ထိုင်ဝမ်မှာ စတိုးဆိုင် ဓာတ်ငွေ့ပေါက်ကွဲမှကြောင့် လူလေးဦး သေဆုံး

242
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၅
ထိုင်ဝမ်ရှိ စတိုးဆိုင်တစ်ခုမှာ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူလေးဦးထက်မနည်း သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ အာဏာပိုင်များက ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) မှာ ပြောကြားပါတယ်။ ပေါက်ကွဲမှု အရှိန် ကြောင့် လမ်းမမှာလည်း အပျက်အစီး အပိုင်းအစ ပြန့်ကျဲနေတာတွေ့ရပါတယ်။
တိုင်ချန်မြို့ရှိ Shin Kong Mitsukoshi ကုန်တိုက်၊ ၁၂ လွှာ၊ Food Court မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက်ရှင်ကျန်သူတွေကို ရှာဖွေနေတယ်လို့ အမျိုးသားမီးသတ်အေဂျင်စီက ပြောကြားပါတယ်။ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ AFP ရဲ့ဗီဒီယိုများအရ အဆောက်အအုံအတွင်းမှ အပျက်အစီးများ ပြန့်ကျဲနေပြီး ဖုန်မှုန့်တွေ လွင့်ပျံ နေတာတွေ့ရပါတယ်။
တိုင်ချွန်မီးသတ်ဗျူရိုအကြီးအကဲ ဆမ်ဖုယူ က ပေါက်ကွဲမှုဟာ ဓာတ်ငွေ့ကြောင့်ဖြစ်ပုံရပြီး အဆောက်အဦးမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆက်နွယ်မှု ရှိ/မရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောပါတယ်။
Zawgyi Version:
ထိုင္ဝမ္မွာ စတိုးဆိုင္ ဓာတ္ေငြ႕ေပါက္ကြဲမွေၾကာင့္ လူေလးဦး ေသဆုံး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၅
ထိုင္ဝမ္ရွိ စတိုးဆိုင္တစ္ခုမွာ ဓာတ္ေငြ႕ေပါက္ကြဲမႈေၾကာင့္ လူေလးဦးထက္မနည္း ေသဆုံးၿပီး ၂၆ ဦး ဒဏ္ရာရရွိခဲ့ တယ္လို႔ အာဏာပိုင္မ်ားက ၾကာသပေတးေန႔ (ေဖေဖာ္ဝါရီ ၁၃ ရက္) မွာ ေျပာၾကားပါတယ္။ ေပါက္ကြဲမႈ အရွိန္ ေၾကာင့္ လမ္းမမွာလည္း အပ်က္အစီး အပိုင္းအစ ျပန႔္က်ဲေနတာေတြ႕ရပါတယ္။
တိုင္ခ်န္ၿမိဳ႕ရွိ Shin Kong Mitsukoshi ကုန္တိုက္၊ ၁၂ လႊာ၊ Food Court မွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္ၿပီး အသက္ရွင္က်န္သူေတြကို ရွာေဖြေနတယ္လို႔ အမ်ိဳးသားမီးသတ္ေအဂ်င္စီက ေျပာၾကားပါတယ္။ဆိုရွယ္မီဒီယာမွာ တင္ထားတဲ့ AFP ရဲ႕ဗီဒီယိုမ်ားအရ အေဆာက္အအုံအတြင္းမွ အပ်က္အစီးမ်ား ျပန႔္က်ဲေနၿပီး ဖုန္မႈန႔္ေတြ လြင့္ပ်ံ ေနတာေတြ႕ရပါတယ္။
တိုင္ခြၽန္မီးသတ္ဗ်ဴ႐ိုအႀကီးအကဲ ဆမ္ဖုယူ က ေပါက္ကြဲမႈဟာ ဓာတ္ေငြ႕ေၾကာင့္ျဖစ္ပုံရၿပီး အေဆာက္အဦးမွာရွိတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းနဲ႔ ဆက္ႏြယ္မႈ ရွိ/မရွိ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ ေျပာပါတယ္။