တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

 1209

ပြည့်ဖြိုး (NP News) - ဖေဖော်ဝါရီ ၁၆

နိုင်ငံတကာတွင် အမေရိကန်ဒေါ်လာဈေးများအပြောင်းအလဲမြန်ဆန်နေသော်လည်း မြန်မာ ပြည်တွင်းဈေးကွက်တွင် တည်ငြိမ်နေသည်။ ဗဟိုဘဏ်သည် ပြည်တွင်းဈေးကွက်အတွင်းသို့ဘဏ်များမှ တစ်ဆင့် အမေရိကန် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ များထုတ်ရောင်းပေးနေခြင်းကြောင့် ငွေကြေးဈေး ကွက်တည်ငြိမ်နေ ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေဈေးကွက်အတွင်း၌ (၁၂-၂-၂၀၂၅) (ပြည်ထောင်စုနေ့) တပို့တွဲလပြည့်နေမှစတင်ကာ ရန်ကုန် အကယ်ဒမီရွှေသန့်စင်ခန်းမှ တစ်ကျပ်သားလျှင် (၁၆.၃၂၉၃၂၅) ဂရမ်ဖြင့် စတင်ရောင်းချနေပြီဖြစ်သည်။ နိုင်ငံတကာရွှေစံချိန်စံ ညွှန်းဖြင့် ကိုက်ညီသော် လည်းပြည်တွင်းဈေးကွက်အတွင်း အောင်မြင်မှုရရှိ ရန် အချိန်ပေးရမည်ဟုသိရသည်။ ပြည်တွင်း MSME လုပ်ငန်းများအပေါ် နိုင်ငံတော်မှ အခွင့်အလမ်းများ ဖန်တီးပေးနေ ကြောင်း လတ်တလောထုတ် ပြန်သောအချက် အလက်များအရသိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၄) ခုတွင် အသေးစား ငွေရေး ကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသည့် ပြည်တွင်းပြည်ပကုမ္ပဏီ (၁၇၄) ဖွဲ့၏ စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေး ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် ပညာရေးကဏ္ဍတို့ကို လွန်ခဲ့သည့် (၂၀၂၄) ခုနှစ် အတွင်း ချေးငွေကျပ် (၂၀၁၄ ဒသမ ၄၅၅) ဘီလျံ ထုတ်ချေးပေးထား ပြီးဖြစ်သည့်အတွက် ယခုနှစ်တွင်လည်း အထက်ပါ ကဏ္ဍများသို့ ဦးစားပေးထုတ်ချေးပေးသွားမည်ဟု သိရသည်။ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေး အတွက် ထိရောက်သောလုပ်ငန်းများ ဆက်တိုက်စဉ် ဆက်မပြတ်ဆောင်ရွက်မှုကို လေ့လာစောင့်ကြည့်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံအတွက် မရှိမဖြစ်တင်သွင်း နေရဆဲဖြစ်သည့်စားအုန်းဆီတင်သွင်းမှုမှာ လတ်တလော တည်ငြိမ်နေသော ဒေါ်လာဈေးအရ စားအုန်းဆီဈေးများလည်းပြန်လည်ကျဆင်းလာသည်။ စားအုန်းဆီ တင်သွင်းမှု ကို အစားထိုးနိုင်ရန် သက်ဆိုင် ရာက ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်အထိ ပြေလည်မှုမရသေးကြောင်း ဈေးကွက်အတွင်းမှသိရ သည်။

အပြောင်းအလဲမရှိသော အမေရိကန်ဒေါ်လာဈေး

အမေရိကန်ဒေါ်လာဈေးကွက်သည် ပို့ကုန်/ သွင်းကုန်လုပ်ငန်းအတွင်း အရောင်းအဝယ်ရပ်တန့် နေရာ ဈေးကွက်အတွင်း၌ ဈေးနှုန်းအပြောင်းအလဲ နည်းပါးခဲ့သည်။ ပြင်ပဈေးကွက်တွင် ဖေဖော်ဝါရီလ ပထမပတ်အတွင်း၌ တစ်‌ဒေါ်လာလျှင် (၄၄၅၀) ကျပ်မှ လက်ရှိဖေဖော်ဝါရီ (၁၂) ရက်တွင် (၄၄၀ဝ)ကျပ် အထိကျဆင်းသွားခဲ့သည်။ ယင်းဈေးသည် ပြင် ပပေါက်ဈေးဖြစ်ပြီး တရားဝင်ငွေလဲလိုင်စင် လုပ်ကိုင်ခွင့်ရဘဏ်များအကြား ပေါက်ဈေးသည် တစ်ဒေါ်လာ လျှင် (၃၅၉၃) ကျပ်မှ (၃၆၀၂) ကျပ်အတွင်း တည် ငြိမ်နေကြောင်း သိရသည်။
နိုင်ငံတကာဈေးကွက်အတွင်း အပြောင်းအလဲ များရှိခဲ့သော်လည်း ပြည်တွင်းဈေးကွက်အတွင်း၌ ဗဟိုဘဏ် သတ်မှတ်ဈေး၊ ကောင်တာငွေလဲနှုန်းနှင့် ပြင်ပငွေလဲဈေးနှုန်းဟု သုံးမျိုးဖြစ်ပေါ်နေသည်။ လတ်တလောအရောင်း အဝယ်လုပ်ငန်းအတွင်း ကုန်သွယ်မှုအရ အမေရိကန်ဒေါ်လာဈေးတည်ငြိမ်နေရာ လာမည့်ရက်ပိုင်းအတွင်း ဒေါ်လာဈေး ဆက်တိုက် တည်ငြိမ်နိုင်သည်။ ပြည်တွင်းဘဏ်များ၏ ဒေါ်လာ အရောင်းအဝယ်မှာ ဖေဖော်ဝါရီလ (၁၁) ရက်တွင် ဘဏ်များသည် ဝယ်ယူသူ ( Bank to Customer Dealing) ကို တစ်ဒေါ်လာငွေလဲနှုန်း (၂၀၉၇ - ၄၄၈၀) ကျပ်၌အမေရိကန်ဒေါ်လာ (၄၀.၆၈၂ ) သန်း ကျော်ကို ရောင်းချပေးခဲ့ကြောင်းသိရသည်။ ဘဏ်များအချင်းချင်း (Interbank Dealing) အကြား တစ်ဒေါ်လာငွေလဲနှုန်း (၂၁၀၆.၃ - ၄၅၀ဝ) ကျပ်၌ အမေရိကန်ဒေါ်လာ (၆.၈၄၂) သန်းကျော် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းစက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်က ဒေါ်လာများ ဆက်တိုက် ထုတ်ရောင်းပေးနေရာ ဒေါ်လာဈေး ကျ ဆင်းမှုနည်းပါးနိုင်ကြောင်း သုံးသပ်ချက်များလည်းရှိနေသည်။

