သင်္ဃန်းကျွန်းမြို့နယ်တွင် လုံးချင်းအိမ်တစ်လုံး ဝါယာရှော့ဖြစ်မီးလောင်ရာမှ ကျန်းမာရေးမကောင်းသော အမျိုးသားတစ်ဦး သေဆုံး

737

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လုံးချင်းအိမ်တစ်လုံး ဝါယာရှော့ဖြစ်မီးလောင်ရာမှ ကျန်းမာရေးမကောင်းသော အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း အောင်ရဲသူလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၁၅ ရက်)နံနက် ၁၁ နာရီ ၂ မိနစ်အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လုံးချင်းနှစ်ထပ် အိမ်မီးလောင်တာ။ အပေါ်ထပ်က စလောင်တာပါ။ လောင်တဲ့အချိန်မှာ သေဆုံးသွားတဲ့လူကတော့ ယောက်ျားလေးပါ။ သူက ကျန်းမာရေးမကောင်းတော့ အခန်းထဲမှာ ပိတ်မိနေတာ။ လောင်ကတော့ အပြင်မှာ လောင်တာ။ လောင်တဲ့အခါကျတော့ သူက ထွက်လို့မရတော့ သူ့အခန်းပါကူးသွားတော့ အသက်ဆုံးရှုံးသွားတာပေါ့။ ဖြစ်တာကတော့ လျှပ်စစ် ဝါယာရှော့ဖြစ်တာပါ” ဟု အောင်ရဲသူ လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် အသက်(၄၀)နှစ်အရွယ်အမျိုးသားတစ်ဦးတွင် မီးလောင်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး နေအိမ်အတွင်းပိုင်ပစ္စည်းများသည်လည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“အိမ်တွင်းပစ္စည်း တော်တော်များများပါသွားတယ်။ အတွင်းထဲမှာ လှိုက်လောင်သွားတာ။ ကျွန်တော်အကြုံချင်တာကတော့ မီးနဲ့ပတ်သက်ပြီးတော့ ဂရုတစိုက်နဲ့ အပြင်သွားရင်တောင်မှ မိန်းတွေချပေးပေါ့နော်။ အထဲမှာဆိုရင်လည်း မလိုအပ်တဲ့မီးတွေပိတ်ထားပေါ့။ တချို့ ကျတော့လည်း ခြင်ဆေးမီးကအစ လွတ်လွတ်ကျွတ်ကျွတ် အဝတ်တန်းမရှိမဲ့နေရာတွေ လောင်စာမရှိလောက်မဲ့နေရာတွေမှာ မထားဘဲ ခြင်းဆေးကို စတီးဗန်းလေးနဲ့ထွန်းပေးပေါ့နော်။ အဲဒီလိုမျိုးတွေဆိုရင်တော့ မီးလောင်မှုက လျှော့နည်းသွားမှာပါ” ဟု ၎င်းက အကြံပြုထားသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို Medicalလူငယ်များလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး မီးလောင်မှုအား မိနစ်(၃၀)ခန့်အကြာ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ လုံးခ်င္းအိမ္တစ္လုံး ဝါယာေရွာ့ျဖစ္မီးေလာင္ရာမွ က်န္းမာေရးမေကာင္းေသာ အမ်ိဳးသားတစ္ဦး ေသဆုံး
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၅
ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ လုံးခ်င္းအိမ္တစ္လုံး ဝါယာေရွာ့ျဖစ္မီးေလာင္ရာမွ က်န္းမာေရးမေကာင္းေသာ အမ်ိဳးသားတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း ေအာင္ရဲသူလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီလ ၁၅ ရက္)နံနက္ ၁၁ နာရီ ၂ မိနစ္အခ်ိန္ခန႔္က သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုမဂၤလာလမ္းတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“လုံးခ်င္းႏွစ္ထပ္ အိမ္မီးေလာင္တာ။ အေပၚထပ္က စေလာင္တာပါ။ ေလာင္တဲ့အခ်ိန္မွာ ေသဆုံးသြားတဲ့လူကေတာ့ ေယာက္်ားေလးပါ။ သူက က်န္းမာေရးမေကာင္းေတာ့ အခန္းထဲမွာ ပိတ္မိေနတာ။ ေလာင္ကေတာ့ အျပင္မွာ ေလာင္တာ။ ေလာင္တဲ့အခါက်ေတာ့ သူက ထြက္လို႔မရေတာ့ သူ႔အခန္းပါကူးသြားေတာ့ အသက္ဆုံးရႈံးသြားတာေပါ့။ ျဖစ္တာကေတာ့ လွ်ပ္စစ္ ဝါယာေရွာ့ျဖစ္တာပါ” ဟု ေအာင္ရဲသူ လူမႈ ကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ အသက္(၄၀)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးတြင္ မီးေလာင္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ၿပီး ေနအိမ္အတြင္းပိုင္ပစၥည္းမ်ားသည္လည္း မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
“အိမ္တြင္းပစၥည္း ေတာ္ေတာ္မ်ားမ်ားပါသြားတယ္။ အတြင္းထဲမွာ လႈိက္ေလာင္သြားတာ။ ကြၽန္ေတာ္အႀကဳံခ်င္တာကေတာ့ မီးနဲ႔ပတ္သက္ၿပီးေတာ့ ဂ႐ုတစိုက္နဲ႔ အျပင္သြားရင္ေတာင္မွ မိန္းေတြခ်ေပးေပါ့ေနာ္။ အထဲမွာဆိုရင္လည္း မလိုအပ္တဲ့မီးေတြပိတ္ထားေပါ့။ တခ်ိဳ႕ က်ေတာ့လည္း ျခင္ေဆးမီးကအစ လြတ္လြတ္ကြၽတ္ကြၽတ္ အဝတ္တန္းမရွိမဲ့ေနရာေတြ ေလာင္စာမရွိေလာက္မဲ့ေနရာေတြမွာ မထားဘဲ ျခင္းေဆးကို စတီးဗန္းေလးနဲ႔ထြန္းေပးေပါ့ေနာ္။ အဲဒီလိုမ်ိဳးေတြဆိုရင္ေတာ့ မီးေလာင္မႈက ေလွ်ာ့နည္းသြားမွာပါ” ဟု ၎က အႀကံျပဳထားသည္။
လက္ရွိတြင္ ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို Medicalလူငယ္မ်ားလူမႈကူညီေရးအသင္းက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး မီးေလာင္မႈအား မိနစ္(၃၀)ခန႔္အၾကာ မီးျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။