ကနေဒါနိုင်ငံမှာ ခရီးသည်တင်လေယာဉ်တစ်စင်း ဆင်းသက်ချိန်အတွင်း တိမ်းမှောက်ကာပြောင်းပြန်လန်သွား

 614

Pika
ဖေဖော်ဝါရီလ (၁၇)ရက်နေ့က လူ(၈၀)ဦးလိုက်ပါလာတဲ့ Deltaလေကြောင်းလိုင်းက လေယာဉ်တစ်စီးဟာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ကလေဆိပ်တစ်ခုမှာ ဆင်းသက်ချိန်အတွင်း တိမ်းမှောက်မှုနဲ့အတူ ပြောင်းပြန်လန်သွားမှုကြောင့် အနည်းဆုံးလူ(၁၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း အဲ့ဒီဖြစ်ရပ်အတွင်း လူသေဆုံးခဲ့တာမျိုးတော့ မရှိခဲ့ဘူးလို့ တာဝန်ရှိသူတွေက ထပ်မံပြောကြားခဲ့ပါတယ်။ခရီးသည်(၇၆)ဦးနဲ့အမှုထမ်းလေးဦးလိုက်ပါလာတဲ့ Endeavor Airလေကြောင်းလိုင်းခရီးစဉ်အမှတ်(၄၈၁၉)ဟာ အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်ကနေ ပျံသန်းလာခဲ့တာဖြစ်ပြီး တိုရွန်တိုမြို့ကလေဆိပ်မှာ ဆင်းသက်ချိန်အတွင်း ယခုလိုတိမ်းမှောက်မှုဖြစ်ပွါးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်ရပ်အတွင်း ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေးတစ်ဦး၊အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့အပါအဝင် လူ(၁၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ဒါ့ပြင် ထိခိုက်ဒဏ်ရာရရှိသူတွေအားလုံးကို ဆေးရုံကိုပို့ဆောင်ပြီးပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထပ်မံပြောကြားခဲ့ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ဓါတ်ပုံတွေမှာ လူတွေဟာ ပြောင်းပြန်လန်သွားတဲ့ လေယာဉ်ပေါ်ကနေ ဆင်းလာတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ဒါ့ပြင် မီးခိုးတွေထွက်နေတဲ့လေယာဉ်ကို မီးသတ်သမားတွေက မီးသတ်ပိုက်တွေနဲ့ရေဖြန်းနေတာကိုလည်း အဲ့ဒီဓါတ်ပုံတွေမှာ တွေ့မြင်ခဲ့ရပါတယ်။

Related news

© 2021. All rights reserved.