လာမည့်ရက်ပိုင်းအတွင်း အခေါက်ရွှေ
စံသတ်မှတ်ချက်ဖြင့် ပြောင်းလဲနိုင်

အခေါက်ရွှေဈေးကွက်၌ လာမည့်ရက်ပိုင်းအတွင်း စံချိန်စံòန်းသတ်မှတ်ချက်ပြောင်းနိုင်သော်လည်း အရောင်း အဝယ်ပုံမှန်ရှိနိုင်သည်။ ရွှေဈေးကွက်အတွင်း၌မူ (၁၂-၂-၂၀၂၅)(ပြည် ထောင်စုနေ့) တပို့တွဲလပြည့်နေမှစတင်ကာ ရန်ကုန် အကယ် ဒမီရွှေသန့်စင်ခန်းမှ တစ်ကျပ်သားလျှင် (၁၆.၃၂၉၃၂၅) ဂရမ်ဖြင့် စတင်ရောင်းချနေပြီဖြစ်သည်။ ဖေဖော်ဝါရီ (၁၃) ရက်မှစတင်ကာ ပြည်တွင်း ရွှေဈေးကွက်သည် ကမ္ဘာ့ဈေးနှင့်အမေရိကန်ဒေါ် လာငွေလဲနှုန်းအပေါ်မူ တည်နေပြီး ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ဗဟိုဘဏ်ထုတ်ပြန်သော AD လိုင်စင် ရဘဏ်များ၏ ငွေလဲနှုန်းဖြင့်မြှောက်ကာ (၁.၉၀၄၇)နှင့်စားပြီး တွက်ချက်ထုတ်ပြန်ထားကြောင်းသိရ သည်။
မြန်မာ့ရွှေကို နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် Exchange နှင့် Logistic ကုမ္ပဏီ (၁၄) ခုခန့်ဖြင့် ချိတ်ဆက်ထားပြီး ထိုင်း၊ စင်ကာပူ၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယနှင့်ဥရောပနိုင်ငံများမှ စိတ်ဝင်စားမှုရှိကြောင်းသိရသည်။ ဖေဖော်ဝါရီလ (၁) ရက် ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) သည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၂၈၈၈.၂၂) ဈေး သို့ တက်ရိပ်ပြချိန်၌ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်း ဈေးကော်မတီမှ သိပ်သည်းဆ (၁၉.၂၅) ဂရမ်/ ကုဗစင်တီမီတာ အထက်ရှိသည့် စံချိန်မီရွှေတစ်ကျပ်သားလျှင် ဈေးနှုန်း (၅,၄၉၀,ဝဝဝ) ကျပ်ဟု သတ်မှတ် ထုတ်ပြန်ထားသည်။ သို့သော် လည်း လတ်တလော အနေအထားအရ နိုင်ငံတကာရွှေဈေးကွက်နှင့်ပြည်တွင်းဈေးကွက်တို့ချိတ်ဆက်ရန် လိုအပ်ချက် များရှိ နေဦးမည်ဟုသိရသည်။ ပြည်တွင်း ရွှေစံချိန်စံòန်း သတ်မှတ်ချက်အောင်မြင်မှသာ နိုင်ငံတကာဈေး ကွက်သို့ တစ်ဆင့်ချင်း တက်လှမ်းနိုင်မည်ဖြစ်သည်။

