင်ခေတ်ဦးပိုင်းမှ ဘုရင်တို့၏ ဝတ်စားဆင်ယင်မှုပုံစံကိုပါ နတ်ရုပ်ဝတ်စားဆင်ယင်မှုအတွင်း ထည့်သွင်းပုံဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“(၃၇)မင်းနတ်တွေပေါ့နော်။ အဲဒီမှာ မင်းက ဖြစ်တဲ့နတ်တွေရှိတယ်။ မင်းကဖြစ်တဲ့နတ်တွေမှာ ပုရပိုက်အထောက်အထားဆိုရင် ကုန်းဘောင်ခေတ်ဦးအဝတ်အစား ကုန်းဘောင်ခေတ်ဦးဆိုရင် ညောင်ရမ်းခေတ်နှောင်း အဲဒီလို ပုံစံသွားပြီးဆင်တယ်။ အဲဒါက တော်ယုံတန်ယုံမမြင်ဘူးသေးဘူး။ မကိုဋ်တွေ၊ နားကင်း အချွန်တွေ အဲဒါကိုတော့ ဖော်ထုတ်ဖို့ရှိပါတယ်။ အဲဒါကိုတော့ ဘယ်ဒီဇိုင်နာမှ မဖော်ထုတ်ဖူးသေးဘူး။ ကုန်းဘောင်ခေတ်ဦး ရွှေဘိုခေတ်ပေါ့။ ဆင်ဖြူရှင်မင်းလက်ထက်က ဝတ်စားဆင်ယင်မှုပေါ့”ဟု မြတ်သိင်္ခငယ်ကပြောသည်။

အဆိုပါဝတ်စားဆင်ယင်မှုကို ပြန်လည်ဖော်ထုတ်ရာတွင် မကိုဋ်၊ လက်စေ့လက်ကျပ်၊ စလွယ်တော်စသည့် မင်းဝတ်တန်ဆာ အစိတ်အပိုင်း အနည်းဆုံး (၇)ခု ပါရှိမည်ဖြစ်ပြီး အဆိုပါမင်းဝတ်တန်ဆာအများစုမှာ အခမ်းအနားပွဲတက် ဝတ်စုံဖြစ်ကြောင်း သိရသည်။

“များသောအားဖြင့် အပြင်မှာ မျက်မြင် မြင်ရတာ ရတနာပုံခေတ်ကိုပဲ နောက်ဆုံးမြင်ရတယ်။ ရတနာပုံခေတ်ရဲ့ အရင်ဖြစ်တဲ့ ကုန်းဘောင်ခေတ်ဦး ညောင်ရမ်းခေတ်နှောင်း ကုန်းဘောင်ခေတ်ဦးကျတော့ အဲဒီမှတ်တမ်းပန်းချီအထောက်အထား၊ နံရံဆေးရေးပန်းချီအထောက်အထား၊ ပုရပိုက်ပန်းချီအထောက်အထား အဲဒါကိုပဲ မြင်ရတာ။ မြင်ရတဲ့အခါကျတော့ ဒီမှာ မြန်မာမှုပညာရှင်တွေ နဲ့ တော်တော်ညှိနှိုင်းပြီးတော့ တချို့အစမ်းတွေထုတ်လိုက် အစမ်းတွေထုတ်ပြီး မူရင်းပုံစံတွေမမှန်ရင် ဖျက်လိုက်၊ အဲဒီလိုမျိုးတော့ အခက်အခဲတွေတော့ရှိပါတယ်။ ကြိုပြီးတော့ မိုလ်တွေ ထုတ်ရတာပေါ့။ ၏သည်မရွေးမရလို့လေ။ မရတဲ့အခါကျတော့ မြန်မာမှု သင်ရိုးပညာရှင်တွေ၊ ပန်းထိမ်ပညာရှင်တွေနဲ့ နဂို မိုလ်အရင် ကြိုထုတ်ကြည့်လိုက်ပေါ့။ တကယ်ရှေးမူမမှန်ဘူး။ ပုံစံမမှန်ဘူးဆိုရင် ပြန်ဖျက်ရလိုက်။ အဲဒီလိုမျိုး အခက်အခဲတွေတော့ရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

Zawgyi Version:
ေညာင္ရမ္းေခတ္အေငြ႕အသက္မ်ား ရွိေနသာကုန္ေဘာင္ေခတ္ဦး မင္းဝတ္တန္ဆာမ်ားကို ပထမဆုံးအႀကိမ္ ျပန္လည္ေဖာ္ထုတ္ေန
ေစာ ( NP News )

ေညာင္ရမ္းေခတ္အေငြ႕အသက္မ်ား ရွိေနေသာ ကုန္ေဘာင္ေခတ္ဦး မင္းဝတ္တန္ဆာမ်ားကို ပထမဆုံးအႀကိမ္ ျပန္လည္ေဖာ္ထုတ္ေနေၾကာင္း ျမတ္ေတာ္ဝင္ - ဗမာ့နန္းဓေလ့ သိုရင္း၊ထိုင္မသိမ္းဝတ္စုံ ဝန္ေဆာင္မႈလုပ္ငန္း တည္ေထာင္သူ ျမတ္သိခၤငယ္က NP News ကိုေျပာသည္။

