ကျားဖျန့် အရေး မြန်မာ-တရုတ်-ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ ဆွေးနွေးနေ

571

Pearl (NP News) - ဖေဖော်ဝါရီ ၁၇
အွန်လိုင်းလိမ်လည်မှုများဖြင့် ထိန်းသိမ်းခံထားရသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းနိုင်ရန် မြန်မာ-တရုတ်-ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းနေကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရ သိရသည်။
ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ ပြည်ပနိုင်ငံသား ၁၀၃၀ ဦးတို့ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းနိုင်ရန် တာဝန်ရှိသူများကဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီအတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး H. E. Mr. Liu Zhong Yi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ အထွေထွေအတွင်းရေးမှူး General Daisa Insomlas နှင့် တာဝန်ရှိသူများသည် ယနေ့ (ဖေဖော်ဝါရီလ ၁၇ရက်) နံနက်ပိုင်းတွင် မြဝတီမြို့သို့ ရောက်ရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အဆိုပါသုံးနိုင်ငံပူးပေါင်းအဖွဲ့သည် မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ပြီး ထိန်းသိမ်းထားမှုအခြေအနေများ ၊ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူနေမှုအခြေအနေများကို ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ကိုယ်စားလှယ်များသည် မြဝတီမြို့၌ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေး ဆွေးနွေးညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်နေကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင်လည်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version:
က်ားဖ်န႔္ အေရး ျမန္မာ-တ႐ုတ္-ထိုင္းႏိုင္ငံတို႔မွ ကိုယ္စားလွယ္မ်ား ေဆြးေႏြးေန
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၇
အြန္လိုင္းလိမ္လည္မႈမ်ားျဖင့္ ထိန္းသိမ္းခံထားရသည့္ ျပည္ပႏိုင္ငံသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းႏိုင္ရန္ ျမန္မာ-တ႐ုတ္-ထိုင္းႏိုင္ငံတို႔မွ ကိုယ္စားလွယ္မ်ား ေဆြးေႏြးညႇိႏႈိင္းေနေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အခ်က္အလက္မ်ားအရ သိရသည္။
ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ - ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမမ်ားတြင္ တရားမဝင္အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ား၊ ဒုစ႐ိုက္မႈမ်ား က်ဴးခဲ့ၾကသူမ်ားကို စစ္ေဆးေဖာ္ထုတ္လ်က္ရွိရာ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ ၃၀ ရက္ေန႔မွ ေဖေဖာ္ဝါရီ ၁၆ ရက္အထိ ျပည္ပႏိုင္ငံသား ၁၀၃၀ ဦးတို႔ကို ေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ၿပီး ၎တို႔ကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းႏိုင္ရန္ တာဝန္ရွိသူမ်ားကေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္လ်က္ရွိရာ ျမန္မာႏိုင္ငံတြင္ တရားမဝင္ ဝင္ေရာက္လာသည့္ ႏိုင္ငံျခားသားမ်ားအား ဥပေဒႏွင့္အညီ အျမန္ဆုံးအေရးယူ ျပည္ႏွင္လႊဲေျပာင္းမႈ ႀကီးၾကပ္ေရးဗဟိုေကာ္မတီအတြင္းေရးမႉး ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္ေက်ာ္ေက်ာ္ႏွင့္ တာဝန္ရွိသူမ်ား၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ တ႐ုတ္ျပည္သူ႔လုံၿခဳံေရးဆိုင္ရာဝန္ႀကီးဌာန လက္ေထာက္ဝန္ႀကီး H. E. Mr. Liu Zhong Yi ႏွင့္ တာဝန္ရွိသူမ်ား၊ ထိုင္းႏိုင္ငံ၊ အမ်ိဳးသားကာကြယ္ေရးဝန္ႀကီးဌာနမွ အေထြေထြအတြင္းေရးမႉး General Daisa Insomlas ႏွင့္ တာဝန္ရွိသူမ်ားသည္ ယေန႔ (ေဖေဖာ္ဝါရီလ ၁၇ရက္) နံနက္ပိုင္းတြင္ ျမဝတီၿမိဳ႕သို႔ ေရာက္ရွိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
အဆိုပါသုံးႏိုင္ငံပူးေပါင္းအဖြဲ႕သည္ ျမဝတီၿမိဳ႕-ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမမ်ားသို႔ တရားမဝင္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ ဝင္ေရာက္ေနၾကသည့္ ျပည္ပႏိုင္ငံသားမ်ားကို စစ္ေဆးေဖာ္ထုတ္ၿပီး ထိန္းသိမ္းထားမႈအေျခအေနမ်ား ၊ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ား စာရင္းေကာက္ယူေနမႈအေျခအေနမ်ားကို ၾကည့္ရႈခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ကိုယ္စားလွယ္မ်ားသည္ ျမဝတီၿမိဳ႕၌ ထိန္းသိမ္းထားသည့္ ျပည္ပႏိုင္ငံသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံးလႊဲေျပာင္းေပးအပ္ႏိုင္ေရး ေဆြးေႏြးညႇိႏႈိင္းအစည္းအေဝးကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ျမန္မာႏိုင္ငံ၏ နယ္စပ္ေဒသမ်ားတြင္လည္း တရားမဝင္အြန္လိုင္းေလာင္းကစားႏွင့္ ေငြေၾကးလိမ္လည္မႈလုပ္ငန္းမ်ားအား တားဆီးကာကြယ္တိုက္ဖ်က္ႏိုင္ရန္ အိမ္နီးခ်င္းႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံတကာမွ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ စုံစမ္းေဖာ္ထုတ္အေရးယူမႈမ်ားကို ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။