MSME ကဏ္ဍ အပြောင်းအလဲဖြစ်ပြီလား

မြန်မာနိုင်ငံသည် လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော် ကာလအတွင်း အစိုးရသုံးဆက် ပြောင်းလဲခဲ့သော်လည်း မပြောင်းလဲသောခေါင်းစဉ်မှာ MSME ကဏ္ဍ တိုးတက်‌ရေးပင်ဖြစ်သည်။ ထို MSME ကဏ္ဍသည် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကိုတိုက်ရိုက်အကျိုး သက်‌ရောက်သော်လည်း လက်ရှိအချိန်အထိ အောင်မြင်မှုတစ်စုံတစ်ရာ လက်ဆုပ်လက် ကိုင်ပြနိုင်ရန်ခက်ခဲသည်။ လတ်တလောကျင်းပနေသည့် နေပြည်တော် ကောင်စီနယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်၊ တပေါင်း ကွင်းတွင် လုပ်ငန်းရှင်ပေါင်း (၂၀ဝ) နီးပါးဝင်ရောက် ယှဉ်ပြိုင်သော MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို (ဖေဖော်ဝါရီလ ၁၀ ရက်) နံနက် (၈) နာရီအချိန် ခန့်ကကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ပြည်ထောင်စုအဆင့် အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီ (၁၀) ရက်မှ စတင်၍ ဖေဖော်ဝါ ရီလ (၁၄) ရက်အထိ (၅) ရက်တိုင်တိုင် ကျင်းပသွား မည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား (၆) မျိုး ပါဝင်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအမျိုးအစား (၆)မျိုးအတွက် လုပ်ငန်းရှင်ပေါင်း (၁၉၃) ဦးကလည်း ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိသည်။ MSME ကဏ္ဍတွင် အခြားလိုအပ်ချက်များဖြစ်သည့်နည်းပညာနှင့် သတင်းအချက်အလက်များလည်း ပါဝင်မည် ဟုသိရသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှတစ်ဆင့် ထုတ်ကုန်၊ ပို့ကုန်များဆိုင်ရာ (Smart Agriculture) ပြကွက်သုံးခု၊ ဒီဂျစ်တယ် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ (e-Commerce) ပြကွက်သုံးခု၊ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုဆိုင်ရာ (e-Service) ပြကွက်ငါးခုနှင့် MSME ကဏ္ဍကို ခြုံငုံသည့် ပြကွက်ငါးခု ပါဝင်ကြောင်းသိရသည်။ ဆက်လက်ပြီး နောက်ဆုံးပေါ် ဉာဏ်ရည်တုနည်းပညာ (AI) အပါအဝင် ထွန်းသစ်စ ဒီဂျစ်တယ်နည်းပညာများအသုံးပြုထားသည့် ဒစ် ဂျစ်တယ်ဆန်းသစ်တီထွင်မှု (Digital Innovation) များကို တစ်ပါတည်းလေ့လာကြည့်ရှုနိုင်ရန်စီစဉ်ထားကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှသိရသည်။ MSME ကဏ္ဍ၏အခြေခံဖြစ်သည့် စက်မှုမြေရာ၊ ကျွမ်းကျင်လုပ်သားနှင့် ငွေကြေးအရင်းအနှီးအားလုံးကို လွှမ်းခြုံမှသာ ရေရှည်စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုး တက်သော လုပ်ငန်းကဏ္ဍအဖြစ်ပေါ် ပေါက်လာမည် ဖြစ်သည်။ လတ်တလော နိုင်ငံတော်မှချေးငွေပေး အပ်မှုအဖြစ် ပြည်တွင်းပြည်ပကုမ္ပဏီအားလုံး (၁၇၄)ဖွဲ့အတွင်း ပြည်တွင်းကုမ္ပဏီက (၁၁၂) ခု၊ ပြည်ပ ကုမ္ပဏီက (၅၃)ခုနှင့် အစုစပ် ကုမ္ပဏီက (၉)ခု ပါဝင်ပြီး စုစုပေါင်းအသင်းဝင် ( ၃ ဒသမ ၂၂ ) သန်းကို ချေးငွေကျပ် (၂၀၁၄ ဒသမ ၄၅၅) ဘီလျံ ထုတ် ချေးပေးထားကြောင်း၊ MSME ဝန်ဆောင်မှုကဏ္ဍကို ကျပ် (၂၆၁ ဒသမ ၈၇၉) ဘီလျံ ထုတ်ချေးပေး ထားကြောင်းနှင့် MSME ထုတ်လုပ်မှု ကဏ္ဍကိုတော့ ကျပ် (၁၀ဝ ဒသမ ၇၂၂) ဘီလျံ ထုတ်ချေးပေးပြီး MSME ဝန်ဆောင်မှုနှင့် ထုတ်လုပ်မှုကဏ္ဍများအတွက် စုစုပေါင်းချေးငွေ ( ကျပ် ၃၆၂ ဒသမ ၆၀၁ )ဘီလျံ ထုတ်ချေးပေးထားကြောင်းထုတ်ပြန်ချက်များအရသိရသည်။
နိုင်ငံတော်အဆင့် MSME ကဏ္ဍ ဖွံဖြိုးတိုး တက်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် နိုင်ငံ တကာရှိ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်မီးရရှိစေရေးဆောင်ရွက်ချက်များကို လေ့လာသင့်ပြီဖြစ်သည်။

