တောင်သာမြို့နယ်တွင် “ဒလန်”ဟုဆိုကာ ရွာသား(၂)ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး တစ်ဦးကိုသတ်ဖြတ်

1236

(NP News)-ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် “ဒလန်”ဟုဆိုကာ ရွာသား(၂)ဦးကို PDFအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီးနောက် တစ်ဦးကိုသတ်ဖြတ် သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီလ ၁၆ရက်)၊ ည ၉နာရီအချိန်ခန့်က တောင်သာမြို့နယ်၊ ကန်ဦးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပန်းအိုင်နဲ့ ရုံးစင်ကြီးရွာကြားထဲမှာ ကန်ဦးဆိုတဲ့ရွာရှိတယ်။ ဒလန်(၂)ဆိုပြီး PDFတွေကလိုက်ဖမ်းတာ။ လိုက်ဖမ်းပြီးတော့ ကန်ဦးရွာ ထိပ်မှာပဲ တစ်ယောက်ကိုပစ်သတ်လိုက်တာ။ အဲဒီနောက် တပ်ကလမ်းတွေပိတ်ပြီးတော့ ဈေးတွေပိတ်ခိုင်းထားတာ”ဟု ဒေသခံတစ်ဦးက NP Newsကိုပြောသည်။
လက်ရှိတွင် အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ် ဆောင် လျှက်ရှိပြီး PDFအဖွဲ့၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူနှင့် ဖမ်းဆီးခံရသူတို့မှာ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။
“အခု တောင်သာနားက မလှိုင်နဲ့ပန်းအိုင်ရွာတွေဘက်မှာPDFတွေက သေနတ်မိုးပေါ် ထောင်ပစ်ပြီး ဝင်လာနေတယ်လို့ ဈေးသွား ဈေး လာ လမ်းသွားလမ်းလာတွေကပြောကြတယ်။ ရွာခံတွေလဲကြောက်လိုပုန်းနေကြရတယ်တဲ့။ ကလေးတွေ စာမေးပွဲနီးလို့ စာကျက်နေကြတာ။ စာမေးပွဲကလည်း အရမ်းနီးလာပြီ။ ကလေးတွေရောဆရာဆရာမတွေရော ကျောင်းမတက်ရဲဖြစ်နေကြပါတယ်” ဟု အခြားဒေသခံ တစ်ဦး က ပြောသည်။
Zawgyi Version:
ေတာင္သာၿမိဳ႕နယ္တြင္ “ဒလန္”ဟုဆိုကာ ႐ြာသား(၂)ဦးကို ဖမ္းဆီးေခၚေဆာင္ၿပီး တစ္ဦးကိုသတ္ျဖတ္
(NP News)-ေဖေဖာ္ဝါရီ ၁၇
မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္တြင္ “ဒလန္”ဟုဆိုကာ ႐ြာသား(၂)ဦးကို PDFအဖြဲ႕က ဖမ္းဆီးေခၚေဆာင္ၿပီးေနာက္ တစ္ဦးကိုသတ္ျဖတ္ သြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၁၆ရက္)၊ ည ၉နာရီအခ်ိန္ခန႔္က ေတာင္သာၿမိဳ႕နယ္၊ ကန္ဦး႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ပန္းအိုင္နဲ႔ ႐ုံးစင္ႀကီး႐ြာၾကားထဲမွာ ကန္ဦးဆိုတဲ့႐ြာရွိတယ္။ ဒလန္(၂)ဆိုၿပီး PDFေတြကလိုက္ဖမ္းတာ။ လိုက္ဖမ္းၿပီးေတာ့ ကန္ဦး႐ြာ ထိပ္မွာပဲ တစ္ေယာက္ကိုပစ္သတ္လိုက္တာ။ အဲဒီေနာက္ တပ္ကလမ္းေတြပိတ္ၿပီးေတာ့ ေဈးေတြပိတ္ခိုင္းထားတာ”ဟု ေဒသခံတစ္ဦးက NP Newsကိုေျပာသည္။
လက္ရွိတြင္ အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ ေဆာင္ လွ်က္ရွိၿပီး PDFအဖြဲ႕၏ သတ္ျဖတ္မႈေၾကာင့္ ေသဆုံးသူႏွင့္ ဖမ္းဆီးခံရသူတို႔မွာ မည္သူမည္ဝါျဖစ္သည္ကို မသိရေသးေၾကာင္း ၎က ဆိုသည္။
“အခု ေတာင္သာနားက မလႈိင္နဲ႔ပန္းအိုင္႐ြာေတြဘက္မွာPDFေတြက ေသနတ္မိုးေပၚ ေထာင္ပစ္ၿပီး ဝင္လာေနတယ္လို႔ ေဈးသြား ေဈး လာ လမ္းသြားလမ္းလာေတြကေျပာၾကတယ္။ ႐ြာခံေတြလဲေၾကာက္လိုပုန္းေနၾကရတယ္တဲ့။ ကေလးေတြ စာေမးပြဲနီးလို႔ စာက်က္ေနၾကတာ။ စာေမးပြဲကလည္း အရမ္းနီးလာၿပီ။ ကေလးေတြေရာဆရာဆရာမေတြေရာ ေက်ာင္းမတက္ရဲျဖစ္ေနၾကပါတယ္” ဟု အျခားေဒသခံ တစ္ဦး က ေျပာသည္။