လှိုင်မြို့နယ်ရှိ ဘာတာဈေးမီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံး

 955

စော (NP News) - ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ ဘာတာဈေးမီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်)၊ နံနက် (၀၀)နာရီ (၁၄)မိနစ်အချိန်က လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“အထဲမှာ ဆိုင်ခန်းဘယ်နှစ်ခန်းဖွဲ့စည်းပုံတော့ မသိဘူး။ ကျန်ခဲ့တာက အပြန်နှစ်တန်းပဲ ကျန်ခဲ့တယ်။ အတွင်းပိုင်းအကုန်လုံးနီးနီးပါသွားတယ်။ အပြင်တန်းဆိုတာ မျက်နှာစာတန်းကျန်တယ်။ မျက်နှာစာရဲ့အတွင်းက တစ်တန်းကျန်တယ်။ အဲဒီနှစ်တန်းပဲကျန်ခဲ့တယ်။ အနောက်က အကုန်လုံးပါသွားတယ်။ စိတ်ထင်တော့ ဆိုင်ခန်း (၂၀)လောက်ရှိမယ်ထင်တယ်” ဟု ရွှေရုပ်လွှာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါမီးလောင်မှုကို လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ Level 2 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး နံနက် (၁)နာရီ (၁၁)မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

“အရန်မီးသတ်တစ်‌ယောက်ကတော့ မီးခိုးမွန်ပြီး အင်းစိန်ဆေးရုံပို့ရတာရှိတယ်။ တစ်ယောက်သေတယ်လို့ သတင်းရတယ်။ ကျွန်တော်တို့ ကြားတာတော့ သေဆုံးသူက အမျိုးသားလို့ကြားတယ်။ နှလုံးရောဂါနဲ့ဆုံးတာတဲ့။ နှလုံးရောဂါလား။ နှလုံးရှော့ဖြစ်တာလား မသိဘူး။ အဲဒီလိုဖြစ်တာ” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးသော်လည်း စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
လႈိင္ၿမိဳ႕နယ္ရွိ ဘာတာေဈးမီးေလာင္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦး ေသဆုံး
ေစာ (NP News) - ေဖေဖာ္ဝါရီ ၁၆

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္ရွိ ဘာတာေဈးမီးေလာင္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ယေန႔ (ေဖေဖာ္ဝါရီ ၁၆ ရက္)၊ နံနက္ (၀၀)နာရီ (၁၄)မိနစ္အခ်ိန္က လႈိင္ၿမိဳ႕နယ္၊ (၁၂)ရပ္ကြက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

“အထဲမွာ ဆိုင္ခန္းဘယ္ႏွစ္ခန္းဖြဲ႕စည္းပုံေတာ့ မသိဘူး။ က်န္ခဲ့တာက အျပန္ႏွစ္တန္းပဲ က်န္ခဲ့တယ္။ အတြင္းပိုင္းအကုန္လုံးနီးနီးပါသြားတယ္။ အျပင္တန္းဆိုတာ မ်က္ႏွာစာတန္းက်န္တယ္။ မ်က္ႏွာစာရဲ႕အတြင္းက တစ္တန္းက်န္တယ္။ အဲဒီႏွစ္တန္းပဲက်န္ခဲ့တယ္။ အေနာက္က အကုန္လုံးပါသြားတယ္။ စိတ္ထင္ေတာ့ ဆိုင္ခန္း (၂၀)ေလာက္ရွိမယ္ထင္တယ္” ဟု ေ႐ႊ႐ုပ္လႊာပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါမီးေလာင္မႈကို လႈိင္ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္မ်ားျဖင့္ ထြက္ခြာျငႇိမ္းသတ္ခဲ့ရာ Level 2 အဆင့္ျဖင့္ မီးျငႇိမ္းသတ္ခဲ့ရၿပီး နံနက္ (၁)နာရီ (၁၁)မိနစ္အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။

“အရန္မီးသတ္တစ္‌ေယာက္ကေတာ့ မီးခိုးမြန္ၿပီး အင္းစိန္ေဆး႐ုံပို႔ရတာရွိတယ္။ တစ္ေယာက္ေသတယ္လို႔ သတင္းရတယ္။ ကြၽန္ေတာ္တို႔ ၾကားတာေတာ့ ေသဆုံးသူက အမ်ိဳးသားလို႔ၾကားတယ္။ ႏွလုံးေရာဂါနဲ႔ဆုံးတာတဲ့။ ႏွလုံးေရာဂါလား။ ႏွလုံးေရွာ့ျဖစ္တာလား မသိဘူး။ အဲဒီလိုျဖစ္တာ” ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါမီးေလာင္မႈျဖစ္ပြားရျခင္းအေၾကာင္းအရင္းႏွင့္ ဆုံးရႈံးမႈတန္ဖိုးကို မသိရွိရေသးေသာ္လည္း စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

© 2021. All rights reserved.