စားအုန်းဆီဈေး အနည်းငယ်ပြန်ကျဆင်းလာ

မြန်မာနိုင်ငံ၏ အဓိကစားသောက်ကုန်ဖြစ်သော စားအုန်းဆီသည် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းအနည်းငယ်ကျ ဆင်းလာပြီး ယခင်သီတင်းပတ်တွင် တစ်ပိဿာလျှင် (၇၆၀ဝ) ဝန်းကျင်မှ လက်ရှိအချိန်တွင် (၇၄၇၅) ဝန်းကျင်သို့ ကျဆင်းလာခြင်းဖြစ်သည်။
ပြည်တွင်းငွေလဲနှုန်းအရ စားအုန်းဆီဈေးများကျဆင်းနေခြင်းဖြစ်ပြီး လတ်တလောတင်သွင်းမှုအရ ဈေးနှုန်း အပြောင်းအလဲဖြစ်ပေါ်ရန်မရှိချေ။ စားအုန်း ဆီဈေးသတ်မှတ်ရာတွင် တင်သွင်းသည့်ဈေးနှုန်း အထက် (၂) ရာခိုင်နှုန်း ထက်မကျော်ဘဲ သတ်မှတ် ရောင်းချရန် သက်ဆိုင်ရာကòန်ကြားထားသည်။စားသုံးဆီဖြစ်သောကြောင့် အခြားဆီ များဖြင့်ရော‌နှော ရောင်းချခြင်းမပြုရန်နှင့် သတ်မှတ်‌ဈေးထက်ပိုမို ရောင်းချပါက အရေးယူရန်လည်း ညွှန်ကြားထား သည်။ သို့သော်လည်း ပြင်ပစားအုန်းဆီဈေးမှာ တစ်ပိဿာလျှင် တစ်သောင်းလေးထောင်အထက် ပေါက် ဈေးရှိနေပြီး တရားဝင်ဈေးကွက်ထက် နှစ်ဆခန့် များပြားနေသည်။ တရားဝင်ဈေးကွက်အတွင်း ရောင်းချရာတွင် မြို့နယ်တစ်ခု ချင်းစီအလိုက် လူဦးရေ၊ ဆီ ရရှိမှုအနေအထား၊ ဆီလက်ကျန်ပေါ်မူတည်၍ ရောင်းချပေးနေခြင်းဖြစ်ပြီး မိသားစုတစ်စု လျှင် ငါးဆယ်သား (သို့မဟုတ်) တစ်ပိဿာနှုန်းဖြင့် ရောင်းချ ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ဆီ စာအုပ်ဖြင့် ဝယ်ယူရာ၌ အချို့မြို့နယ်များတွင် အလေးချိန်အပြည့်အဝ မရရှိမှုများလည်းရှိနေပြီး စာအုပ်ဖိုး ငွေ ကြေးကုန်ကျရုံမှလွဲ၍ အခြားထူးခြားသည့် ပြောင်းလဲ မှုမျိုးမရှိကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
ဈေးကွက်အတွင်းစုံစမ်းကြည့်ရာတွင် မိသားစု တစ်အိမ်ထောင်လျှင် (၁၀) ရက်အတွက် တစ်ပိဿာနှုန်းဖြင့်‌ ရောင်းချပေးနေကြောင်းသိရသည်။ ဆီဝယ်ယူရာတွင် ဆီဝယ်ယူခွင့်ကတ်ပြားများ အိမ်ထောင်စုအလိုက် ထုတ် ပေးနေကြောင်းသိရသည်။ အဆိုပါ ဆီဝယ်ခွင့်စာအုပ်တွင်ပါသည့်စည်းကမ်းချက်သည် ဆီ စာအုပ်ကို တစ်ဆင့်ရောင်း ချခြင်း၊ ပေါင်နှံခြင်းများ လုံးဝမပြုလုပ်ရဘဲ အိမ်ထောင်စုတစ်စုကို ဆီစာအုပ် တစ်အုပ်သာ ပိုင်ဆိုင်ခွင့်ရှိကြောင်း၊ ထို့ပြင် စားအုန်း ဆီကို သတ်မှတ်ထားသည့်ရက်အတိုင်း ထုတ်ယူရန် နှင့် ပျက်စီးပျောက်ဆုံးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံ ချက်ချင်းအကြောင်းကြားရမည်ဖြစ်ပြီး၊ အသက် (၁၀)နှစ်အောက်ကလေးငယ်များကိုလာရောက် ဝယ်ယူခွင့်မပြု ကြောင်းသိရသည်။ မြန်မာနိုင်ငံ၌ နှစ်စဉ်စားသုံးဆီသုံးစွဲမှု တန်ချိန် (၁၂) သိန်းခန့်ရှိပြီး နှစ်စဉ်ပြည်ပမှ တန်ချိန် ကိုးသိန်း ခန့် တင်သွင်းနေရ ကာ စားအုန်းဆီကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ အများဆုံးတင်သွင်းလျက်ရှိကြောင်း သိရသည်။ လာမည့်ရက်များအတွင်း ဒေါ်လာဈေးအ ပေါ်မူတည်ကာ စားအုန်းဆီဈေးအကျပိုင်းတွင် ဆက် လက်ရပ်တည် နေမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News) - ေဖေဖာ္ဝါရီ ၁၆

ႏိုင္ငံတကာတြင္ အေမရိကန္ေဒၚလာေဈးမ်ားအေျပာင္းအလဲျမန္ဆန္ေနေသာ္လည္း ျမန္မာ ျပည္တြင္းေဈးကြက္တြင္ တည္ၿငိမ္ေနသည္။ ဗဟိုဘဏ္သည္ ျပည္တြင္းေဈးကြက္အတြင္းသို႔ဘဏ္မ်ားမွ တစ္ဆင့္ အေမရိကန္ ေဒၚလာအပါအဝင္ ႏိုင္ငံျခားေငြ မ်ားထုတ္ေရာင္းေပးေနျခင္းေၾကာင့္ ေငြေၾကးေဈး ကြက္တည္ၿငိမ္ေန ျခင္းျဖစ္ေၾကာင္း သိရသည္။
ေ႐ႊေဈးကြက္အတြင္း၌ (၁၂-၂-၂၀၂၅) (ျပည္ေထာင္စုေန႔) တပို႔တြဲလျပည့္ေနမွစတင္ကာ ရန္ကုန္ အကယ္ဒမီေ႐ႊသန႔္စင္ခန္းမွ တစ္က်ပ္သားလွ်င္ (၁၆.၃၂၉၃၂၅) ဂရမ္ျဖင့္ စတင္ေရာင္းခ်ေနၿပီျဖစ္သည္။ ႏိုင္ငံတကာေ႐ႊစံခ်ိန္စံ ၫႊန္းျဖင့္ ကိုက္ညီေသာ္ လည္းျပည္တြင္းေဈးကြက္အတြင္း ေအာင္ျမင္မႈရရွိ ရန္ အခ်ိန္ေပးရမည္ဟုသိရသည္။ ျပည္တြင္း MSME လုပ္ငန္းမ်ားအေပၚ ႏိုင္ငံေတာ္မွ အခြင့္အလမ္းမ်ား ဖန္တီးေပးေန ေၾကာင္း လတ္တေလာထုတ္ ျပန္ေသာအခ်က္ အလက္မ်ားအရသိရသည္။
ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္အပါအဝင္ တိုင္းေဒသႀကီး၊ ျပည္နယ္ (၁၄) ခုတြင္ အေသးစား ေငြေရး ေၾကးေရးလုပ္ငန္း လုပ္ကိုင္ခြင့္ျပဳထားသည့္ ျပည္တြင္းျပည္ပကုမၸဏီ (၁၇၄) ဖြဲ႕၏ စိုက္ပ်ိဳးေရး က႑၊ ေမြးျမဴေရး က႑၊ ဝန္ေဆာင္မႈက႑၊ ထုတ္လုပ္မႈက႑၊ ကုန္သြယ္မႈက႑ႏွင့္ ပညာေရးက႑တို႔ကို လြန္ခဲ့သည့္ (၂၀၂၄) ခုႏွစ္ အတြင္း ေခ်းေငြက်ပ္ (၂၀၁၄ ဒသမ ၄၅၅) ဘီလ်ံ ထုတ္ေခ်းေပးထား ၿပီးျဖစ္သည့္အတြက္ ယခုႏွစ္တြင္လည္း အထက္ပါ က႑မ်ားသို႔ ဦးစားေပးထုတ္ေခ်းေပးသြားမည္ဟု သိရသည္။ MSME လုပ္ငန္းမ်ားဖြံၿဖိဳးတိုးတက္ေရး အတြက္ ထိေရာက္ေသာလုပ္ငန္းမ်ား ဆက္တိုက္စဥ္ ဆက္မျပတ္ေဆာင္႐ြက္မႈကို ေလ့လာေစာင့္ၾကည့္ရမည္ ျဖစ္သည္။ ျမန္မာႏိုင္ငံအတြက္ မရွိမျဖစ္တင္သြင္း ေနရဆဲျဖစ္သည့္စားအုန္းဆီတင္သြင္းမႈမွာ လတ္တေလာ တည္ၿငိမ္ေနေသာ ေဒၚလာေဈးအရ စားအုန္းဆီေဈးမ်ားလည္းျပန္လည္က်ဆင္းလာသည္။ စားအုန္းဆီ တင္သြင္းမႈ ကို အစားထိုးႏိုင္ရန္ သက္ဆိုင္ ရာက ႀကိဳးပမ္းေနေသာ္လည္း လက္ရွိအခ်ိန္အထိ ေျပလည္မႈမရေသးေၾကာင္း ေဈးကြက္အတြင္းမွသိရ သည္။