အဆိုပါလုပ္ငန္းအေနျဖင့္ အျပင္ (၃၇)မင္းနတ္႐ုပ္မ်ား၏ ဝတ္စားဆင္ယင္မႈမ်ားကို ေဖာ္ထုတ္ေနရာတြင္ ေရွးပုရပိုက္အေထာက္အထားမ်ားကို ကိုးကားကာ ကုန္းေဘာင္ေခတ္ဦးပိုင္းမွ ဘုရင္တို႔၏ ဝတ္စားဆင္ယင္မႈပုံစံကိုပါ နတ္႐ုပ္ဝတ္စားဆင္ယင္မႈအတြင္း ထည့္သြင္းပုံေဖာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“(၃၇)မင္းနတ္ေတြေပါ့ေနာ္။ အဲဒီမွာ မင္းက ျဖစ္တဲ့နတ္ေတြရွိတယ္။ မင္းကျဖစ္တဲ့နတ္ေတြမွာ ပုရပိုက္အေထာက္အထားဆိုရင္ ကုန္းေဘာင္ေခတ္ဦးအဝတ္အစား ကုန္းေဘာင္ေခတ္ဦးဆိုရင္ ေညာင္ရမ္းေခတ္ေႏွာင္း အဲဒီလို ပုံစံသြားၿပီးဆင္တယ္။ အဲဒါက ေတာ္ယုံတန္ယုံမျမင္ဘူးေသးဘူး။ မကိုဋ္ေတြ၊ နားကင္း အခြၽန္ေတြ အဲဒါကိုေတာ့ ေဖာ္ထုတ္ဖို႔ရွိပါတယ္။ အဲဒါကိုေတာ့ ဘယ္ဒီဇိုင္နာမွ မေဖာ္ထုတ္ဖူးေသးဘူး။ ကုန္းေဘာင္ေခတ္ဦး ေ႐ႊဘိုေခတ္ေပါ့။ ဆင္ျဖဴရွင္မင္းလက္ထက္က ဝတ္စားဆင္ယင္မႈေပါ့”ဟု ျမတ္သိခၤငယ္ကေျပာသည္။

အဆိုပါဝတ္စားဆင္ယင္မႈကို ျပန္လည္ေဖာ္ထုတ္ရာတြင္ မကိုဋ္၊ လက္ေစ့လက္က်ပ္၊ စလြယ္ေတာ္စသည့္ မင္းဝတ္တန္ဆာ အစိတ္အပိုင္း အနည္းဆုံး (၇)ခု ပါရွိမည္ျဖစ္ၿပီး အဆိုပါမင္းဝတ္တန္ဆာအမ်ားစုမွာ အခမ္းအနားပြဲတက္ ဝတ္စုံျဖစ္ေၾကာင္း သိရသည္။

“မ်ားေသာအားျဖင့္ အျပင္မွာ မ်က္ျမင္ ျမင္ရတာ ရတနာပုံေခတ္ကိုပဲ ေနာက္ဆုံးျမင္ရတယ္။ ရတနာပုံေခတ္ရဲ႕ အရင္ျဖစ္တဲ့ ကုန္းေဘာင္ေခတ္ဦး ေညာင္ရမ္းေခတ္ေႏွာင္း ကုန္းေဘာင္ေခတ္ဦးက်ေတာ့ အဲဒီမွတ္တမ္းပန္းခ်ီအေထာက္အထား၊ နံရံေဆးေရးပန္းခ်ီအေထာက္အထား၊ ပုရပိုက္ပန္းခ်ီအေထာက္အထား အဲဒါကိုပဲ ျမင္ရတာ။ ျမင္ရတဲ့အခါက်ေတာ့ ဒီမွာ ျမန္မာမႈပညာရွင္ေတြ နဲ႔ ေတာ္ေတာ္ညႇိႏႈိင္းၿပီးေတာ့ တခ်ိဳ႕အစမ္းေတြထုတ္လိုက္ အစမ္းေတြထုတ္ၿပီး မူရင္းပုံစံေတြမမွန္ရင္ ဖ်က္လိုက္၊ အဲဒီလိုမ်ိဳးေတာ့ အခက္အခဲေတြေတာ့ရွိပါတယ္။ ႀကိဳၿပီးေတာ့ မိုလ္ေတြ ထုတ္ရတာေပါ့။ ၏သည္မေ႐ြးမရလို႔ေလ။ မရတဲ့အခါက်ေတာ့ ျမန္မာမႈ သင္႐ိုးပညာရွင္ေတြ၊ ပန္းထိမ္ပညာရွင္ေတြနဲ႔ နဂို မိုလ္အရင္ ႀကိဳထုတ္ၾကည့္လိုက္ေပါ့။ တကယ္ေရွးမူမမွန္ဘူး။ ပုံစံမမွန္ဘူးဆိုရင္ ျပန္ဖ်က္ရလိုက္။ အဲဒီလိုမ်ိဳး အခက္အခဲေတြေတာ့ရွိပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

ပုံစာ- မႏၲေလးဘိုးေတာ္နတ္ ၏ ဝတ္စားဆင္ယင္ပုံ

Related news

© 2021. All rights reserved.