အေျပာင္းအလဲမရွိေသာ အေမရိကန္ေဒၚလာေဈး

အေမရိကန္ေဒၚလာေဈးကြက္သည္ ပို႔ကုန္/ သြင္းကုန္လုပ္ငန္းအတြင္း အေရာင္းအဝယ္ရပ္တန႔္ ေနရာ ေဈးကြက္အတြင္း၌ ေဈးႏႈန္းအေျပာင္းအလဲ နည္းပါးခဲ့သည္။ ျပင္ပေဈးကြက္တြင္ ေဖေဖာ္ဝါရီလ ပထမပတ္အတြင္း၌ တစ္‌ေဒၚလာလွ်င္ (၄၄၅၀) က်ပ္မွ လက္ရွိေဖေဖာ္ဝါရီ (၁၂) ရက္တြင္ (၄၄၀ဝ)က်ပ္ အထိက်ဆင္းသြားခဲ့သည္။ ယင္းေဈးသည္ ျပင္ ပေပါက္ေဈးျဖစ္ၿပီး တရားဝင္ေငြလဲလိုင္စင္ လုပ္ကိုင္ခြင့္ရဘဏ္မ်ားအၾကား ေပါက္ေဈးသည္ တစ္ေဒၚလာ လွ်င္ (၃၅၉၃) က်ပ္မွ (၃၆၀၂) က်ပ္အတြင္း တည္ ၿငိမ္ေနေၾကာင္း သိရသည္။
ႏိုင္ငံတကာေဈးကြက္အတြင္း အေျပာင္းအလဲ မ်ားရွိခဲ့ေသာ္လည္း ျပည္တြင္းေဈးကြက္အတြင္း၌ ဗဟိုဘဏ္ သတ္မွတ္ေဈး၊ ေကာင္တာေငြလဲႏႈန္းႏွင့္ ျပင္ပေငြလဲေဈးႏႈန္းဟု သုံးမ်ိဳးျဖစ္ေပၚေနသည္။ လတ္တေလာအေရာင္း အဝယ္လုပ္ငန္းအတြင္း ကုန္သြယ္မႈအရ အေမရိကန္ေဒၚလာေဈးတည္ၿငိမ္ေနရာ လာမည့္ရက္ပိုင္းအတြင္း ေဒၚလာေဈး ဆက္တိုက္ တည္ၿငိမ္ႏိုင္သည္။ ျပည္တြင္းဘဏ္မ်ား၏ ေဒၚလာ အေရာင္းအဝယ္မွာ ေဖေဖာ္ဝါရီလ (၁၁) ရက္တြင္ ဘဏ္မ်ားသည္ ဝယ္ယူသူ ( Bank to Customer Dealing) ကို တစ္ေဒၚလာေငြလဲႏႈန္း (၂၀၉၇ - ၄၄၈၀) က်ပ္၌အေမရိကန္ေဒၚလာ (၄၀.၆၈၂ ) သန္း ေက်ာ္ကို ေရာင္းခ်ေပးခဲ့ေၾကာင္းသိရသည္။ ဘဏ္မ်ားအခ်င္းခ်င္း (Interbank Dealing) အၾကား တစ္ေဒၚလာေငြလဲႏႈန္း (၂၁၀၆.၃ - ၄၅၀ဝ) က်ပ္၌ အေမရိကန္ေဒၚလာ (၆.၈၄၂) သန္းေက်ာ္ အေရာင္း အဝယ္ျဖစ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျပည္တြင္းစက္သုံးဆီတင္သြင္းသည့္ လုပ္ငန္းရွင္မ်ားအတြက္ ဗဟိုဘဏ္က ေဒၚလာမ်ား ဆက္တိုက္ ထုတ္ေရာင္းေပးေနရာ ေဒၚလာေဈး က် ဆင္းမႈနည္းပါးႏိုင္ေၾကာင္း သုံးသပ္ခ်က္မ်ားလည္းရွိေနသည္။

လာမည့္ရက္ပိုင္းအတြင္း အေခါက္ေ႐ႊ
စံသတ္မွတ္ခ်က္ျဖင့္ ေျပာင္းလဲႏိုင္

အေခါက္ေ႐ႊေဈးကြက္၌ လာမည့္ရက္ပိုင္းအတြင္း စံခ်ိန္စံòန္းသတ္မွတ္ခ်က္ေျပာင္းႏိုင္ေသာ္လည္း အေရာင္း အဝယ္ပုံမွန္ရွိႏိုင္သည္။ ေ႐ႊေဈးကြက္အတြင္း၌မူ (၁၂-၂-၂၀၂၅)(ျပည္ ေထာင္စုေန႔) တပို႔တြဲလျပည့္ေနမွစတင္ကာ ရန္ကုန္ အကယ္ ဒမီေ႐ႊသန႔္စင္ခန္းမွ တစ္က်ပ္သားလွ်င္ (၁၆.၃၂၉၃၂၅) ဂရမ္ျဖင့္ စတင္ေရာင္းခ်ေနၿပီျဖစ္သည္။ ေဖေဖာ္ဝါရီ (၁၃) ရက္မွစတင္ကာ ျပည္တြင္း ေ႐ႊေဈးကြက္သည္ ကမာၻ႔ေဈးႏွင့္အေမရိကန္ေဒၚ လာေငြလဲႏႈန္းအေပၚမူ တည္ေနၿပီး ကမာၻ႔ေ႐ႊ တစ္ေအာင္စလွ်င္ ဗဟိုဘဏ္ထုတ္ျပန္ေသာ AD လိုင္စင္ ရဘဏ္မ်ား၏ ေငြလဲႏႈန္းျဖင့္ေျမႇာက္ကာ (၁.၉၀၄၇)ႏွင့္စားၿပီး တြက္ခ်က္ထုတ္ျပန္ထားေၾကာင္းသိရ သည္။
ျမန္မာ့ေ႐ႊကို ႏိုင္ငံတကာသို႔ တင္ပို႔ေရာင္းခ်ႏိုင္ေရးအတြက္ Exchange ႏွင့္ Logistic ကုမၸဏီ (၁၄) ခုခန႔္ျဖင့္ ခ်ိတ္ဆက္ထားၿပီး ထိုင္း၊ စင္ကာပူ၊ တ႐ုတ္၊ အေမရိကန္၊ အိႏၵိယႏွင့္ဥေရာပႏိုင္ငံမ်ားမွ စိတ္ဝင္စားမႈရွိေၾကာင္းသိရသည္။ ေဖေဖာ္ဝါရီလ (၁) ရက္ ကမာၻ႔ေ႐ႊေဈးႏႈန္း (Spot Gold) သည္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၂၈၈၈.၂၂) ေဈး သို႔ တက္ရိပ္ျပခ်ိန္၌ ဓာတ္သတၱဳ (ေ႐ႊ) ရည္ၫႊန္း ေဈးေကာ္မတီမွ သိပ္သည္းဆ (၁၉.၂၅) ဂရမ္/ ကုဗစင္တီမီတာ အထက္ရွိသည့္ စံခ်ိန္မီေ႐ႊတစ္က်ပ္သားလွ်င္ ေဈးႏႈန္း (၅,၄၉၀,ဝဝဝ) က်ပ္ဟု သတ္မွတ္ ထုတ္ျပန္ထားသည္။ သို႔ေသာ္ လည္း လတ္တေလာ အေနအထားအရ ႏိုင္ငံတကာေ႐ႊေဈးကြက္ႏွင့္ျပည္တြင္းေဈးကြက္တို႔ခ်ိတ္ဆက္ရန္ လိုအပ္ခ်က္ မ်ားရွိ ေနဦးမည္ဟုသိရသည္။ ျပည္တြင္း ေ႐ႊစံခ်ိန္စံòန္း သတ္မွတ္ခ်က္ေအာင္ျမင္မွသာ ႏိုင္ငံတကာေဈး ကြက္သို႔ တစ္ဆင့္ခ်င္း တက္လွမ္းႏိုင္မည္ျဖစ္သည္။

MSME က႑ အေျပာင္းအလဲျဖစ္ၿပီလား

ျမန္မာႏိုင္ငံသည္ လြန္ခဲ့ေသာ ဆယ့္ငါးႏွစ္ေက်ာ္ ကာလအတြင္း အစိုးရသုံးဆက္ ေျပာင္းလဲခဲ့ေသာ္လည္း မေျပာင္းလဲေသာေခါင္းစဥ္မွာ MSME က႑ တိုးတက္‌ေရးပင္ျဖစ္သည္။ ထို MSME က႑သည္ ကုန္ထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈကိုတိုက္႐ိုက္အက်ိဳး သက္‌ေရာက္ေသာ္လည္း လက္ရွိအခ်ိန္အထိ ေအာင္ျမင္မႈတစ္စုံတစ္ရာ လက္ဆုပ္လက္ ကိုင္ျပႏိုင္ရန္ခက္ခဲသည္။ လတ္တေလာက်င္းပေနသည့္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊ ဥပၸါတသႏၲိေစတီေတာ္၊ တေပါင္း ကြင္းတြင္ လုပ္ငန္းရွင္ေပါင္း (၂၀ဝ) နီးပါးဝင္ေရာက္ ယွဥ္ၿပိဳင္ေသာ MSME ထုတ္ကုန္ျပပြဲႏွင့္ ၿပိဳင္ပြဲကို (ေဖေဖာ္ဝါရီလ ၁၀ ရက္) နံနက္ (၈) နာရီအခ်ိန္ ခန႔္ကက်င္းပခဲ့ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္ တက္ေရာက္ဖြင့္လွစ္ေပးခဲ့သည္။ ျပည္ေထာင္စုအဆင့္ အေသး စား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရး (MSME) ထုတ္ကုန္ ျပပြဲႏွင့္ ၿပိဳင္ပြဲကို ေဖေဖာ္ဝါရီ (၁၀) ရက္မွ စတင္၍ ေဖေဖာ္ဝါ ရီလ (၁၄) ရက္အထိ (၅) ရက္တိုင္တိုင္ က်င္းပသြား မည္ျဖစ္ၿပီး ၿပိဳင္ပြဲအမ်ိဳးအစား (၆) မ်ိဳး ပါဝင္ေၾကာင္း သိရသည္။
အဆိုပါ ၿပိဳင္ပြဲအမ်ိဳးအစား (၆)မ်ိဳးအတြက္ လုပ္ငန္းရွင္ေပါင္း (၁၉၃) ဦးကလည္း ဝင္ေရာက္ ယွဥ္ၿပိဳင္လ်က္ ရွိသည္။ MSME က႑တြင္ အျခားလိုအပ္ခ်က္မ်ားျဖစ္သည့္နည္းပညာႏွင့္ သတင္းအခ်က္အလက္မ်ားလည္း ပါဝင္မည္ ဟုသိရသည္။ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးလုပ္ငန္းမ်ားမွတစ္ဆင့္ ထုတ္ကုန္၊ ပို႔ကုန္မ်ားဆိုင္ရာ (Smart Agriculture) ျပကြက္သုံးခု၊ ဒီဂ်စ္တယ္ ကူးသန္းေရာင္းဝယ္မႈဆိုင္ရာ (e-Commerce) ျပကြက္သုံးခု၊ ဒစ္ဂ်စ္တယ္ ဝန္ေဆာင္မႈဆိုင္ရာ (e-Service) ျပကြက္ငါးခုႏွင့္ MSME က႑ကို ၿခဳံငုံသည့္ ျပကြက္ငါးခု ပါဝင္ေၾကာင္းသိရသည္။ ဆက္လက္ၿပီး ေနာက္ဆုံးေပၚ ဉာဏ္ရည္တုနည္းပညာ (AI) အပါအဝင္ ထြန္းသစ္စ ဒီဂ်စ္တယ္နည္းပညာမ်ားအသုံးျပဳထားသည့္ ဒစ္ ဂ်စ္တယ္ဆန္းသစ္တီထြင္မႈ (Digital Innovation) မ်ားကို တစ္ပါတည္းေလ့လာၾကည့္ရႈႏိုင္ရန္စီစဥ္ထားေၾကာင္း သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနမွသိရသည္။ MSME က႑၏အေျခခံျဖစ္သည့္ စက္မႈေျမရာ၊ ကြၽမ္းက်င္လုပ္သားႏွင့္ ေငြေၾကးအရင္းအႏွီးအားလုံးကို လႊမ္းၿခဳံမွသာ ေရရွည္စဥ္ဆက္မပ်က္ ဖြံ႕ၿဖိဳးတိုး တက္ေသာ လုပ္ငန္းက႑အျဖစ္ေပၚ ေပါက္လာမည္ ျဖစ္သည္။ လတ္တေလာ ႏိုင္ငံေတာ္မွေခ်းေငြေပး အပ္မႈအျဖစ္ ျပည္တြင္းျပည္ပကုမၸဏီအားလုံး (၁၇၄)ဖြဲ႕အတြင္း ျပည္တြင္းကုမၸဏီက (၁၁၂) ခု၊ ျပည္ပ ကုမၸဏီက (၅၃)ခုႏွင့္ အစုစပ္ ကုမၸဏီက (၉)ခု ပါဝင္ၿပီး စုစုေပါင္းအသင္းဝင္ ( ၃ ဒသမ ၂၂ ) သန္းကို ေခ်းေငြက်ပ္ (၂၀၁၄ ဒသမ ၄၅၅) ဘီလ်ံ ထုတ္ ေခ်းေပးထားေၾကာင္း၊ MSME ဝန္ေဆာင္မႈက႑ကို က်ပ္ (၂၆၁ ဒသမ ၈၇၉) ဘီလ်ံ ထုတ္ေခ်းေပး ထားေၾကာင္းႏွင့္ MSME ထုတ္လုပ္မႈ က႑ကိုေတာ့ က်ပ္ (၁၀ဝ ဒသမ ၇၂၂) ဘီလ်ံ ထုတ္ေခ်းေပးၿပီး MSME ဝန္ေဆာင္မႈႏွင့္ ထုတ္လုပ္မႈက႑မ်ားအတြက္ စုစုေပါင္းေခ်းေငြ ( က်ပ္ ၃၆၂ ဒသမ ၆၀၁ )ဘီလ်ံ ထုတ္ေခ်းေပးထားေၾကာင္းထုတ္ျပန္ခ်က္မ်ားအရသိရသည္။
ႏိုင္ငံေတာ္အဆင့္ MSME က႑ ဖြံၿဖိဳးတိုး တက္ရန္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ ႏိုင္ငံ တကာရွိ MSME လုပ္ငန္းမ်ားဖြံၿဖိဳးတိုးတက္ေရးႏွင့္ လွ်ပ္စစ္မီးရရွိေစေရးေဆာင္႐ြက္ခ်က္မ်ားကို ေလ့လာသင့္ၿပီျဖစ္သည္။

စားအုန္းဆီေဈး အနည္းငယ္ျပန္က်ဆင္းလာ

ျမန္မာႏိုင္ငံ၏ အဓိကစားေသာက္ကုန္ျဖစ္ေသာ စားအုန္းဆီသည္ ယခုရက္ပိုင္းအတြင္း ေဈးႏႈန္းအနည္းငယ္က် ဆင္းလာၿပီး ယခင္သီတင္းပတ္တြင္ တစ္ပိႆာလွ်င္ (၇၆၀ဝ) ဝန္းက်င္မွ လက္ရွိအခ်ိန္တြင္ (၇၄၇၅) ဝန္းက်င္သို႔ က်ဆင္းလာျခင္းျဖစ္သည္။
ျပည္တြင္းေငြလဲႏႈန္းအရ စားအုန္းဆီေဈးမ်ားက်ဆင္းေနျခင္းျဖစ္ၿပီး လတ္တေလာတင္သြင္းမႈအရ ေဈးႏႈန္း အေျပာင္းအလဲျဖစ္ေပၚရန္မရွိေခ်။ စားအုန္း ဆီေဈးသတ္မွတ္ရာတြင္ တင္သြင္းသည့္ေဈးႏႈန္း အထက္ (၂) ရာခိုင္ႏႈန္း ထက္မေက်ာ္ဘဲ သတ္မွတ္ ေရာင္းခ်ရန္ သက္ဆိုင္ရာကòန္ၾကားထားသည္။စားသုံးဆီျဖစ္ေသာေၾကာင့္ အျခားဆီ မ်ားျဖင့္ေရာ‌ေႏွာ ေရာင္းခ်ျခင္းမျပဳရန္ႏွင့္ သတ္မွတ္‌ေဈးထက္ပိုမို ေရာင္းခ်ပါက အေရးယူရန္လည္း ၫႊန္ၾကားထား သည္။ သို႔ေသာ္လည္း ျပင္ပစားအုန္းဆီေဈးမွာ တစ္ပိႆာလွ်င္ တစ္ေသာင္းေလးေထာင္အထက္ ေပါက္ ေဈးရွိေနၿပီး တရားဝင္ေဈးကြက္ထက္ ႏွစ္ဆခန႔္ မ်ားျပားေနသည္။ တရားဝင္ေဈးကြက္အတြင္း ေရာင္းခ်ရာတြင္ ၿမိဳ႕နယ္တစ္ခု ခ်င္းစီအလိုက္ လူဦးေရ၊ ဆီ ရရွိမႈအေနအထား၊ ဆီလက္က်န္ေပၚမူတည္၍ ေရာင္းခ်ေပးေနျခင္းျဖစ္ၿပီး မိသားစုတစ္စု လွ်င္ ငါးဆယ္သား (သို႔မဟုတ္) တစ္ပိႆာႏႈန္းျဖင့္ ေရာင္းခ် ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။ ဆီ စာအုပ္ျဖင့္ ဝယ္ယူရာ၌ အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ အေလးခ်ိန္အျပည့္အဝ မရရွိမႈမ်ားလည္းရွိေနၿပီး စာအုပ္ဖိုး ေငြ ေၾကးကုန္က်႐ုံမွလြဲ၍ အျခားထူးျခားသည့္ ေျပာင္းလဲ မႈမ်ိဳးမရွိေၾကာင္း ေျပာဆိုမႈမ်ားလည္း ရွိေနသည္။
ေဈးကြက္အတြင္းစုံစမ္းၾကည့္ရာတြင္ မိသားစု တစ္အိမ္ေထာင္လွ်င္ (၁၀) ရက္အတြက္ တစ္ပိႆာႏႈန္းျဖင့္‌ ေရာင္းခ်ေပးေနေၾကာင္းသိရသည္။ ဆီဝယ္ယူရာတြင္ ဆီဝယ္ယူခြင့္ကတ္ျပားမ်ား အိမ္ေထာင္စုအလိုက္ ထုတ္ ေပးေနေၾကာင္းသိရသည္။ အဆိုပါ ဆီဝယ္ခြင့္စာအုပ္တြင္ပါသည့္စည္းကမ္းခ်က္သည္ ဆီ စာအုပ္ကို တစ္ဆင့္ေရာင္း ခ်ျခင္း၊ ေပါင္ႏွံျခင္းမ်ား လုံးဝမျပဳလုပ္ရဘဲ အိမ္ေထာင္စုတစ္စုကို ဆီစာအုပ္ တစ္အုပ္သာ ပိုင္ဆိုင္ခြင့္ရွိေၾကာင္း၊ ထို႔ျပင္ စားအုန္း ဆီကို သတ္မွတ္ထားသည့္ရက္အတိုင္း ထုတ္ယူရန္ ႏွင့္ ပ်က္စီးေပ်ာက္ဆုံးပါက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ထံ ခ်က္ခ်င္းအေၾကာင္းၾကားရမည္ျဖစ္ၿပီး၊ အသက္ (၁၀)ႏွစ္ေအာက္ကေလးငယ္မ်ားကိုလာေရာက္ ဝယ္ယူခြင့္မျပဳ ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္စားသုံးဆီသုံးစြဲမႈ တန္ခ်ိန္ (၁၂) သိန္းခန႔္ရွိၿပီး ႏွစ္စဥ္ျပည္ပမွ တန္ခ်ိန္ ကိုးသိန္း ခန႔္ တင္သြင္းေနရ ကာ စားအုန္းဆီကို မေလးရွားႏိုင္ငံႏွင့္ အင္ဒိုနီးရွား ႏိုင္ငံတို႔မွ အမ်ားဆုံးတင္သြင္းလ်က္ရွိေၾကာင္း သိရသည္။ လာမည့္ရက္မ်ားအတြင္း ေဒၚလာေဈးအ ေပၚမူတည္ကာ စားအုန္းဆီေဈးအက်ပိုင္းတြင္ ဆက္ လက္ရပ္တည္ ေနမည္ျဖစ္သည္။

Related news

© 2021. All rights reserved.